#Local_News
Published - 30 July 2022
စပါးစိုက်တောင်သူတွေရဲ့လက်ထဲမှာ သိုလှောင်ထားတဲ့ စပါးလက်ကျန်တွေ မရှိသလောက်နည်းပါနေတဲ့အတွက် ပြည်တွင်းဆန်ဈေးနှုန်းတတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 July 2022
EPS စာမေးပွဲဖြေဆိုအောင်မြင်သူများမှ ကိုရီးယား ဗီဇာကြေးသွင်းရန် တစ်ဒေါ်လာကို ကျပ်၂၄၀၀ နဲ့ပြင်ပဈေးကွက်ကနေ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
- မျောက်ကျောက်လိုပဲ ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ စူပါကာလသားရောဂါရဲ့ အန္တရာယ်ကရော??
#Yangon_Media_Group
#DailyNews
Published - 30 July 2022
၁။ တစ်ဒေါ်လာကို ကျပ်၂၄၀၀ နှင့် ပြင်ပဈေးကွက်ကနေ ဝယ်ယူနေရဟုဆို
၂။ သိုလှောင်ထားသည့် စပါးလက်ကျန်နည်းနေသည့်အတွက် ဆန်ဈေးတက်ခြင်းဖြစ်ဟုဆို
၃။ နေစဉ်မိုးလေမိုးလေဝသ
၄။ အမေရိကန်တွင် စံချိန်တင်ငွေကြေးဖောင်းပွလာခြင်းကြောင့် အိမ်ငှားခများ မြင့်တက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေညာလိုက်ရတာ ဘာကြောင့်ပါလဲ
#Yangon_Media_Group
#Local_News
Published _ 30 July 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေဆီ ရေထွက်ကုန်တင်ပို့မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၈၁ သန်း ကျော်ရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 July 2022
လာမည့်သြဂုတ်လ(၁)ရက်မှ စတင်ပြီး(၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း စစ်ဆေးချက်ပါမှ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ(၃၀)ရက်တွင် ထုတ်ပြန်လိုက်သည်၊၊
အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၊ ကယ်ဆယ်ရေးလေယာဉ် များဖြင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားခရီးသွားများ အနေဖြင့်လွန်ခဲ့သော (၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း RDT သို့မဟုတ် RT PCR ဖြင့် ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးချက်ပါရှိမှ မြန်မာနိုင်ငံကို လာရောက်နိုင်မည်ဖြစ်သည်၊၊ အဲဒီ့အချက်အပြင် လွန်ခဲ့သော(၁၄)ရက် MOH အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားလည်း ပြသရမည်ဖြစ်သည်၊၊
အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများဖြင့် ဝင်ရောက်လာမည့်နိုင်ငံခြားသားခရီးသွားများ အနေဖြင့် လွန်ခဲ့သော(၁၄)ရက်ကျော်က ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပါက လွန်ခဲ့သော(၄၈)နာရီအတွင်း ကိုဗစ်မရှိကြောင်း RDTစစ်ဆေးချက်နှင့် ကိုဗစ်ကာကွယ်ဆေးမထိုးထားသူ၊အကြိမ်ပြည့်မထိုးထားသူများ RT PCR ဖြင့် ကိုဗစ်ပိုးရှိ မရှိစစ်ဆေးချက်ပါရှိမှ မြန်မာနိုင်ငံကိုလာရောက်နိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 30 July 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခ ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံမည်ဟု YUPT ယာဉ်လိုင်းမှ ကြေညာထားကြောင်း သိရသည်။
