Published: 2 January 2023
ဩစတြေလျနိုင်ငံမှာ တနင်္လာနေ့က ရဟတ်ယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားအကြိုက်နေရာတစ်ခုရဲ့ သဲသောင်ခုံပေါ် ရုပ်ပျက်ဆင်းပျက် ပျက်ကျခဲ့တာကြောင့် လူ ဗြိတိန်စုံတွဲတစ်တွဲ အပါအဝင် လူလေးဦးသေဆုံးခဲ့ရပါတယ်။
ကွင်းစ်လန်းရဲ့ ရှုမငြီးဖွယ် ရွှေရောင်ကမ်းခြေတစ်လျောက် ရှုခင်းကြည့်ရှုဖို့ ရဟတ်ယာဉ်တစ်စီးက စတင်ပျံတက်စဉ်မှာ ယင်းရဲ့ ဒလက်တွေဟာ ဆင်းသက်တော့မယ် အခြားရဟတ်ယာဉ်တစ်စီးရဲ့ လေယာဉ်မှူးအခန်းကို ဝင်တိုက်မိခဲ့ရာကနေ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်နာ အန်ဂတ်စ်မစ်ချဲလ်က ပြောပါတယ်။
“ တိုက်မိတဲ့အတွက် ပျံတက်နေတဲ့ရဟတ်ယာဉ်ရဲ့ ပန်ကာဒလက်တွေနှင့် ဂီယာအုံဟာ တစ်စစီပြုတ်ထွက်ပြီး သောင်ပြင် ပေါ် ကြေကွဲစရာကောင်းအောင် ပျက်ကျခဲ့ရပါတယ်”လို့ သူကဆက်ပြောပါတယ်။
ရဟတ်ယာဉ်နှစ်စီးစလုံးဟာ Sea World လို့ခေါ်တဲ့ နာမည်ကြီးအပန်းဖြေဥယျဉ်နှင့်ငါးပြတိုက်ရဲ့ ပြင်ပမှာ လုပ်ငန်း ဆောင်ရွက်နေတာဖြစ်ကြပြီး ပျံတက်နေတဲ့ရဟတ်ယာဉ်မှာ လေယာဉ်မှူးနှင့် ခရီးသည် (၆)ဦးစုစုပေါင်း (၇)ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။
လေယာဉ်မှူး အက်ရှ်လေ ဂျင်ကင်ဆန်နှင့်အတူ ခရီးသည်လူကြီး(၃)ဦးသေဆုံးခဲ့ရပြီး ကျန်(၃)ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ လင်မယားလို့ယူဆရတဲ့ ဗြိတိန်နိုင်ငံသား စုံတွဲတစ်တွဲလည်းပါဝင်တယ်လို့ ကွင်းစ်လန်း ရဲအရာရှိ မိုက်ကမ်ဘဲလ်က ပြောပါတယ်။
ဂျင်ကင်ဆန်ဟာ အတွေ့အကြု့ရှိတဲ့ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ဩစတြေလျရဲ့ မကြာသေးခင်က ရေဘေးကယ်ဆယ် ရေးလုပ်ငန်းတွေမှာ ပါဝင်ပျံသန်းပေးခဲ့သူဖြစ်တယ်လို့ သူ့ရဲ့သူငယ်ချင်း အင်ဒရူးတေလာက ပြောပါတယ်။
ဒုတိယရဟတ်ယာဉ်က ခရီးသည် (၆)ဦးစလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ယင်းရဲ့လေယာဉ်မှူးအခန်း ပျက်စီးသွားတဲ့ကြားထဲက အနီးအနားမှာ ထူးထူးခြားခြားပဲ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
လူလေးဦးသေဆုံးပြီး တော်တော်များများ ကြေကွဲဝမ်းနည်းကြရဲ့ ဒီအဖြစ်အပျက်လိုဆိုးရွားတာမျိုးမရှိနိုင်ဘူး” လို့ မစ်ချဲလ်က ပြောပါတယ်။
ဒေသခံလှေပိုင်ရှင်တွေဟာ ပျက်ကျရာနေရာရောက်လာပြီး အကီူအညီပေးကြတယ်လို့ ရဲကပြောပါတယ်။
“အဲဒီသူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင် သူတို့ဟာ အသက်ကယ်စောင့်ရှောက်ရေး စီပီအာရ်တွေ အစွမ်းကုန်လုပ်ပေးခဲ့ကြပါတယ်” လို့ ကမ်ဘဲလ်က ပြောပါတယ်။
ယခုမတော်တဆမှုနှင့်ပတ်သက်လို့ ကနဦးအစီရင်ခံစာကို ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
Source: AFP
#Australian_chopper_crash
#Choppers_ mid-air_collision
#Australia_Gold_Coast
#Local_News
Published_3 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ဒီဇင်ဘာလ ၂၃ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲကအနာကြီးဝေဒနာရှင်တွေ၊ အရေပြားရောဂါသည်တွေ နာတာရှည်လူနာတွေကို ထီဆုငွေဖြင့်လှူဒါန်းသွားဖို့ရှိတယ်လို့ ပုဗ္ဗတွဲလက်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုဟိန်းမင်းဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 3 January 2023
၁။ အနာကြီးဝေဒနာရှင်များ၊ နာတာရှည်လူနာများကို ထီဆုငွေဖြင့်လှူဒါန်းမည်ဟုဆို
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထား
၃။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မိတ်ဆွေအဖြစ်ရော ဖောက်သည်အဖြစ်ပါ ပီလီကိုဆုံးရှုံးလိုက်ရသည့် ဘရာဇီးလ်ဆံသဆရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်က မူဆယ်ကျယ်ဂေါင်ဂိတ်အားလုံးကို အခုဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်တော့မှာပါ။
