#Local_News
Published_ 8 May 2022
ဆံရစ်ဝိုင်းရွာဟု ထင်ရှားသည့် ရေပုတ်ကြီးကျေးရွာမှ ကျောင်းသား/ကျောင်းသူ ၂၀၄ ဦးဟာ ယဉ်ကျေးလိမ္မာ သင်တန်းပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆံရစ်ဝိုင်းရွာ (ခေါ်) ရေပုတ်ကြီး ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် မေ ၆ ရက် နံနက်ပိုင်းက ယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲနှင့် ဆုများပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

သင်တန်းကို ရေပုတ်ကြီးကျေးရွာရှိ လူငယ်များအား လိမ္မာယဉ်ကျေးပြီး အသိဉာဏ် ရှိသော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သင်တန်းကို ဆရာ၊ ဆရာမ ၁၂ ဦးက ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦး တို့အား မတ် ၂၆ ရက်မှ မေ ၆ ရက်အထိ သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 7 May 2022
အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်က လူ(၆)သန်းကျော်ဟာ လာမယ့်ဇွန်လ(၁)ရက်ကစပြီး ရေသုံးစွဲမှုတွေကို မဖြစ်မနေကန့်သတ်တော့မှာဖြစ်ပါတယ်။ လော့အိန်ဂျလိဒေသမှာနေထိုင်သူတွေဟာ အိမ်အပြင်ကရေကို တစ်ပတ်တစ်ကြိမ်သာ သုံးစွဲခွင့်ရတော့မယ်လို့သိရပါတယ်။
ဒီနှစ်ပထမသုံးလဟာ ကာလီဖိုနီးယားသမိုင်းမှာ အခြောက်သွေ့ဆုံးလတွေဖြစ်ခဲ့တဲ့အတွက် ရေသုံးစွဲမှုကို ယခုလိုကန့်သတ်လာရတာဖြစ်ပါတယ်။ အဲသလို အကြီးအကျယ် မိုးခေါင်ရေရှား ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် ပြည်နယ်ထဲကရေလှောင်ကန်အချို့ ဟာ စိုးရိမ်ရေမှတ်အောက်ကိုပါ ရောက်ရှိနေပါတယ်။
“ လာမယ့်နှစ်အတွက် ကျွန်တော်တို့ကို ရေပေးဖို့ အလုံအလောက်ကျန်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ အရေးယူဆောင်ရွက်မှုတွေ ယခုလုပ်ရတော့မယ်။ ဒါဟာ အရေးပေါ်ပဲ။ အခုကစလုပ်ရမယ်။ ကျွန်တော်တို့အခန်းတွင်းသုံးဖို့ ရေတွေရှိဖို့လိုတယ်။ ကျွန်တော်တို့သောက်ဖို့၊ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်တွေဖြစ်တယ်။ ဒါဟာ အကြပ်အတည်းတစ်ခုပါ။ မကြုံစဖူးလည်းဖြစ်တယ်။ အခုစလုပ်ကြရမယ်” လို့ တောင်ပိုင်းကာလီဖိုနီးယားခရိုင်ရဲ့ မြို့ပြရေ အထွေထွေမန်နေဂျာ အက်ဒဲလ် ဟက်ဂီခါလီကပြောပါတယ်။
တောင်ပိုင်းကာလီဖိုနီးယားရေအရာရှိတွေက ဒေသခ့တွေကို သူတို့ရဲ့ အပြင်ပိုင်းရေအသုံးပြုမှုတွေကို ကန့်သတ်ခိုင်းထား ပါတယ်။ ရေစုစုပေါင်းသုံးစွဲမှုရဲ့ ၃၅ ရာခိုင်နှုန်းကို လျှော့ချပစ်ဖို့ရည်ရွယ်လုပ်ဆောင်တာပါ။
စိမ်းလန်းမြက်ခင်းတွေနှင့်ဥယျဉ်တွေ၊ဟင်းရွက်စိုက်ခင်းတွေကို ရေဖြန်းကြတာဟာ အတိတ်တုန်းက တောင်ပိုင်းကာလီဖိုနီးယားမှာ မြင်တွေ့နေကျဖြစ်ပေမယ့် အခုအဲဒါတွေကို မကြုံစဖူးကန့်သတ်တော့မှာပါ။ အဲဒီထဲမှာ ခြံထဲမှာ ရေပန်းတွေအသုံးပြုတာကို တစ်ပတ်တစ်ခါသာ ခွင့်ပြုမှာလည်းပါဝင်ပါတယ်။