အများပြည်သူသယ်ယူ ပို့ဆောင်ရေးကုမ္မဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသည့် YBS 2၊ YBS 3၊ YBS 4 ၊ YBS 7၊ YBS 8 ၊ YBS 10၊YBS 11 ၊ YBS 24၊ YBS 26၊ YBS 28 ၊ YBS 29၊ YBS 36 ၊ YBS 40၊ YBS 59၊ YBS 65၊ YBS 84၊ YBS 110၊ YBS 111 ၊ YBS 112၊ YBS 114၊ YBS 115၊ YBS 116 ယာဉ်လိုင်းတို့တွင် ဖော်ပြပါယာဉ်စီးခနှုန်းထားများကို စတင် ပေးဆောင်နေရပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်စီးနှုန်းထားများသည် YUPT ကုမ္ပဏီမှသတ်မှတ်ထားခြင်းဖြစ်ပြီး ခရီးသည်များအနေဖြင့် အခက်ခဲရှိပါက ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့်သာစီးနင်းနိုင်းကြောင်း သိရသည်။
ယင်းအပြင် ၎င်းယာဉ်လိုင်းများ၌ YPS ကတ်ဖြင့် စီးနင်းသူများသည် အတက်တခါ၊ အဆင်းတခါ နှစ်ခါကတ်ဖြတ်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ပိုင်းလျှင် ယာဉ်စီးခ(၂၀၀ကျပ်)၊ ခရီးစဉ်စ/ဆုံးလျှင် ယာဉ်စီးခ (၃၈၀ကျပ်) သာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_30 July 2022
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့နယ်တွင် ပင်လယ်ဒီရေတိုက်စားမှုကြောင့် အိမ်ထောင်စု (၂၀၀)အိုးမဲ့ အိမ်မဲ့ဖြစ်သွားကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ပုသိမ်မြို့နယ်)မှ သိရသည်၊၊
ဝါးခယ်မမြို့နယ် ဟင်္သာကုန်းကျေးရွာသည် ပင်လယ်ဒီရေတိုက်စားမူကြောင့် အိမ်ခြေ (၂၀၀) အိမ်၊ အိမ်ထောင်စု (၂၀၀) စုတို့သည် အိုးမဲ့အိမ်မဲ့ဘဝဖြင့် ကြုံတွေ့နေပြီး ၄င်းတို့အတွက် စားသောက်ကုန်၊ ယာယီတဲများ လိုအပ်နေခြင်းဖြစ်သည်၊၊
"လက်ရှိအနေအထားကတော့ ထောက်ပံ့နေတဲ့အသင်းအဖွဲ့တွေရှိတယ်ပေါ့၊၊ ရန်ကုန်လူမှုကူညီရေး အဖွဲ့ကလည်း လာထောက်ပံ့တာရှိပါတယ်၊၊လောလောဆယ် ကျွန်တော်တို့ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း(ပုသိမ်မြို့နယ်)က မဆင်းသေးဘူး၊၊ (အလှူရှင်များ လှူသည့်လှူဖွယ်ပစ္စည်းများလှူဒါန်းမယ့်) ဆရာတော့်ကို စောင့်နေတာပေါ့၊၊ မြေပြင်အခြေအနေ အသေးစိတ်ကတော့ရောက်တော့မှ သိပါမယ်၊၊ သူတို့ကတော့ ဘယ်လိုဖြစ်တာလဲဆိုတော့ ပင်လယ်ဒီရေတိုက်စားမှုပေါ့၊၊ ဒါဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောတယ်၊၊ အိုးအိမ်တွေဆုံးရှုံးသူ အိမ်ထောင်စု (၂၀၀)လောက်ရှိတယ်လို့ ပြောပါတယ်၊၊ သူတို့အတွက်လိုအပ်တာက စားသောက်ကုန်နဲ့ သူတို့နေနိုင်ဖို့ ယာယီတဲတွေလို ပါတယ်"လို့ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ပုသိမ်မြို့နယ်)၊ မြို့နယ်ဥက္ကဌဦးဝင်းနိုင်က YMG ကို ပြောသည်၊၊
အိုးအိမ်ဆုံးရှုံးသွားသည့် ကျေးရွာနေပြည်သူများကို လှူဒါန်းလိုပါက မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့၊ ဗဟိုသြဝါဒ စရိယ၊ တိုင်းသြဝါဒစရိယ၊ လမင်းတရာဘတ်စုံ ပရဟိတဆရာတော် ဘတ်စုံလူမူကူညီရေးအသင်း၏ သြဝါဒ စရိယဆရာတော်ထံသို့လည်းကောင်း ၊ ဧရာဝတီ တိုင်းဒေသကြီး မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ပုသိမ်မြို့နယ်ရုံးတည်ရှိရာ မေတ္တာစမ်းရေ လူမူကူညီရေးအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 July 2022