#Yangon_Media_Group
#Local_News
Published_3 January 2023
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ စက်မှု (၁) လမ်းတွင်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရုံးတွင် နည်းပညာအဆင့်မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမှုကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
အွန်လိုင်းတုံကင် QR စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ပထမအပတ် တစ်ပတ်လုံး ရုံးပိတ်ထားမည်ဖြစ်ကြောင်း၊ အွန်လိုင်းတုံတကင်စနစ် အဆင့်မြှင့်တင်ပြီးပါက ဇန်နဝါရီလ ဒုတိယအပတ်တွင် ရုံးပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ကြိုတင်တုံကင်ယူသည့်စနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း ကြိုတင်တုံကင်ယူထားသူကိုသာ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှစတင်ကာ ရုံးကိုပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးပြားတွေကို သွန်းလောင်းပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လာမည့် ဇန်နဝါရီလ ၄ ရက်တွင် တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို အသစ်သွန်းလောင်း ထုတ်ဝေကာ အများပြည်သူကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသစ်သွန်းလောင်းထုတ်ဝေသွားမည့် ရွှေဒင်္ဂါးများကို ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးတို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၏ အရောင်းဆိုင်များတွင် ဇန်နဝါရီလ ၅ ရက်မှစတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသစ်သွန်းလောင်းမည့် ရွှေဒင်္ဂါး၏အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး "၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့" ဆိုသည့် စာသား ရေးထိုးထားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီး တည်ဆောက်နေသည့် တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ပြီးစီးသွားပြီဖြစ်ကြောင်း Green Power Energy က သတင်းထုတ်ပြန်ထားသည်၊၊
အဆိုပါ စီမံကိန်းအတွင်း ဆိုလာပြား (၄၅,၉၈၀) တပ်ဆင်အသုံးပြုထားပြီး ယင်းမှ နေရောင်ခြည်စွမ်းအင်ထုတ်ယူသည့် photovoltaic (PV) စွမ်းအင်ကို အမြင့်ဆုံးရရှိစေရန် နေရောင်ခြင်နှင့်ခြေရာခံသည့် စနစ် အသုံးပြုထားကြောင်း ဖော်ပြထားသည်၊၊
တစ်နှစ်ကို လျှပ်စစ်ဓာတ်အား (၂၅) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ယင်းမှထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားတွေကို (၃၃)ကေဗွီ ကောင်းကင်ဓာတ်အားလိုင်းနှင့် (၁၃၂) ကေဗွီ တောင်တော်ကွင်းဓာတ်အားရုံမှ တစ်ဆင့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
နိုင်ငံတော်မှ ဖိတ်ခေါ်နေသည့် ဆိုလာစီမံကိန်းများတွင် လုပ်ကိုင်ခွင့်ရသူတွေအတွက် သက်သာခွင့်ကာလကို စီးပှားဖြစ်လုပ်ငန်းစတင်ချိန်မှ နှစ် (၂၀) အထိ ခံစားခွင့်ရရှိထားပြီးသင့်တင့်မျှတသည့် စံသတ်မှတ်ဈးနှုန်းနှင့်လျှပ်စစ်ဓာတ်အားများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေညာထားသည်၊၊
#ymg/sth
#Yangon_Media_Group
#World_RoyalFamily
Published 3 January 2023
ဗြိတိန်တော်ဝင်မင်းသား'ဟယ်ရီ'ဟာ မကြာခင် အတ္ထုပ္ပတ္တိစာအုပ်ထွက်ရှိတော့မှာ ဖြစ်တာကြောင့် မီဒီယာတွေရှေ့ ပြန်လည်ရောက်ရှိလာပါတယ်။
