#TV Yangon Times Matters အစီအစဉ်
Published - 30 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဇော်ထက်ဟန်(အဆိုတော်)နှင့်အတူ
-"ငယ်စဉ်ကတည်းက သီချင်းတွေကိုကြိုက်နှစ်သက်ပြီး တူရိယာ ၇ မျိုးကို တီးခတ်တက်သူဖြစ်ကြောင်း
-တစ်ကိုယ်တော်အယ်ဘမ် ၅ ခုနှင့် စုပေါင်းအခွေ ၄ ခုထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင်ကိုယ်ပိုင်တီးဝိုင်းဖြင့် သီချင်းတွေဖန်တီးလျှက်ရှိကြောင်း အခွင့်အခါသင့်ရင် တစ်ကိုယ်ဖျော်ဖြေပွဲလုပ်ချင်တဲ့ဆန္ဒရှိကြောင်း
-၁၂ နှစ်သားအရွယ်ကတည်းက ပန်းချီစဆွဲခဲ့ပြီး ပုံတူပန်းချီများစွာရေးဆွဲဖြစ်ခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 October 2022
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ဆင်မကြီးမိုမိုရဲ့မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ (၃)ရက်တိုင်တိုင်ကျင်းပလျက်ရှိပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 30 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဇော်ထက်ဟန်(အဆိုတော်)နှင့်အတူ
-"ငယ်စဉ်ကတည်းက သီချင်းတွေကိုကြိုက်နှစ်သက်ပြီး တူရိယာ ၇ မျိုးကို တီးခတ်တက်သူဖြစ်ကြောင်း
-တစ်ကိုယ်တော်အယ်ဘမ် ၅ ခုနှင့် စုပေါင်းအခွေ ၄ ခုထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင်ကိုယ်ပိုင်တီးဝိုင်းဖြင့် သီချင်းတွေဖန်တီးလျှက်ရှိကြောင်း အခွင့်အခါသင့်ရင် တစ်ကိုယ်ဖျော်ဖြေပွဲလုပ်ချင်တဲ့ဆန္ဒရှိကြောင်း
-၁၂ နှစ်သားအရွယ်ကတည်းက ပန်းချီစဆွဲခဲ့ပြီး ပုံတူပန်းချီများစွာရေးဆွဲဖြစ်ခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 30 Oct 2022
အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ မျောက်ဝံကြီးတစ်ကောင်ဟာ သူမရဲ့ ဘဝတလျောက်လုံးနီးပါးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးဝယ်စင်တာကြီးတစ်ခုကြီးရဲ့ ခုနှစ်ထပ်မှာ သတ္တုလှောင်အိမ်ထဲ တစ်ကောင်တည်းနေခဲ့ရတဲ့အတွက် သူမကို ကမ္ဘာ့ အထီးကျန်ဆုံးမျောက်ဝံကြီးအဖြစ် အမည်ပေးထားကြပါတယ်။
ဘွာနွိုင်းဆိုတဲ့ အဲဒီဂေါ်ရီလာမျောက်ဝံမကြီးဟာ အဲဒီ လှောင်အိမ်ထဲထည့်ထားခံရပြီးနောက် သူမရဲ့ အမြဲတမ်းနေအိမ် အဖြစ် ဆယ်စုနှစ်သုံးစုကျော်ကြာ အဲဒီအထဲမှာပဲ နေထိုင်ခဲ့ရပါတယ်။ သူမဟာ ကိုးရိုးကားယားနိုင်လှတဲ့ တိရိစ္ဆာန်ဥယျဉ်တစ်ခုရဲ့ အဓိကဆွဲဆောင်စရာတွေထဲက တစ်ခုဖြစ်နေပါတယ်။ဘန်ကောက်ရဲ့ ရှေးအကျဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ ပါတာပင်ကလို ကုန်တိုက်ကြီးအတွင်းမှာ အဲဒီတိရစ္ဆာန်ရုံထားရှိတာပါ။
ထိုင်အစိုးရနှင့် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက သူမကို ဒီ့ထက်သင့်တော်မယ့်နေရာကို ရွှေ့ပြောင်းပေးပါလို့မေတ္တာရပ်ခံခဲ့ကြပေမယ့် ပိုင်ရှင်က ငြင်းဆန်ခဲ့ပါတယ်။

သူမရဲ့ ကျန်ရှိတဲ့ ဘဝအချိန်တွေကို အခြားသော သူမရဲ့မျိုးတူသတ္တဝါများနှင့်အတူ ဘေးမဲ့တောတစ်ခုမှာ ထားပေးဖို့ ဘွာနွိုင်းရဲ့ပိုင်ရှင်က ယနေ့ထက်တိုင်ငြင်းဆန်နေဆဲလည်းဖြစ်ပါတယ်။
