Published 21 May 2023

ယူကရိန်းနိုင်ငံအရှေ့ပိုင်း အချက်အချာကြသည့် ဘက်ခ်မွတ်မြို့ကို အပြည့်အဝသိမ်းပိုက်လိုက်ပြီလို့ ရုရှားက မေလ ၂၀ရက်က ကြေညာလိုက်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။ ဒါဟာ ၁၅လကြာစစ်ပွဲမှာ အရှည်ကြာဆိုးနှင့် သေကြေမှုအများဆုံးစစ်ပွဲတစ်ခု အဆုံးသတ်တော့မယ့် အခြေအနေလည်းဖြစ်ပါတယ်။

ရုရှားရဲ့ ကြေးစားတိုက်ခိုက်ရေးအဖွဲ့ ဝက်ဂ်နာအုပ်စုရဲ့ ခေါင်းဆောင် ယက်ဂင်နီ ပရီဂိုရှင်းက သူ့တပ်တွေဟာ မြို့ထဲမှာ နောက်ဆုံးတပ်စွဲထားတဲ့ ယူကရိန်းစစ်သားတွေကို အပြင်သို့ တွန်းထုတ်လိုက်နိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

“ ယနေ့ မွန်းတည့် ၁၂နရီမှာ ဘက်ခ်မွန်ကို အပြည့်အဝရယူလိုက်ပါပြီ။ မြို့တစ်ခုလုံးကို အပြီးသတ်ရယူလိုက်ပါပြီ၊ အိမ်တစ်ခုချင်းစီအလိုက်” လို့  ပရီဂိုရှင်းက ရုရှားအလံနှင့် ဝက်ဂ်နာအမှတ်တံဆိပ်တွေကိုင်ထားတဲ့ တိုက်ခိုက်ရေး  သမားတွေရဲ့ရှေ့ကနေ ရုပ်သံပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘက်ခ်မွတ်သိမ်းပိုက်နိုင်ခြင်းအတွက် တပ်တွေကို ချီးကျုးလိုက်ပြီး ထူးချွန်တဲ့သူတွေကို ဆုတွေချီးမြှင့်မယ်လို့ ပြောကြောင်း ရုရှားရဲ့ပြည်တွင်းသတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။

ဘက်ခ်မွန်ရဲ့ မြောက်ပိုင်းနှင့်တောင်ပိုင်းစစ်နံတွေမှာ ယူကရိန်းတပ်တွေဟာ အလျင်အမြန်ဆုံးအောင်ပွဲတွေရရှိနေတယ်လို့ ယူကရိန်းက ပြောဆိုအပြီး တစ်ပတ်အကြာမှာ ရုရှားတွေသိမ်းပိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

ရုရှားတွေကြေညာအပြီး တစ်နာရီမပြည့်ခင်မှာ ယူကရိန်းရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက ဘက်ခ်မွတ်ရဲ့ အခြေအနေဟာ အတိမ်းအစောင်းမခံဖြစ်နေတယ်။ ဒါပေမယ့် ယူကရိန်းတပ်တွေက ဘက်ခ်မွတ်ရဲ့ အနောက်အစွန်ဆုံးစစ်နံမှာ  ခုခံကာကွယ်မှုတွေဆက်လုပ်နေတုန်းဖြစ်တယ်လို့ တယ်လီဂရမ်ကနေ တုန့်ပြန်ခဲ့ပါတယ်လို့ စီအင်န်အင်န်က သတင်းဖော်ပြပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ ဆာဟိုင်ချာရီဗက်ရီက ဒီသတင်းမဟုတ်မမှန်ဘူး။ ကျွန်တော်တို့တပ်တွေဟာ ဘက်ခ်မွတ်ဟာတိုက်ခိုက်နေတုန်းပဲလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Source WION

#ရုရှား_ယူကရိန်းစစ်ပွဲ

#ဘက်ခ်မွတ်မြို့သိမ်းပိုက်ကြောင်ရုရှားကြေညာ

#YangonMediaGroup