ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်တွေအတွက် ရထားလက်မှတ်တွေကို အွန်လိုင်းကနေဝယ်ယူနိုင်ဖို့ Pilot Project အဖြစ်လာမယ့် ဖေဖော်ဝါရီလမှာစတင်တော့မယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 26 January 2026
#Pilot_Project #ရထားလက်မှတ်
#YMG/NN #Yangon_Times
ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ မတ်ပဲများပြည်ပပို့ကုန်ဈေးရော ပြည်တွင်းဖြန့်ဖြူးဈေးပါမြင့်တက်လာတယ်လို့ ပဲကုန်သည်များထံမှ သိရပါတယ်။
#Local_News
Published 26 January 2026
#မတ်ပဲ #ပဲ
#YMG/SW #Yangon_Times
ငလျင်ဒဏ်သင့်အဆောက်အအုံများပြင်ဆင်ရာတွင် ပျက်စီးမှုအမျိုးအစားအလိုက်လုပ်ငန်းစဉ်များကို တိကျစွာလိုက်နာရန်လိုအပ်တယ်လို့အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြောပါတယ်။
#Local_News
Published 26 January 2026
#ငလျင်
#YMG/SW #Yangon_Times
#Local_News
Published 26 January 2025
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုထိပါးစေပြီး နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံစွပ်စွဲမှုများအား ကန့်ကွက်ရှုတ်ချကြောင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်မှ သဘောထားထုတ်ပြန်ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar)သည် နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သမိုင်းရေးဖြစ်စဉ်၊ နိုင်ငံရေးအမြင်များဖြင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များအား ဥပဒေနှင့်အညီ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ရင်ဆိုင်ဖြေရှင်းလျက်ရှိနေကြောင်းသိရသည်။
▪️ ထိုသို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုင်ငံတော်နှင့် မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်သိက္ခာကို တာဝန်ယူလျက်ဥပဒေ၊ သက်သေအထောက်အထားများနှင့်အညီ ရင်ဆိုင်ကြိုးပမ်းစွမ်းဆောင်နေမှုများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဂုဏ်ပြုထောက်ခံထားပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent Of Myanmar) ၏ တရားဥပဒေအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်နေမှုများအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်လျက်ရှိပါကြောင်း သဘောထားထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 January 2025
▪️ Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇန်နဝါရီ ၂၄ရက်နေ့က ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များမှ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားစဥ်ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလ ပွင့်လင်းရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် Fire Hotspots ဖြစ်ပေါ်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော PM 2.5 အမှုန်များသည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမီးခိုးမြူငွေ့များသည် လေစီးကြောင်းအတိုင်း တစ်နိုင်ငံမှတစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ၊ ထိုင်းနှင့် လာအိုသုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကို ရေးဆွဲထုတ်ပြန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
