#World_Miss
Published 29 August 2022
ယခုတစ်ပတ် ထရဲလီအလှမယ်ပြိုင်ပွဲပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲဝင်အလှမယ်တွေက ရောင်စုံဂါဝန်များနဲ့ ပိုးသားခါးပန်းများဝတ်ဆင်ကာ ၁၉ ရာစုသရုပ်ဖော်မှုကို သီဆိုသွားကြပါတယ်။
#Yangon_Media_Group
#Local_News
Published_29 August 2022
ပုဂံဒေသကို သြဂုတ်လအတွင်းနိုင်ငံခြားသားဧည့်သည် (၄၀) ကျော်ဝင်ရောက်ခဲ့ပြီး (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည်(၁၃၀) ကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန
(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 29 Aug 2022
အမ်တီဗွီ ဗွီဒီယိုတေးဂီတ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက်က နယူးဂျာစီပြည်နယ် နယူးဝတ်ခ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို နာမည်ကျော် အနုပညာရှင်တွေဟာ ကော်ဇော်နီပေါ် ဖြတ်သန်းလျှောက်လှမ်းပြီး တက်ရောက်ကြပါတယ်။ ဒီနှစ် ပွဲမှာ ဘက်ဘန်နီ နစ်မင်နက်ချ်တို့ရဲ့ ဖျော်ဖြေမှုတွေနှင့် အယ်လ်အယ်လ်ကူးလ်ဂျေရဲ့ အခမ်းအနားတင်ဆက်မှုတွေကို ကြည့်ခဲ့ကြရပါတယ်။
တေလာဆွစ်၊လီနက်စ်မက်စ်နှင့် ဘက်ကီဂျီတို့ တက်ရောက်လာတာတဲ့ ဖက်ရှင်တွေဟာ ပရိဿတ်ကို ဆွဲဆောင်မှု ဖြစ်နေပါတယ်။ ဘက်ဘန်နီဟာ အကောင်းဆုံးအဆိုတော်ဆုရပေမယ့် ဆုကြေညာတဲ့အချိန် ယန်ကီဇာတ်ရုံမှာ ဖျော်ဖြေနေလို့အဲဒီကပဲ ဆုကိုလက်ခံခဲ့ပါတယ်။ အကောင်းဆုံးအယ်လ်ဘမ်ဆုရတဲ့ ဟာရီစတိုင်လ်လည်း မတက်ရောက်နိုင်ပါဘူး။ အကောင်းဆုံးအဆိုတော်သစ်ဆုကို ဒေါ့ဗ်ကင်မရွန်က ရရှိပါတယ်။
တေလာဆွစ်ဟာ သူမရဲ့ဗွီဒီယို "All Too Well"နှင့် ဆုရရှိခဲ့ပါတယ်။ အောက်တိုဘာမှာ အယ်ဘမ်အသစ်တစ်ခု ထွက်ရှိမယ်လို့ ဆုလက်ခံစကားပြောချိန်မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။
အမ်တီဗွီဆုပေးပွဲ ကော်ဇောနီဖက်ရှင်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။
Source AFP
#MTV
#MTV_Video_Music_Award
#Red_carpet_MTV
#Local_News
Published _ 29 August 2022
စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက်ဆီမရရှိသူများ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်နီဈေးက အသေး တစ်ပိသာကို ၂၂၅၀ကျပ်နဲ့ အကြီးတစ်ပိသာကို ၂၇၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 August 2022
၁။ ကြက်သွန်ဈေး အမြင့်ပိုင်းတွင်ဆက်လက်ရှိနေ
၂။ စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ် ဝယ်လိုအားရောင်းလိုအားမမျှ၍ ဆီမရသူများရှိနေ
၃။ ပုဂံဒေသကို (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည် (၁၃၀)ကျော်ဝင်ရောက်
