#World_Health
Published 22 March 2023
အလုပ်၊ လူမှုဘဝ၊ ကျန်းမာရေးကဏ္ဍတွေမှာ ညီညွတ်မျှတအောင် နေထိုင်နေရတာနဲ့တင် အိပ်ရေးပျက်ရတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။
အိပ်ရေးမဝတဲ့အခါ ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။
အိပ်ရေးမဝတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ ၅ ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မုန့်ပဲသရေစာစားချင်စိတ်ဖြစ်ခြင်း
ရုတ်တရက်ချည်း လမ်းဘေးစာတွေ မုန့်တွေစားချင်လာပြီဆိုရင် အိပ်ရေးမဝတဲ့လက္ခဏာ တစ်မျိုးဖြစ်ပါတယ်။
ဒါဟာ အားအင်ရစေရန်အတွက် ကယ်လိုရီ၊ အချိုဓာတ်၊ အဆီဓာတ်များတဲ့ စားစရာတွေကို စားချင်လာတာဖြစ်ပါတယ်။
အိပ်ရေးပျက်ပြီးတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားစရာတွေကို စားချင်လာတာဟာ အနံ့အာရုံကို အဓိကသက်ရောက်နေပါတယ်။
(၂) မှတ်ဉာဏ်အားနည်းခြင်း
လူတွေက ပင်ပန်းတဲ့အခါ ပိုပြီးမေ့လျော့တတ်ကြပါတယ်။
အိပ်ရေးပျက်တဲ့အခါ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ပြန်ဖော်ခြင်းတို့ကို ထိခိုက်စေပါတယ်။
ဦးနှောက်မှတ်ဉာဏ်သာမက လှုပ်ရှားမှု၊ ကြွက်သားတုန့်ပြန်မှုတို့ကိုပါ သင်ယူနိုင်စွမ်း ယုတ်လျော့သွားတာဖြစ်ပါတယ်။
(၃) ကိုယ်အလေးချိန်တက်ခြင်း
အိပ်ရေးမဝတဲ့အခါ ဗိုက်ဆာပြီး စားချင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။
ဒါကြောင့် အစားပိုစားမိပြီး ဗိုက်ပြည့်တဲ့စိတ်ကို လှုံ့ဆော်ရာမှာ နှေးကွေးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် သကြားနဲ့အဆီတို့ကို ထိန်းသိမ်းပေးတဲ့ ဟော်မုန်းကိုလည်း ထွက်ရှိစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆီပိုများလာတာဖြစ်ပါတယ်။
(၄) ဆုံးဖြတ်ချက်မှားယွင်းတတ်ခြင်း
အိပ်ရေးပျက်တဲ့အခါ မှားယွင်းပြီး အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တွေ ချတတ်ကြောင်း ၂၀၂၀ အီတလီလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ဦးနှောက်က တွေးခေါ်မှု၊ လုပ်ကိုင်နိုင်စွမ်း၊ စိတ်ခံစားချက်တို့ကို ထိန်းချုပ်ပေးတဲ့ အစိတ်အပိုင်းက စွမ်းဆောင်ရည်ကျဆင်းတာကြောင့် ဖြစ်ပါတယ်။
(၅) ကိုယ်အပူချိန်တက်ခြင်း
ကိုယ်တွင်းအပူချိန်ကိုထိန်းညှိဖို့အတွက် အိပ်စက်ခြင်းကလည်း အလွန်အရေးကြီးပါတယ်။
အိပ်ရေးပျက်တဲ့အခါ လူတွေက ပိုမိုပင်ပန်းပြီး ဦးနှောက်ကလည်း ပိုပြီးပူထူလာတတ်ကြောင်း ဘော့စ်တွန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆိုပါတယ်။
ဒါကြောင့် ကိုယ်ပူပြီး စိတ်ရှုပ်ထွေးလာတယ်ဆိုရင် အိပ်စက်သင့်တဲ့လက္ခဏာ ဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Science
Published 26 February 2023
လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေကြီးရဲ့အပေါ်ယံလွှာအောက်မှာ အရည်ပျော်နေတဲ့အူတိုင်ကြီးရှိပြီး အပူချိန်ထောင်ပေါင်းများစွာဒီဂရီရှိတယ်ဆိုတာကို သိရရင် အံ့ဩရမှာဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ အလယ်တည့်တည့်မှာ သတ္တုအူတိုင်ကြီးရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ နှစ်ပေါင်းများစွာ အဖြေရှာနေကြရပါတယ်။
Nature Communications ဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ရာမှာ ကမ္ဘာကြီးရဲ့သတ္တုအူတိုင်အတွင်းမှာ သံလုံးကြီးထူးထူးခြားခြားရှိနေတယ်လို့ ဆိုပါတယ်။
လေ့လာချက်အရ တွေ့ရှိထားတဲ့အလယ်တည့်တည့်မှာ သံ-နီကယ်သတ္တုစပ်ဖြင့် ဖွဲ့စည်းထားတဲ့ ၆၄၄ ကီလိုမီတာအကျယ်ရှိ သတ္တုလုံးကြီးရှိနေပါတယ်။
