#Local_News
Published - 5 July 2022

 

ရန်ကုန်အပါအဝင် အခြားမြို့နယ်များရှိ CB Bank ATM စက်များတွင် ငွေသားများပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ ငွေသားထုတ်ယူမှုများကို ရန်ကုန်မြို့ရှိ CB Bank ATM စက် ၇၄ လုံး၊ အမြို့မြို့အနယ်ရှိ ATM စက် ၇၇ လုံးတွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

CB Bank Customer များ ငွေသားထုတ်ယူနိုင်ရန် CB Bank အနေဖြင့် ရန်ကုန်မြို့နှင့် အခြားမြို့များရှိ ATM စက်များ၌ ငွေဖြည့်တင်းပေးထားသည့် ATM စက်များစာရင်းကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင် Old Account ဆိုပါက တစ်ရက်လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်ငါးသိန်းအထိလည်းကောင်း၊ Special Account ဆိုပါက တစ်ရက်လျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိလည်းကောင်း ငွေသားထုတ်ယူနိုင်မည်ဖြစ်ပြီး ဟိုတယ်များ၊ ဆေးရုံများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများရှိ ATM စက်များတွင်လည်း ငွေဖြည့်တင်းထားပြီး အပတ်စဉ်ဆက်လက်တိုးချဲ့၍ ငွေဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group