၄။ ခေတ်မီအိုင်ယာလန်ထုံးတမ်းနှင့်အညီ အိုင်ယာလန်အလှမယ်ပြိုင်ပွဲကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 August 2022
ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_29 August 2022
အင်းလျားကန်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၉ ရက်မွန်းလွဲ ၂ နာရီကျော်အချိန် လူတစ်ဦးခုန်ချသွား၍ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရှာဖွေကြရာ ယနေ့ ညနေ ၄ နာရီကျော် အချိန်က ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။
"ပြန်တွေ့ပါပြီ၊ အလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ယူသွားပါတယ်၊ ပြည်လမ်းဘက်က ခုန်ချခဲ့တာပါ"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန၏ အရာထမ်းတစ်ဦးကပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခန့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက သူ၏ ၃ နှစ် သမီးငယ်အား ချီကာ နဝဒေး တံတားပေါ်က ခုန်ချသွား၍ လက်ရှိ သြဂုတ်လ ၂၉ ရက် ညနေ ၄ နာရီ ခွဲကျော် အချိနိထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 August 2022
သကြားအထွက်နှုန်းအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်မှာ သကြားတန်ချိန် တစ်သန်းအထိ ထွက်ရှိနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။
ပြည်တွင်းသကြားထုတ်လုပ်မှု တိုးတက်လာမည်ဆိုလျင် ပြည်ပသို့ တင်ပို့နိုင်ပြီး ပြည်တွင်းစားသုံးမှုပါ ဖူလုံစေမှာဖြစ်သည့်အတွက် ကြံစိုက်ဧကများလည်းတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိမှာ တောင်သူတေွအတွက် အဓိကလိုအပ်ချက်အနေဖြင့် စက်မောင်းနှင်နိုင်ရန် ဒီဇယ်ကို နိုင်ငံတော်ဘက်မှ ပံ့ပိုးပေးမည်ဆိုလျှင် သကြားအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေနိုင်ကြောင်း ယင်းမှသိရသည်။
လာမည့် ဒီဇင်ဘာလမှာ ကြံရာသီစတင်တော့မှာဖြစ်သည့်အတွက် ဈေးကွက်ထဲ၌ ကျန်ရှိနေသေးသည့်သကြားပမာဏမှာ ဒီဇင် ဘာလအထိ ပြည်တွင်းစားသုံးမှု လုံလောက်အောင် ကျန်ရှိနေသေးကြောင်း သိရသည်။
ပြည်တွင်းမှာ သကြားကိုပိုမိုထုတ်လုပ်လာနိုင်မည်ဆိုလျင် ပြည်ပကိုလည်းတင်ပို့နိုင်သလို ပြည်ပက ဝယ်ယူတင်သွင်းမှုကိုလည်း လျော့ချနိုင်မှာဖြစ်သောကြောင့် နိုင်ငံခြားငွေကုန်ကျမှုသက်သာစေနိုင်ကြောင်း သိရသည်။
လက်ရှိသကြားပေါက်ဈေးမှာ တစ်ပိသာကိုငွေကျပ် ၂၁၅၀ရှိနေပြီး သကြားတိုးချဲ့ထုတ်လုပ်နိုင်ရန်အတွက် သကြားစိုက်ခင်းတွေကို တိုးချဲ့ရုံသာမက သကြားစက်ရုံတွေကိုလည်း အသစ်တည်ဆောက်နေကြောင်း သိရသည်။
သကြားစက်ရုံအသစ်များအား စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တည်ဆောက်နေပြီး မြန်မာနိုင်ငံမှာသကြားစက်ရုံစုစုပေါင်း ၂၉ရုံ အထိရှိနေကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 29 August 2022
ရွှေဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အလုပ်အမှုဆောင်အစည်းအဝေးကို ယနေ့(သြဂုတ် ၂၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေး ဖြင့် အရောင်းအဝယ်စာရင်းတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဘဏ်စာရင်းကို အသုံးပြုရန်၊ YGEA ရည်ညွှန်းဈေးတင်ရန် ဆုံးဖြတ်ချက်ချခဲ့ကာ ပြီးခဲ့သည့် ၂၆ ရက်နေ့ (စနေ)က ပြုလုပ်ခဲ့သည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင် အစည်းအဝေးလည်း ဖြစ်သည်။
ယနေ့ ဈေးကွက်ဖွင့်ချိန်မှာ YGEA က အခေါက်ရွှေတစ်ကျပ်သား ပေါက်ဈေးကို ကျပ်သိန်းနှစ်ဆယ်နှစ်သောင်းခုနှစ်ထောင်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ပြင်ပဈေးကွက်မှာတွင် တစ်ကျပ်သား ကျပ် ၂၉ သိန်းအထက်ကို ရောက်ရှိနေခြင်းဖြစ်သည်။
#Ymg/STH
#Yangon_Media_Group
Published 29 Aug 2022
ငွေကြေးဖောင်းပွမှုတွေဟာ ခုန်ကျော်မြင့်တက်လာနေပြီး အဲဒါကို နှိမ်နှင်းဖို့ ထူးကဲတဲ့ကြိုးစားအားထုတ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးအရာရှိချုပ်တွေက ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်ကြပါတယ်။ အလုပ်အကိုင် ဆုံးရှုံးမှုတွေနှင့် ထွန်းသစ်စဈေးကွက်တွေမှာ လှိုင်းဂယက်တွေထကာ စီးပွားရေးကျဆင်းမှုတွေကြုံရနိုင်ခြေရှိနေတယ် လို့လည်းသူကပြောပါတယ်။
လက်ရှိအခြေအနေကတော့ ပေးဆပ်လို့ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှု ကျွမ်းကျင်မှုတွေအပေါ် ယုံကြည်မှုကို ဆယ်စုများစွာ အချိန်ပေးတည်ဆောက်ခဲ့ပါတယ်။ ဒီစစ်ပွဲမှာ ကျရှုံးရတာဟာ ခေတ်သစ် ငွေကြေးမူဝါဒတွေရဲ့ အုတ်မြစ်တွေကို လှုပ်ခါပစ်နေ ပါတယ်။
“ငွေကြေးဖောင်းပွမှုကို သတ်မှတ်အဆင့်ပြန်ဆွဲယူဖို့ဆိုတာ ကျွန်တော်တို့ ယုံကြည်မှုကို ပြန်ရရှိ ထိန်းသိမ်းနိုင်ဖို့လိုအပ်တယ်” လို့ ဥရောပ ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် အစ္စဘယ် ရှန်နာဗဲလ် ကပြောပါတယ်။
“ ငွေကြေးဖောင်းပွမှုတွေ ကြာကြာမြင့်မားလေလေ၊ ပြည်သူတွေရဲ့ ဝယ်လိုအားကို ဆုံးဖြတ်ထိန်းသိမ်းထားနိုင်စွမ်းနှင့်ပတ်သက်တဲ့ ယုံကြည်မှုတွေ ကျဆင်းမယ့် အန္တရာယ်ရှိလေလေဖြစ်တယ်” လို့ သူမက ဆက်ပြောပါတယ်။
တိုးတက်မှုတွေထိခိုက်လာပြီး လူတွေ စပြီး အလုပ်လက်မဲ့ဖြစ်လာတာတောင် ဘဏ်တွေက ဆက်ပြီး လှုပ်ရှားဆောင်ရွက်နေသင့်ကြပါတယ်။
“ ကျွန်မတို့ စီးပွားရေးကျဆင်းမှုထဲ ဝင်လာတာတောင် ကျွန်မတို့မှာ ရွေးချယ်ဖို့ များများစားစား မကျန်တော့သည့်တိုင် မူဝါဒလမ်းကြောင်းအပေါ် ဆက်သွားနေကြရမယ်” လို့ ရှန်နာဗဲလ်က ပြောပါတယ်။