▪️ အလားတူ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပွားမှုအရေအတွက် သည် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၅၀၂၅ ခု တွေ့ရှိရသဖြင့် ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားသည် ကို တွေ့ရှိရကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရ၍ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆက်လက်လျော့နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစားသဘာဝမြေဩဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို အလေးထားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သောနည်းပညာ၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်ရေး၊ Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဌာနအသီးသီးနှင့် အဖွဲ့အစည်းများ၊ ဒေသခံများအားလုံးအတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
(၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ်(၂၀)ခုအပါအဝင် ဆုတံဆိပ်ပေါင်း(၅၉)ခု ဆွတ်ခူးထားတယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 26 January 2026
#မြန်မာမသန်စွမ်းအားကစား #အာဆီယံမသန်စွမ်း
#YMG/NN #Yangon_Times
#Daily_News
Published 26 January 2025
၁။ ရထားလက်မှတ်များအွန်လိုင်းမှဝယ်ယူရန် Pilot Project အဖြစ်စတင်မည်
၂။ ပြည်ပပို့ကုန် မတ်ပဲများဈေးတက်လာ
၃။ ငလျင်ဒဏ်သင့် အဆောက်အအုံများ ပြင်ဆင်ရာတွင်လုပ်ငန်းစဉ်များကို တိကျစွာလိုက်နာရန်လို
၄။ ရေခဲပြင်၌ယှဉ်ပြိုင်သည့်ရေခဲနဂါးလှေပြိုင်ပွဲ တရုတ်၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 January 2026
■ TikTok တရုတ်ပိုင်ရှင်ကုမ္ပဏီ ByteDance က အမေရိကန်မှ ပိတ်ပင်တားမြစ်တာကို မဖြစ်ချင်တဲ့အတွက် အမေရိကန်ပိုင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကြီး ပြုလုပ်သွားဖို့ သဘောတူညီချက်ကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
■ သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတော်လုံခြုံရေးပြဿနာများကြောင့် TikTok အက်ပ်ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၀ ဩဂုတ်လကစတင်ပြီး အခြေအတင်တွေ ဖြစ်ခဲ့ကြရာ အခုတော့ မှတ်ကျောက်တစ်ခု ဖြစ်လာတော့မှာပါ။
■ အမေရိကန် ပိုင်ဆိုင်မှုအချက်အလက်တွေ ByteDance က ရောင်းချရင်ရောင်းချ၊ မဟုတ်ပါက ပိတ်ပင်ခံရမယ်ဆိုတဲ့ ဥပဒေကို ထရမ့်က နောက်ပိုင်းမှာ မထုတ်ပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။
■ TikTok USDS ပူးပေါင်းလုပ်ငန်းကြီး LLC က အမေရိကန်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ၊ အက်ပ်တွေ၊ အယ်ဂိုရစ်သမ်တွေကို လုံခြုံစိတ်ချအောင်ထားကာ ဒါတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချို့ ချပြထားပါတယ်။
