#World_Tradition
Published 30 September 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်တာဝေးကွာနေရတဲ့ ထိုင်းနိုင်ငံသက်သက်လွတ်ပွဲတော်ဟာ အင်္ဂါနေ့မှာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး တာအိုဘာသာကိုးကွယ်သူတွေက သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဓားတွေ အချွန်တွေနဲ့ ဖောက်ထွင်းလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 September 2022
မြန်မာနိုင်ငံရဲ့ဒေသအသီးသီးက မျက်စိဝေဒနာရှင်တွေကို Contributions to Community C2C အဖွဲ့အနေနဲ့ အခမဲ့မျက်စိစစ်ဆေးပေးပြီး မျက်မှန်တွေ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 September 2022
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) အနေနဲ့ YBS ယာဉ်စီးကို ပြောင်းလဲကောက်ခံတာမျိုးမဟုတ်ဘဲ ဘတ်စ်ကားစီးသူတွေအနေနဲ့ ကတ်စနစ်ကို ပိုမိုသုံးစွဲလာစေဖို့အတွက် ကတ်စနစ်နဲ့ စီးသူတွေကို ပုံမှန်ယာဉ်စီးခထက် ငွေကျပ် ၂၀ လျော့ချပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 30 Sept 2022
ယနေ့ မနက်ပိုင်းက လွိုင်ကော်လေဆိပ်တွင် မြန်မာအမျိုသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် အရပ်ဖက်လေယာဉ် ATR-72 ဆင်းသက်စဉ်ပစ်ခတ်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။(သတင်းများဖော်ပြပြီး)
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်း၏ ရှင်းလင်းချက် အပြည့်အစုံကို ရုပ်သံတင်ဆက်ထားပါတယ်။
#Myanmar
#Loikaw_Airport
#MNA_Airlines
#Local_News
Published _ 30 September 2022
မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေအနေနဲ့ ပြည်ပအာမခံအတွက် ပြုလုပ်စရာသိပ်မလိုအပ်ပေမယ့် ပြည်တွင်းအာမခံကိုတော့ ပြုလုပ်ထားသင့်တယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က YMG ကို အခုလို ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 September 2022
၁။ မြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းအာမခံကို မဖြစ်မနေ ပြုလုပ်ထားသင့်ဟုဆို
၂။ YBS ယာဉ်စီးခပြောင်းလဲကောက်ခံခြင်းမျိုးမဟုတ်ဘဲ ကတ်စနစ် ပိုမိုသုံးစွဲလာစေရန် ကျပ် ၂၀ လျှော့ပေးလိုက်ခြင်းဖြစ်သည်ဟု YRTC ပြော
၃။ နယ်ဘက်ရှိ မျက်စိဝေဒနာရှင်များအတွက် မျက်မှန် (၄၀၀၀)ကျော်ပေးလှူခဲ့၊ မန္တလေးတွင် ဆက်လက်လှူဒါန်းမည်
၄။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဖောက်ထွင်းပြီး နတ်ဘုရားများအားပူဇော်ပသသည့် ထိုင်းနိုင်ငံသက်သက်လွတ်ပွဲတော်ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 September 2022
တရုတ်ဘက်ကနေ ကြက်သွန်တွေဝင်ရောက်လာတာကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာတာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 September 2022
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ လွိုင်ကော်ခရီးစဉ်ကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း အဆိုပါ Myanmar National Airlines Loikaw ကအသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်၊၊
စက်တင်ဘာ(၃၀)ရက်နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ လွိုင်ကော်လေဆိပ်သို့ သွားရောက်သည့်ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရပြီးနောက် လွိုင်ကော်ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ခြင်းဖြစ်သည်၊၊
