#Local_News
Published_ 3 June 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စစ်တွေကမ်းနားလမ်း မြစ်ပြင်ထဲဆင်းသွား၍ပျောက်ဆုံးနေသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရေထဲဆင်း၍ မိမိကိုယ်ကိုယ် သတ်သေကြောင်း ယူဆရ၍ ရှာဖွေမှုမှုများလုပ်ဆောင်နေကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကသိရသည်။

အသက် ၄၅ နှစ်အရွယ်စစ်တွေနည်းပညာအထက်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးသိန်းနိုင်သည် ဇွန်လ ၂ရက် မွန်းလွဲ၁၂နာရီခွဲကျော်အချိန်တွင် ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့်စစ်တွေဖောင်တော်ဟောင်းလမ်းကြားရှိကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့ တစ်ဦးတည်းဆင်းသွားရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

"ရေထဲဆင်းသွားချိန်မှာ ကမ်းနားလမ်းက အလုပ်သမားတွေကမြင်လိုက်တယ်။ သူနဲ့အတူပါလာတဲ့ ပစ္စည်းတွေကို ကမ်းနားမှာချထားခဲ့တယ်။လောလောဆယ်မှာ ရှာဖွေနေကြောင်း"အဆိုပါပရဟိအအသင်းကသိရသည်။

ပျောက်ဆုံးနေသူဆရာကြီးအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်များအ သင်းက ကမ်းနားလမ်းတစ်လျှောက် ပွိုင့်ကမ်းခြေတို့တွင်ရှာဖွေနေကြကြောင်းသိရသည်။

ပျောက်ဆုံးနေသူကျောင်းအုပ်ဆရာကြီးမှာ စစ်တွေတွင်တာဝန်ထမ်းဆောင်နေသော ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

#ymg/BM
#YMG #Yangon_Media_Group