မြန်မာနိုင်ငံရဲ့ ပညာရေးဟာ စိတ်မကောင်းစရာဖြစ်အောင် နိမ့်ပါးနေတယ်လို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ နစက အစိုးရအဖွဲ့အစည်းအဝေးတစ်ခုမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါအတိုင်း ပြောကြားခဲ့တာပါ။
“ပညာရေး မမြှင့်တင်ရင် တိုင်းပြည်ဘယ်လိုလုပ်မှကို တိုးတက်မှုမရှိနိုင်ဘူး။ ကျွန်တော်တို့ ဆန်းစစ်ချက်တွေအရ ပညာရေးဟာ နိမ့်ပါးပါတယ်။ တော်တော်ကို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်"လို့ နစကဥက္ကဌက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်ကျော်ကျော်လောက်က အခြေခံပညာ အလယ်တန်းနဲ့ အောက်မှာပဲရှိတယ်။ အဲ့ဒီတော့ ဒီပညာရေးမြှင့်တင်မှု မလုပ်နိုင်ခဲ့လို့ရှိရင် ပညာရေးကို အခြေခံပြီး အတတ်ပညာကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ၊ ဘယ်လိုမှ ခေတ်မီစရာ အကြောင်းမရှိဘူးလို ပြောပါတယ်။
အစ္စရေးဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာတွေ ကောင်းတယ်ဆိုတာ ပညာတတ်တွေ ပေါတယ်။ စီးပွားရေးကောင်းတယ်။ ဝင်ငွေရှိတယ်။ ဝင်ငွေရှိတဲ့ အခါကျတော့ ပြည့်ပြည့်ဝဝ စားနိုင်တယ်။ ပြည့်ပြည့်ဝဝ စားနိုင်တော့ ကိုယ်ခံစွမ်းအားတွေ ကောင်းတယ်၊ အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျန်းမာရေးနဲ့ အားကစားကို စနစ်တကျနဲ့ လုပ်တဲ့ အခါသူတိုရဲ့ (IQ) ဉာဏ်ရည်တွေက ကျွန်တော်တို သာမာန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုထက် သာတာကိုသွားတွေ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
အပြည့်အဝ စားနိုင်၊ သုံးနိုင်ဖို့ ကိုယ်ခံစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဉာဏ်ရည်က ထက်လာလိမ့်မယ်။ ဉာဏ်ရည်ထက်လာလို့ရှိရင် ပညာသင်ကြားရေးမှာလည်း ပိုပြီးတော့ အထောက်အကူရမယ်။ အဲ့ဒီတော့တစ်ဖက်က။ ဂျာအေးသူ့အမေရိုက်သလိုပဲ။ တစ်ဖက်က အားနည်းချက်ရှိတော့၊ ကျောင်းမှာလည်း ပညာကောင်းကောင်း မသင်နိုင်တဲ့အချိန်မှာ၊ ပညာရေးကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။
စီးပွားရေး အားမကောင်းတာကြောင့် မိဘကိုကူညီဖို့လည်း မိဘကခိုင်းတဲ့ အခါမှာ စာမလိုက်နိုင်တာရယ်၊ မိဘကအလုပ်ခိုင်းတာတွေ ပေါင်းစပ်တဲ့အခါ ကလေးက အလယ်တန်းပညာမှာတင် ဆုံးခန်းတိုင်သွားတဲ့သူတွေများစွာ ဖြစ်လာစေတာကိုတွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘက်ပေါင်းစုံကနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
#Ukraine_Crisis
Published 30 July 2022
ယူကရိန်းအကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင်ဟာ ဒုံးကျည် ဒါမှမဟုတ် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ပြီး စစ်အကျဉ်းသား ဒါဇင်နဲ့ချီပြီးသေဆုံးခဲ့ရာ ရုရှားနဲ့ယူကရိန်းတို့က သောကြာနေ့မှာ အပြန်အလှန်အပြစ်တင်စွပ်စွဲခဲ့ကြပါတယ်။
