Published_ 22 Aug 2022
ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်တွေအနှေင့် နိုင်ငံရေး စင်မြင့်တွင် ယခုထပ်ပိုမိုပါဝင်လာစေဖို့နှင့် အဲဒီအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်တာတွေဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်
ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျောဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာ လင်းတို ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေကို ဗိုလ်ချူပ်မှူးကြီးက ဩဂုတ် ၂၂ ရက် နံနက် ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာမှာ ထည့်သွင်းပြောခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်
ထိုသို တွေ့ဆုံဆွေးနွေးရာတွင် နစကဥက္ကဋ္ဌက စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည့် အခြေအနေများ၊ ထိုသိုအနာဂတ်တွင် တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို ရောက်ရှိလာစေရေး ကြိုတင်ပြင်ဆင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်
ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး အတွက် ဆိုပါကတစ်သွေးတစ်သားတည်း၊ တစ်စိတ် တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တိုကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်
ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲချုပ်(PNLO)ဥက္ကဋ္ဌ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲဝင်များက လက်နက်ကိုင် ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး တည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘော ပေါက်ပြီး ငြိမ်းချမ်းမှုရရှိပြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်နေချိန်တွင် ဆင်ဖြူရတနာပေါ်ထွန်း လာမှုသည် လည်း နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် အတိတ်၊ နိမိတ်ကောင်း ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်
ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲသည် နစကမှ ဖွဲစည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီတိုနှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Published 22 Aug 2022
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းပေါ်မှာ မိသားစုတစ်စုဟာ ဘယ်တော့မှပြုံးမပြနိုင်တော့တဲ့ သူတို့ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးတစ်ဦးနှင့် အတူ ဓာတ်ပုံအရိုက်ခံနေပါတယ်။ အဲဒီအချိန်မှာပဲ နောက်ဆွေမျိုးအုပ်စုတစ်စုက သူတို့ရဲ့ ဘိုးဘွားတွေကို ကာကစ်နှင့် ရှပ်အင်္ကျီတွေ ဝတ်ဆင်ပေးနေကြပြန်ပါတယ်။
ဒါပေမယ့် အဲဒီဘိုးဘွားတွေက ဘိုးဘွားရိပ်သာထဲမှာပိတ်မိနေကြတာမဟုတ်သလို သူတို့ရဲ့ သားသမီးမြေးမြစ်တွေကိုလည်း မကျေမနပ် ဆောင့်ကြီးအောင့်ကြီးလည်း လုပ်ပြမနေနိုင်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘိုးဘွားတွေဟာ လူသေတွေဖြစ်နေလို့ပါ။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းက မြို့ငယ်ကလေးနှစ်မြို့မှာ ဒေသခံတွေဟာ မာနီနီလို့ ခေါ်တဲ့ တစ်ရက်တာ အခမ်းအနားတစ်ခုကို ကျင်းပနေကြတာပဲဖြစ်ပါတယ်။
တိုရီယာ ရွာသင်္ချိုင်းက မြှပ်ထားတဲ့ အခေါင်းတွေရာပေါင်းများစွာကို ပြန်ဖော်ကြပြီး သူတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို ပူဇော်ကန်တော့ကြပြီး လက်ဆောင်တွေပေးကမ်းကြပါတယ်။
