#World_Politics
Published 24 May 2023

 

ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ရုံးက ဝန်ကြီးချုပ်ဟောင်း'ဘောရစ်ဂျွန်ဆန်'ကို ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့ကြောင်း မီဒီယာများက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

ဂျွန်ဆန်ဟာ ဝန်ကြီးချုပ်နေအိမ်မှာ မိသားစုဝင်တွေ မိတ်ဆွေတွေကိုဧည့်ခံခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ တာဝန်ရှိသူများက အခိုင်အမာဆိုထားပါတယ်။

 

ကိုဗစ်လော့ဒေါင်းချိုးဖောက်တယ်လို့ စွပ်စွဲရတဲ့ အချက်အလက် ၂ ခုကို အစိုးရဝန်ကြီးဌာနက ရဲတပ်ဖွဲ့နှစ်ဖွဲ့ထံ ပေးအပ်ခဲ့တာဖြစ််ပါတယ်။

 

ဝန်ကြီးအဖွဲ့ရုံးက အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ကာ အများပြည်သူစုံစမ်းစစ်ဆေးမှုအတွက် တင်ပြချက်များပြင်ဆင်နေချိန်မှာ တွေ့ရှိရတဲ့အချက်အလက်များအပေါ် အခြေခံပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

 

ဒါကြောင့် ဂျွန်ဆန်ဟာ ပါတီအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုများနဲ့ ထပ်မံကြုံတွေ့နေရတာဖြစ်ပါတယ်။

 

ဇွန်လ ၂၀၂၀ နဲ့ မေလ ၂၀၂၁ ကြား ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ကိုဗစ်လမ်းညွှန်ချက်ချိုးဖောက်မှု ဖြစ်နိုင်ချေများနဲ့ပတ်သက်ပြီး လန်ဒန်ရှိ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ လတ်တလောအချက်အလက်များကို အကဲဖြတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ထိုကဲ့သို့စည်းမျဉ်းချိုးဖောက်မှုများနဲ့ပတ်သက်ပြီး သိမ်းတောင်ကြားရဲတပ်ဖွဲ့ကလည်း အထောက်အထားသစ်များ ဆန်းစစ်နေတယ်လို့ The Times မှ ဖော်ပြထားပါတယ်။

 

ဂျွန်ဆန်ရဲ့ပြောရေးဆိုခွင့်ရှိသူပြောကြားရာမှာ ဂျွန်ဆန်ရဲ့တရားဝင်ဒိုင်ယာရီထဲမှ လုပ်ဆောင်ချက်အချို့ကို ဝန်ကြီးများရုံးက ကိုဗစ်စုံစမ်းစစ်ဆေးမှုပြင်ဆင်နေစဉ်အတွင်း မေးမြန်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

စစ်ဆေးပြီးနောက် ဖြစ်ရပ်တွေဟာ ဥပဒေညီပြီး ကိုဗစ်စည်းမျဉ်းများချိုးဖောက်ထားခြင်းမရှိဘူးလို့ ဂျွန်ဆန်ရဲ့ရှေ့နေတွေက ဝန်ကြီးများရုံးနဲ့ အခွင့်အရေးကော်မတီထံ ရေးသားဖော်ပြခဲ့ပါတယ်။

 

ဒါဟာ ဘာအကြောင်းပြချက်မှမရှိဘဲ နိုင်ငံရေးလှုံ့ဆော်မှုတစ်ခုဆိုတာ သိသာထင်ရှားတယ်လို့ ဂျွန်ဆန်ရဲ့အဖွဲ့က သတ်မှတ်လိုက်ပါတယ်။

 

ဒါပေမဲ့ အစိုးရအဖွဲ့ရုံးက ပြည်သူ့ဝန်ထမ်းဥပဒေဆိုင်ရာ တာဝန်များနဲ့အညီ ရဲတပ်ဖွဲ့ထံ အချက်အလက်များပေးပို့ထားကြောင်း အတည်ပြုလိုက်ပါတယ်။

 

ဗြိတိန်မှာ ကိုဗစ်လော့ဒေါင်းကာလအတွင်း ပါတီစုဝေးပွဲများကို ပိတ်ပင်ထားစဉ် ဂျွန်ဆန်အစိုးရအဖွဲ့က ဒေါင်းနင်းလမ်းဝန်ကြီးချုပ်ရုံးမှာ ပါတီအများအပြား စီစဉ်ပြုလုပ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချခံခဲ့ရပါတယ်။

 

သူ့ပါတီဟာလည်း စွပ်စွဲချက်အများအပြားကြုံတွေ့ခဲ့ကာ ပြီးခဲ့တဲ့နွေရာသီက ဝန်ကြီးချုပ်အဖြစ်မှ ရာထူးဖယ်ရှားခံခဲ့ရပါတယ်။

 

Source: WION #World_Politics ##ကိုဗစ်-၁၉စည်းမျဉ်းချိုးဖောက်
#ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆန် #YMG #Yangon_Media_Group