■ ယခုလုပ်ငန်းသစ်ကြီးကို အမေရိကန်နဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ Oracle ၊ Silver Lake ၊ MGX holding တို့က ၁၅ ရာခိုင်နှုန်းစီဖြင့် ByteDance က ၁၉.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပါတယ်။
■ ပုဂ္ဂိုလ်ရေးရာနဲ့ ဆိုက်ဘာလုံခြုံရေး အတိုင်းအတာများဖြင့် အမေရိကန်နဲ့ တရုတ်အစိုးရတို့က သဘောတူညီချက်ကို အသိအမှတ်ပြုခဲ့ပါတယ်။
■ ပူးပေါင်းလုပ်ငန်းကြီးက အမေရိကန် အချက်အလက်တွေနဲ့ အယ်ဂိုရစ်သမ်တွေကို ထိန်းချုပ်သွားမှာဖြစ်ကာ ByteDance ကတော့ စီးပွားရေးနဲ့ ကြော်ငြာတို့လို ဝင်ငွေရရှိစေတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။
■ TikTok USDS က TikTok ရဲ့ အမေရိကန်အက်ပ်ကို ဆောင်ရွက်မှာဖြစ်ပြီး အယ်ဂိုရစ်သမ်တွေကို Oracle ရဲ့ အမေရိကန် cloud ထဲမှာ လုံခြုံစိတ်ချရအောင် ထိန်းသိမ်းထားမှာဖြစ်ပါတယ်။
Source: Reuters
#World_News
Published 26 January 2026
■ အမေရိကန်မှ အဲလက်စ်ဟွန်နိုးလ်ဟာ တနင်္ဂနွေနေ့က Taipei 101 မိုးမျှော်စင်ကြီးပေါ်ကို ကြိုးအကူအညီတွေ ဘာမှမပါဘဲ တွယ်တက်ခဲ့ကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတစ်ခုကို တက်နိုင်ခဲ့တာဖြစ်ပြီး လူထောင်ပေါင်းများစွာက အားပေးနေခဲ့ပါတယ်။
■ ဒါကို Netflix က ရိုက်ကူးတင်ဆက်ခဲ့ပြီး ၉၁ မိနစ်ကြာ တစ်ကိုယ်တော် တွယ်တက်ခဲ့ပြီးနောက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။
■ ဒီနောက် ထိုင်ပေရဲ့ လှပတဲ့ရှုခင်းကို ဒီကနေ မြင်ခဲ့ရကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
■ ၅၀၈ မီတာမြင့်တဲ့ Taipei 101 မိုးမျှော်စင်ဟာ ၂၀၀၄ မှ ၂၀၁၀ အတွင်း ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦဖြစ်ခဲ့သလို ခရီးသွားဧည့်သည်တွေ ဆွဲဆောင်ရာနေရာလည်း ဖြစ်ပါတယ်။
■ ဟွန်နိုးလ်ဟာ ဘေးကင်းလုံခြုံရေးပစ္စည်းများ မပါဘဲနဲ့ Taipei 101 ၊ မြို့တော်အစိုးရတို့ရဲ့ ထောက်ခံခွင့်ပြုချက် အပြည့်အဝဖြင့် တက်ခဲ့တာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ခွင့်ပြုချက်မရယူဘဲ တက်ဖို့စဉ်းစားမိခဲ့သေးတယ်လို့ ဆိုပါတယ်။
■ ဒီကလူတွေရော အဆောက်အဦကိုရော လေးစားမှုပေးတဲ့အနေနဲ့ တရားဝင်တက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
■ အမှုဆောင်ထုတ်လုပ်ရေးမှူး ဂျိမ်းစမစ်က လူတစ်ဦးကို ဒီလိုတက်ရောက်ဖို့ ယုံကြည်ခွင့်ပြုခဲ့တာဟာ ရှားပါးပြီး Taipei 101 က ဒီနိုင်ငံရဲ့ တကယ့်အမှတ်အသားတစ်ခုပဲလို့ သတ်မှတ်သွားပါတယ်။
Source: Reuters
#World_Science
Published 26 January 2026
■ တောင်အာဖရိကနဲ့ ဆွီဒင်တို့မှ သုတေသီတွေက ကမ္ဘာပေါ်က ရှေးအကျဆုံး အဆိပ်လူးမြှားခြေရာတွေ တွေ့ရှိခဲ့ပါတယ်။
■ တောင်အာဖရိက ကွာဇူလူနေတယ်မှာရှိတဲ့ Umhlatuzana Rock Shelter မှ နှစ်ပေါင်း ၆ သောင်းရှိတဲ့ မြှားခေါင်းတွေဖြစ်ပြီး Boophone disticha အပင်မှ ဓာတုအဆိပ်အကြွင်းအကျန်များကို တွေ့ရှိခဲ့ကာ ယနေ့ခေတ် ထိုဒေသမှ မုဆိုးများအသုံးပြုနေဆဲ အဆိပ်ပင်ဖြစ်ပါတယ်။
■ တောင်အာဖရိကနဲ့ ဆွီဒင်မှ သုတေသီများ ပူးပေါင်းမှုရဲ့ရလဒ်ဖြစ်ပြီး သုတေသနဆက်လက်ပြုလုပ်ဖို့ တွန်းအားဖြစ်စေကြောင်း စတော့ခ်ဟုမ်းတက္ကသိုလ် ရှေးဟောင်းသုတေသနဓာတ်ခွဲခန်းမှ ပရော်ဖက်ဆာ ဆဗင်အီဆက်ဆန်က ပြောပါတယ်။