အရင်က ဒီသံလုံးကိုမတွေ့မိကြတာဟာ အပြင်လွှာမှာ အခြားဒြပ်စင်များနဲ့အတူ အလားတူ သံ-နီကယ်သတ္တုစပ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဖြစ်ပါတယ်။
ကမ္ဘာ့အူတိုင်က အလွန်မတန်ပူနိုင်တာကြောင့် သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေရဲ့အတွင်းပိုင်းမှာ ဘာတွေရှိလဲဆိုတာကိုသိရဖို့ မြေငလျင်သိပ္ပံပညာကို အသုံးပြုခဲ့ပါတယ်။
ကမ္ဘာ့မြေကြောတလျှောက် ငလျင်ကြောရွေ့တဲ့အခါ ဒြပ်ထုအမျိုးမျိုးကိုဖြတ်သန်းပြီး လမ်းကြောင်းဦးတည်ချက် ပြောင်းသွားကြပါတယ်။
ဒီသဘောအတိုင်း လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာ့အူတိုင်မှာ ဘာရှိသလဲဆိုတာကို ပုံဖော်ကြည့်ကြတာဖြစ်ပါတယ်။
အတွင်းအကျဆုံးအလုံးကနေ အပြင်ဘက်အခွံသို့ တဖြည်းဖြည်းပြောင်းလဲပုံရပြီး ဒါကြောင့် ငလျင်လှိုင်းတွေရဲ့ တိုက်ရိုက်ရောင်ပြန်ဟပ်မှုမှတဆင့် သတိမပြုမိတာဖြစ်နိုင်ကြောင်း ဒေါက်တာ'ထန်းဆွမ်ဖမ်'က ပြောပြပါတယ်။
အတွင်းပိုင်းအလွှာကို တွေ့ရှိတာဟာ သိပ္ပံပညာရှင်တွေအနေနဲ့ အဆုံးစွန်အထိ နားလည်သဘောပေါက်စေနိုင်ရန် မျှော်လင့်ရန် ပြီးခဲ့တဲ့ရာစုနှစ်များအတွင်း ဘယ်လိုပြောင်းလဲလာသလဲ၊ အနာဂတ်မှာရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာတွေကိုပါ နားလည်လာရန် မျှော်လင့်နိုင်ပါတယ်။
#Source: WION #World_Science #သိပ္ပံပညာရှင် #ကမ္ဘာ့ဗဟိုတည့်တည့်အူတိုင် #YMG #Yangon_Media_Group
#Local_News
Published_ 26 February 2023
ရန်ကုန်မြို့၊ MCC ခန်းမ၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုတွေ့ဆုံပွဲကိုကျင်းပခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဌ ဦးမျိုးဇော်သိန်း ၊ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ များ၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီဝင် လူငယ် မောင်မယ်များနှင့် ပါတီဝန်းရံသူများအင်အားစုစုပေါင်း ၃၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူငယ်များနှင့်ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 25 February 2023
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ ကမ္ဘာ့ရွှေဈေးဆက်တိုက်ကျဆင်းလာပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ပေါက်ဈေးဟာ တစ်အောင်စကို ၁၈၁၀ ဒေါ်လာအထိ ဈေးကျလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #Gold #Business #Market_Price #YMG
#Yangon_Media_Group
#Local_News
Published_ 25 February 2023
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက BUS ကားစောင့်နေစဉ် အသက်၂၀ အရွယ်မိန်းကလေးတစ်ဦး လုယက်ခံရပြီး ဓါးထိုးမှုဖြစ်ပွားခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက သိရပါတယ်။
#BUS #Local_News #လုယက်ခံရ #ဓားထိုးခံရ #ရန်ကုန်တိုင်းဒေသကြီး #ဒေါပုံမြို့နယ် #YMG #Yangon_Media_Group
#World_Animal
Published 25 February 2023
ဂျပန်နိုင်ငံမှာ ၂၈ နှစ်ကြာအောင်နေထိုင်ခဲ့တဲ့ ပန်ဒါကြီး'အဲမေ'နဲ့ အမွှာသမီး ၂ ကောင်ဟာ ဂျပန်အနောက်ပိုင်း ဝါကာယာမာပန်းခြံကနေ တရုတ်နိုင်ငံအနောက်တောင်ဘက် စီချွမ်ပြည်နယ် ချန်ဒူမြို့သို့ ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ ရောက်ရှိလာပါတယ်။
#World_Animal #ပန်ဒါကြီး #အမွှာသမီး #Japan #YMG
#Yangon_Media_Group
#Health_Matters
Published - 25 Feb 2023
- မြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးမှာ ရေလုံခြုံရေးကို ဘယ်လိုဆက်စပ်ဆောင်ရွက်နေပါသလဲ??