“ ကျွန်တော်တို့ မာနီနီပွဲလုပ်တဲ့အခါ ပထမဆုံး ဂူတွေကိုဖွင့်ရတယ်။ပြီးတော့ မြေပုံတွေ ဂူတွေနှင့် အနီးတစ်ဝိုက်ကို သန့်ရှင်းရေးတွေလုပ်ရတယ်” လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဆူလီ တိုဆေးက အေအက်ဖ်ပီကိုပြောပါတယ်။
“ အဲဒီနောက် အလောင်းတွေကို အဝတ်အစားတွေ လဲမပေးခင် ခြောက်သွေံသွားအောင် နေလှန်းပေးရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တောင်နံရံတွေကို ထွင်းပြီး မြှပ်နှံထားတဲ့ ဂူအတွင်းထဲက ကြာရှည်ခံအောင်လုပ်ထားတဲ့ အလောင်းတွေထည့်ထားတဲ့ ခေါင်းတလားတွေကို ဆွဲထုတ်ယူကြပါတယ်။
“ ပေးကမ်းလှုဒါန်းတယ်ဆိုတာကလည်း ကွယ်လွန်သူတွေအပေါ် ကျန်ရစ်တဲ့ သားသမီးမြေးမြစ်တွေက ကျေးဇူးဆပ်တဲ့ သဘောပါပဲ” လို့ တိုရီယာကျေးရွာသူကြီး ရာမန်ဘာဒတ်စ်က အေအက်ဖ်ပီကိုပြောပါတယ်။
“ သူတို့က သေသူတွေရဲ့ ဝိညာဉ်တွေကို လေးစားဂုဏ်ပြုကြတယ်။ ဘေးကင်းစွာ နှင့် အေးချမ်းပျော်ရွင်စွာ အမြဲနေထိုင်နိုင်ဖို့ လုပ်ပေးကြတာဖြစ်တယ်” လို့ သူကပြောပါတယ်။
မိသားစုတစ်စုက ပြန်ဖော်ပြီးကာစ သူတို့ရဲ့ဆွေမျိုးသားချင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဆေးလိပ်တိုက်နေပါတယ်။ အခြားသူတစ်ဦးကတော့ နောက်ရုပ်အလောင်းတစ်ခုကို စတိုင်ကျကျ မျက်မှန်တစ်လက် တပ်ပေးနေပါတယ်။
အချို့ရုပ်အလောင်းတွေကတော့ ကျပ်စည်းထားတာ မပျက်မယွင်းရှိနေပြီး အချို့ကတော့ အရိုးစုပဲကြွင်းကျန်ရစ်တော့တာ တွေ့ရပါတယ်။
ဆူလာဝေဆီကျွန်းမှာ တိုရာဂျန်ဆိုတဲ့ လူမျိုးစုတွေက တစ်သန်းလောက်ကျန်ရှိနေပါသေးတယ်။
အလောင်းတွေနှင့်စကားပြောရတာ ၊အဝတ်အစားဝတ်ဆင်ပေးရတာ၊ဆံပင်ဖီးပေးရတာနှင့် ကျပ်စည်းထားတဲ့ဆွေမျိုးတွေနှင့် အတူဓာတ်ပုံရိုက်ကြရတာ သူတို့ စိတ်စနိုးစနောင့် သိပ်မဖြစ်ကြပါဘူး။
ရွာတွေအလိုက် အဲဒီပွဲကျင်းပတာ ဖြစ်ပြီး မာနီနီရွာကတော့ နှစ်အနည်းငယ်ကြာတိုင်း ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လမှာ ကျင်းပလေ့ရှိပါတယ်။
သေဆုံးသူတွေရဲ့ ဝိညာဉ်ဟာ သူတို့အသုဘအခမ်းအနားမကျင်းပမီအထိ လောကကြီးထဲမှာ တဝဲဝဲလည်နေတတ်ပြီး သူတို့ ဝိညာဉ်တွေ ထာဝရရှင်သန်ပြီးတဲ့နောက် သူတို့ဟာ ဝိညာဉ်မြေခရီးကိုစတင်တော့တာလို့ တိုရာဂျန်တွေက ယုံကြည်ထားကြ ပါတယ်။
မိသားစုတွေဟာ အသုဘအခမ်းအနားကျင်းပဖို့ ပိုက်ဆံလုံလောက်တဲ့အချိန်အထိ အလောင်းကို ကြာရှည်ခံအောင်လုပ်ထားတတ်ကြပါတယ်။
သူတို့ဟာ ရှာလကာရည်နှင့် လက်ဖက်ရွက်တွေလို သဘာဝဆေးတွေအဖြစ်အသုံးပြုကြပြီး အလောင်းကို မပုပ်မသိုးအောင် ကျပ်စည်းစီရင်ကြပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ မိသားစုတော်တော်များများက အလောင်းထဲ ဖော်မလင်ဆေးထိုးလာကြပါတယ်။
ဒီမြင်ကွင်းတွေဟာ အနောက်နိုင်ငံက ခရီးသွားတွေအတွက် ကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းနေပေမယ့် ဆွေမျိုးတွေကတော့ အလောင်းတွေကိုသန့်ရှင်းပေးရတာ ၊တွဲပြီး ဓာတ်ပုံရိုက်ရတာနှင့် သူတို့ဝိညာဉ်တွေကို ဆုတောင်းပေးရတာတွေအတွက် ပျော်ရွှင်နေကြပါတယ်။
ဒါပေမယ့် အချို့ဒေသခံတွေက လိုတာထက်အရမ်းပိုလုပ်နေကြတယ် လို့ သူကြီးကပြောပါတယ်။
“ အလောင်းတွေကို မာနီနီ အယူအရ လေးလေးစားးစား အရှိဆုံးနှင့် ဆက်ဆံဖို့လိုတယ်” လို့ သူကပြောပါတယ်။
“ ဆွေမျိုးတွေဟာ သူတို့ရဲ့မိဘတွေနှင့် ဘိုးဘွားဘီဘင်တွေကို ဂါရဝပြုကြတယ်။ ပြီးတော့ အကျိုးဆက်ကိုတော့ ဂရုမစိုက်ကြဘူး” လို့ သူကဆက်ပြောလိုက်ပါတယ်။
