#WorldHealth
Published 09 May 2022
Johnson & Johnson ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် ရှားပါးသွေးခဲခြင်းဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိတာကြောင့် အဆိုပါကာကွယ်ဆေးထိုးနှံခွင့်ကို အမေရိကန်မှ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်လိုက်ရပါတယ်။
အခြားကာကွယ်ဆေးထိုးနှံလို့ မရတဲ့လူမျိုးနဲ့ J&J ကာကွယ်ဆေးမှ သီးသန့်ထိုးနှံချင်သူများကိုသာ ထိုးနှံပေးသင့်ကြောင်း အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ J&J ကာကွယ်ဆေးအစား ဖိုင်ဇာ သိုမဟုတ် မိုဒါနာကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်း အမေရိကန်အာဏာပိုင်များ အကြံပြုထားတာကြာခဲ့ပါပြီ။
ကာကွယ်ဆေးထိုးခြင်းရဲ့ သွေးခဲခြင်းဖြစ်စဉ်ကနေ အသက်အန္တရာယ်ပါထိခိုက်စေလောက်တဲ့အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် J&J ကာကွယ်ဆေးကို ကန့်သတ်ထိန်းချုပ်ဖို့ဆုံးဖြတ်ခဲ့ကြကြောင်း FDA ကာကွယ်ဆေးအကြီးအကဲ ဒေါက်တာ'ပီတာမာ့ခ်စ်'က ပြောကြားခဲ့ပါတယ်။
"ကိုဗစ်ရောဂါရဲ့ပြင်းထန်တဲ့ အနေအထားကို အလားတူကာကွယ်နိုင်မယ့် အခြားနည်းလမ်းမျိုးရှိမယ်ဆိုရင် ရွေးချယ်ကြည့်ရမှာပါပဲ" လို့ ဆိုပါတယ်။
သွေးခဲခြင်းပြဿနာက ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်းဖြစ်ပေါ်လေ့ရှိတာကြောင့် လနဲ့ချီသည်အထိ ဘာပြဿနာမှ မဖြစ်ရင်တော့ စိတ်ပူစရာ မလိုတော့ပါဘူး။
J&J ကိုဗစ်ကာကွယ်ဆေးကို FDA က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အသက် ၁၈ နှစ်နဲ့အထက် လူတွေမှာထိုးနှံခွင့်ပြုခဲ့ပါတယ်။
J&J ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးနှံရတာကြောင့် ကပ်ရောဂါကိုတိုက်ဖျက်ဖို့အရေးပါတယ်လို့ အစကသတ်မှတ်ခဲ့ကြပေမယ့် တစ်ကြိမ်တည်းထိုးနှံရခြင်းကပဲ နှစ်ကြိမ်ထိုးနှံရတဲ့ ဖိုင်ဇာ၊ မိုဒါနာတိုလောက် ထိရောက်မှု မရှိဘူးလို့ မြင်တွေ့နေရပါတယ်။
မတ်လလယ်လောက်အထိ သွေးခဲခြင်းဖြစ်ပေါ်ခဲ့တဲ့သူ ၆၀ ဦးကိုတွေ့ရှိခဲ့ပြီး ၉ ဦးက အသက်သေဆုံးလောက်သည်အထိ အန္တရာယ်ရှိခဲ့ပါတယ်။
J&J ကာကွယ်ဆေးထိုးနှံသူအယောက် ၁ သန်းမှာ ၃.၂၃ ဦးက သွေးခဲခြင်းဖြစ်ပေါ်နိုင်ချေရှိနေပါတယ်။
ဒီပြဿနာက အသက် ၅၀ အောက်အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ထိုးနှံသူ ၁ သန်းမှာ သေဆုံးမှု ၁ ယောက်ဖြစ်နိုင်ချေရှိကြောင်း 'မာ့ခ်စ်'ကဆိုပါတယ်။
J&J ကာကွယ်ဆေးအသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးအကျိုးဆက်တွေကို သေချာစွာ သတိပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။
အခြားကာကွယ်ဆေးနဲ့ မတည့်သူများနဲ့ နောက်တစ်ကြိမ်ထိုးနှံလို့ မရသူများအနေနဲ့ J&J ကာကွယ်ဆေးကို FDA ရဲ့ ညွှန်ကြားချက်အသစ်များအတိုင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
mRNA ကာကွယ်ဆေးတွေဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေး မထိုးချင်တဲ့သူတွေအတွက် J&J ကာကွယ်ဆေးက ရွေးချယ်စရာဖြစ်နေပါတယ်။