■ အာဖရိကတောင်ပိုင်းမှ ရှေးလူမျိုးတွေဟာ လေးနဲ့မြှားကို ထင်ထားတာထက်စောပြီး တီထွင်ခဲ့ရုံမက သဘာဝရဲ့ ဓာတုအဆိပ်ကိုလည်း သဘောပေါက်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဖြစ်တယ်လို့ ယိုဟန်ဘတ်ဂ်တက္ကသိုလ်မှ သုတေသီပရော်ဖက်ဆာ မာလစ်ဇ်လွမ်ဘတ်က ပြောပါတယ်။
■ အဆိုပါအပင်ထဲမှာ အယ်ကာလွိုက်ဘူဖန်ဒရင်း၊ အက်ပီဘူဖန်နစ်ဆင်းတို့ ပါဝင်ပြီး အလွန်အဆိပ်သင့်အာနိသင်ရှိတဲ့အတွက် မုဆိုးတွေ အသုံးပြုကြပါတယ်။
■ အလားတူ အပင်အခြေပြုအဆိပ်တွေကို နှစ်ပေါင်း ၂၅၀ သက်တမ်းရှိ မြှားခေါင်းတွေမှာ တွေ့ရှိထားပြီး ဗဟုသုတနဲ့ ရိုးရာအသိပညာတို့ ဆက်ရှိနေတာကို မြင်နေရပါတယ်။
■ ရှေးခေတ်မုဆိုးတွေဟာ နည်းစနစ်ကျွမ်းကျင်တဲ့အပြင် အဆိပ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိရှိနားလည်ကြောင်း တွေ့ရှိရတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။
Source: Phys
#World_Health
Published 26 January 2026
■ ခန္ဓာကိုယ်ထဲက နေ့ညလည်ပတ်မှုစက်ဝန်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ကြား ဆက်စပ်နေတဲ့အကြောင်း တွေ့ရှိထားပါတယ်။
■ နေ့ညလည်ပတ်မှုစက်ဝန်းဆိုတာက ၂၄ နာရီအတွင်း အိပ်ချင်လာတဲ့အချိန် နိုးကြားတဲ့အချိန်တို့ကို အဆုံးအဖြတ် ပေးပါတယ်။
■ နေ့ညလည်ပတ်မှုစက်ဝန်း အားကောင်းသူတွေဟာ အိပ်ချိန် နိုးကြားချိန်ပုံစံတွေက တသမတ်နီးပါး ဖြစ်နေပါတယ်။
■ လည်ပတ်မှုစက်ဝန်း အားနည်းသူတွေဟာတော့ အိပ်စက်မှုနဲ့ လှုပ်ရှားမှုအချိန်တွေက ပြောင်းလဲနေတတ်ပါတယ်။
■ နေ့ညလည်ပတ်မှုစက်ဝန်း နှောင့်ယှက်ခံရတဲ့အခါ ဒီမန်ရှာလိုမျိုး အာရုံကြောချို့ယွင်းရောဂါများ ဖြစ်လာနိုင်တယ်လို့ သုတေသနပြုစုသူ ဝင်ဒီဝမ်က ပြောပါတယ်။
■ သုတေသီတွေက လူပေါင်း ၂ ထောင်ကျော်ထံမှ အချက်အလက်များ လေ့လာခဲ့ကြရာ ၁၇၆ ဦးက ဒီမန်ရှာရောဂါ ဖြစ်လာကြပါတယ်။
■ နေ့ညလည်ပတ်မှုစက်ဝန်း အားနည်းသူတွေက ဒီမန်ရှာဖြစ်နိုင်ခြေ ၂ ဆခွဲလောက် ပိုများနေခဲ့ပါတယ်။
■ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်နောက်ပိုင်း လှုပ်ရှားမှုအများဆုံး ရှိသူတွေဟာ ဒီထက်ပိုစောတဲ့အချိန်မှာ လှုပ်ရှားမှုအများဆုံး ရှိသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
■ နေထိုင်စားသောက်မှုပုံစံ ထိန်းချုပ်ခြင်း၊ အလင်းကုထုံးစတဲ့ နေ့ညလည်ပတ်မှုစက်ဝန်းကို အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ရှာဖွေကာ ဒီမန်ရှာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
■ ဒီမန်ရှာရောဂါဖြစ်သူတွေ သိသိသာသာ မြင့်တက်လာပြီး ၂၀၆၀ ခုနှစ်မှာ နှစ်စဉ်ရောဂါဖြစ်ပွားသူအသစ် တစ်သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Source: New York Post
ကြာသပတေးနေ့မှာ ပေကျင်းသို့ ခရီးလာရောက်လည်ပတ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို သမ္မတရှီကျင့်ဖျင်တွေ့ဆုံခဲ့ပြီး ရေရှည်တည်တံ့တဲ့ ဘက်ပေါင်းစုံဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ဖို့ နှစ်ဖက်စလုံး သဘောတူညီခဲ့ကြပါတယ်။
#Local_News
Published 30 January 2026
#တရုတ်သမ္မတ #ဗြိတိန်ဝန်ကြီးချုပ်
#YMG #Yangon_Times #Yangon_Media_Group
Page 118 of 2001