နေပြည်တော်-မတ်၃၀၊၂၀၂၆
ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်း ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကိုယနေ့ မတ်၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာမှာ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိကာကွယ်ရေး ဦီး စီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်ဖြစ်ပြီး ကောင်း မြတ်သည့်တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်ကအားထားရ သော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြဖို့လည်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းသွားပါတယ်။
တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည့် တာဝန်ကိုလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှအကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီး ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ယင်းကဲ့သို့ တည်ဆောက်သည့်နေရာတွင်ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမ ဩဝါဒများ၊ ဖြတ်သန်း ခဲ့ရသည့် ဘဝအတွေ့ အကြုံများနှင့် ပေါင်းစပ်ပြီးအကောင်းဆုံး ဆောင်ရွက်ခဲ့ခြင်းပြီး တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ် အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ကျေးဇူးတင်စကားနှင့် ကတိစကားများပြန်လည်ပြောကြားခဲ့ပါတယ်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးစီး ကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့ပါတယ်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ကတာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဂုဏ်ပြုအဆောင် အယောင်ဓါးကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။
အဲဒီနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေး အပ် ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ တို့သည် အခမ်းအနား တက်ရောက် လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အဆင့်မြင့် အရာ ရှိကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။







မတ်၃၀၊၂၀၂၆
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့ အစည်းအဝေး ပထမနေ့ကို ယနေ့ မတ်၃၀ ရက်က ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများ အဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းကြသည်။
အလားတူသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး ပထမနေ့ကို ယနေ့ မတ်၃၀ ရက်က အမျိုးသားလွှတ်တော် အဆောက်အအုံ၌ ကျင်းပရာ အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းကြသည်။
အဆိုပါဒုတိယသမ္မတလောင်းများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်း များနှင့်ပြည့်စုံခြင်းရှိမရှိ စိစစ်ရေးအဖွဲ့များက စိစစ်ပြီးနောက်နောက် လွှတ်တော်အလိုက် ဒုတိယ သမ္မတ တစ်ဦးစီကိုရွေးချယ်တင်မြှောက်ကြရမည်ဖြစ်သည်။
တပ်မတော်သားအစုအဖွဲ့၏ ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းမှုကို မသိရှိရသေးပါ။
-end-
#World_Health
Published 30 March 2026
■ ဂျပန်က ပါကင်ဆန်နဲ့ နှလုံးရောဂါတို့အတွက် ထူးခြားတဲ့ ပင်မဆဲလ်ကုသနည်းတွေကို အသိအမှတ် ပြုလိုက်ပါတယ်။
■ ဒီကုသနည်းတွေက လူနာတွေထံ လပိုင်းအတွင်း ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။
■ ပါကင်ဆန်ရောဂါ ကုသနည်း Amchepry ကို ထုတ်လုပ်ရောင်းချတဲ့ Sumitomo Pharma ကုမ္ပဏီအတွက်တော့ မီးစိမ်းပြလိုက်တဲ့သဘော ဖြစ်ပါတယ်။
■ ဒါ့အပြင် နှလုံးကြွက်သားလွှာတွေကို ထုတ်လုပ်ကာ သွေးကြောအသစ်တွေ ဖြစ်စေပြီး နှလုံးလုပ်ဆောင်ချက် ပြန်ကောင်းစေတဲ့ ReHeart အတွက်လည်း Cuorips ကုမ္ပဏီကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။
■ ၂၀၁၂ ခုနှစ်က ဂျပန်သိပ္ပံပညာရှင် ရှင်ယာယာမာနာကာ နိုဘယ်ဆုရခဲ့တဲ့ iPS စနစ်က ခန္ဓာကိုယ်ထဲကဆဲလ်တွေ ဖြစ်လာစေနိုင်တဲ့ အလားအလာ ရှိပါတယ်။
■ ဒီကုသနည်းတွေ လူနာအားလုံးဆီ ရောက်နိုင်အောင် အားချင်းဆောင်ရွက်နေကြတယ်လို့ ကျန်းမာရေးဝန်ကြီး ကင်နီချီရိုယူအီနိုက ပြောပါတယ်။
■ လူနာအနည်းစုထံမှ အချက်အလက်တွေပေါ် မူတည်ပြီး ကုသနည်းရဲ့ ဘေးကင်းထိရောက်မှုတွေ တွေ့ရှိပြီးနောက် အသိအမှတ်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
■ အသက် ၅၀ မှ ၆၉ နှစ်အတွင်း ပါကင်ဆန်လူနာ ၇ ဦးပါဝင်တဲ့ လေ့လာမှုထဲမှာ ဦးနှောက်နှစ်ဖက်စလုံးထဲသို့ ဆဲလ်ပေါင်း ၅ သန်း သို့မဟုတ် ၁၀ သန်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
■ ဒီနောက် ၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ရာ ဆိုးကျိုးတွေ မတွေ့ရဘဲ လူနာ ၄ ဦးမှာ တိုးတက်မှုတွေ တွေ့ရပါတယ်။
Source: India Today
#World_Health
Published 30 March 2026
■ နာရည်ယိုခြင်းကို အမြဲတမ်းနီးပါး ခံစားနေရရင် ဘယ်လိုလုပ်သင့်လဲဆိုတာကို ဂုရုဂရမ်မှ နားနှာခေါင်းလည်ချောင်းအထူးကု ဒေါက်တာ ကေကေဟန်ဒါက ပြောထားပါတယ်။
■ အဖြစ်အများဆုံး အကြောင်းအရင်းက အမှုန်တွေ အမျှင်တွေနဲ့ ဓာတ်မတည့်တာဖြစ်ပြီး နှာခေါင်းတွင်းနံရံတွေ ရောင်ရမ်းစေနိုင်ပါတယ်။
■ တခြားအကြောင်းအရင်းတွေ အနေနဲ့ နာတာရှည် နှာခေါင်းတွင်းရောဂါပိုးဝင်ခြင်း၊ ရာသီဥတုပြောင်းလဲမှု ခံနိုင်ရည်မရှိခြင်း၊ အဲကွန်းနဲ့ အဆက်မပြတ်ထိတွေ့ခြင်း၊ နှာရည်ပွင့်ဆေးများ အလွန်အကျွံသုံးခြင်း၊ နှာအရိုးများ ဖွဲ့စည်းပုံပြဿနာတို့ ပါဝင်ပါတယ်။
■ နှာခေါင်းတွင်းနံရံသားတွေ ကြာရှည်ထိပါးလာပြီဆိုရင်တော့ နှာရည်အချွဲအကျိတွေ ပိုလျှံလာစေပါတယ်။
■ ရောဂါလက္ခဏာတွေအနေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်တဲ့အခါမျိုးမှာ မကြာခဏ နှာချေခြင်း၊ နှာခေါင်းယားခြင်း၊ မျက်လုံးစိုရွှဲခြင်းတို့ ဖြစ်တတ်ပါတယ်။
■ နှာခေါင်းပေါက်အတွင်း ကြာရှည်ရောဂါပိုးဝင်ရင်တော့ နှာခေါင်းပိတ်ပြီး အစိမ်းရောင် အဝါရောင်ရည်တွေ ထူထဲလာကာ အနံ့ပျောက်တတ်ပါတယ်။