“ဒီစုတ်ပြတ်ညံ့ဖျင်းလှတဲ့ နေရာအနေအထားကို နိုင်ငံတကာက ကမ္ဘာ့အဆိုးရွားဆုံးတိရိစ္ဆာန်ရုံဆိုပြီး ရှုတ်ချကြတယ်”လို့ တိရိစ္ဆာန်အခွင့်အရေးကာကွယ်ရေးတစ်ဖွဲ့ဖြစ်တဲ့ PETA ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဂျေဆင်ဘေကာက ပြောပါတယ်။
“ပါတာ တိရိစ္ဆာန်ရုံကို လူတိုင်းက ဖိအားတွေပေးကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ပြီးတော့ PETA အနေနှင့် ဒီတိရိစ္ဆာန်တွေအားလုံးကို သူတို့ရဲ့ ကိုယ်နှင့်စိတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်နာမည်ကောင်းရထားတဲ့ ဘေးမဲ့တော နေရာတွေမှာ အငြိမ်းစားပေးလိုက်ဖို့ ဆောင်ရွက်ခွင့်ကိုပါတောင်းဆိုပေးပါ” လို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်း သူ့အနေနှင့် ကြာပန်းလေးလို့ အဓိပ္ပါယ်ရတဲ့ ဘွာနွိုင်းကို အခြာသော ဂေါ်ရီလာတို့နှင့်အတူ နေထိုင်ပျော်ရွှင်ခွင့်ရဖို့ တောရိုင်းဘေးမဲ့တော်ထဲ လွှဲပြောင်းပေးတာကို မြင်ချင် နေပါတယ်။ ဒါပေမယ့် ဝန်ကြီးရဲ့ အတွင်းရေးမှူးတစ်ဦးက ဒီမျောက်ဝံကြီးဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခုဖြစ်လို့ နေရာ ရွှေ့ပြောင်းချင်ရင် ပိုင်ရှင်ခွင့်ပြုချက်လိုအပ်တယ်လို့ သူ့ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။

“ အန္တရာ ယ်ပြုနိုင်တဲ့တိရစ္ဆာန်တွေနှင့် တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်တဲ့ ဥပဒေ မပြဋ္ဌာန်းခင်မှာ ပိုင်ရှင်က ဘွာနွိုင်းကို ဝယ်ခဲ့တာဖြစ်ပါတယ်။ ဘွာနွိုင်းကိုအားပေးကြသူတွေဆီက ကျွန်တော်တို့ အလှူခံခဲ့ကြပါတယ်။ ဒါပေမယ့် ခက်တာက ပိုင်ရှင်က ဘွာနွိုင်းကို မရောင်းနိုင်ဘူးတဲ့။ သူက ရောင်းမယ်လို့ ဆိုတဲ့ အခါမှာလည်း ဈေးကသိပ်ကြီးလွန်းနေတယ်” လို့ ဝန်ကြီး သန်နက်ပို သန်နာဘိုညာဝက် ကပြောပါတယ်။
ထိုင်းသတင်းအရင်းအမြစ်တွေရဲ့အဆိုအရ ဘွာနွိုင်းရဲ့ပိုင်ရှင်က သူ့ကိုလွှတ်ပေးဖို့ ဒေါ်လာ ရှစ်သိန်းတောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံကိုပိုင်တဲ့ ကုမ္ပဏီက သူ့ကိုရောင်းဖို့ ဈေးအညှိမခံဘူးလို့လည်းဆိုပါတယ်။ မျောက်ဝံကြီးကို ကောင်းစွာစောင့်ရှောက်ထားပြီး သူမဟာ ကိုယ်ရောစိတ်ပါ ဘာဖိအားမှ မခံစားရဘူးလို့ ကုမ္ပဏီရဲ့ကိုယ်စားလှယ်တွေကပြောပါတယ်။
“ အင်တာနက်ထဲမှာ ဘွာနွိုင်းပုံတွေမြင်ရတဲ့သူတွေက သူမဟာ ဝမ်းနည်းကြေကွဲနေတယ်လို့ပြောကြတယ်။ တကယ်တမ်းတော့ သူတို့ဟာလည်း လူတွေလိုပါပဲ။ အချို့တွေမှာ ဝမ်းနည်းတဲ့မျက်နှာပိုင်ဆိုင်ကြပြီး အချို့ကပျော်ရွှင်တဲ့ မျက်နှာပိုင်ဆိုင်ကြတာဖြစ်တယ်” လို့ တိရိစ္ဆာန်ရုံ ညွှန်ကြားရေးမှူး ကန်နစ်ဆမ်ဆီရီမွန်ဂိုကပြောပါတယ်။
“ ဝေဖန်တာတွေကိုစိတ်ပူစရာမရှိပါဘူး။ သူမအကြောင်း ကျွန်တော်တို့က အသိဆုံးပါ” လို့ သူကပြောပါတယ်။
နိုင်ငံတကာက ဘာပဲပြောနေနေ၊ တိရိစ္ဆာန်ရုံပိုင်ရှင်ကိုယ်တိုင်က လွှတ်မပေးဘဲနှင့်တော့ ဘာတစ်ခုမှတော့ လုပ်ပေးနိုင်ကြမှာမဟုတ်ပါဘူး။ မျောက်ဝံတွေဟာ တောထဲမှာ အသက် ၃၅နှစ်မှ ၄၀နှစ်အထိနေနိုင်ကြပြီး ကျွေးမွေးပြုစုမှုအောက်မှာ နှစ် ၅၀လောက်နေနိုင်ကြပါတယ်။ အဲဒါကြောင့် ဘွာနွိုင်းဟာ သူမရဲ့ ရွှေရောင်ရက်တွေကိုတော့ ကျော်လွန်ခဲ့ပါပြီ။