သစ်ပင်တွေနှင့်အပင်တွေကို လက်နှင့်ရေဖြန်းကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ဒါဟာ အခန်းတွင်းသုံးရေကို ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
“ဘုံပိုင်ခေါင်းတွေရေယိုနေရင် အခုပြင်ထားလိုက်ပါ။ ရေယိုနေတဲ့ အိမ်သာတွေရှိရင် အခုပြင်ပါ။ အဝတ်အစားတွေလျှော်ဖွတ်ရင် ဂျင်းနှင့်တီရှပ်တွေ မထည့်ပါနှင့်။ အားအပြည့်ဖြည့်ပြီးတဲ့အထိစောင့်ပြီးမှလုပ်ပါ” လို့ ဟက်ဂီခါလီက ပြောပါတယ်။
ကာလီဖိုနီးယားကို တတိယမြောက် သောက်ရေဖြန့်ဝေနေတဲ့ ဆီယာနာဗါဒါနှင်းလှောင်ကန်ဟာ (၇)နှစ်အတွင်း အနိမ့်ဆုံး အဆင့်ရောက်ရှိနေပြီးနောက် ယခုလိုကန့်သတ်မှုထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာ ကိုလိုရာဒိုမြစ်အပါအဝင် အမေရိကန်အနောက်ပိုင်းက အကြီးဆုံးရေလှောင်ကန်နှစ်ခုဟာ စိုးရိမ်ရေမှတ်အဆင့် အောက်ရောက်ရှိနေပါတယ်။
“ဒါပေါ့။ ကိုလိုရာဒိုမြစ်ဟာ ပထမဆုံးမလုံလောက်မှုကြောင့် ဒီနှစ်က ပိုရှုပ်ထွေးသွားတယ်။ ပြည်နယ်ရေစီမံကိန်းဟာ ဘယ်သူ့ကိုမဆို ဘယ်လိုရေမျိုးပဲဖြစ်ဖြစ် များများပေးနိုင်မယ့်အခြေအနေမရှိဘူး။ဒါဟာ အလုံးစုံကြိုမြင်နေရာတာတွေ လို့ ထင်မိတယ်” လို့ တောင်ပိုင်းကာလီဖိုနီးယားတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေပါမောက္ခ ရော်ဘင်ကန်ဒစ်ကရေ့ချ်က ပြောပါတယ်။
အခုလိုကန့်သတ်တာအဆင်မပြေသေးရင် ဒီနှစ်ကုန်ပိုင်းမှာ နောက်ထပ်ကန့်သတ်မှုတွေထပ်လုပ်ရဦးမယ်လို့ ရေအရာရှိတွေက ပြောပါတယ်။
Source CCTV
#Health_Mystery
Published 07 May 2022
နယူးဂျာစီမြို့ရှိ ကျောင်းတစ်ကျောင်းတည်းကဆင်းခဲ့ကြတဲ့ လူတွေထဲကအယောက် ၁၀၀ ကျော်လောက်ဟာ ရှားပါးတဲ့ဦးနှောက်အကျိတ်လက္ခဏာမျိုး ခံစားနေရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 May 2022
နစက ဥက္ကဌ ဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက လတ်တလောအနေနဲ့ ၅ ဖွဲ့ က တက်ရောက်ဖို့ ရှိနေပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 7 May 2022
၁။ အခုမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ပါးသက်သာလာလို့ နိုင်ငံတွေရဲ့ တံခါးတွေဖွင့်လိုက်ပြီး ခရီးသွားလုပ်ငန်းတွေပြန်စနေကြပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ အချိန်တန်ပြီလား??
၂။ တစ်ဖက်မှာလည်း တံခါးတွေပိတ်ထားရလို့ စီးပွားတွေက ပျက်လုနီးဖြစ်နေကြတော့ စီးပွားရေးနှင့်ကျန်းမာရေး ချိန်ဆလုပ်နေကြရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ??
