#Local_News
Published_ 26 May 2023

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် သီလဝါကားလမ်းဘေးတွင် မေလ ၂၇ ရက်နေ့ ယနေ့ မနက်အစောပိုင်းက ဆီဘောက်ဆာ ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါ ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်တစ်စီးလုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကို ၂နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ယင်းမီးလောင်မှုကို သန်လျင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

#ymg/ynzw #Local_News #ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွား
#YMG #Yangon-Media-Group