■ လေထုညစ်ညမ်းခြင်း၊ အမှုန်အမွှား၊ အခိုးအငွေ့ ထိတွေ့ခြင်းတို့အပြင် အဲကွန်းကြာရှည်ထိတွေ့ခြင်း၊ ရာသီဥတု ရုတ်တရက်ပြောင်းလဲခြင်းတို့ကလည်း နှာခေါင်းခြောက်သွေ့စေသဖြင့် ခန္ဓာကိုယ်စနစ်က တုံ့ပြန်တဲ့အနေနဲ့ အချွဲတွေ များများထုတ်လုပ်ပါတယ်။
■ ဒီလက္ခဏာတွေ ၃ လကျော်ကြာလာခြင်း၊ နှာရည်ထူထဲကာ ဖျားနာခြင်း၊ မျက်နှာဖောရောင်ခြင်း၊ အနံ့ပျောက်ခြင်း၊ တစ်ဖက်တည်း လက္ခဏာဖြစ်ခြင်း၊ အိပ်စက်မှုအနှောင့်အယှက်တို့ပါ ဖြစ်လာရင်တော့ ဆရာဝန် ပြသသင့်ပါပြီ။
■ နှာခေါင်းဖျန်းဆေး၊ နှာခေါင်းသန့်စင်ဆေးအသုံးပြုခြင်း၊ အမှုန်အမွှားထိတွေ့မှု လျှော့ချခြင်း၊ ခွဲစိတ်ခြင်းတို့ဖြင့် အခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ ရှိနိုင်ပါတယ်။
Source: Indian Express
မတ်၂၉၊၂၀၂၆
ဒေါ်နယ်ထရမ့်က အောင်မြင်တဲ့သူတွေထက် “အရှုံးသမားတွေ” ကို ပိုသဘောကျတယ်လို့ ပြောကြားခဲ့ပြီး မိုင်ယာမီမှာကျင်းပတဲ့ FII ထိပ်သီးဆွေးနွေးပွဲမှာပြောကြားပါတယ်။
ထရမ့်က သူရဲ့ "အောင်မြင်မှုတွေကို နားထောင်ပေးတဲ့သူတွေကို သဘောကျတဲ့" အတွက် သူ့ဘေးမှာ "အရှုံးသမားတွေ" နဲ့ပဲ ဝန်းရံထားလေ့ရှိတယ်လို့ သောကြာနေ့ညနေပိုင်းက ပြောကြားခဲ့ပါတယ်။ အောင် မြင်တဲ့သူတွေရဲ့ "အောင်မြင်မှု ဇာတ်လမ်းတွေ" ကို သူက နားမထောင်ချင်တဲ့အတွက် အောင်မြင်တဲ့ သူတွေကို မနှစ်သက်ဘူးလို့လည်း ဆိုပါတယ်။
ဒီမှတ်ချက်စကားဟာ အငြင်းပွားဖွယ်ဖြစ်နိုင်မှန်း သူသိကြောင်း အသိအမှတ်ပြုခဲ့ပြီး "ကျွန်တော် နောက် နေတာပါ... အဲ၊ အဲသလို ခပ်ဆင်ဆင်ပေါ့လေ" လို့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ မိုင်ယာမီ မြို့က ဆော်ဒီက ကျောထောက်နောက်ခံလုပ်ပေးထားတဲ့ Future Investment Initiative (FII) ထိပ်သီး ဆွေးနွေးပွဲမှာ ရောက်ရှိပြောကြားခဲ့တာပါ။
"တကယ်တော့ ကျွန်တော်က အရှုံးသမားတွေနဲ့ပဲ အမြဲတမ်း အချိန်ဖြုန်းချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ကိုယ်ကျွန်တော် ပိုနေလို့ကောင်းအောင် လုပ်ပေးလို့ပဲ။ အရမ်းကို အောင်မြင်လွန်းတဲ့ လူတွေကို ကျွန်တော်မုန်းတယ်၊ ပြီးတော့ သူတို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို ခင်ဗျားတို့က နားထောင်ပေးရဦးမယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုကို နားထောင်ချင်တဲ့သူတွေကိုပဲ ကျွန်တော်က သဘောကျတာ" လို့ ထရမ့်က ပြောပါတယ်။ သူက ဒီမှတ်ချက်စကားကို သူရဲ့ ရှည်လျားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေကဏ္ဍမှာ ပြောကြားခဲ့တာပါ။ "လိင်ပိုင်းဆိုင်ရာ" ဒါမှမဟုတ် "ခင်ဗျားတို့ ဆွေးနွေးချင်တဲ့ ဘာအကြောင်းအရာကိုမဆို" သူ့အနေနှင့် ဆွေးနွေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ထရမ့်ရဲ့ မှတ်ချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပိုမိုကျယ် ပြန့်စွာ တုံ့ပြန်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီမှာ သူက "အနိုင်ရရှိခြင်း" ဟာ အရေးကြီး ုံးအချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
-end-
နေပြည်တော်- မတ်၂၉၊၂၀၂၆