Source: The Guardian
#Bua_Noi
#World’s_loneliest _gorilla
#Thailand_ Pata_Zoo



#LocalNews
Published_ 30 October 2022
ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေ တစ်ကျပ်သား ကျပ် (၂၅) သိန်း (၃) သောင်းနှင့် ရောင်းချပေးရန် ရန်ကုန်ရွှေအသင်း (YGEA) မှ ယနေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ဝယ်လိုအားထက်ရောင်းလိုအားက ပိုများနေကြောင်း၊ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကောလဟာလတွေကြောင့် ရွှေဈေးနည်းငယ်တတ်ခဲ့သော်လည်း လက်ရှိတွင် ၂၆ သိန်းဝန်းကျင်ဖြင့် စျေးငြိမ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတွင်ရှိသည့် ရွှေလုပ်ငန်းရှင်အသင်းတွေက ရွှေစျေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေစင်ရွှေတုံးခဲများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဥ်ထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးမှာ ၁၉ သိန်းကျော်သာရှိပြီး ၎င်းသည် ကြမ်းခင်းဈေးကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကာ ကြိုက်ရောင်းကြိုက်ဝယ်စျေးဖြင့် ရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။
ယင်းအပြင် သတ်မှတ်ရည်ညွှန်းဈေးကိုလည်း တွက်ချက်ထုတ်ပြန်ရာတွင် ဗဟိုဘဏ်ကသတ်မှတ်ထားသည့် ဒေါ်လာဈေးဖြင့်သာ တွက်ချက်နေရကြောင်း သိရသည်။
#Ymg/STH
Yangon_Media_Group
#LocalNews
Published_30 October2022
ဒိန်းမတ်-မြန်မာစီမံကိန်းမှ ကမ်းနီးရေပြင်ငါးဖမ်းလုပ်ငန်းစစ်ဆေးရေးအတွက် လွှဲပြောင်းပေးသော ရေယာဉ်နှစ်စီးဖြင့် နိုဝင်ဘာလမှစတင်၍ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီးရေပြင်ကြပ်မတ်ဆောင်ရွက်မှုကို နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် စတင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ငါးလုပ်ငန်း ဦးစီးဌာန၏ ကမ်းနီးငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများ သက်ရောက်မှုရှိ စေရေးနှင့် တရားမဝင်ငါးဖမ်းဆီးမှု လျော့နည်းစေခြင်းဖြင့် ငါးသယံဇာတတည်ရှိမှု ပြန်လည်တိုးပွားစေရေးတို့အတွက် ဖြစ်ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရေကြောင်းရဲတပ်ဖွဲ့ပါမယ်၊ရေလုပ်သားအစုအဖွဲ့တွေနဲ့ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး နိုဝင်ဘာလမှာ ကမ်းနီးရေပြင် စစ်ဆေးရေးကို စတင်ဆောင်ရွက်သွားမှာပါ။ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် စီမံကိန်းရေးဆွဲတင်ပြပြီး ဆောင်ရွက်သွားမှာပါ။ ငါးသယံဇာတ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်အောင် သားပေါက်ထိန်းသိမ်းရေးဟာ အရေးကြီးတာကြောင့် ငါးများကြီးထွားရှင်သန်နိုင်ဖို့အတွက် သတ်မှတ်ပိုက်တွေနဲ့ ဖမ်းဆီးမှုရှိမရှိကိုစစ်ဆေးသွားဖို့ရှိပါတယ်။ ရေယာဉ်နှစ်စီးနဲ့စစ်ဆေးဆောင်ရွက်မှုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာပါ"ဟုတနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ညီတိုးက နိုင်ငံပိုင် သတင်းစာကို ပြောကြားထားသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ပင်လယ်ပြင်တွင် ပင်လယ်ပြင်ငါးမဖမ်းရသတ်မှတ်ကာလ ဧပြီလမှ ဇွန်လအထိ သုံးလကျော်လွန်ခဲ့ပြီး တားမြစ်ထားသော ကျောက်ပုစွန်၊ ကင်းပုစွန်မဖမ်းဆီးရကာလ လွန်မြောက်ခဲ့၍ ငါး၊ပုစွန်ဖမ်း ရေယာဉ်များဖြင့် ကမ်းနီး၊ ကမ်းဝေးရေပြင်တို့တွင် ဖမ်းဆီးလျက်ရှိရာ သတ်မှတ်ကမ်းနီးရေပြင်ဧရိယာ၌ သတ်မှတ်ထားသော ပိုက်ကွက်ဖြင့် ဖမ်းဆီးမှုရှိ၊မရှိကိုလည်းကောင်း၊ ကကူရန်၊ ကဏန်း ထိန်းသိမ်းရေးဇုန်နှင့် ကော့သောင်းအနီးရှိ ငါးဖမ်းကွက် ခြောက်ကွက်တို့တွင် တရားမဝင်ဖမ်းဆီးမှုမရှိစေရန်လည်းကောင်း စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းနီးငါးဖမ်းရေယာဉ် ၈၀၀၀ ကျော်နှင့် ကမ်းဝေးငါး ဖမ်းရေယာဉ် ၁၄၀၀ ကျော်ရှိပြီး ပြည်ပပို့ကုန်အဖြစ် ငါး၊ပုစွန်များ ကိုဖမ်းဆီးတင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_30 October2022
ကိုရီးယား Halloween ပွဲတော်၌ လူအုပ်ပိသေဆုံးခဲ့သည့် လူ ၁၅၀ ကျော်တွင် မြန်မာနိုင်ငံသားများပါဝင်ခြင်းရှိမရှိ သတင်းပေးကြရန် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၂၉ ရက် ညပိုင်းကကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Yongsan မြို့နယ်၊ Itaewon ရပ်ကွက်တွင်ပြုလုပ်ခဲ့သော Halloween ပွဲတော်ကျင်းပရာလမ်းတစ်လျှောက် လူအုပ်ပိပြီး လူဦးရေ (၁၅၁) ဦး ခန့် သေဆုံးခဲ့ရာတွင် နိုင်ငံခြားသား (၁၉) ဦး သေဆုံးခဲ့ပြီး၊ (၁၁) ဦးမှာ နိုင်ငံအမည် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သံရုံးအနေဖြင့် သိရသောကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးအနေဖြင့် စိုးရိမ်ပူပန်မိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံသူ၊နိုင်ငံသားများ ထိခိုက်သေဆုံးမှု ရှိမရှိ မေးမြန်းလာကြောင်း၊ယင်းကြောင့် မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များကို အလျင်အမြန် ဆောင်ရွက်ပေးနိုင်ရန်အတွက် အသိမိတ်ဆွေများ သေဆုံးထိခိုက်မှုရှိကြောင်း ကြားသိရပါက မြန်မာသံရုံးသို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါကြောင်း ယင်းတွင် ဖော်ပြထားသည်။
မြန်မာသံရုံးအနေဖြင့်လည်း အဆိုပါ သေဆုံးဒဏ်ရာ ရရှိသူများအတွက်လည်း ကိုရီးယားနိုင်ငံသူနိုင်ငံသားများနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။
သေဆုံးခဲ့ရသည့် နိုင်ငံခြားသားများမှာ တရုတ်၊အီရန်၊ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျား၊ဥစဘက်ကစ္စတန်၊ ဗီယက်နမ်၊ ကာဇက်စတန်၊ဩစတြီးယား၊သီရိလင်္ကာ၊ ထိုင်း၊ နော်ဝေးနှင့် ပြင်သစ်တို့မှဖြစ်တယ်လို့ တောင်ကိုးရီးယားမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
