#Local_News
Published_ 24 May 2023

မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသကိုသွားရောက်အကူညီပေးနေသည့် စာရေးဆရာဝေဟင်အောင်ကို မေလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဒေသခံများနှင့် ရခိုင်အခြေစိုက်ပြည်တွင်းသတင်းမီဒီယာတချို့ရဲ့ပြောဆိုချက်များအရသိသည်။

 

မေ ၂၃ ရက်၊ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် စာရေးဆရာ ဝေဟင်အောင်နှင့် လေဘေးကယ်ဆယ်ရေးအဖွဲဝင် ၅ ဦးသည် မုန်တိုင်းဒဏ်သင့် ပြည်သူများကို စာနပ်ရိက္ခာများ အကူအညီပေးရန် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့အသွား စစ်တွေမြို၊ အမြင့်ကျွန်းကျေးရွာအနီး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းမသိသေးကြောင်း ရခိုင်ပရဟိတအသင်း လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြနေကြသည်။

 

ရခိုင်လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် ကိုဝေဟင်အောင်သည် ၂၀၁၈ ခုနှစ်က ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၀၂ တို့ဖြင့်ထောက်ဒဏ်နှစ်၂၀ ချမှတ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

 

#ymg /ynzw #Local_News #စာရေးဆရာဝေဟင်အောင်ပြန်လည်အဖမ်းဆီးခံရ
#YMG #Yangon-Media-Group