အမေရိကန်မှာ J&J ကာကွယ်ဆေးထိုးပြီးသွေးခဲခြင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာဟာ ပြီးခဲ့တဲ့နွေဦးတုန်းကဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက J&J ကာကွယ်ဆေးထိုးခြင်းရဲ့အကျိုးအာနိသင်က ဘေးထွက်ဆိုးကျိုးထက်ပိုများတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။
J&J ကြောင့် သွေးခဲခြင်းဟာ ဦးနှောက်ကလာတဲ့သွေးကြောလို ဖြစ်လေ့ဖြစ်ထမရှိတဲ့နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး တစ်ပတ်နှစ်ပတ်အတွင်း သွေးခဲခြင်းဖြစ်တဲ့သူတွေမှာ အပြင်းအထန်ခေါင်းကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေခြင်းတိုဖြစ်ပေါ်တတ်ပါတယ်။
နယူးဂျာစီအခြေစိုက် နယူးဘရွန်စ်ဝစ်ကုမ္ပဏီက ယခုနှစ်အတွင်း ကာကွယ်ဆေးရောင်းချရခြင်းမှ အမြတ်ရရှိဖို့ မမျှော်လင့်ထားကြောင်း၊ ရောင်းချခြင်းကိုလည်း ဆိုင်းငံ့ထားကြောင်း ကြေညာသွားပါတယ်။
Source: AP News
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 8 May 2022
စနေနေ့က ဘရိုက်တွန်နှင့်ကစားတဲ့ပွဲမှာ လေဂိုးဂိုးမရှိနှင့်ရှုံးနိမ့်ခဲ့ရလို့ မန်ယူအသင်းရဲ့ ကစားပုံအလွန်ညံ့ဖျင်းမှုအတွက် အသင်း မန်နေဂျာ ရပ်ဖ်ရန်နစ်ခ်က တောင်းပန်လိုက်ပါတယ်။
အစကနေအဆုံးအထိ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ရန်နစ်ခ်ကပြောပါတယ်။
ဘရိုက်တွန်အယ်ဘီယွန်မန်နေဂျာ ဂရေဟမ်ပေါ်တာကလည်း သူဟာ တော့တင်ဟမ်ရဲ့ မန်နေဂျာ အန်တိနီယိုကွန်တီရဲ့ နေရာကို ဝင်ယူမယ်လို့ သတင်းတွေ ထင်ကြေးပေးထွက်ပေါ်နေတာကို ငြင်းဆိုလိုက်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 May 2022
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိတဲ့နေရာများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် အမှတ် (၁) ပင်မဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများသို့ နစက လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ဇွန်(၂၇)ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဖြစ်တဲ့ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၅)ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_8 May 2022
ကျားဖောင်လုပ်ငန်းသို့ လုပ်အားခခေါင်းပုံဖြတ်ယူပို့ဆောင်ပေးသူများကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ယင်းမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ်ရှိမောင်-----အား ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းလင်းထွန်း(ခ) ကောင်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ အောင်ဗလ(ခ) ဗလကြီးတို့က ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း” ကျားဖောင်သို့ ပို့ဆောင်ပေးကာ နှစ်လခန့် လုပ်ကိုင်ခဲ့သော လုပ်အားခ ငွေ ၇ သိန်းကို ကာယကံရှင်အားမပေးဘဲ ခေါင်းပုံဖြတ်ရယူခဲ့သော အမှု ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စကြောင့် ဒလမြို့မရဲစခန်း တွင် (ပ)၂၀၈၆/ ၂၀၁၉ ဖြင့် အမှုဖွင့်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် ၎င်းတို့ နှစ်ဦးကို အရေးယူ၍ တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ခြင်း ဖြစ်ကာ မေလ ၅ ရက် တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_8 May 2022
ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သူများတင်လာသည့် ပစ်ကပ်ယာဉ်အပစ်ခံရ၍ တစ်ဦးသေ ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

မေလ ၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ကော့လတ်ခရိုင်၊ပကျွတ်စီရီခန်ပြည်နယ် စိုင်ဗန်းနောင်ခမ်လမ်း -နောင်နွန်လမ်းကြား တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်ခန့်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ဒဏ်ရာရသူများအား ပကျွတ်စီရီခမ်ပြည်နယ် တာဝန်ကျဆရာဝန်များကလာရောက်ကြည့်ရှုကာ ယခုအခါ ယင်းတို့ကို ပကျွတ်စီရီခမ်မြို့ဆေးရုံသို့ ပရဟိတကားဖြင့် ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

"သေတာ တစ်ယောက်ပါ။ ကားပေါ်မှာ လူ ၁၄ ယောက် ပါတယ်လို့ ပြောပါတယ်။သူတို့က စစ်ဆေးရေးဂိတ်မှာ အရှိန်မြှင့်မောင်းတာ။အဲဒီအချိန်မှာ ပစ်တာလို့ ပြောပါတယ်။ဘယ်သူက ပစ်တယ်ဆိုတာကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေတယ်။CCTV တွေ တပ်ထားတယ်လေ။ထိုင်းရဲတွေအနေနဲ့တော့ သူတို့ဘက်က ရဲက ပစ်တယ်ဆိုရင်လည်း သူတို့ အရေးယူမယ်လို့ ပြောပြီးသား။သတင်းထုတ်ပြန်ပြီးသားပါ"ဟု ထိုင်းနိုင်ငံအတွင်းနေထိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူက ပြောသည်။
အဆိုပါ ဖြစ်စဉ်အနီးတွင် ပုန်းခိုနေသော မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၆ ဦး တို့ကို ထပ်မံတွေ့ရှိရကြောင်း ၊ယင်းတို့ကို စစ်ဆေးစဉ် ပုန်းခိုနေသည်မှာ ၃ ရက်ကြာမြင့်ပြီ ဖြစ်ကြောင်း ပြောကြားသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 May 2022
ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူးများအတွက် ရေးဖြေစာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၁၂၀၇ ဦးရှိကြောင်း သိရပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၂) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၄) ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၁၁၆ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြိုများရှိ စာစစ်ဌာန ၅ ခု၌ မေ ၇ ရက်နှင့် မေ ၈ ရက်တိုတွင် ကျင်းပလျက်ရှိပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့်အတူ မန္တလေးမြို့အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့ လည်းကောင်း အဆိုပါရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 08 May 2022
အသက် ၂၄ နှစ်ရှိ ဗီယက်နမ်အမျိုးသားတစ်ဦးဟာ မူလီနတ်ကိုငယ်ပါမှာစွပ်ကာ တစ်ကိုယ်ရည်အာသာဖြေခဲ့ပြီးညပ်နေခဲ့ရာ သွားခြစ်ရာတွင် အသုံးပြုသည့်လွန်ဖောက်စက်ဖြင့် မူလီနတ်ကိုဖြတ်တောက်ခဲ့ရပါတယ်။