ယူကရိန်းအရှေ့ဘက် ဒိုနက်စ်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းသားတွေ သေဆုံးခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်က တစ်ကမ္ဘာလုံးစားသောက်ကုန်အကျပ်အတည်းကို ဖြေလျှော့ဖို့ ယူကရိန်းထံမှဆန်စပါးပြန်လည် တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂကြားဝင်စေ့စပ်လျက်ရှိတဲ့ကိစ္စကို လွှမ်းမိုးသွားခဲ့ပါတယ်။
ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားမှ ထိပ်သီးသံတမန်များ ဖုန်းဖြင့်ဆွေးနွေးခဲ့ကြပြီး ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုရှားစတင်ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်တဲ့အခါ စားနပ်ရိက္ခာကိုတော့ ထည့်သွင်းမှာ မဟုတ်ဘူးဆိုတဲ့ ကတိကဝတ်ကို မစောင့်ထိန်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'ကို ပြောကြားခဲ့ပါတယ်။
'ဘလင်ကန်'ကကျတော့ ရုရှားနဲ့ယူကရိန်းတို့ကြား ဆန်စပါးတင်ပို့ရေးသဘောတူညီချက်အတိုင်း ရုရှားတို့လိုက်နာစောင့်ထိန်းသွားဖို့ တစ်ကမ္ဘာလုံးက မျှော်လင့်နေကြောင်း 'လက်ဗ်ရော့ဗ်'ကိုပြောကြားခဲ့ပါတယ်။
ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ စောင့်ကြပ်နေတဲ့ အိုလီနစ်ဗ်ကာမြို့အကျဉ်းထောင်ရှိ အကျဉ်းသားအယောက် ၄၀ သေဆုံးကာ ၇၅ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ခွဲထွက်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သေဆုံးသူစာရင်းအရေအတွက်ဟာ ၅၃ ဦးရှိလာပြီး ယူကရိန်းတိုက အမေရိကန်ထုတ် HIMARS ဒုံးကျည်များဖြင့် အကျဉ်းထောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကတော့ သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆိုလိုက်ပြီး ရုရှားတို့က အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်တာတွေကို ဖုံးကွယ်ချင်တာကြောင့် အကျဉ်းထောင်ကို ပစ်ခတ်ထားခဲ့တယ်လို့ ပြန်လည် စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး'ဒီမစ်ထရိုကူလီဘာ'က ရုရှားတို့ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ဝိုင်းဝန်းရှုတ်ချသင့်ကြောင်း တောင်းဆိုလိုက်ပါတယ်။
ရိုက်တာတီဗီကပြသရာမှာ သံကုတင်တွေရှိနေတဲ့ အဆောက်အဦမီးလောင်ကျွမ်းပြာကျပုံတွေ၊ အချို့ကုတင်တွေပေါ်မှာ မီးလောင်ထားတဲ့အလောင်းတွေ၊ အချို့ကတော့ အပြင်ဘက်နဲ့ ထမ်းစင်တွေပေါ်မှာ စီပြီးချထားပုံတွေကို မြင်တွေ့ရပါတယ်။