Source AFP
#Manene_Ceremony
#Indoenesia_Culture
#Sulawesi_island
#Local_News
Published _ 22 August 2022
တစ်ပတ်အတွင်း ပဲဈေးနှုန်းမှာ ၂၀ ရာခိုင်နှုန်းအထိမြင့်တက်နေပြီး အိန္ဒိယကို တင်ပို့ဖို့အတွက် ပြည်တွင်းက ပဲတွေ အဝယ်လိုက်နေတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 22 Aug 2022
အတိတ်တုန်းက လေ့လာသုတေသနပြုချက်တွေအရ ပျင်းရိခြင်းဟာ ဉာဏ်ရည်မြင့်မားခြင်းနှင့် ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း ကိုလံဘီယာက အဲဒီအချက်ကို အသည်းအသန်ကို လေးစားလိုက်နာနေတာဖြစ်ပါတယ်။ ဒါဟာ ကျီစယ်ပြောနေတာမဟုတ်ပါဘူး။ ကိုလံဘီယာဟာ “ အပျင်းထူနေ့” ပွဲတော်ကို နှစ်စဉ်ကျင်းပနေပါတယ်။ အဲဒီရက်ကို နိုင်ငံက တရားဝင်ရုံးပိတ်ရက်အဖြစ်တောင် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
ကမ္ဘာ့အပျင်းထူနေ့ ကို အပျင်းထူသောနေ့လို့လည်း သိထားကြပါတယ်။ကိုလံဘီယာ၊အီတာဂွီးမြို့ရဲ့ စက်မှု၊ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပွဲတော်ရဲ့ ပိတ်ပွဲနေ့မှာ ကမ္ဘာ့အပျင်းထူနေ့ကိုကျင်းပလေ့ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ အချိန်တွေကို ကျန်းမာပျော်ရွှင်အကောင်းမြင်စွာဖြင့် အသုံးချမှုမြှင့်တင်တာလို့ဆိုပါတယ်။ အဲဒီပွဲမှာ ကိုလံဘီယာပြည်သူတွေဟာ ပဂျားမား pyjamas အိပ်ရာဝင်ဝတ်စုံတွေဝတ်ပြီး သူတို့ရဲ့အိပ်ရာတွေကိုပါ လမ်းပေါ်ဆွဲထုတ်ကြကာ ပွဲတော်ကိုဆင်နွှဲပျော်ကြပါတယ်။
ကမ္ဘာ့အပျင်းထူနေ့ကို ၁၉၈၄ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနေ့ကလေးရဲ့ သီးခြားသဘောလက္ခဏာကတော့ ခေတ်သစ်ကမ္ဘာကြီးမှာ သက်သောင့်သက်သာ နေပြီး အနုပညာ၊ယဉ်ကျေးမှုနှင့် အနားယူကြဖို့လိုအပ်နေတာကို ထင်ဟပ်ပြသတာဖြစ်တယ်လို့သိရပါတယ်။
ယခုနှစ်မှာလည်း ဩဂုတ်လ(၂၁)ရက်နေ့မှာ “ကမ္ဘာ့အပျင်းထူနေ့”ပွဲတော်ကို ကိုလံဘီယာနိုင်ငံ အီတာဂွီးမြို့မှာ ထုံးစံအတိုင်း ကျင်းပခဲ့ကြပါတယ်။ပွဲတော်ဆင်နွှဲနေသူဟာ သူတို့သယ်လာတဲ့ အိပ်ရာတွေပေါ်မှာ ပျင်းရိငြီးငွေ့စွာ လဲလျောင်းအပန်းဖြေရင်း ဆူညံလှတဲ့တေးဂီတအသံတွေနှင့်အတူ လိုက်ပါလှည့်လည်ခဲ့ကြပါတယ်။ ကမ္ဘာ့အပျင်းထူနေ့ကို ၂၀၁၂ ခုနှစ်ကစပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့တယ်လို့လည်းသိရှိရပါတယ်။
Source AFP
#World_Day_of_Laziness
#Colombia
#Itagüí
ရုပ်သံကြည့်ရန်
#World_Wildlife
Published 22 August 2022
ကနေဒါ ဟတ်ဒ်ဆန်ပင်လယ်အော်တဝိုက်မှာ ဘယ်လူဂါဝေလငါးတွေက ခရီးသွားဧည့်သည်တွေရဲ့လှေတွေအနီးမှာ ရေငုပ်လိုက် ပြန်ပေါ်လာလိုက်နဲ့ သွားလာနေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_22August 2022
လတ်တလောမှာ ပုဂံဒေသမှာရှိတဲ့ ဟိုတယ်(၃)ပုံ(၁)ပုံခန့်သာ ပြန်ဖွင့်နိုင်သေးတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဌ ဦးဇော်ဝိတ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Pubblished-22 August 2022
ပြင်ပဈေးကွက်ထဲမှာ စားအုန်းဆီတစ်ပိသာကို ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေတယ်လို့ ရောင်းသူနဲ့ ဝယ်ယူသုံးစွဲသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 22 August 2022
အခုတစ်ပတ်ထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ အဝယ်လိုက်နေပြီး ဈေးနှုန်းတွေကလည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဘုရင့်နောင်ပွဲရုံဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 22 August 2022