အမည်မဖော်လိုသူအမျိုးသားက ဟိုချီမင်းဆေးရုံတစ်ရုံကိုရောက်လာခဲ့ပြီး မူလီနတ်ညပ်နေတာ ၁၀ နာရီလောက်ရှိနေပြီလို ပြောပြခဲ့ပါတယ်။
အဆိုပါအမျိုးသားက အာသာဖြေရာမှာခံစားချက်ပိုကောင်းဖို့အတွက် ၂ စင်တီမီတာအထူရှိတဲ့ ဆဌဂံပုံစံမူလီနတ်ကို ငယ်ပါမှာစွပ်သွင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လူနာက လိင်တံထိပ်အရေပြားဖြတ်ထားခြင်းမရှိသူဖြစ်ပြီး သူ့ရဲ့လိင်တံကထုံထိုင်းလာပြီးနောက် အပေါ့သွားလိုမရတော့ကြောင်း ရှင်းပြလာပါတယ်။
လိင်တံဖူးရောင်နေတာကြောင့် ဆရာဝန်တွေက မူလီနတ်ကိုလက်ဖြင့်ဖယ်ရှားလို့မရဘဲ သွားခြစ်ရာမှာ အသုံးပြုတဲ့လွန်ဖောက်စက်ဖြင့် ဖယ်ရှားခဲ့ရပါတယ်။
မူလီနတ်က လိင်တံရဲ့ ၅ စင်တီမီတာအလျားအရောက်မှာ အတော်ကြပ်တဲ့အထိ ညပ်နေခဲ့ပါတယ်။
လူနာက ဆီးသွားဖို့ခက်ခဲနေခဲ့ပြီး လိင်အင်္ဂါနားတဝိုက်မှာ အာရုံခံစားသိရှိမှု လျော့နည်းသွားကြောင်း မှတ်ချက်ပြုလိုက်ကြပါတယ်။
နောက်ကိုဆွဲလှန်ခဲ့တဲ့ လိင်တံထိပ်အရေပြားက ပုံမှန်နေရာမရောက်နိုင်တော့ဘဲ ဖူးရောင်လာခဲ့ပြီး ထိပ်နားလေးမှာ တစ်နေခဲ့ပါတယ်။
လူနာကို အားဆေးသွင်းချိတ်ကာ အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ စိတ်ငြိမ်ဆေးများပေးခဲ့ရပါတယ်။
အစက လိင်တံဖူးရောင်နေတာကြောင့် ဆရာဝန်တွေက ချောဆီနဲ့ချွတ်ဖို့လုပ်ပေမယ့် မဖယ်ရှားနိုင်ခဲ့ပါဘူး။
ဆေးရုံမှ သွားနဲ့ခံတွင်းကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးနောက် သွားခြစ်သွားဖာရာမှာအသုံးပြုတဲ့ လျှပ်စစ်လွန်ဖောက်စက်လေးနဲ့ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၄၅ မိနစ်ကြာခွဲစိတ်ခဲ့ပြီးနောက် မူလီနတ်ကိုဖယ်ရှားနိုင်ခဲ့ကြပါတယ်။
အဲဒီနောက် ပိုးသတ်ဆေးနဲ့ အနာသက်သာဆေးများပေးပြီး ဆေးရုံမှာတစ်ညတာနေခဲ့ရပါတယ်။
နောက်တစ်လအကြာဆေးရုံပြန်ပြရာမှာ လိင်တံကပုံမှန်ပြန်ဖြစ်လာပြီး ဆီးလည်းသွားနိုင်ပြီဖြစ်ကာ ထောင်မတ်နိုင်ပြီဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပြုကြပါတယ်။
အမျိုးသားများ ကာမအာသာဖြေရာမှာအသုံးပြုလေ့ရှိတဲ့ ပစ္စည်းအမျိုးမျိုးဟာ လိင်တံကိုညှစ်သလို ပြဿနာမျိုး မကြာခဏတွေ့မြင်နေရပါတယ်။
ဒီလိုပြဿနာမျိုးဖြစ်လာပြီဆိုရင် အင်္ဂါများနဲ့နှလုံးကြားသွေးလည်ပတ်မှုကြားက သွေးကြောတွေကိုထိခိုက်နိုင်ပါတယ်။
လိင်တံဟာ မိနစ် ၃၀ ထက်ပိုပြီးညှစ်မိနေတယ်ဆိုရင် သွေးထဲမှာအောက်ဆီဂျင်ပြတ်လတ်ကာ ပုပ်ဆွေးတာမျိုးဖြစ်သွားတတ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 8 May 2022
ဧပြီလအတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ရေထွက်ကုန် တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ပနိုင်ငံများသို့ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာ ၄၉ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။
တင်ပို့မှုများတွင် ငါး၊ ပုစွန် စတဲ့ ရေထွက်ကုန်များပါဝင်ပြီး ပြည်ပနိုင်ငံ ၄၉ နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တင်ပို့မှုများတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၉ သန်းခန့် စုစုပေါင်း ဒေါ်လာ ၄၉ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။
