#Local_News
Published-23 May 2023


ဆိုက်ကလုန်းမုန်တိုင်း"မိုခါ"ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း ဇွန်လဆန်းပိုင်းတွင် လျှပ်စစ်မီးရရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးက ပြောကြားထားသည်။

 

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအပိုင်းမှာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့တဲ့အတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများစေလွှတ်ပြီး လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိရေး အဖွဲ့(၂၇)ဖွဲ့နဲ့  ဆောင်ရွက်လျက်ရှိကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မုန်တိုင်းဖြစ်ပြီးနောက်ပိုင်းမှစတင်၍ ဓာတ်အားလိုင်းရုံးတွေမှ ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်၊ စက်၊ ယာဉ်၊ ယန္တယား (၆၂)စီးနဲ့ ဆောင်ရွက်လျက်ရှိပြီး ဇွန်လဆန်းပိုင်းတွင် လျှပ်စစ်မီး ရရှိနိုင်မှာဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ပြောကြားထားကြောင်း သိရသည်။

 

#ymg/pl #Local_News #ရခိုင်ပြည်နယ် #လျှပ်စစ်မီးပြန်လည်ရရှိနိုင်
#YMG #Yangon-Media-Group