ymg/mt
#Itaewon_Halloween
#Yangon_Media_Group
#Myanmar_News
Published 30 Oct 2022
မြန်မာနိုင်ငံ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် သဘာဝကြိုးဝိုင်းတစ်ခုနှင့် အမျိုးသားဥယျဉ်နှစ်ခုတို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
မကြာသေးမီက ထုတ်ပြန်ပေးခဲ့တဲ့ နိုင်ငံတော်ပြန်တမ်းမှာ အဆိုပါ သတ်မှတ်မှုတွေနှင့်ပတ်သက်တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက အမိန့်ကြော်ငြာစာတွေကို ထည့်သွင်းဖော်ပြပေးခဲ့တာဖြစ်ပါတယ်။
သဘာဝကြိုးဝိုင်းမှာ ပန်းသီးတောင်သဘာဝကြိုးဝိုင်း အပိုင်း(၁) ဖြစ်ပြီး ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲနှင့် ရွာသစ်မြို့နယ်အတွင်းမှာရှိပါတယ်။ ကြားခံနယ်မြေဧရိယာ (၁၆,၆၁၅) ဧက၊ အမာခံထိန်းသိမ်းရေးနယ်မြေဧရိယာ (၁၈,၃၇၀_ ဧက စုစုပေါင်း ဧရိယာအကျယ်အဝန်း (၃၄,၉၈၅ )ဧက ရှိတယ်လို့ အမိန့်ကြော်ငြာစာမှာ သတ်မှတ်ပေးထားပါတယ်။
အမျိုးသားဥယျဉ်နှစ်ခုမှာ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်အတွင်းက စာမွှန်းတောင် အမျိုးသားဥယျဉ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင် အမျိုးသားဥယျဉ်တို့ဖြစ်ကြပါတယ်။
စာမွန်းတောင်အမျိုးသား ဥယျဉ်ဟာ ဧရိယာအကျယ်အဝန်း (၂၈,၂၈၇)ဧကရှိပြီး ဇလုံတောင် အမျိုးသား ဥယျဉ်မှာ ဧရိယာအကျယ်အဝန်း(၆၀,၀၄၆.၇၁)ဧကရှိကြောင်းလည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။
အဆိုပါ အမိန့်ကြေငြာစာတွေမှာပါတဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန်ပျက်ကွက်ခြင်းတွေရှိရင် ဇီဝမျိုစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်ကြေညာစာ(၃)ခုမှာ သတိပေးထားပါတယ်။
-ymg/knl
#Myanmar
#Myanmar_Environmental_Protection
#Myanmar_News
Published 30 Oct 2022
ရခိုင်ပြည်နယ် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၆ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ပါတယ်။
အဆိုပါသူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ လျှပ်စစ်ဓာတ်အား ၃၇ မဂ္ဂါဝပ်ထွက်ရှိတဲ့ စက်သုံးလုံးကို တပ်ဆင်မှာဖြစ်ပြီး စုစုပေါင်း ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်လျှင် ၇၆ ရာခိုင်နှုန်း ပြီးစီးမှာဖြစ်ပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်မှာဖြစ်တယ်လို့လည်း အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆိုပါတယ်။
အဆိုပါစီမံကိန်းရဲ့ ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့် တမံ)ဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်တယ်လို့လည်း အဆိုပါဌာနက ပြောပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် တာဝန်ရှိအရာရှိကြီးတွေဟာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ အရှေ့မြောက်ဘက်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသော ရေအားအရင်းအမြစ်များစွာရှိတဲ့အတွက် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆက်လက်စီမံ ဆောင်ရွက်လျက်ရှိရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်လျက်ရှိနေတယ်လို့ ဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။