ရေထွက်ကုန်တင်ပို့နိုင်မှုတွင် ကော့သောင်းမှပြည်ပသို့ တင်ပို့မှုများခဲ့ကာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသောရေထွက်ကုန်များကို အဓိကတင်ပို့ခြင်းဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့ရေထွက်ကုန် တင်ပို့နိုင်မှုမှာ ပုံမှန် အခြေအနေသို့မရောက်သေးဘဲ လတ်တလောတွင် ထိုင်းနှင့် တရုတ်တို့သို့ ရေကြောင်း ကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့နေကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 08 May 2022
ကိုဗစ်ရောဂါကို ပြင်းထန်စွာကူးစက်ခံခဲ့ရသူတွေဟာ အချိန်အတော်ကြာသည်အထိ ဦးနှောက်သိရှိမှု စွမ်းရည်ချို့ယွင်းခြင်းမျိုးဖြစ်ပေါ်တတ်ပြီး အသက် ၅၀ အရွယ်ကနေ အသက် ၇၀ ရောက်တဲ့အချိန်အတွင်း ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းသွားတဲ့အနေအထားမျိုးအထိ ဖြစ်ပေါ်နိုင်ကြောင်းတွေ့ရှိထားပါတယ်။
အစောပိုင်းတွေ့ရှိချက်များမှာလည်း ကိုဗစ်ရောဂါကူးစက်ခံရခြင်းဖြင့် ရောဂါသက်သာလာတဲ့သူတွေမှာ ဦးနှောက်မှတ်ဉာဏ်စွမ်းဆောင်ရည် ကောင်းစွာမလုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရတဲ့ လူနာ ၄၆ ဦးကို ဆေးရုံဆင်းပြီး ၆ လမှ ၁၀ လအတွင်း စစ်ဆေးလေ့လာရာမှာ သူတို့ရဲ့အသက်အရွယ်အလိုက် မျှော်လင့်ထားတဲ့ ဦးနှောက်စွမ်းဆောင်ရည်ထက် တုန့်ပြန်မှုတွေက ပိုမိုနှေးကွေးပြီး တိကျမှုနည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ရောဂါခံစားရစဉ် အသက်ရှူကိရိယာများ လိုအပ်ခဲ့တဲ့လူနာတွေဆိုရင် ပိုပြီးတော့တောင် ဆိုးရွားနေခဲ့ပါတယ်။
ဒီသက်ရောက်မှုက လျင်မြန်စွာပဲဖြစ်ပွားလျက်ရှိကာ လအနည်းငယ်အတွင်း နှစ် ၂၀ စာလောက်ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာခြင်းမျိုး မြင်တွေ့နေရပါတယ်။
ဒီလိုမျိုးဦးနှောက်စွမ်းဆောင်ရည်ကျဆင်းလာတာက အိုင်ကျူပမာဏ ၁၀ မှတ်လောက်လျော့ နည်းသွားတာနဲ့ညီမျှကြောင်း အင်ပီရီယယ်ကောလိပ်လန်ဒန်မှ အာရုံကြောသိပ္ပံပညာ ပရော်ဖက်ဆာ'အဒမ်ဟမ်ရှိင်းယား'က ပြောပြပါတယ်။
ဒီလိုလူနာတွေမှာ စွမ်းဆောင်ရည်ပြန်လည်တိုးတက်လာမှုက အလွန်ကြာနှေးကြောင်း၊ လူတွေရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှု၊ အလုပ်လုပ်ကိုင်မှုတို့မှာ သက်ရောက်မှုရှိလာကြောင်း ပရော်ဖက်ဆာနဲ့အဖွဲ့က ရှာဖွေ့တွေ့ရှိထားပါတယ်။
အင်္ဂလန်တစ်နိုင်ငံတည်းမှာပင် ကိုဗစ်ကူးစက်ခံရပြီးနောက် ဒီလိုဦးနှောက်စွမ်းဆောင်ရည်ကျဆင်းမှုမျိုး ကြုံတွေ့နေရသူ ၄ သောင်းကျော်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကိုဗစ်ရောဂါအပျော့စားသာခံစားခဲ့ရသူတွေမှာတောင် ပြောစရာစကားမေ့လျော့ခြင်း၊ ဦးနှောက်အာရုံဝေဝါးခြင်း၊ ဖြေရှင်းနိုင်မှုစွမ်းရည်ကျဆင်းခြင်းများနဲ့ ကြုံတွေ့ရနိုင်ကြောင်း eClinicalMedicine ဂျာနယ်မှာ သုတေသနတွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။
Source: Bloomberg
#Yangon_Media_Group
Page 1847 of 1996