ယင်းကဲ့သို့ ရပ်နားခဲ့ရာတွင် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများအနေဖြင့် လက်မှတ်ဝယ်ယူထားသည့် အရောင်းဌာနများ၌ ပြန်အမ်းငွေများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင်အသိပေးထားသည်။
ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် ခရီးစဉ်အမှတ် UB - 149 ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)၏ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်ရန်ပစ်ခတ်ခံခဲ့ရကြောင်းနှင့်လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက် ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 September 2022
ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများအနေဖြင့်ဆီမီးထွန်းလှူပူဇော်နိုင်ရန် ဆီမီးထွန်းလှူပူဇော်နိုင်မည့်နေရာများစီစဉ်ဆောင်ရွက်ပေးထားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်၊၊
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သီးခြားဆီမီးထွန်းလှူပူဇော်မည့် အစီအစဥများ မရှိသော်လည်း အများပြည်သူအနေဖြင့် လာရောက်ထွန်းလှူပူဇော်နိုင်ကြောင်း သိရသည်၊၊
အောက်တိုဘာလ(၈)ရက် အဖိတ်နေ့ညနှင့် အောက်တိုဘာလ(၉)ရက်သီတင်းကျွတ်လပြည့်နေ့ညများတွင် အများပြည်သူများအနေဖြင့်ရွှေတိဂုံစေတီတော်ကြီးရှိ ဆီမီးခုံများနှင့်ဘေးတန်ဆောင်း၌ ဆီမီးထွန်းလှူပူဇော်နိုင်မည်ဖြစ်သည်ဟု ဆိုသည်၊၊
"သီတင်းကျွတ်မှာတော့ ကျွန်တော်တို့ဂေါပကအဖွဲ့ အနေနဲ့ အဖိတ်နေ့မှာ ညနေ(၅)နာရီမှာ ရုပ်ပွားတော်တွေနဲ့ မီးစေတီတော်တွေပြုလုပ်ပြီး လှည့်လည်ဖို့ရှိပါတယ်၊၊ လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာမနက်(၅)နာရီခွဲမှာ အသင်းအဖွဲတွေနဲ့ ရွှေတိဂုံစေတီ တော်ကြီးကိုမနက်အာရုဏ်ဆွမ်းတော်ကြီးကပ်လှူသွားဖို့ရှိပါတယ်၊၊ မနက်(၉)နာရီခွဲမှာ ဝါတွင်းသီလခံယူပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲအခမ်းအနားပြုလုပ်သွားမှာဖြစ်ပါတယ်၊၊ ရွှေတိဂုံသြဝါဒစရိယဆရာတော်တွေ ကိုယ်တိုင်ကြွရောက်ကြမှာ ဖြစ်ပါတယ်၊၊ အဲဒီ့နောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်ပါတယ်၊၊ အများပြည်သူအနေနဲ့ ဘုရားဖွင့်ချိန်မနက်(၅)နာရီကနေည(၈)နာရီအတွင်း လာရောက်ဖူးမြော်နိုင်ပါတယ်၊၊အများပြည်သူတွေ အနေနဲ့ ရွှေတိဂုံစေတီတော်ကြီးဘေးပတ်ပတ်လည်က ဆီမီးခုံတွေနဲ့ဘေးတန်ဆောင်းမှာထွန်းလှူနိုင်မှာ ဖြစ်ပါတယ်၊၊ ဆီမီးထွန်းလှူပူဇော်နိုင်အောင်စီစဉ်ပေးထားပါတယ်၊၊ ဘုရားကြီးအစီအစဉ်နဲ့ ဆီမီးထွန်းလှူမယ့်အစီအစဉ်တော့မရှိပါဘူး၊၊ ဘုရားဖူးကုသိုလ်ပြုလိုသူတွေအနေနဲ့ သူ့ဘာသာသူတော့ လာထွန်းကြတာရှိပါတယ် "ဟုပြော သည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကို ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_30 September 2022
ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁.၅၀၄ ဘီလီယံကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ တင်ပို့ခဲ့တဲ့ တန်ဖိုးထက် နိုင်ငံပိုင်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်၊ ပုဂ္ဂလိကပိုင် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၅၀၄ ဘီလီယံကျော် ပိုမိုတင်ပို့ထားနိုင်ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၅ လခွဲအတွင်း စက်မှုကုန်ချောပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၃၁ ဘီလီယံကျော် ပို့ကုန်ဝင်ငွေ ရရှိထားကြောင်း သိရသည်။ ယင်းအပြင် ကုန်သွယ်မှုစာရင်းတွင် ဖော်ပြထားသည့်စာရင်းများအရ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ၅ လခွဲအတွင်း နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၅ ဘီလီယံကျော် ရရှိထားပြီး ပုဂ္ဂလိကပိုင် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၆ ဘီလီယံကျော် ရရှိထားခြင်းဖြစ်ကြောင်းသိရသည်။
