ဒီဇင်ဘာ၈၊၂၀၂၅

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် အရေးကြီးသော နိုင်ငံရေးအကူးအပြောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆာ့ခ် ဖောင်ကက်ခယို (Sihasak Phuangketkeow) က ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှတ်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်  ချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး   လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး  ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဒီဇင်ဘာ ၇ရက်က လာရောက်ကာ ဂါရဝပြုတွေ့ဆုံခဲ့ သည်။ သူသည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေတို့နှင့်လည်းတွေ့ဆုံခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ြရေး၊နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အထူး  သဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်း  လိမ်လည်မှုများ (online scams) တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်မည်ဟုဆိုသည်။

နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီ ရေး၊ ဆက်သွယ်ချိတ်ဆက်မှုများမြှင့်တင်ရေးနှင့် ပုံမှန်ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် အမှတ်(၂) ချစ်ကြည်  ရေး တံတား (မဲဆောက်-မြဝတီ) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင်နှစ်နိုင်ငံ ရေအရည်အသွေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွား  မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာအပေါ် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည့် ထိုင်းဘုရင့်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ် (Chief of Joint Staff) နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်း တပ်စစ်ဦးစီးချုပ် (Army Chief of Staff) တို့လည်းလိုက်ပါလာခဲ့ကြကြောင်းသိရှိရသည်။

#ymg/knl