Published 10 March 2022
ယူကရိန်းအကျပ်အတည်းကြောင့် ရုရှားကို စွမ်းအင် အရေးယူပိတ်ဆို့မှုလုပ်လိုက်တာဟာ ဥရောပအတွက် နောက်ပြန် ထိခိုက်မှုဖြစ်စေလိမ့်မယ်လို့ ဗြိတိန်ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။ the consultancy Energy Aspects အဖွဲ့ရဲ့ ဥရောပ သဘာဝဓာတ်ငွေ့သုတေသနအဖွဲ့ကို ဦးဆောင်တဲ့ ပညာရှင် ဂျိမ်းစ်ဝက်ဒဲလ်က ရုရှားနှင့်ယူကရိန်း ပဋိပက္ခမဖြစ်ခင်ကတည်းက ဥရောပမှာ စွမ်းအင်မလုံလောက်မှုရှိခဲ့တယ်လို့ ပြောပါတယ်၊အဲဒါကြောင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ မူလထုတ်လုပ်မှုအစီအစဉ်တွေကိုအတင်းအကြပ်ပြောင်းလဲခဲ့ရတယ်လို့ သူကပြောပါတယ်။အချိန်တစ်ခုရောက်ရင် ဒီလုပ်ငန်းတွေဟာ ခက်ခဲမှုတွေ ပိုကြုံရဖွယ်ရှိနေပါတယ်လို့ သူကသုံးသပ်ပါတယ်။
Source CMG
#WorldEnvironment
Published 10 March 2022
ဂါဇာကမ်းမြောင်ဒေသရှိ အမှိုက်ပုံတစ်ခုမှာ ဘတ်ထရီအဟောင်းအပျက်တွေ တောင်လိုပုံနေပြီး ပါလက်စ်တိုင်းလူနည်းစုနေထိုင်ရာဒေသရှိလူတွေကို ကျန်းမာရေးထိခိုက်စေလျက်ရှိပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 March 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရင်ပြင်မှာတွေ့တဲ့ ရှေးဟောင်းနတ်ညီနောင်ရုပ်တုကို မဟာမုနိပြတိုက်မှာ ထိန်းသိမ်းထားမယ်လို့ ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခဲ)ရဲ့ ညွှန်ကြားရေးမှူး ဦးကြည်ခင်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
Published 10 March 2022
ပိုလန်က ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ပို့ပေးမယ့်ကမ်းလှမ်းချက်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပယ်ချလိုက်ပါတယ်။ဒီလိုလုပ်ဆောင်မယ်ဆိုရင် အရှိန်မြှင့်လုပ်ဆောင်တယ်လို့ အဓိပ္ပါယ်သက်ရောက်သွားနိုင်လို့ အန္တရာယ်ကြီးမားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျွန်ကီဘီက ပြောပါတယ်။ အဲသလို လေယာဉ်တွေပေးမယ့်အစား လက်နက်တွေနှင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပံ့ပိုးတာကပိုကောင်းတယ်လို့ သူကဆက်ပြောပါတယ်။
Source AFP
#LocalNews
Published- March 10 2022
အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့တာကို ခွဲတမ်းသတ်မှတ်လိုက်တာကြောင့် အိန္ဒိယအပါအဝင် အခြားနိုင်ငံတွေကလည်း စားအုန်းဆီ ဝယ်ယူမှုမြင့်တက်လာတယ်။
#Yangon_Media_Group
#LocalNews
Published 10 Mar 2022
ကမ္ဘာ့ရေနံဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်လျှက်ရှိပြီး သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှုစရိတ်များမြင့်မားလာသောကြောင့် အခြားကုန်စည်ဈေးနှုန်းများလည်းလိုက်ပါမြင့်တက်လျှက်ရှိရာ ပဲမျိုးစုံဈေးနှုန်းများလည်းအပါအဝင် နေ့စဥ်တက်ဈေးသို့ဦးတည်နေတယ်လို့ ဧရာကုန်သွယ်မှု ဗဟိုဌာနကသိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ ၂ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၄,၇၀၀၊ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျပ် ၄၄,၅၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၄,၉၀၀၊ ၈ ရက်နေ့တွင် ကျပ်၄၆,၅၀၀၊ ၉ ရက်နေ့တွင် ကျပ် ၄၆,၃၀၀ နှင့် ၁၀ ရက်နေ့တွင် ကျပ် ၄၆,၀၀၀ အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၏ရူပီးငွေကြေးတန်ဖိုးအနည်းငယ်ကျဆင်းပြီး ဈေးနှုန်းအချို့မြင့်တက်လာသောကြောင့် ၂ ရက်အတွင်း မတ်ပဲဈေးနှုန်းသည် FAQ တစ်တန်လျှင် $815 မှ $890 သို့ရောက်ရှိလာကာ ပဲခွဲစက်များမှ အဝယ်လိုက်နေခြင်းနှင့် ပဲစားသုံးမှုပိုမိုများပြားလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်တွင်လည်း ပဲမျိုးစုံဈေးနှုန်းများအထိုက်အလျောက်မြင့်တက်လျှက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာခြင်းများကြောင့် မတ်ပဲဈေးဆက်တက်နေဦးမည်ဟု သုံးသပ်ရကာပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယသည် ရုရှားမှပဲဝယ်ယူတင်သွင်းရန် စတင်လုပ်ဆောင်ချက်ခြင်းများရှိခဲ့ပြီး ယခုလက်ရှိတွင် ရုရှားမှ ပဲတင်သွင်းရန်မဖြစ်နိုင်တော့သည့်အခါ ၎င်း၏ ပဲလိုအပ်ချက်ကို ယခင်တင်သွင်းနေကျနိုင်ငံများထံမှသာ ဆက်လက်ဝယ်ယူရမည့်အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောတွင် အိန္ဒိယသည် ပဲဝယ်ယူတင်သွင်းရာတွင် မြန်မာမတ်ပဲတင်သွင်းခွင့်ကို ယခုနှစ်မတ်လကုန်အထိသာ ခွင့်ပြုထားသောကြောင့် တင်သွင်းခွင့်ကာလအပြီးတွင် မြန်မာမတ်ပဲဈေးနှုန်းအနည်းငယ်ပြန်အေးလာနိုင်ကြောင်းလည်း ပဲရောင်းဝယ်တင်ပို့သူကုန်သည်များက သုံးသပ်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_10 March 2022
နဂိုက ပြည်တွင်းမှာ ရွှေဈေးတက်ခဲ့တာဟာ ဘဏ်ကောလဟာလတွေရှိခဲ့တာရယ် ၊ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်သွားတာရယ် ၊ ဆိုင်တွေကလည်း ကိုဗစ်ကြောင့် ပိတ်ထားရတာရယ် ၊ သန့်စင်တဲ့လုပ်ငန်းတွေမှာလည်း ရွှေကုန်ကြမ်းပြတ်တာရယ်ကြောင့် ဖြစ်ခဲ့ပေမယ့် အခုကတော့ ကမ္ဘာ့ရွှေဈေးကြောင့် ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 10 March 2022
ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူဦးရေ ၁၅၀ ကျော်အား ကလေးမြို့ပေါ်တွင် လက်ခံစောင့်ရှောက်ပေးထားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
#Yangon_Media_Group
# LocalNews
Published -10 March 2022
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ယနေ့ မတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း အဆိုပါတရားရုံးအသိုင်းအဝိုင်းက သိရသည်။
"ကိုမြအေးကို မင်္ဂလာတောင်ညွန့်တရားရုံးက အဲဒီအင်းစိန်ထောင်တွင်းတရားရုံးမှာပဲ ၂ နှစ် အပြည့် အမိန့်ချလိုက်ပါတယ်။ချုပ်ရက်ခံစားစေ တဲ့"ဟု အဆိုပါ တရားရုံး အသိုင်းအဝိုင်း နှင့်နီးစပ်သူက YMG ကို ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကပင် ထိန်းသိမ်းခံထားရသော ကိုမြအေးက အပြစ်မရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက် ရုံးချိန်းတွင် ကိုယ်တိုင်ထုချေခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 Mar 2022
နေ့စဥ်အချိန်ကြာမြင့်စွာမီးပျက်ခြင်းကြောင့် စက်ရုံများလည်ပတ်နိုင်ရေးအတွက်အခြားစွမ်းအင်များဖြင့် အသုံးပြုလည်ပတ်ရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေသန့်ထုတ်လုပ်ရောင်းချသူများအနေဖြင့် စျေးနှုန်းတိုးမြှင့်ရောင်းချမှုပြုလုပ်ရန်အသိပေးထားကြောင်းသိရပါတယ်။
ထိုသို့ကုန်ကျစရိတ်မြင့်တက်လာမှုနှင့်ပတ်သတ်ပြီး Alpineကုမ္ပဏီကလည်း"အဖက်ဖက်မှတိုးမြှင့်လာသည့် ကုန်ကျစရိတ်များကြောင့် Alpine 20 Litre ရေစျေးနှုန်းအား (၁၅.၃.၂၀၂၂) ရက်နေ့မှစ၍ တစ်ဘူးလျှင် ၁၀၀/-ကျပ် တိုးမြှင့်ရောင်းချမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်"လို့ ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှအသိပေးထားပါတယ်။
ရေသန့်ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့သယ်ယူပို့ဆောင်ခတွေ မြင့်တက်လာမှုနဲ့ပတ်သတ်ပြီး တောင်ဒဂုံမြို့နယ်ရေသန့်စက်ရုံလုပ်ငန်းရှင်တစ်ဦးကလည်း"အဓိကက လျှပ်စစ်မီးပေါ့ဗျာ။မီးမရတော့အခြားရနိုင်တဲ့ မီးစက်တို့ဘာတို့သုံးရပြီး အရင်ထက်ကုန်ကျစရိတ်တွေကပိုလာတယ်။လုပ်သားစရိတ်ရော တစ်ဖက်က ဓါတ်ဆီစျေးတက်တာရောကြောင့် အရင်က ရပ်ကွက်ထဲ လက်လီဖြန့်ရင် ၂၀လီတာတစ်ဗူး ၅၀၀ ရောင်းတယ် ခုတစ်ရာတက်ပြီး ၆၀၀ရောင်းရတာပေါ့ သယ်ယူဖြန့်ဖြူးတဲ့စရိတ်ကာမိအောင်စျေးတက်ရတဲ့သဘောပါပဲ"လို့ပြောပါတယ်။
ယခုအခါမြို့တွင်းမြို့နယ်များတွင်လည်း အထပ်မြင့်တိုက်ခန်းများအပေါ်သို့ အရောက်ရေသန့်ဖြန့်ဖြူးပေးရာတွင်လည်း ယခင်က ၂၀လီတာ တစ်ဗူးလျှင်ငွေကျပ်၈၀၀ခန့်သာကျသင့်သော်လည်း ယခုအခါငွေကျပ် ၁၀၀၀ထိပေးကာဝယ်ယူအသုံးပြုနေရတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_10 March 2022
အင်းစိန် CID သင်တန်းကျောင်းမှ ဒုရဲမှူးကြီးဇော်ဝင်းကို ကို ထောင်သုံးနှစ်ချ၍ ရမည်းသင်းအကျဉ်းထောင်သို့ ယနေ့ မတ်လ ၁၀ ရက်တွင် ပို့ဆောင်လိုက်ကြောင်း ဆရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
"ဒီနေ့ရုံးချိန်းမှာက ဒုရဲမှူးကြီး ဇော်ဝင်းကို ပါတယ်။သူက Post ကို Share လုပ်လိုက်လို့ ကောမန့်ရေးလိုက်လို့ ရဲစည်းကမ်းအရ သူ့ကို ထောင်ဒဏ် ၃ နှစ်ချပြီး ရမည်းသင်းကို ဒီနေ့ပို့လိုက်တယ်။ ဒီနေ့ရုံးထုတ်တာကလည်း သူ့ကို ရမည်းသင်း ပို့ဖို့ ရုံးထုတ်လာတာ၊ သူက အဲဒီကောမန့်ရေးတဲ့ အတွက် ၅၀၅(က)နဲ့ ဇဗ္မူသီရိတရားရုံးမှာ မတ်လ ၁၇ ရက်နေ့ ရုံးချိန်းပေးထားတယ်"အဆိုပါ နီးစပ်သူက YMG ကို ပြောသည်။
ဒုရဲမှူးကြီးဇော်ဝင်းကို ကို ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၈ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နှင့် ရဲစည်းကမ်းဥပဒေတို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ယခုအခါ ရဲစည်းကမ်းဥပဒေအရ အကျဉ်းကျခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်း၏အမှုအတွက် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေပြည်တော်ဇမ္မူသီရိမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 March 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက်အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ မတ်လ ၁၀ ရက် တွင်လည်း ရောက်မလာကြသည့်အတွက် သက်သေများမရောက်သည့် ရုံးချိန်း ၃ ကြိမ်ရှိပြီဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
"ချယ်ရီထက်က ဒီနေ့ သက်သေနှစ်ယောက်မလာလို့ပါယ်လိုက်တယ်။ ဟုတ်တယ်၊ ချယ်ရီထက်သက်သေတွေ ပါယ်နေတာပဲ ၊မလာနိုင်ဘူးလေ။ ချယ်ရီထက်သက်သေက ထောင်ထဲကလူတွေဖြစ်နေတယ်၊ ထောင်ကျနေတဲ့သူတွေ အကျဉ်းကျနေတဲ့သူတွေ အဲလိုတွေဖြစ်နေတယ်။ ဒါကြောင့် မလာရင် ပါယ်လိုက်တာပေါ့၊ အခုက ၃ ကြိမ် ရှိပြီ ၊ သက်သေဆိုရင် ၆ ယောက်ရှိပြီ။ပါယ်ခံရတာ ၆ ယောက်ပေါ့ ။ နောက်ထပ် ၆ ယောက်လောက်ကတော့ ကျန်သေးတယ်။တောက်လျှောက် သက်သေမလာဘူးဆိုရင် ဘာဖြစ်မလဲဆိုတော့ လျှောက်လဲချက်ပေးပြီး ထောင်ချမှာပေါ့၊ ဒါပဲရှိတာဘဲ "ဟု ရားရုံးနှင့် နီးစပ်သူက YMG ကိုပြောသည်။
ချယ်ရီထက်မှာ လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရသူ ဖြစ်သည်။
၎င်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများမလုပ်ခဲ့ကြောင်း သူ့ကိုစွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
လွန်ခဲ့သော၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
Page 1851 of 1913