#WorldTradition
Published 11 May 2022
လေမုန်တိုင်းနတ်ဘုရားကို ကျေနပ်စေပြီး မိုးခေါင်မှုကျော်လွှားနိုင်ဖို့အတွက် မက္ကဆီကိုတောင်ပိုင်းမှာ ရှေးဟောင်းရိုးရာပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။
#Yangon_Media_Group
Published 11 May 2022
အယ်လ်ဂျာဇီးယားရုပ်သံက ယင်းတို့ရဲ့သတင်းစာဆရာမ ရှီရင်းအာဘူအက်လက် Shireen Abu Aqleh အသတ်ခံရပြီးကာစ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
အသက် ၅၁နှစ်အရွယ်ရှိ အယ်ဂျာဇီးယားရဲ့ ဝါရင့်သတင်းစာဆရာမအာဘူအက်လက်ဟာ မေ(၁၁)ရက် ဗုဒ္ဓဟူးနေ့က အစ္စရေးစစ်ပတ်က အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေက ဂျင်နင်းဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းတာကို သတင်းရယူစဉ်မှာ သေနတ်နှင့် အပစ်ခံရလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
သူမဟာ အပစ်ခံရတဲ့အချိန်မှာ သတင်းမီဒီယာတံဆိပ်ပါတဲ့ ကျည်ကာအင်္ကျီဝတ်ဆင်ထားတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာရောက်ရှိနေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံဆရာက အတည်ပြုပါတယ်။
အစ္စရေးတပ်တွေဟာ အဲဒီနေရာတစ်ဝ်ုက်ကို ပစ်ခတ်နေပြီး အာဘူအက်လက်ဟာ မြေကြီးပေါ်လဲကျသွားတာကို သူမြင်လိုက်ရတယ်လို့ ဓာတ်ပုံဆရာက သတင်းပေးပို့ပါတယ်၊ သူမကို အစ္စရေးတပ်တွေက သွေးအေးအေးနှင့် တမင်သတ်ပစ်လိုက်တာဖြစ်တယ်လို့ အယ်ဂျာဇီးယားက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘင်နက်ကတော့ ဒါဟာ ပါလက်စတိုင်းသေနတ်သမားပစ်သတ်လိုက်ပုံရတယ်လို့ ပြောပါတယ်။
Source AFP
#LocalNews
Published_11 May 2022
ပြည်တွင်းရွှေဈေးဟာ တရိပ်ရိပ်ကျဆင်းနေတယ်လို့ ပြောလို့ရပေမယ့်လည်း ဒါက ကျသင့်သလောက်မကျသေးဘူးလို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
Published_ 11 May 2022
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ အားကစားနည်းကတော့ ခူရက်ရှ် (KURASH)အားကစားနည်းဖြစ်ပြီး အမျိုးသမီး +87Kg တန်း မှ မအေးအေးအောင်က ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အားကစားနည်းဖြင့် မနေ့က 48 kg တန်းမှ ခင်ခင်စု က ကြေးတံဆိပ် ဆုကိုရယူနိုင်ခဲ့ပါတယ်။
နစက ဥက္ကဌ က အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားမှာ နိုင်ငံတော်အတွက် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိလျှင် သိန်း ၃၀၀ ငွေတံဆိပ်ဆု ရရှိလျှင် သိန်း၂၀၀ ကြေးတံဆိပ်ဆု ရရှိလျှင် သိန်း ၁၀၀ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ymg_mnn
Yangon_Media_Group

Published 11 May 2022
ကာတာနိုင်ငံက ကမ္ဘာ့ဖလား ဆုဖလားကြီးပြန်ပို့သည့်အခမ်းအနားကို မေ(၁၀)ရက်က မြို့တော်ဒိုဟာမှာှရှိတဲ့ ကာတရာ ယဉ်ကျေးမှုရွာတွင် ကျင်းပခဲ့ရာ ဘရာဇီးဘောလုံးသမားဟောင်း ကာဖူးလည်းတက်ရောက်ခဲ့ပါတယ်။
ဒီဖလားဟာ ကိုကာကိုလာရဲ့ကမ္ဘာ့ဖလားခရီးလှည့်လည်အစီအစဉ်အရ ရောက်လာခဲ့ပြီးနောက် ကာတာ ၂၀၂၂၊ ကမ္ဘာ့ဖလားဖွင့်ပွဲ မတိုင်ခင် နိုဝင်ဘာ ၂၁ရက်မှာ Al Bayt အားကစားရုံကို တစ်ဖန်ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 11 May 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးဒေသတွင် ဖြစ်ပွားလျက်ရှိတဲ့ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲအချို့ကြောင့် ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးနေပြီး ဒေသခံများ အနေနဲ့လည်း ခရီးသွားလာရန် ခက်ခဲမှုတွေရှိနေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -11 May 2022
လာမယ့်မေလ(၁၄)ရက် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းလှူပွဲ အခမ်းအနားသွားမှာဖြစ်ပြီး အများပြည်သူ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့လည်း စီစဉ်ပေးထားတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_11 May 2022
ဆိပ်ကမ်းအလှည့်ကျချိန်ကို ဝန်ဆောင်မှုကာလ သုံးရက်သတ်မှတ်ထားသောကြောင့် ကုန်တင်သင်္ဘောဝင်ရောက်မှု တိုးတက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ကြေညာလိုက်သည်။
ယခု မေလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၅၄ စင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ၊ စင်ကာပူအခြေစိုက် Sealand Maersk Asia အနေဖြင့် ကုန်ပစ္စည်းများကို သင်္ဘော၁၂ စင်းဖြင့်သယ်ဆောင်လာမည် ဖြစ်ပြီး SITC မှ ၇ စင်း ၊ COSCO မှ ၅ စင်း ၊ I.A.L မှ ၄ စင်း ၊ C.S.L ၊ Ever Green ၊ Gold Star ၊ MFSL ၊ P.I.L ၊ R.C.L တိုမှ ၃ စင်းစီ ၊ Land and Sea သင်္ဘောလိုင်းမှ၂ စင်းတို့ ဖြစ်ကြောင်း သိရသည်။