၃။ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေဖို့ ခရီးသွားလုပ်ငန်းတွေကိုဖွင့်လိုက်တော့ “ငြိမ်းချမ်းစွာအတူနေနိုင်ဖို” “အတူနေရင်းကိုဗစ် အနိုင်ကျင့်တာပြန်မခံရဖို့” ဘယ်လိုအစီအမံတွေရှိသင့်သလဲ?? ဆိုတာတွေကို ဆရာကြီးဒေါက်တာခင်မောင်လွင်က ပြောဆိုဆွေးနွေးထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 May 2022
စက်ရုံအလုပ်ရုံတွေများလာတာ၊ စက်မှုဇုန်တွေများလာကြောင့် ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲမီးလောင်တဲ့ ဖြစ်စဉ်တွေ ရှိလာတဲ့အတွက် အဲဒီလို မီးလောင်မှုတွေမှာ မီးသတ်လုပ်ငန်းက စနစ် တကျ လုပ်ကိုင်နိုင်ဖို့ ပြည်ပနိုင်ငံတွေက သင်တန်းတွေကို မြန်မာနိုင်ငံ မီးသတ်ရဲဘော်တွေ သင်တန်းတက်ထားကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 May 2022

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော်အား မြန်မာနိုင်ငံဘက်သို့ မေလ ၆ ရက်က ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အမျိုးသား ၁၀၃ ဦး ၊ အမျိုးသမီး ၂၉ ဦး ဖြစ်ပြီး ယင်းတွင် အရွယ်မရောက်သေးသည့် ကလေး (ကျား) ၇ ဦး၊ (မ) ၂ ဦး ပါဝင်ကြောင်း၊ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲမှ တာဝန်ရှိသူများက ယင်းတိုအား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၈) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်တော်ပြန်များအား ကိုဗစ်စစ်ဆေးမှုများပြုလုပ်ရာ ၂၄ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံထားရသည့်အတွက် သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group
#LocalNews
Published - 7 May 2022
စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စာကြည့်တိုက် ပညာရှင်တွေထွန်းကားဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ စာကြည့်တိုက်ဒီပလိုမာသင်တန်းတွေကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်က ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_7 May 2022
သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို Gas ၊ LNG ကဲ့သိုနိုင်ငံခြားငွေဖြင့်ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရေးအတွက် ဆိုလာနှင့် လေအားလျှပ်စစ် ထုတ်ယူနိုင်မှုများ ပြုလုပ်နိုင်ရန် ကုမ္ပဏီတစ်ခုချင်း သိုမဟုတ် ဇုန်အလိုက် စီစဉ်သွားရန်လိုအပ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီရုံး၏ စာရင်းများအရ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်စတင်တည်ထောင်ခဲ့သော သီလဝါအထူးစီးပွားရေးဇုန်၏ ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိကြောင်း သိရသည်။
ယင်းတွင် မြန်မာကုမ္ပဏီ ၉ ခု မြန်မာအစုရှယ်ယာရှင် ၁၇,၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင်ဆောင်ရွက်ထားကြကြောင်းလည်း စာရင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ကိုဗစ် တတိယလှိုင်းကာလက နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့သည့်အနက် ၈၉ ခု ယာယီရပ်ဆိုင်း ခဲ့ကြောင်း၊လက်ရှိတွင် ကုမ္ပဏီစုစုပေါင်း ၈၂ ခုမှ လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်းလည်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေအကျယ်မှာ ဧက ၅၀၀၀ ကျော်ရှိပြီး ယင်းတွင် ကျန်ရှိမြေနေရာများပေါ် လုပ်ငန်းအမြန် အကောင်အထည်ဖော်နိုင်ရန် ညွှန်ကြားထားပြီး အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများပြီးစီးပါက လက်ရှိ အလုပ်အကိုင် အခွင့်အလမ်း ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့်ထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 7 May 2022
ကျူးဘားနိုင်ငံ ဟားဗားနားမြို့တော်အလယ်မှာရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဟာ မေ၆ရက်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်ပုံရတဲ့ အင်အားပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြောင့် လူ၈ ဦးသေဆုံးပြီး လူ၃၀ခန့် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျူးဘား အစိုးရကပြောပါတယ်။