စီမံကိန်းပြီးစီးပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိမည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံ ခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း စီမံကိန်းမှာရှိတဲ့ အရာထမ်း၊အမှုထမ်း တွေနှင့်တွေ့ဆုံရာမှာ သူကထည့်သွင်းပြောကြားခဲ့ပါတယ်။
စီမံကိန်းပြီးစီးတဲ့အခါ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးမှာဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပေးပို့မယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ယခု သူဌေးရေအားလျှပ်စစ်စီမံကိန်းဟာ ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
-ymg/knl
#Myanmar_Hydro_Power_projects
#Rakhing_first_Hydro_Power_plant

#LocalNews
Published_30 October2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိနေပြီဖြစ်သည့် ဒဿမမြောက် ရတနာဆင်ဖြူတော်ငယ်အား"ရဋ္ဌနန္ဒက"ဟု ဘွဲ့နာမည်ပေး ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်ပွန်းတပ်အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရတနာဆင်ဖြူတော်လေးအား ဘွဲ့တော်အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော် မင်္ဂလာအခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အခမ်းအနားတွင် အနန္တရာယိကမင်္ဂလာ၊ အန္တရာယ်ကင်းမင်္ဂလာကို ကျင်းပပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်အား လက်ယာရစ်လှည့် လည်ပူဇော်ပြီး နစကဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများကရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်ပေးကြကာ စေတီတော်ဂေါပက အလှည့်ကျ သဘာပတိက ရတနာဆင်ဖြူတော်လေးကို ပေါက်ပေါက်များဖြင့် ကြဲပက်ပေးကြောင်း၊ဂေဟပ္ပဝေသနမင်္ဂလာ၊ အဆောင်တော်တက်မင်္ဂလာကို ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးကို ဆင်ဖြူတော်အဆောက်အဦအတွင်း မင်္ဂလာနေရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးကြကြောင်း သိရသည်။
“ရဋ္ဌ နန္ဒက” ဆိုသည်မှာ (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးသည်) ( မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုးသည့် ဆင်ဖြူရတနာ) ဟု အဓိပ္ပါယ်ရကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဆင်ဖြူကလေးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်ကြောင်း၊ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာလ ၂၇ တွင်ရောက်ရှိခဲ့ပြီး ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group





Published 29 Oct 2022