စက်သုံးဆီဝယ်ယူရာတွင် အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများပြုလုပ်ခဲ့သူများကို ဆက်လက်အရေးယူလျက်ရှိရာ စက်သုံးဆီ အရောင်းဆိုင် (၃)ဆိုင်ကို ထပ်မံ၍ လိုင်စင်များယာယီပိတ်သိမ်း ခဲ့ပြီးအရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန် မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “အောင်သိဒ္ဓိ” စက်သုံးဆီ အရောင်းဆိုင်၊ လိုင်စင် အမှတ်(၀၄၈၀)တို့ဖြစ်ကြောင်းသိရပါတယ်။
ယင်းအပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာတဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာ လမ်းသွယ်(ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင် ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်း ပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်း ဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
မတ်လ ၂၉ရက် ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန် လမ်းမ ကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း ဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်းသိရသည်။
#ymg/knl
-ညီလတ်
မတ်၂၉၊၂၀၂၆
အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ ကမ္ဘာ့စွမ်းအင်ဈေးကွက်ရဲ့ အာရုံစိုက်မှုဟာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကနေတဆင့် တောင်ဘက်မှာရှိတဲ့ မျက်ရည်တံခါးလို့ အမည်ပေးထားတဲ့ Bab el-Mandeb ရေလက်ကြားဆီကို ရွေ့ လျားလာနေပြီ ဖြစ်ပါတယ်။ ခေတ်သစ် သမိုင်းတစ်လျှောက် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အဆိုးရွားဆုံး ထိခိုက်စေမယ့် ဒုတိယမြောက် စစ်မျက်နှာစာတစ်ခုအဖြစ် အဆိုပါရေလက်ကြားက ထွက်ပေါ်လာနေပါတယ်။
မဟာဗျူဟာမြောက် အရေးပါမှုနဲ့ ပထဝီဝင်အနေအထား
အာရပ်ဘာသာစကားနဲ့”မျက်ရည်တံခါး" လို့ အဓိပ္ပာယ်ရတဲ့ Bab el-Mandeb ဟာ ပင်လယ်နီနဲ့ အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးထားပြီး အာရေဗျကျွန်းဆွယ်မှာရှိတဲ့ ယီမင်နိုင်ငံနဲ့ အာဖရိကဦးချိုဒေသ မှာရှိတဲ့ ဂျီဘူတီ၊ အီရီထရီးယားနိုင်ငံတို့ကို ပိုင်းခြားထားပါတယ် ။
အာရှနဲ့ ဥရောပကြား သွားလာနေတဲ့ သင်္ဘောတွေဟာ စူးအက်တူးမြောင်း (Suez Canal) ကိုသွားဖို့ အဲဒီ ရေလက်ကြားကို မဖြစ်မနေ ဖြတ်သန်းရတဲ့အတွက် မျက်ရည်တံခါးဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံးနဲ့ မဟာဗျူဟာအရ အရေးအပါဆုံး ရေကြောင်းလမ်းတစ်ခု ဖြစ်လာပါတယ် ။
ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းခန့်နဲ့ ကမ္ဘာ့ရေနံ၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၁၀ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်းခန့်ဟာ ဒီရေလက်ကြားကို ဖြတ်သန်းသွားလာနေတာ ဖြစ်ပါတယ် ။

ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ လက်တွေ့ခြိမ်းခြောက်မှုများ