ကမ္ဘာ့ အကြီးဆုံးစီးပွားရေးနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုက ကိန်းဂဏန်းနှစ်လုံးနီးပါးဖြစ်လာနေပါတယ်။ ဒီကိန်းဂဏန်းအဆင့် ဟာ ရာစုနှစ် တစ်ဝက်အတွင်း မမြင်ဖူးခဲ့တဲ့ ကိန်းဂဏန်းတွေပါ။အဲဒီအထဲမှာ အမေရိကန်က မပါသေးပါဘူး။ အမေရိကန်မှာ ငွေကြေးဖောင်းပွမှုအမြင့်ဆုံးရောက်ဖို့ လပေါင်းများစွာ လိုပါသေးတယ်။
ယူကရိန်းက ရုရှားစစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုဟာ ငွေကြေးမူဝါဒ ထိခိုက်မှုနည်းနည်းရှိနေတဲ့ ထောက်ပို့လှုပ်ခါမှုတွေ ဖန်တီးနေပါတယ်။
ကမ္ဘာပြုမှုပျက်ယွင်းလာမှု၊ ရုရှားစစ်ကြောင့် မဟာမိတ်တွေ ပြန်လည်ချိန်ညှိလာမှု၊လူမှုပထဝီပြောင်းလဲမှုနှင့် ထွန်းသစ်စ နိုင်ငံတွေမှာ ထုတ်လုပ်မှုဈေးကြီးမြင့်လာမှုတွေက ထောက်ပို့အကန့်အသတ်တွေဖြစ်လာပြီး အဲဒါတွေက အမြဲတမ်းသဘော ပိုဖြစ်လာနေပါတယ်။
“ ထောက်ပို့အတွဲတော်တော်များများဟာ ငွေကြေးဖောင်းပွမှုကို ဖုံးဖိထားပေးတဲ့ လေစုန်အဖြစ်ကနေ လေဆန်အဖြစ်ပြောင်းလဲလာတာနှင့်အတူ ကမ္ဘာ့စီးပွားရေးဟာ သမိုင်းဝင်ပြောင်းလဲမှုတစ်ခု ဖြစ်တော့မယ့်အနေအထားရှိနေတယ်” လို့ International Settlements ဘဏ်ရဲ့ ဥက္ကဋ္ဌ အော်ဂတ်စတင် ကာစတင်းက ပြောပါတယ်။
“ အဲသလိုဆိုရင် လက်ရှိ ငွေကြေးဖောင်းပွမှုဖိအားဟာ ဆက်လက်တည်မြဲနေဦးမယ့်သဘောရှိတယ်” လို့လည်း ကာစတင်း ကပြောပါတယ်။ သူ့လုပ်ငန်းစုကို ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ ဗဟိုဘဏ်ရယ်လို့ မကြာခဏဆိုသလို ပြောဆိုသုံးနှုန်းလေ့ရှိကြပါတယ်။
အမေရိကန်ရဲ့ အတိုးနှုန်းမြင့်လားတဲ့ ဒဏ်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိုကျော်လွန်ပြီး ပဲ့တင်ရိုက်ခတ်တာတွေရှိလာပြီး ထွန်းသစ်စစီးပွားရေးနိုင်ငံတွေကို ထိခိုက်မှုတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်လေးဆယ် ယုံကြည်မှုတွေဟာ ပျက်ယွင်းမယ့် အန္တရာယ်ပေါ်ကျရောက်နေပါတယ်။ အဲဒါကြောင်း ဘာပဲလုပ်ရ လုပ်ရ သူတို့ဟာ ငွေကြေးဖောင်းပွမှုတွေကို ဆွဲချကြပါလိမ့်မယ်။ အဲဒီအထဲမှာ ထွန်းသစ်စနိုင်ငံတွေ ဆက်စပ်ထိခိုက်နစ်နာ တာတွေရှိလာပါစေဦး လုပ်စရာရှိတာ ဆက်လုပ်သွားကြပါလိမ့်မယ်။
ဒေါ်လာတွေချေးငှားထားတဲ့ ထွန်းသစ်စနိုင်ငံတွေဟာ အတိုးနှုန်းမြှင့်လိုက်တဲ့အတွက် သူတို့ဟာ ဘက်ပေါင်းစုံမှ ထိုးနှက် ခံနေရပါတယ်။
အဲဒါကြောင့် ချေးငှားရတဲ့ စရိတ်တွေတက်လာပြီး အကြွေးတွေတက်လာကြပါလိမ့်မယ်။အမေရိကန်ဈေးကွက်မှာ စာရင်းရှင်း ဖျက်သိမ်းတာတွေဖြစ်လာစေပြီး ထွန်းသစ်စစီးပွားရေးတွေဟာ ပရီမီယံတွေအတွက် အန္တရာယ်ရှိလာစေပြီး ငွေချေးတာ ပိုပြီးတောင် ခက်ခဲလာမှာဖြစ်ပါတယ်။
နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နှင့် အိန္ဒိယတို့ဟာ ဒီပြဿနာတွေကနေ လွတ်နေပုံရပေမယ့် တူရကီမှသည် အာဂျင်းတီးနားအထိ နိုင်ငံငယ်ကလေးတွေကတော့ ထိခိုက်ခံစားနေရတာ ထင်ရှားနေပါတယ်။