မြောက်ကိုးရီးယားက နျူကလီးယားတိုက်ခိုက်လာခဲ့ရင် အနည်းဆုံးရက်သတ္တပတ်နှစ်ပတ် ဓာတ်ရောင်ခြည် အဆိပ်သင့်ခြင်းမှရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး တောင်ကိုးရီးယား ဗိသုကာပါမောက္ခတစ်ဦးက မြေအောက်ဗုံးခိုကျင်း(ဘန်ကာ) တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။
ပါမောက္ခ လီတေးဂိုဟာ ထူထဲတဲ့ ကွန်ကရစ်နံရံ၊ သံမဏိအားဖြည့် တံခါးတွေနှင့် လေသန့်စင်ရေးစနစ်တပ်ဆင်ထားတဲ့ မြေအောက်ဘန်ကာတစ်ခုကို မြေအောက်တစ်မီတာမှာ တည်ဆောက်ထားပါတယ်။ အဲဒီဘန်ကာဟာ သူ့ကို နျူကလီးယား ဘေးဆိုးကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး သမားရိုးကျ ဒုံးကျည်တစ်ခု တိုက်ရိုက်ထိမှန်တာကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
မြို့တော်ဆိုးလ်ကနေ အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာအကွာမှာရှိတဲ့ ဂျီချီယွန်မြို့က သူပိုင်မြေပေါ်မှာ အစိုးရက ရန်ပုံငွေဖြင့်တည်ဆောက်ထားတဲ့ အဆိုပါဘန်ကာဟာ နျူကလီးယားရေဒီယိုဓာတ်သတ္တိကြွတွေရဲ့အန္တရာယ်ကို တောင်ကိုးရီးယားနိုင်ငံသားတွေ လေးလေးနက်နက်ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး ပါမောက္ခလီရဲ့ စည်းရုံးလှုံဆော်မှု အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
“ ဒီကနေ ကီလိုမီတာ ၁၀၀လောက်ပဲဝေးတဲ့နေရာမှာ မြောက်ကိုးရီးယားရှိနေတယ်။ အဲဒီကနေ ဇီဝ ဒါမှမဟုတ် နျူကလီးယား ဒုံးကျည်တွေပျံသန်းလာနိုင်တယ်”လို့ ပါမောက္ခလီကပြောပါတယ်။
သူ့အနေနှင့် တောင်ကိုးရီးယားရဲ့ အိုမင်းနေပြီဖြစ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေထဲက တစ်ခုမှာ ဖူကူရှီမာပုံစံ မတော်တဆပျော်ကျတာမျိုးကိုလည်း အတော့်ကိုပူပန်နေပါတယ်။
“ တောင်ကိုးရီးယားနိုင်ငံသားတွေဟာ ကိုယ်ရေးကိုယ်တာသုံး ဗုံးခိုကျင်းတွေ တည်ဆောက်ဖို့ မလိုအပ်ခဲ့တာ နှစ်တွေအကြာကြီးရှိခဲ့ပါပြီ။ အခု အများသုံး ကျင်းတွေ မရှိဖြစ်နေတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

တောင်ကိုးရီးယားစစ်တပ်က တိုက်ခိုက်မှုအပေါ် အဆုံးစွန်ပြင်ဆင်ထားတယ်လို့ ပြောနေပေမယ့် အရပ်သားအများစုဟာ စစ်ဆိုတာကိုမေ့လျော့နေကြပြီး ဘာမှမပြင်ဆင်ထားကြဘူးလို့ ပါမောက္ခလီက ပြောပါတယ်။
တောင်ကိုးရီးယားမှာ တစ်နိုင်ငံလုံးအနေနှင့် ခိုလှုံရာ ဗုံးခိုကျင်းတွေ ၁၇,၀၀၀ ကျော်ကွန်ယက်တစ်ခု ရှိနေပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းများက ဆိုပါတယ်။ အဲဒီအထဲက ၃,၀၀၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိနေပါတယ်။
မြို့ရဲ့ မြေအောက်ရထားဘူတာရုံတွေဟာ လေကြောင်းတိုက်ခိုက်မှုအကာအကွယ်ယူဖို့နေရာတွေဖြစ်ပေမယ့် နျူကလီးယားဘေးကနေ မလုံခြုံဘူးလို့ဆိုပါတယ်။
၁၉၇၀ပြည့်လွန်နှစ်တွေတုန်းကတော့ အဓိကမြို့ကြီးတွေမှာ အဆောက်အဦတည်ဆောက်ရင် စစ်အတွင်းဘန်ကာအဖြစ် သုံးနိုင်အောင် မြေအောက်အထပ်တွေထည့်သွင်းတည်ဆောက်ရမယ်ဆိုတဲ့ ဥပဒေရှိခဲ့ပါတယ်။