မျက်ရည်တံခါးရေလက်ကြားဟာ ကမ္ဘာပေါ်မှာ စစ်ရေးအရ အင်အားချထားမှု အများဆုံး ဒေသတွေ အနက် တစ်ခုဖြစ်နေပြီး လက်ရှိမှာ အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူသီ (Houthi) အဖွဲ့က စစ်ပွဲ အတွင်း ပါဝင်လာတဲ့အတွက် ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်ဖို့ အန္တရာယ်ရှိလာနေတာဖြစ်ပါ တယ်။
အဲဒီအပြင်အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ထပ်မံတိုက် ခိုက် မယ်ဆိုရင် Bab el-Mandeb နဲ့ ပင်လယ်နီတို့မှာ မလုံခြုံမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ အီရန်စစ်ဘက် အရာရှိတစ်ဦးကလည်း သတိပေးထားပါတယ်။
အန္တရာယ်ပြုဖို့အတွက် ရေလက်ကြားကို တရားဝင် ပိတ်ဆို့ဖို့တောင် မလိုအပ်ဘဲ၊ ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ ဆက်တိုက်ခြိမ်းခြောက်နေရုံနှင့်ပဲ သင်္ဘောတွေဟာ Cape of Good Hope ကနေ ကွေ့ပတ်သွားလာရမယ့် အခြေအနေဖြစ်လာမှာပါ။
ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ
ဟူသီတွေရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ စူးအက်တူးမြောင်းကို ဖြတ်သန်းတဲ့ သင်္ဘောစီးရေ ၂၆,၀၀၀ ခန့်ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၁၂,၇၀၀ အထိ ထက်ဝက်ခန့် ကျဆင်း သွားခဲ့ပါတယ်။နေ့စဉ် ပျမ်းမျှအားဖြင့် သင်္ဘောတွေဖြတ်သန်းမှုဟာလည်း ၇၅ စီးကနေ ၃၃ စီးခန့်အထိ ကျ ဆင်းသွားခဲ့ပါတယ် ။
တကယ်လို့ အဲဒီမျက်ရည်တံခါးရေလက်ကြားကို ပိတ်ဆို့တာ ဒါမှမဟုတ် ကြီးကြီးမားမား နှောင့်ယှက်တာ တွေပြုလုပ်ခံရမယ်ဆိုရင် ရေနံဈေးနှုန်းတွေဟာ တစ်စည်ကို ၁၅၀ ဒေါ်လာအထိ မြင့်တက်သွားနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါပြီ။
သင်္ဘောတွေ လမ်းကြောင်းပြောင်းလဲသွားလာရတဲ့အတွက် ခရီးစဉ်ကြာချိန် ပိုရှည်လာတာ၊ လောင်စာဆီ စရိတ်၊ ကုန်စည်ပို့ဆောင်ခနဲ့အာမခံကြေးတွေမြင့်တက်လာတာတွေကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို ထိခိုက်စေပြီး ကုန်ကျစရိတ်ကြီးမားမှုကတစ်ဆင့် ငွေကြေးဖောင်းပွမှုတွေပါ ဖြစ်လာနိုင်ပါ တယ်။
အနာဂတ်အခြေအနေ
ခြုံငုံသုံးသပ်ရလျှင် "မျက်ရည်တံခါးဝ" ဘပ်အယ်လ်မန်ဒက်သည် ကျဉ်းမြောင်းသော ရေလက်ကြားတစ်ခု ထက်မကဘဲ ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်ထားသည့် အရေးပါသော ဖိအားပေးချက် (Global economic pressure point) တစ်ခု ဖြစ်လာနေတာကိုတွေ့ရပါတယ်။
တကယ်လို့ ယခုလိုမတည်ငြိမ်မှုများ ဆက်လက်တည်ရှိနေပါက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေက ယခင်ကကဲ့သို့ စူးအက်တူးမြောင်းအပေါ် တစ်ခုတည်း မှီခိုနေ၍ မရတော့ဘဲ စရိတ်ကြီးမားသော အခြား လမ်းကြောင်းသစ်များကို ရေရှည်အတွက် ထည့်သွင်းစဉ်းစားလာရပါလိမ့်မယ်။ ဒါဟာ မကြုံစဖူး ထူးခြား တဲ့ ရေကြောင်းထောက်ပံ့ပို့ဆောင်ရေး အပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံအနေနှင့်လည်း မျက်ရည်တံခါးရေလက်ကြားပိတ်သွားခဲ့ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကို ကြိုတင်တွက်ဆပြီး ပြင်ဆင်ထားသင့်ပါတယ်။
ဥရောပနဲ့ အာရှကြား ကုန်သွယ်မှုတွေအတွက် ဒီရေလက်ကြားဟာ အဓိကကျနေတဲ့အတွက် မြန်မာနိုင်ငံ ကနေ ဥရောပကို အဓိကတင်ပို့နေတဲ့ အထည်ချုပ် (CMP) လို ပို့ကုန်တွေအတွက်စဉ်းစားရပါလိမ့်မယ်။