စာအုပ်အကြောင်းပြောကြားစဉ် ပြန်လည်သင့်မြတ်ဖို့ အရိပ်အမြွက်သဘောပြလိုက်ကာ သူ့အဖေနဲ့ အစ်ကိုကို ပြန်လိုချင်တယ်လို့ ဆိုလိုက်ပါတယ်။
ဒီလိုအခြေအနေ ဖြစ်စရာအကြောင်းမရှိသင့်ဘူးလို့ ITV မှ 'တွမ်ဘရက်ဒီ'နဲ့ အင်တာဗျူးကောက်နုတ်ချက်မှာ ပြောကြားခဲ့ပါတယ်။
"သူတို့ကတော့ ပြန်လည်သင့်မြတ်ချင်စိတ် လုံးဝမရှိပါဘူး၊ ကျွန်တော့်အဖေနဲ့ အစ်ကို့ကို ပြန်လိုချင်ပါတယ်၊ ဘယ်သူ့ကိုမှ ရည်ညွှန်းတာမဟုတ်ပေမယ့် လူတွေက ကျွန်တော်နဲ့ မီဂန်မာကယ်လ်တို့ကို ဗီလိန်တွေလို သတ်မှတ်နေကြပါတယ်" လို့ ဟယ်ရီက ပြောကြားလိုက်ပါတယ်။
CBS မှ 'အန်ဒါဆန်ကူးပါး'နဲ့ အင်တာဗျူးရာမှာလည်း တော်ဝင်မိသားစုက သူနဲ့ဇနီးဖြစ်သူတို့ကို ထောက်ခံအားပေးရန် ငြင်းဆိုခဲ့ကြောင်း ဆိုပါတယ်။
သူတို့က ဘုရင်စနစ်ကို မကျေနပ်ဘူးလို့ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်စလုံး ဟယ်ရီတို့ကို မကာကွယ်ပေးနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ကြပေမယ့် တော်ဝင်မိသားစုထဲက အခြားလူတွေကိုတော့ ကာကွယ်ပေးခဲ့ကြောင်း ဆိုပါတယ်။
၂၀၂၀ တုန်းက ဟယ်ရီတို့ဇနီးမောင်နှံဟာ တော်ဝင်မိသားစုကနေ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထွက်ခွာခဲ့ပြီး ဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို ထိပါးပြောကြားခဲ့တာကြောင့် သတင်းဆိုးတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
ကလေး ၂ ယောက်နဲ့အတူ ကယ်လီဖိုးနီးယားမှာနေပေမယ့် ယူကေမှာ မကြာခဏမြင်တွေ့နေရပါတယ်။
Netflix ရဲ့ မှတ်တမ်းစီးရီးတွဲဖြစ်တဲ့ 'Harry and Meghan'မှာ ဟယ်ရီက သူ့အစ်ကို'ဝီလျံ'ကို ရိုင်းစိုင်းတယ်လို့ စွပ်စွဲခဲ့ပါတယ်။
စီးရီးတွဲမှာ ဒီလိုပြောခဲ့တာကြောင့် ဗြိတိန်လူမျိုးတဝက်နီးပါးခန့်က ဟယ်ရီကို မင်းသားဘွဲ့ဖြုတ်ပစ်ဖို့ စစ်တမ်းဖြေကြားခဲ့ကြပါတယ်။
စစ်တမ်းရလဒ်အရ ၄၄ ရာခိုင်နှုန်းက သူ့ကိုဘွဲ့ရာထူးမှ ဖြုတ်စေချင်ပြီး ၃၂ ရာခိုင်နှုန်းကတော့ ဒီလိုဖြုတ်ပစ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။
Spare အမည်ရှိ ဟယ်ရီကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဟာ ဇန်နဝါရီ ၁၀ ရက်မှာ ထွက်ရှိမှာဖြစ်ပြီး တိုက်ရိုက်အင်တာဗျူးကို ၂ ရက်ကြိုတင်ပြသသွားမှာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_ 3 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်၍ လူ ၂ဦးသေဆုံးသွားကြောင်း သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းက သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများကသွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း၊ နေအိမ်အပေါ်ထပ်မှမီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မိသားစုဝင် ၅ ဦးအနက် အမျိုးသား၂ဦးမှာ မီးဘေးသင့်သေဆုံးခဲ့ကာ နေအိမ်တစ်ခုလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
အသက်ဆုံးရှုံးသွားသည့် အမျိုးသား၂ ဦး၏ ရုပ်အလောင်းကို သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းကုတင်၂၀၀ဆံ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 3 January 2023
လူတစ်ယောက်ဟာ အသက်ရှည်တိုင်း ကျန်းမာသန်စွမ်းတယ်လို့ မဆိုလိုပါဘူး။
အလေ့အကျင့်ကောင်းများ လုပ်ယူခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ထိန်းသိမ်းခြင်းတို့ဖြင့် အသက်တိုစေမယ့်ရောဂါတွေ ကင်းဝေးစေပြီး အသက်အရွယ်ရလာသည့်တိုင်အောင် ကျန်းမာသန်စွမ်းနေစေမှာဖြစ်ပါတယ်။
အလေ့အကျင့်ကောင်းတွေ မလုပ်ခဲ့ဖြစ်ဘူးဆိုရင် ယခုနှစ်သစ်မှာ စတင်ပြုလုပ်ပြီး ကျန်းမာသန်စွမ်းအောင် နေထိုင်သင့်ပါပြီ။
(၁) အသီးအရွက်များများစားပါ