သင်္ဘောလိုင်းများအနေဖြင့် ပို့ကုန်နှင့်သွင်းကုန်များ အဆင်ပြေစေရန် ယင်းတို့၏ ဝန်ဆောင်မှုများကို တိုးမြှင့်လာခဲ့သောကြောင့် ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ကုန်တင်သင်္ဘောဝင်ရောက်မှု နှစ်ဆခန့်မြင့်တက်လာကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_11 May 2022
ရန်ကုန့်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှုမှ)မှ အများပြည်သူနှင့် ပတ်သက်သော လုပ်ငန်းများကို မေလ ၁၂ ရက်တွင် လုပ်ဆောင်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ ခုတွင် လျှပ်စစ်ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။
စည်ပင်လုပ်ငန်းများမှာ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသို့ ဓာတ်အားပေးထားသော 33 kV ဓာတ်အားလိုင်းနှင့် ထိစပ်နေသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ 33kV လှိုင်သာယာအနောက်စုပေါင်းရုံး အရန်ဓာတ်အားပေးရန်ဆောင်ရွက်ခြင်း ၊ 33kV လှိုင်သာယာ-ကွမ်းခြံကုန်းဓာတ်အားလိုင်းတွင် AutoRecloser တပ်ဆင်ခြင်းတို့ဖြစ်ပြီး ယင်းလုပ်ငန်းများကို မနက်ဖြန် မေလ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှည်းကူး ၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ကွမ်းခြံကုန်းမြို့နယ်များ၏နေရာအချို့တိုတွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 11 May 2022
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား ၃၀၁ ဦးကို MoU စနစ်ဖြင့် ဒီကနေ့ မေ ၁၁ ရက် နံနက်ပိုင်းတွင် ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MoU အလုပ်သမား ၃၀၁ ဦးအား အလုပ်သမားသံအရာရှိရုံးက မဲဆောက်စခန်း၌ ကြိုဆိုလက်ခံခဲ့ပြီး လက်ခံဆောင်ရွက်သည့်နည်းလမ်းများ မြန်ဆန်စေရေး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲ မရှိစေရေး နယ်စပ်စခန်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပိုမိုကောင်းမွန်သည့်နည်းလမ်းများပေါ်ပေါက်လာနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မနေ့ကလည်း ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံ၌ အလုပ်လုပ်ကိုင်ရန် တရားဝင် MoU အလုပ်သမား ၂၈၇ ဦးကို ပထမအသုတ်အနေဖြင့် စေလွှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လများတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ခဲ့တဲ့ မြန်မာအလုပ်သမားများမှာ ဖမ်းဆီးခံရမှုများ ရှိနေပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published_ 11 May 2022
တောင်ကိုရီးယားက မြန်မာလုပ်သားများအား ဆက်တိုက်ခေါ်ယူလျှက်ရှိရာ မနေ့က မြန်မာလုပ်သား ၁၂၈ ဦးဟာ ကိုရီးယားသို့ရောက်ရှိလာကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ မေ ၁၀ ရက်တွင် ၁၂၈ ဦး တို့သည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လုပ်သား ၁၂၈ ဦးတွင် Re-entry လုပ်သား ၁၁၁ ဦး ပါဝင်ပြီး ကျန်သူများမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၇ ဦး ဖြစ်ကြောင်း သိရပါတယ်။
ဆိုးလ်မြို့မှ မြန်မာသံရုံး အလုပ်သမားသံအရာရှိက ရောက်ရှိလာတဲ့ မြန်မာလုပ်သားများအားကြိုဆို၍ အလုပ်သမားများအား ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ၁၃၅ဦး၊ ဧပြီ ၂၈ ရက်၊ ၁၂ ရက်နှင့် ၄ ရက် နေ့တို့ကလည်း မြန်မာလုပ်သား ၃၁၇ ဦး တို့အား တောင်ကိုရီးယားကခေါ်ယူခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published_ 11 May 2022
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေ ၁၂ ရက် မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း နစက ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးက မေ ၁၂ ရက်မှ စတင်၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာကျောင်းတက်နိုင်ရေးအတွက် ပံ့ပိုးစောင့်ရှောက်ပေးကြဖို့ မှာကြားခဲ့ပါတယ်။
တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ ရေ၊ မီး၊ အင်တာနက် ဝိုင်ဖိုင်ပြည့်စုံရေး၊ စားသောက်ရေး၊ အဆောင်နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။
တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် မေ ၁၂ ရက်မှ စတင်၍ စာသင်ကြားကြရမည်ဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှုအဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ်များကိုယ်တိုင် ဒုတိယပါမောက္ခချုပ်များနှင့်အတူ စာသင်ခန်းများကို နေ့စဉ်လှည့်လည် ကြည့်ရှုပံ့ပိုးပေးရန်လိုအပ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပပေးရန်နဲ့ မေ ၂၆ ရက်မှာ စတင်မယ့် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း ပါမောက္ခချုပ်များက ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ပညာသင်နှစ်အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1842 of 1996