နံနက်ခင်းနှောင်းပိုင်းပေါက်ကွဲမှုကြောင့် မီးခိုတွေနှင့်ဖုန်မှုန့်တွေဟာ ဂုဏ်သတင်းကြီးလှတဲ့ ဆာရာတိုဂါဟိုတယ်ကနေ အလိပ်လိုက်ကောင်းကောင်ပေါ် တက်လာခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားထဲမှာ ရှင်ကျန်ရစ်သူတွေကို ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။
ပြန်လည်မွမ်းမံနေတဲ့အတွက် တည်းခိုသူမရှိတဲ့ အောက်ဆုံးလေးထပ်မှာ မီးက တစ်ဖျစ်ဖျစ်လောင်ကျွမ်းနေခဲ့ပါတယ်။
ဟိုတယ်အတွင်းကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပြီး လူတွေပိတ်မိနေနိုင်တယ်လို့ ဟာဗားနားကွန်မြူနစ်ပါတီအရာရှိ လူဝစ်အန်တိုနီယိုကပြောပါတယ်။ လူ(၁၃)ဦးပျောက်ဆုံးနေတယ်လို့လည်းသူကဖြည့်စွက်ပြောပါတယ်။
ဟိုတယ်ဆင်ဝင်ကြီးရဲ့ကြီးမားတဲ့ အစိတ်အပိုင်းကြီးဟာ ပေါက်လောင်မှုကြောင့် ပေါက်ပြဲထွက်သွားပါတယ်။ ပြတင်းတံခါးတွေလည်းပျက်စီးပြီး ဟိုတယ်ရှေ့မှာရပ်ထားတဲ့ကားတွေလည်းပျက်စီးသွားပါတယ်။ ဟိုတယ်ဟာ မက်ဒိုနား၊ ဘီယွန်စေး၊မိုက်ဂျက်ဂါနှင့်ရီဟားနားတို့လို ဆယ်လီတွေလာတည်းတဲ့အတွက် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရလို့ဆေးရုံရောက်နေသူ ၃၀ဦးထဲမှာ ၁၁ဦးဟာ အလွန့်ကိုစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ကာလီဇီတိုဂါဇီယာ ဆေးရုံက ညွှန်ကြားရေးမှူး မစ်ဂူး ဂါဆီယာကပြောပါတယ်။
ဟိုတယ်ထဲမှာရှိနေကြသူတွေဟာ လာမယ့်အင်္ဂါနေ့မှာ မွမ်းမံပြီးလို့ ဟိုတယ်ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတဲ့ ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။
ဓာတ်ငွေ့ရည်ဆလင်ဒါတစ်လုံးကို မနေ့က အသစ်လဲခဲ့တယ်လို့ ဒေသခံအရာရှိအလက်ဇစ်ကောစတာ ဆီဗာကို ကိုးကားပြီး ဒေသမီဒီယာတစ်ခုက သတင်းပေးပိ့ပါတယ်။
“ဒါဟာ ဗုံးခွဲမှုမဟုတ်သလို တိုက်ခိုက်မှုလည်းမဟုတ်ဘူး။ကံဆိုးရှာတဲ့ မတော်တဆဖြစ်မှုပဲ” လို့ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာခင် အခင်းဖြစ်ပွားရာကို ဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် အတူရောက်ရှိလာတဲ့ သမ္မတ မီဂူဒီယက်ဇ်ကန်နယ်လ် ကပြောပါတယ်။ သူဟာ ဒဏ်ရာရသူတွေဆေးကုသခံယူနေတဲ့ ဆေးရုံကိုလည်း ဆက်သွားခဲ့ပါသေးတယ်။
ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုလို့ပြောကြတယ်။ တိုက်ခိုက်မှုလို့ မပြောကြဘူး။ ကျွန်တော်တို့ဟာ မတော်တဆဖြစ်မှုလို့ပဲ ပြောနေကြတယ်လို့ ဟာဗားကွန်မြူနစ်ပါတီအရာရှိ လူဝစ်တောရက်စ်အီရီဘာကပြောပါတယ်။
Source AFP
#LocalNews
Published_7 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမကြီးကို ချိတ်ဆက်ဆောက်လုပ်နေတဲ့ ကိုရီးယာ-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားစီမံကိန်း လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဒီနှစ်ကုန်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 May 2022
IELTS ဖြေဆိုဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အမှတ်ကောင်းစေဖိုနဲ့ အခြားလိုအပ်ချက်တွေသိရှိနိုင်ဖို့ ကြိုတင်လေ့လာနိုင်မယ့် အွန်လိုင်းဆွေးနွေးပွဲ webinar တစ်ခုကို British Council Myanmarက ကြီးမှူးကျင်းပပေးသွားမှာဖြစ်ပါတယ်၊၊
မေလ(၁၅)ရက်နေ့၊ညနေ(၆)နာရီမှာပြုလုပ်မှာဖြစ်ပြီး ဝါရင့်အတွေ့အကြုံရှိသောဆရာမှဆွေးနွေးပြောကြားသွားမှာ ဖြစ်တယ်လိုဆိုပါတယ်၊၊
IELTS Writing အပိုင်း ၁ နဲ့ ၂ ဖြေဆိုမှုမှာ စစ်ဆေးတဲ့ပုံစံနဲ့ နမူနာအရေးအသားတချို့ကို လေ့လာကြည့်တာတွေအပြင် ပိုမိုကောင်းမွန်တဲ့အမှတ်တွေရရှိနိုင်စေဖို့အတွက် အခြားလိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်စေဖို လေ့လာတာတွေကို IELTS သင်ကြားမှုမှာ ဝါရင့်အတွေ့အကြုံရှိတဲ့ ဆရာမှ အွန်လိုင်း webinar တစ်ခုကျင်းပပေးသွားမှာ ဖြစ်ပါတယ်၊၊
အဲဒီ့အွန်လိုင်းဆွေးနွေးပွဲတက်ရောက်ရန်အတွက် https://bit.ly/37y69jO လင့်ခ်မှာစာရင်းပေးသွင်း နိုင်ပါတယ်၊၊
IELTS သင်တန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက https://bit.ly/37sPpdX နဲ့ဝင်ခွင့်စာမေးပွဲနဲ့ သင်တန်းအကြောင်းဆွေးနွေးမှုအတွက် စာရင်းပေးသွင်းဖို့ https://sforce.co/3L9amJ9
https://bit.ly/3uQQPYS လင့်ခ်တိုကိုဝင်ရောက်နိုင်တယ်လိုသိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1848 of 1996