ဟင်းသီးဟင်းရွက်များများစားပါက နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်၊ ကင်ဆာရောဂါအချို့ စတဲ့နာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ရောင်ရမ်းခြင်းကို လျှော့ချပေးတဲ့ အဟာရဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေပါဝင်ကာ ခန္ဓာကိုယ်ကောင်းစွာအလုပ်လုပ်နိုင်အောင် ဆဲလ်တွေကို ကူညီပေးပါတယ်။
(၂) ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းဖြင့် အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေကို စောစောတွေ့ရှိနိုင်ကာ ပိုဆိုးမလာအောင် ကျင့်ကြံနိုင်မှာပါ။
အမျိုးသမီးတွေအနေနဲ့ ရင်သားတွေကိုစစ်ဆေးပေးသင့်ပြီး ယောက်ျားတွေကတော့ အသက် ၅၀ လောက်မှာ ဆီးကျိတ်လက္ခဏာတွေ စစ်ဆေးသင့်ပါတယ်။
(၃) အကောင်းမြင်စိတ်ရှိပါ
နေရာဒေသအမျိုးမျိုးမှာ အကောင်းမြင်စိတ်ရှိသူအမျိုးသမီးတွေ အသက် ၉၀ ကျော်အထိ နေထိုင်ရပုံတို့ ဆက်စပ်နေကြောင်းကို အမေရိကန်ရှိ ဟားဗတ်တက္ကသိုလ်မှ သုတေသီများတွေ့ရှိပါတယ်။
အကောင်းမြင်စိတ်များသူတွေဟာ အကောင်းမြင်စိတ်နည်းသူတွေထက် ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း ပိုမိုအသက်ရှည်ကြောင်း PNAS ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
(၄) ကောင်းစွာအိပ်စက်ပါ
ညစဉ်ညတိုင်း ကောင်းစွာအိပ်စက်ခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်၊ စိတ်အခြေအနေနဲ့ ကျန်းမာရေးတို့ တိုးတက်ကောင်းမွန်စေပြီး နှလုံး၊ ကိုယ်ခံအားစနစ်တို့ကို အားကောင်းစေကာ အားကစားလှုပ်ရှားမှုတို့မှာ အမြင့်ဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ဆာလောင်စိတ်နဲ့ အဆီပမာဏကိုထိန်းချုပ်ပေးနိုင်ပြီး ကိုယ်အလေးချိန်လျှော့ချခြင်း၊ ထိန်းသိမ်းခြင်းတို့မှာ အထောက်အကူဖြစ်စေပါတယ်။
(၅) လှုပ်ရှားလေ့ကျင့်ခန်း ပိုမိုပြုလုပ်ပါ
လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ခြင်း၊ စိတ်အခြေအနေနဲ့ အားအင်တိုးများစေခြင်း၊ ကင်ဆာ၊ ဆီးချို၊ နှလုံးသွေးကြောရောဂါတို့ ဖြစ်နိုင်ချေနည်းပါးပါတယ်။
ရုံးပိတ်ရက်မှ အချိန်ရသူတွေကတော့ ၂ ရက်အတွင်း လေ့ကျင့်ခန်း ၁၅၀ မိနစ်ပြုလုပ်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာစေမှာဖြစ်ပါတယ်။
(၆) စိတ်ဖိစီးမှုကိုစစ်ဆေးပါ
စိတ်ဖိစီးမှုကြာရှည်ခြင်းဖြင့် အတွေးအခေါ်၊ ခံစားချက်၊ အပြုအမူတို့ကို သက်ရောက်စေရုံမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ထိခိုက်စေပါတယ်။
ဒါ့အပြင် သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချို၊ ကိုယ်ခံအားနည်းခြင်းတို့ပါ ဖြစ်စေနိုင်ပြီး မကြာခဏနေမကောင်းဖြစ်စေပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အသက်(၁၄)နှစ်သာရှိသေးသည့် လူငယ်အား ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်သူကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄)အရထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း သိရသည်၊၊
အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်မောင်ကြည်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ မောင် ----၊ ၁၄ နှစ်ကို ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မလုပ်အားခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျုံကဒွန်းနယ်မြေရဲစခန်း၊ (ပ) ၁၃၁/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ (၃၁) ရက်တွင် တရားခံ ဦးမောင်မောင်ကြည် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။
#ymg/tthl
#Yangon_Media_Group
Page 1340 of 1916