၁။ ကြက်သွန်ဈေး ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ ကျော်ရှိနေ
၂။ စားအုန်းဆီဈေးနှုန်း တစ်ပိသာ ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေ
၃။ ပုဂံဒေသတွင် ဟိုတယ်(၃)ပုံ(၁)ပုံသာ ပြန်ဖွင့်နိုင်သေး၊ လာမယ့်ခရီးသွားရာသီအတွက် ပြင်ဆင်နေ
၄။ ကနေဒါနိုင်ငံဟတ်ဒ်ဆန် ပင်လယ်အော်၏ နွေရာသီပတ်ဝန်းကျင်သို့ ဘယ်လူဂါဝေလငါးများ ပြောင်းရွှေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_22 August 2022
လတ်တလောမှာ အင်းလေးဒေသထွက် စားသောက်ကုန်တွေအရောင်းအေးနေပေမယ့်လည်း ထိုင်းနိုင်ငံဘက်ကတော့ မှာယူမှုတွေရှိနေတယ်လို့ အင်းလေးဒေသထွက် စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 22 August 2022
ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အလုပ်သမား ၁၉၇ ဦးသည် ယနေ့သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထပ်မံထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား အမျိုးသား ၁၀၀ ဦးနှင့်အမျိုးသမီး ၉၇ ဦး(စုစုပေါင်း ၁၉၇ ဦး)သည် ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြပြီးနောက် ကော့သောင်းနယ်စပ်ဂိတ်၌ စစ်ဆေးမှုများခံယူကာ စက်လှေများဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့ ကုမ္ပဏီတာဝန်ရှိသူများက တစ်စုတစ်စည်းတည်းဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမားများသည် ထိုင်းနိုင်ငံရှိ Golden line Business Co,Ltd ၌ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ Hnin Oo Wai Co,Ltd မှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ကော့သောင်းခရိုင်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published-22 August 2022
မကြာခင် စပါးသစ်ထွက်ရှိတော့မည်ဖြစ်သော်လည်း ဈေးကွက်တွင် ဆန်ဈေးကျဆင်းနိုင်ခြေမရှိကြောင်း ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ဈေးကွက်ထဲ၌ ဆန်ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းစားသုံးဝယ်ယူ သိုလှောင်မှုများကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းသည်လည်း ဆန်ဈေးကို ပိုမြင့်စေခြင်းဖြစ်သည်။
ရန်ကုန်ဈေးကွက်တွင် မြောင်းမြ ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ၅၉၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်၊ ဈေးတက်လာကြောင်း၊ ဆန်ကြမ်းဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၃၆၅၀၀ ကျပ် မှ ၃၈၀၀၀ကျပ်၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၄၂၀၀၀ ကျပ် မှ ၄၄၀၀၀ ကျပ်၊ အသီးသီးဈေးတက်လာကြောင်းသိရသည်။
လက်ရှိအချိန်သည် မိုးစပါးစိုက်ပျိုးထားသည့် အချိန်ဖြစ်ပြီး ယခင်စပါးလက်ကျန်တွေကို မိုးစပါးစိုက်ပျိုးရန် အရင်းအနှီးပြန်လုပ်ရခြင်းကြောင့် တောင်သူလက်ထဲတွင် စပါးလက်ကျန်မရှိတော့သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း တတ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိစပါးဈေးနှုန်းကို မသတ်မှတ်ရသေးသည့်အတွက် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်း ၉ သိန်းကျော် ဆယ်သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။
Ymg/STH
#Yangon_Media_Group
Page 1345 of 1691