ပုံမှန်ရေကြောင်းလမ်း မလုံခြုံမှုကြောင့် ကုန်စည်ပို့ဆောင်ခ (Freight costs) နဲ့ အာမခံကြေးတွေ ပိုမိုမြင့် တက်လာမှာဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ကွင်း ဆက် (Supply Chain) တစ်ခုလုံးကို ထိခိုက်လာစေ နိုင်တဲ့အတွက် အဲဒီရဲ့အကျိုးဆက်နှင့်ရိုက်ခတ်နိုင်မှုတွေကိုလည်း ကြိုတင်တွက်ဆထားဖို့လိုပါတယ်။
မျက်ရည်တံခါးဝကြောင့် ကမ္ဘာကြီးတစ်ခုလုံး မျက်ရည်တွေဝေရမယ့် အဖြစ်က ရှောင်ရှားနိုင်ဖို့အတွက်က လက်ရှိ အီရန်စစ်ပွဲကြီး အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းဒေသကြီး ပြန်လည်တည်ငြိမ်လာစေဖို့ အထူး လိုအပ်နေပါကြောင်း သုံးသပ်တင်ပြရပါတယ်။
ဝန်ခံချက်- NDTV တွင်ပါရှိသော Gate Of Tears: The Next Chokepoint That Could Make Shippers Cry After Hormuz ဆောင်းပါးပါ အချက်အလက်များကို အခြေခံ၍ သုံးသပ်ရေးသားပါတယ်။

လာမယ့်ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး တိုင်းနဲ့ပြည်နယ်အနှံအပြားမှာ မိုးရွာသွန်းနိုင်တယ်လို့ ဧပြီလ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 29 March 2026
#မုန်တိုင်းငယ် #ကပ္ပလီပင်လယ်ပြင်
#YMG/NN #Yangon_Times
#World_Health
Published 29 March 2026
■ ဂျီဘရာတာမှ အသက် ၆၂ နှစ်ရှိတဲ့ ကင်ဆာလူနာတစ်ဦးကို၁ ၁,၅၀၀ မိုင်ကွားဝေးတဲ့ လန်ဒန်မှ ခွဲစိတ်ဆရာဝန်ကနေ အောင်မြင်စွာ စက်ရုပ်ဖြင့်ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဆေးပညာနယ်ပယ်မှာ ထူးခြားအောင်မြင်တဲ့ မှတ်ကျောက်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
■ လူနာ ပေါလ်ဘက်စ်တန်ရဲ့ ဆီးကျိတ်ကို ဂျီဘရာတာ စိန့်ဘားနက်ဆေးရုံမှာ 3D ကင်မရာတပ်ဆင်ထားတဲ့ နည်းပညာမြင့် လက် ၄ ချောင်းပါစက်ရုပ်ဖြင့် ခွဲစိတ်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
■ ဒီစက်ရုပ်ကို ဟာလေလမ်း လန်ဒန်ဆေးခန်းမှ ဆီးလမ်းကြောင်းအထူးကု ပရော်ဖက်ဆာ ပရိုကာဒက်စ်ဂူ့ပ်တာက အဝေးကနေ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
■ Microport မှထုတ်လုပ်တဲ့ Toumai Robotic System နဲ့ Presidio နည်းပညာတို့မှ ကူညီပေးတာဖြစ်ပြီး တိကျမှုမြင့်မားကာ ဆရာဝန်ညွှန်ကြားချက်နဲ့ စက်ရုပ်လုပ်ဆောင်ချက်တို့ကြား ကြာမြင့်ချိန် ၀.၀၆ စက္ကန့်သာ ရှိခဲ့ပါတယ်။
■ ဆေးဘက်ဆိုင်ရာ သမိုင်းမှတ်တိုင်တစ်ခုမှာ ပါဝင်ခွင့်ရတဲ့အတွက် ဘက်စ်တန်က ဂုဏ်ယူကျေးဇူးတင်နေပါတယ်။
■ ဒီမတိုင်ခင်မှာ ဘက်စ်တန်က လန်ဒန်ကို အချိန်ပေးခရီးသွားပြီး စောင့်ဆိုင်းပြီးမှ ခွဲစိတ်ဖို့ စီစဉ်ခဲ့ပေမယ့် ယခုလို အဝေးကနေ ခွဲစိတ်မှုဖြင့် ဂျီဘရာတာကနေ ဘယ်မှမသွားရဘဲ ကမ္ဘာ့အဆင့်မီကုသမှု ရရှိခဲ့ပါတယ်။
■ ဘက်စ်တန်က ဒီဆုံးဖြတ်ချက်ကို စဉ်းစားစရာတောင်မလိုဘူးလို့ ဆိုခဲ့ပြီး ဂျီဘရာတာအတွက် ဆေးဘက်ဆိုင်ရာ အောင်မြင်မှုမှာ ရှေ့ဆောင်လမ်းပြနိုင်ခဲ့ကြောင်းကို အမွှမ်းတင်ပြောသွားခဲ့ပါတယ်။
Source: WION.