#Dr.KML #Health_Matters #ရေလုံခြုံရေး #ပြည်သူ့ကျန်းမာရေး
#YMG #Yangon_Media_Group
#Local_News
Published_ 25 February 2023
လတ်တလောမှာ ရန်ကုန်မှာ ခိုးဆိုးလုနှိုက်တွေပေါများနေတဲ့အတွက် ကြိုတင်သတိပြု ကာကွယ်ရန်လိုအပ်တယ်လို့ ကိုယ်လုံပညာသင်တန်းကျောင်းမှ သင်တန်းဆရာတစ်ဦးထံမှ သိရပါတယ်၊၊
#ခိုးဆိုးလုနှိုက် #Local_News #ကြိုတင်သတိပြု #YMG
#Yangon_Media_Group
#Health_Matters
Published - 25 Feb 2023
- ရေလုံခြုံရေးနှင့် ပြည်သူ့ကျန်းမာရေး ဘယ်လိုဆက်စပ်နေပါသလဲ??
#Dr.KML #Health_Matters #ရေလုံခြုံရေး #ပြည်သူ့ကျန်းမာရေး
#YMG #Yangon_Media_Group
#DailyNews
Published_ 25 February 2023
၁။ ခိုးဆိုးလုနှိုက်များပေါများနေသဖြင့် ကြိုတင်သတိပြုကာကွယ်ရန်လိုဟုဆို
၂။ BUS ကားစောင့်နေစဉ် လုယက်ခံရပြီး ဓားထိုးခံရမှု ဖြစ်ပွား
၃။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာ ကမ္ဘာ့ရွှေဆင်းအကျဘက် ဦးတည် လာပြီး ပြည်တွင်းရွှေဈေးဆက်တိုက်ကျဆင်း
၄။ အသက်(၃၀)အရွယ် ပန်ဒါကြီးနှင့်အမွှာသမီး(၂)ကောင်အား ဂျပန်မှတရုတ်သို့ ပြောင်းရွှေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published - 25 Feb 2023
- ရေလုံခြုံရေးဆိုတာ ဘာကိုဆိုလိုတာပါလဲ??
#Dr.KML #Health_Matters #ရေလုံခြုံရေး #ပြည်သူ့ကျန်းမာရေး
#YMG #Yangon_Media_Group
#Local_News
Published-25 February 2023
ဖိလစ်ပိုင်နိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား များထဲမှ ၁၄ ဦး ပြည်တွင်းသို့ ပြန်ရောက်ခဲ့ကြကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
လူကုန်ကူးခံရသူ ၂၁ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ဆယ်ထားပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် ၄ ဦး ပြန်လည် ပို့ဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ၂၄ ရက်က ၁၀ ဦး ထပ်မံ ပို့ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊နောက်ထပ် ၇ ဦး ကျန်နေသေးပြီး မကြာမီ ပြန်လာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။
ယင်းလူကုန်ကူးခံရသူများမှာ ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ရန် လာရောက်ကြသူများ ဖြစ်ပြီး ယင်းက တစ်ဆင့် လူကုန်ကူးခံရကာ လုပ်ငန်းခွင်အတွင်း အဓမ္မခိုင်းစေခံခဲ့ကြရကြောင်းလည်း သိရသည်။
လူကုန်ကူးခံရသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM) ၊ International Justice Mission တို့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
#ymg/mt #Local_News #ဖိလစ်ပိုင်နိုင်ငံ #လူကုန်ကူးခံခဲ့ရ #YMG
#Yangon_Media_Group
Page 1342 of 1999