#WorldHealth
Published 3 July 2022

အစားအစာတစ်ခုကို စပြီးမစားရသေးမှာပင် ခန္ဓာကိုယ်မှ အင်ဆူလင်များ ထုတ်လွှတ်ပေးကြောင်း လေ့လာမှုအသစ်မှာ တွေ့ရှိထားပါတယ်။

 

အစားအစာတစ်ခုကို အနံ့ရရုံ မြင်လိုက်ရရုံဖြင့် ဦးနှောက်အတွင်းပြောင်းလဲကာ ခန္ဓာကိုယ်ထဲ တုန့်ပြန်မှုများဖြစ်ပေါ်လာကြောင်း ဘေဆယ်လ်တက္ကသိုလ်ဆေးရုံက တွေ့ရှိထားတာဖြစ်ပါတယ်။

 

အစားမစားရသေးတဲ့အချိန်မှာ စားစရာတစ်ခုခုကိုမြင်ပြီး သရေကျတာမျိုးကြုံကြဖူးမှာပါ။

 

ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာကြပါတယ်။

 

အဆိုပါ လေ့လာချက်ကို Cell Metabolism ဂျာနယ်မှာဖော်ပြခဲ့ရာမှာ စားစရာကိုပါးစပ်ထဲမထည့်ခင်မှာပင် အင်ဆူလင်ဟော်မုန်းများထွက်ရှိကြောင်း သိရှိရပါတယ်။

 

အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းပေးပြီး ရောဂါပိုးမွှားဝင်ရောက်တဲ့အခါ ကိုယ်ခံအားတုန့်ပြန်မှုမှာပါဝင်တဲ့ IL1B လည်းပါဝင်ပါတယ်။

 

ဆီးချိုရောဂါသည်တွေမှာ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေ ပျက်စီးသွားပြီး အင်ဆူလင်မထုတ်နိုင်တော့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ စားစရာမြင်ပြီးတော့ ထိုလူတွေမှာပါ အင်ဆူလင်အများအပြားထွက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

 

စားစရာမြင်တဲ့အခါနဲ့ အနံ့ရမိတဲ့အခါ ဦးနှောက်ထဲမှာ microglia လို့ခေါ်တဲ့ ခုခံအားဆဲလ်တွေ ထွက်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။

 

ထိုဆဲလ်တွေက IL1B ကိုထွက်ရှိစေပြီး ဗေးဂတ်စ်နာ့ဗ်ကတစ်ဆင့် အလိုအလျောက်တုန့်ပြန်တဲ့ အာရုံကြောစနစ်ကို သက်ရောက်စေပါတယ်။

 

အဲဒီစနစ်ကနေ အင်ဆူလင်ထုတ်လွှတ်ပေးတဲ့ ပန်ကရိယသို့ အချက်ပေးသွားတာဖြစ်ပါတယ်။

 

ထိုလေ့လာမှုအရ IL1B က စားစရာကိုမြင်တွေ့အနံ့ရခြင်းကဲ့သို့ အာရုံခံသိရှိလာတဲ့အချက်အလက်တွေနဲ့ အာရုံကြောစနစ်ကနေ အင်ဆူလင်ထုတ်လွှတ်ခြင်းတို့ကြားဆက်စပ်မှုမှာ အရေးပါလျက်ရှိပြီး ထိုချိတ်ဆက်မှုကိုထိန်းညှိပေးပါတယ်။

 

အဝလွန်ရောဂါအခြေအနေလိုမျိုးမှာ အာရုံကြောစနစ်မှတဆင့် အင်ဆူလင်ထုတ်လွှတ်ခြင်းဖြစ်စဉ်ဟာ နှောင့်ယှက်ဖျက်ဆီးခြင်းကြုံတွေ့ရကြောင်း ဖော်ပြထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group