ဒါပေမယ့် ဆိုးလ်မှာ အိမ်ခြံမြေဈေးတွေက မြင့်တက်နေတော့ ပုဂ္ဂလိက အဆောက်အဦအများစုဟာ အဲဒီ မြေအောက်အထပ်တွေကို ကားရပ်နားဖို့နေရာတွေ ဒါမှမဟုတ် အော်စကာဆုရတဲ့ Parasite ဇာတ်ကားထဲမှာ တွေ့ရတဲ့ အေးစက်တဲ့ မြေအောက်အိမ်ခန်းတွေအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။အဲဒါတွေကို ဆမ်ယွန်းတက္ကသိုလ်ဘွဲ့ရ ပါမောက္ခလီက စိတ်ပူနေပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ စစ်တပ်အတွက် ပထမတန်းစား ကျင်းတွေရှိပါတယ်။ ဒါပေမယ့် အရပ်သားတွေအတွက်က အတော့်ကိုအားနည်းနေတယ်လို့ သူကပြောပါတယ်။
လီတည်ဆောက်ထားတဲ့ ဘန်ကာဟာ ဝမ်ငွေ သန်း ၇၀ (စင်္ကာပူဒေါ်လာ ၆၉,၄၀၀)ကုန်ကျပါတယ်။ အဲဒီအထဲမှာ အလုပ်သမားခမပါသေးပါဘူး။ သူက ဒီဘန်ကာကို ပညာရေးဝန်ကြီးဌာနဆီ သုတေသနအဖြစ်တင်ပြခဲ့ရာမှာ အဲဒီက ရန်ပုံငွေထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
နျူကလီးယားဒဏ်ခံ ဘန်ကာတွေတည်ဆောက်သူတွေက ဒါကို လျို့ဝှက်ထားချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ဖြစ်လာရင် မိတ်ဆွေတွေ၊မိသားစုတွေနှင့် အိမ်နီးချင်းတွေဆီက အကူအညီတောင်းတာတွေ အလျှံပယ် ဖြစ်လာမှာကို ကြောက်ကြပါတယ်။
“ ကျွန်တော်ကိုယ်တိုင် ဒီဘန်ကာကိုဆောက်တုန်းက အဲဒီသူတွေက နိုင်ငံသာ အတိုက်အခိုက်ခံရရင် ဒီဘန်ကာဆီ လာကြမယ်လို့ ကျွန်တော့်ကိုပြောကြတယ်ဗျာ။ ကျွန်တော်က သူတို့ကိုပြန်ပြောရတယ်။ ဒီ ဘန်ကာက လူ၁၂ ယောက်ပဲဆန့်တယ်လို့ “ လို့ ပါမောက္ခလီကပြောလိုက်ပါတယ်။
Source AFP
#Professor_Lee Tae-goo
#South_Korea
#Nuclear_proof_bunkers




Published 30 Oct 2022
✅စနေနေ့ညက ဆိုးလ်တွင်ဖြစ်ပွားခဲ့သည့် ဟော်လိုဝင်ပွဲတော် လူအုပ်ပြိုလဲမှုကြောင့် သေဆုံးသူ ၁၅၁ ဦးအထိရှိလာ
✅တောင်ကိုရီးယားသမ္မတ ယွန်းဆပ်ယိုက နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးသည့် ကာလတစ်ခုအဖြစ် သတ်မှတ်ကြောင်း တနင်္ဂနွေနေ့ကကြေညာ
✅သေဆုံးသူ ၁၅၁ ဦးရှိပြီး ၁၉ ဦးမှာ နိုင်ငံခြားသားများဖြစ်၊ ဖြစ်ပွားရာနေရာတွင် ဒဏ်ရာရသူ ၈၂ ဦးရှိပြီး ယင်းတို့အထဲမှ ၁၉ ဦးမှာ ဒဏ်ရာများပြင်းထန်ကောင်း ယွန်ဆန်မီးသတ်ဌာနအကြီးအကဲ ချွိုင်ဆ်ဘွန်က ပြော
✅ယခုဟော်လိုဝင်ပွဲတော်မှာ ကိုဗစ်-၁၉ကြောင့် မကျင်းပဖြစ်ခဲ့သည်မှာ (၃)နှစ်ရှိပြီးမှ ယခုနှစ်တွင်ပထမဆုံးအဖြစ် ပြနလည်ကျင်းပခြင်းဖြစ်
✅သေဆုံးသူအများစုမှာ အသက်၂၀ ဝန်းကျင် အမျိုးသမီးငယ်များဖြစ်ပြီး သေဆုံးသည့် နိုင်ငံခြားသားများထဲတွင် တရုတ်၊အီရန်၊ ဥဇဘက်ကစ္စတန်နှင့်နော်ဝေးတို့မှနိုင်ငံခြားသားများပါဝင် ဟုသူကပြော
✅ယခင်ဟော်လိုဝင်ပွဲများထက် ပရိဿတ်က ၁၀ဆခန့်များပြားခဲ့ဟု မျက်မြင်သက်သေများကပြော
✅သေဆုံးသူအများစုမှာ လူကြိတ်ကြိတ်တိုးသည့်အထဲ သေဆုံးရခြင်းဖြစ်
✅အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်သမ္မတကတော်၊ ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့
Source: Reutees
#Seoul_ Halloween_Tragedy
#Yoon_Suk-yeol_national_mourning
#South_Korea_Haloween_night





Page 1341 of 1808