#World_Health
Published 29 March 2026
■ အမျိုးသမီးတွေမှာ ရင်သားကင်ဆာက အန္တရာယ်အများဆုံး ကင်ဆာမျိုးဖြစ်ပြီး ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ၂.၃ သန်းခန့်နဲ့ အသက်ဆုံးပါးသူ ၇၆၄,၀၀၀ ဦးခန့် ရှိခဲ့ပါတယ်။
■ ဒီလိုဆန်းစစ်ချက်တွေကနေ ၁၈၅ နိုင်ငံတဝှမ်း ရင်သားကင်ဆာအကြောင်း ဘက်ပေါင်းစုံသုံးသပ်ချက်များ ရစေနိုင်ပါတယ်။
■ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ အသက်ဆုံးပါးမှုနှုန်း လျော့ကျတာကို အထောက်အထားတွေ တွေ့ထားပါတယ်။
■ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ၂၀၅၀ အရောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားသူပေါင်း ၃.၅ သန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
■ ရင်သားကင်ဆာ ဖြစ်ပွားမှုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းက ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေကဖြစ်ပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးပါးမှု ၃၉ ရာခိုင်နှုန်းကတော့ ဝင်ငွေနည်းပါးတဲ့ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှ ဖြစ်ပါတယ်။
■ ဒီလိုကွာခြားရတာဟာ အချိန်မီ ရောဂါရှာဖွေတွေ့ရှိမှုနဲ့ အရည်အသွေးမြင့် ကုသနည်း ရရှိမှုတို့မှာ အဆင့်အတန်း ကွာခြားတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
■ ဒီထဲမှာမှ တစ်ကမ္ဘာလုံး ရင်သားကင်ဆာဖြစ်ရခြင်းရဲ့ ၂၈ ရာခိုင်နှုန်းက ပြုပြင်ပြောင်းလဲလို့ရတဲ့ အကြောင်းအရာ ၆ မျိုးကြောင့် ဖြစ်နေပါတယ်။
■ (၁) အသားကြီးငါးကြီး အစားများခြင်း
■ (၂) ဆေးလိပ်သောက်ခြင်းနဲ့ အငွေ့ရှူမိခြင်း
■ (၃) သွေးတွင်းသကြားဓာတ်မြင့်မားခြင်း
■ (၄) BMI မြင့်မားခြင်း
■ (၅) အယ်ကိုဟောအသောက်များခြင်း
■ (၆) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ပါဝင်နေပါတယ်။
■ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ခြင်းဖြင့် ဒီကင်ဆာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Medical News Today.
ကမ္ဘာ့အရေး မရေမရာဖြစ်နေပေမယ့် တရုတ်နဲ့ အမေရိကန်ကြား ချိတ်ဆက်ရေးလမ်းကြောင်းတွေ ချဲ့ထွင်ဖိုနဲ့ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ်သွားဖို တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်တောင်က တနင်္လာနေ့မှာ ပြုလုပ်တဲ့ အမေရိကန်-တရုတ် စီးပွားရေးကောင်စီကိုယ်စားလှယ်အဖွဲ(USCBC) အစည်းအဝေးတစ်ခုမှာ ပြောသွားပါတယ်။
#World_News
Published 28 March 2026
#တရုတ်_အမေရိကန် #USCBC
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်-မတ်၂၈၊၂၀၂၆- စက်သုံးစီဝယ်ယူမှုများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန Call Center သို့တိုင်ကြားချက်အရ စည်းကမ်း ချိုးဖောက်ခဲ့သော စဉ့်ကိုင်မြို့နယ်၊ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင် ယာယီပိတ်သိမ်းထားကြောင်း ဝန်ကြီးဌာနက ယနေ့မတ်၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ထို့အပြင်ဝန်ကြီးဌာန၏ Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စက်သုံး ဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် (၃၀)ခန့်ကို နောက်ဆုံး အကြိမ် သတိပေးထား ပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကိုဖွင့် လှစ်ထားရှိပြီး နေ့စဉ် နံနက် (၆)နာရီမှ ည(၁၀) နာရီ အထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြား ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ် ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉ ၄၄၀၄၃၃၃၂၄ နှင့် ၀၉ ၈၉၉၁၂၉၂၉၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ထို့အပြင် အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင် ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်းရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံးပေပါများဖြင့် တရား မဝင်ထုတ်ယူ ရောင်းချနေခြင်းများတွေ့ရှိရပါက အထက်ဖော်ပြပါ Call Center ဖုန်း အမှတ်များသို့ ဆက် သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉ ၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြား နိုင်ကြောင်းသိရသည်။
အချက်အလက်ပြည့်စုံစွာဖြင့် တိုင်ကြားလာမှုများအပေါ်တွင် ဝန်ကြီးဌာနက ထိရောက်စွာအရေးယူမှုများ ပြုလုပ်နေကြောင်းသတင်းရရှိသည်။
#ymg/knl
Page 121 of 2054