ဗုံးအစအနတွေက သံခုံတန်းတွေမှာ ပြန့်ကျဲနေပြီး အမှတ်အသားတစ်ခုခုကို တွေ့ရှိနိုင်ဖို့ မလွယ်ပါဘူး။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ ထိုအကျဉ်းထောင်မှာ ယူကရိန်းစစ်သုံပန်းတွေကို ထိန်းသိမ်းထားခဲ့ပြီး ထောင်စောင့်ဝန်ထမ်း ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရုရှားကျောထောက် နောက်ခံပြုအဖွဲ့ခေါင်းဆောင်'ဒန်းနစ်ပူရှီလင်'က ထိုထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ အကျဉ်းသား ၁၉၃ ဦးထဲမှာ နိုင်ငံခြားသားတစ်ဦးမျှ မပါရှိကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC)က ထိုနေရာသို့ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများ လွတ်မြောက်နိုင်အောင် ကူညီပေးထားကြောင်း သောကြာနေ့က ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 30 July 2022
"အရက်ဘီယာ ၁ ခွက် ၂ ခွက်လောက်သောက်တာပဲ၊ အိမ်ကိုအေးအေးဆေးဆေး ကားမောင်းပြန်နိုင်ပါတယ်" ဆိုတဲ့ မိတ်ဆွေတွေနဲ့ ကြုံဖူးကြမှာပါ။
ဒါမှမဟုတ် ညကအသောက်များပြီး မနက်ကားမောင်းတဲ့အချိန် အယ်လ်ကိုဟောစစ်ဆေးတာနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲ တွေးပူမိဖူးမှာပါ။
အရက်မူးပြီး ကားမောင်းတာက အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် မူးရင်မမောင်းဖို့ အကြံပြုထားကြတာပါ။
ယူကေလိုနိုင်ငံမျိုးမှာ မူးပြီးကားမောင်းရင်း မတော်တဆဖြစ်မှုတွေကြောင့် နှစ်စဉ်နှစ်တိုင်းသေဆုံးသူ ၇,၈၀၀ ခန့်ရှိနေပြီး အစိုးရက ထိုကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေ ကြေညာထားပါတယ်။
တစ်ခါတလေမှာ ၂ ရက်လောက်အထိ အရက်နာကျနေတတ်ပေမယ့် တစ်ခါတလေလဲ မနက်အိပ်ရာထတဲ့အခါ မသောက်ခဲ့သလို ခံစားရတတ်ပါတယ်။
သွေးထဲမှာ အယ်လ်ကိုဟောဓာတ် ဘယ်လောက်ကျန်နေလဲဆိုတာက အချက် ၃ ချက်ပေါ်မူတည်နေတယ်လို့ ဒေါက်တာ'ပေါလ်ဝေါလေ့စ်'က ဆိုပါတယ်။
သောက်လိုက်တဲ့ပမာဏ၊ အချိန်ဘယ်လောက်အတွင်းသောက်လိုက်သလဲဆိုတာနဲ့ ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောလျော့နည်းလာနှုန်းတို့ပဲ ဖြစ်ပါတယ်တဲ့။
အယ်လ်ကိုဟောလျော့နည်းလာတဲ့နှုန်းက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။
ခန္ဓာကိုယ်အရွယ်အစား၊ ကျား/မ၊ အသည်းအခြေအနေ၊ ဇီဝကမ္မဖြစ်စဉ်၊ စိတ်ဖိစီးမှုအတိုင်းအတာ၊ အစားအသောက် စတဲ့အချက်တွေက အယ်လ်ကိုဟောကို ဘယ်လောက်မြန်မြန်ချေဖျက်နိုင်သလဲဆိုတာကို သက်ရောက်စေပါတယ်။
ဒါပေမဲ့ ဒါတွေကိုကိုယ်တိုင် မတိုင်းတာနိုင်တာကြောင့် အကောင်းဆုံးကတော့ မူးရင်မမောင်းဖို့ပါပဲ။
အိပ်ပြီးနိုးလာရင် မမူးတော့ဘူးလို့ ယူဆနေကြတာလည်းရှိပါတယ်။
တကယ်ကတော့ အယ်လ်ကိုဟောအာနိသင်လျော့နည်းခြင်းက အိပ်စက်ခြင်းနဲ့မသက်ဆိုင်ပါဘူး။
ကော်ဖီသောက်တာတို့၊ ရေချိုးခြင်းတို့ကလည်း အယ်လ်ကိုဟောအာနိသင် မလျော့စေပေမယ့် အနည်းငယ်ကွာခြားတယ်လို့တော့ ခံစားရစေပါတယ်။
ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောဓာတ်ပျောက်ပြယ်ဖို့က အချိန်အပေါ်မှာပဲ မူတည်ပါတယ်။
တစ်ဦးနဲ့တစ်ဦး သောက်နိုင်တဲ့အတိုင်းအတာချင်း မတူတာကြောင့် ဘယ်နှခွက်သောက်ရင် ကားမောင်းလို့ စိတ်ချရမလဲဆိုတာ မပြောနိုင်ပါဘူး။
သေချာတာကတော့ အရက်သေစာသောက်ထားမယ်ဆိုရင် ကားမောင်းနိုင်တဲ့ စွမ်းရည်ထိခိုက်နိုင်ပါတယ်။
Source: The Sun
#Yangon_Media_Group
Page 1336 of 1639