စက်မှုကုန်ချောပစ္စည်းအုပ်စုထဲတွင် ချုပ်ပြီးအထည်၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့၊ သကြားနဲ့ အခြားစက်မှုကုန်ချောပစ္စည်းများ ပါဝင်ပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များအနက် ချုပ်ပြီးအထည် ပြည်ပတင်ပို့မှုသည် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_30 September 2022
ဗဟိုဘဏ်ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ကျပ် ၃၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာပြီး တစ်ဒေါ်လာ ကျပ် ၂၈၀၀ ကျပ်သာရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းပေါက်ဈေးအဖြစ် တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ဈေး ဖြစ်ပေါ်နေပြီး ဒေါ်လာအရောင်းမရှိပဲ အဝယ်သာရှိကြောင်း ငွေလဲကောင်တာအချို့မှ သိရသည်။
ယင်းအပြင် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းခန့်အောက်သို့ ရောက်ရှိနေပြီး ကမ္ဘာ့ရွှေဈေးအပြင် ဒေါ်လာဈေးပါ ကျဆင်းလာသည့်အတွက် ပြည်တွင်းဈေးလည်း လိုက်ကျခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ငွေလဲနှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းတို့မှာ ဆက်တိုက်ကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးကျဆင်းခြင်းမရှိသေးပဲ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
“အခုဆိုရင် တခြားဟာတွေကဈေးကျနေပြီ။ အခြေခံစားသောက်ကုန်တွေက ဈေးမကျလာသေးဘူး။ ဈေးကမြင့်နေတုန်းပဲ။အထိုက်အလျောက်တော့ ပြန်ကျသင့်တယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက ကျတယ်ဆိုရင်တောင် အရမ်းကြီးကျမသွားဘူး။ နည်းနည်းပဲကျသွားတာ။ ဘာပဲပြောပြော ကုန်ဈေးနှုန်းကိုလည်းကျစေချင်တယ်”ဟု တောင်ဥက္ကလာတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 30 september 2022
ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၅၀၀ ကျော်ကို ထပ်မံခေါ်ယူရန် ကမ်းလှမ်းထားလျှက်ရှိကြောင်း တိုကျိုမြို့ရှိ သံရုံးက ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင်ရှိသည့် အလုပ်အကိုင်ကြီးကြပ်ရေးကုမ္ပဏီနှင့် စက်ရုံ၊အလုပ်ရုံများက မြန်မာအလုပ်သမားများခေါ်ယူရန် ကမ်းလှမ်းစာ ၁၇၀ ကျော် ပေးပို့ထားရှိကြောင်း ဆိုထားသည်။
အဆိုပါ ကမ်းလှမ်းစာတွေအရ ခေါ်ယူမည့်အလုပ်သမားဦးရေဟာ အယောက် ၅၄၀ ကျော်ဖြစ်ပြီး အလုပ်ကဏ္ဍမျိုးစုံပါဝင်ကြောင်းလည်း သိရသည်။
ဂျပန်နိုင်ငံဟာ ယခုနှစ်ဆန်းကစ၍ မြန်မာအလုပ်သမားတွေကို ဆက်တိုက်ခေါ်ယူနေခြင်း ဖြစ်သည်။
ယခုလိုခေါ်ယူသည့် အထဲမှာ နည်းပညာအလုပ်သင်လုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားတွေလည်းပါဝင်ကြောင်း သိရသည်။
လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ ခန့် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေလျှက်ရှိကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1343 of 1758