#Local_News
Published_ 29 May 2023

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ၅၅ရပ်ကွက်က Gas ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှသိရသည်။

ယနေ့ မေလ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၆မိနစ်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၅၅ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းရှိ Gas ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

"ဂတ်စ်ထည့်တဲ့ဆိုင်မီးလောင်တာပါ။ ဂတ်ဆိုင်ဆိုတော့ ပေါက်တဲ့အသံတွေတော့ ကြားရတယ်။ စစချင်းဆိုတော့ မီးခိုးတွေလည်းအရမ်းများတယ်။ ညှော်နံ့တွေလည်းရတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ"လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အား Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီ ၄၆မိနစ်အချိန်မှာ မီးငြိမ်းသွားပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်းသိရသည်။
ymg/ppk
#YMG #Yangon_Media_Group