“နိုင်ငံတွေတော်တော်များများပါပဲ။ ဝင်ငွေနိမ့်နိုင်ငံတွေရဲ့ ၆၀ ရာခိုင်နှုန်းနှင့် ထွန်းသစ်စနှင့်နယ်သစ်စီးပွားရေးနိုင်ငံတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီအခြေအနေတွေနှင့် ရင်ဆိုင်နေကြရပါတယ်” လို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ စီးပွားရေးပညာရှင်ချုပ် ပီယဲ အိုလီဗာ ဂိုရင်းချားက ပြောပါတယ်။
သီရိလင်္ကာနှင့် တူရကီတို့လို နယ်သစ်စီးပွားရေးနိုင်ငံတွေဟာ အမေရိကန်က အတိုးနှုန်းတွေဆက်မြှင့်နေရင် အကြီး အကျယ်ထိခိုက်လိမ့်မယ်။ တရုတ်၊အိန္ဒိယနှင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံတွေတပြုံတစ်ခေါင်းကြီးမှာ ငွေကြေး လုပ်ငန်းတွေရဲ့ အကြွေးအန္တရာယ်ဟာ အလွန့်ကိုမြင့်မားနေတယ်လို့ အက်စ်အင်န်ပီ ဂလိုဗယ်က ပြောပါတယ်။
Source: Reuters
#Global_Inflation
#Recession
#World_Economy
#Local_News
Published 29 Aug 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွဲပြောင်းပေးလာသည့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ အမျိုးသား(၃၉)ဦး၊အမျိုးသမီး(၇)ဦး စုစုပေါင်း( ၄၆ )ဦးကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။
ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသူများကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝကဌာနခွဲ( ၆)လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါနှင့်ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ ဆေးစစ်မှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Center ၌( ၇ )ရက်ထားရှိကာ ( ၅)ရက်မြောက်နေ့တွင်ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ပြီး ရောဂါပိုးကင်းစင်ပါက မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကို ဆက်လက်၍ (၁၀)ရက် Quarantine ထားရှိမည်ဖြစ်ကြောင်းသိရသည်။ ပြစ်ဒဏ်မှလွတ်မြောက်လာသူများကို နေရပ်ပြန်များ ကူညီစောင့်ရှောက်ရေးအသင်းမှ လက်ဆေးဂျယ်ရီ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊နှာခေါင်းစီး၊ ဆပ်ပြာခွက်၊ မျက်မှန်အကြည်ပါ တကိုယ်ရည်သုံးပစ္စည်းများကို ဗိုလ်မှူးကြီးမင်းမင်းထွန်းက ပေးအပ်ခဲ့သည်။
ပြစ်ဒဏ်စေ့များကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊
မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မေတ္တာရှင်၊ ရွှေမယ်ယန်း လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူမှုရေးကူညီစောက်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။
#ymg/ys-tcl
#Yangon_Media_Group
Page 1333 of 1692