#World_Health
Published 21 July 2024
▪️ ညဘက်မှာ တော်ရုံမအိပ်ဘဲ နိုးကြားလှုပ်ရှားသူတွေဟာ ဦးနှောက်စွမ်းဆောင်ရည် စမ်းသပ်ချက်တွေမှာ ပိုမိုသာလွန်ကြတယ်လို့ အင်ပီရီယယ်ကောလိပ်လန်ဒန်က လေ့လာသုံးသပ်ထားပါတယ်။
▪️ လူပေါင်း ၂၆၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို သုံးသပ်ခဲ့ကြပြီး ယင်းတို့ရဲ့ အိပ်ချိန်၊ အိပ်စက်မှုပုံစံတို့က ဦးနှောက်စွမ်းဆောင်ရည်အပေါ် ဘယ်လောက်သက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
▪️ ညဘက်မှာ နိုးကြားတတ်တဲ့သူတွေက နေ့ခင်းပိုင်းနိုးကြားသူတွေထက် စွမ်းဆောင်ရည် သာလွန်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတစ်ဖွဲ့မှာ ညဘက်သမားတွေက ရမှတ် ၁၃.၅ ရာခိုင်နှုန်း ပိုများနေပြီး နောက်တစ်ဖွဲ့မှာ ၇.၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ညဘက်နဲ့ နေ့ပိုင်းကြားသမားတွေကတော့ နေ့ပိုင်းနိုးကြားသူတွေထက် ၁၀.၆ ရာခိုင်နှုန်း ရမှတ်ပိုများခဲ့ပါတယ်။
▪️ လေ့လာချက်အရ ညပိုင်းနိုးကြားလှုပ်ရှားသူတွေက နေ့ပိုင်းသမားတွေထက် ဦးနှောက်လုပ်ဆောင်ချက် စမ်းသပ်ချက်တွေမှာ ပိုမိုကောင်းမွန်တယ်လို့ သုတေသနပြုစုသူ ဒေါက်တာ ရာဟာဝက်စ်က ပြောသွားပါတယ်။
▪️ ဒါဟာ နေ့ပိုင်းသမားတွေအားလုံးက စွမ်းဆောင်ရည်နိမ့်ပါးတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ညပိုင်းသမားတွေက ပိုမိုသာလွန်တယ်ဆိုတဲ့ဘက်ကို ညွှန်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ညဘက် စောစီးစွာ အိပ်တဲ့အကျင့်ကို ညဉ့်နက်တဲ့အထိ နေတဲ့ပုံစံသို့ ပြောင်းလဲဖို့ဆိုတာက သိပ်တော့မလွယ်ကူပါဘူး။
▪️ ညဘက်ကို ၇ နာရီမှ ၉ နာရီအိပ်စက်ခြင်းက ဦးနှောက်လုပ်ဆောင်ချက်အတွက် အသင့်လျော်ဆုံးလို့ ပညာရှင်များ သဘောတူထားကြပါတယ်။
▪️ ထိုအိပ်ချိန်ထက် ပိုနည်းခြင်း ပိုများခြင်းကတော့ ဦးနှောက်ကျန်းမာရေးကို ပျက်စီးစေတယ်လို့လည်း တွေ့ရှိထားပါတယ်။
▪️ အိပ်မပျော်တဲ့ လက္ခဏာရှိသူတွေကလည်း အခြားလူတွေထက် ရမှတ်သိသိသာသာ နည်းပါးခြင်း မရှိပါဘူး။
▪️ အိပ်ချိန်က ဦးနှောက်လုပ်ဆောင်ချက်ကို တိုက်ရိုက်သက်ရောက်နေပြီး အိပ်ချိန်ကို စီစဉ်ခြင်းက ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးတယ်လို့တော့ ယုံကြည်ထားကြောင်း သုတေသန ပူးတွဲဦးဆောင်သူ ဒါချင်မားက ပြောပါတယ်။
▪️ ညဘက်နောက်ကျတဲ့အထိ နေခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ လေ့လာချက်တွေကလည်း ယခုသုတေသနနဲ့ ဆန့်ကျင်ဘက်သဘော ဖြစ်နေပါတယ်။
#Source: New York Post
လေးရက်ကြာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးစီး၊ ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်တည်ဆောက်မှုပြီးစီးမည်ဟု ကြေညာ
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ခေတ်မီတိုးတက်ရေးအတွက် အလုံးစုံပြုပြင်ပြောင်းလဲရေးနက်ရှိုင်းစွာဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ စီစီတီဗွီ သတင်း အရသိရပါတယ်။
#World_News
Published 20 July 2024
#တရုတ်ကွန်မြူနစ်ပါတီ #အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 July 2024
၁။ ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုများတွေ့နေရဆဲဖြစ်၍ သတိထားကာကွယ်ရန်လိုဟုဆို
၂။အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အမြန်လမ်းသုံးစွဲခွင့်မပြု
၃။ စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျ
၄။ လေးရက်ကြာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးစီး၊ ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှုပြီးစီးမည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Published 20 July 2024
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြကျောင်းသားတွေက အကျဉ်းထောင်တစ်ခုကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး နိုင်ငံတော်ရုပ်သံဌာန အဆောက်အအုံကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သလို ခရိုင် ၆၄ ခုထဲ တဝက်ခန့်နီးပါးလောက်မှာ ပစ်ခတ်ဖြိုခွဲမှုများ ရှိခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးကြောင်း သတင်းရရှိထားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့အဖွဲ့က ဇူလိုင် ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့် ချမှတ်လိုက်ပြီး တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ တပ်မတော်အဖွဲ့ဝင်များကို နေရာချထားလိုက်ပါတယ်။
နိုင်ငံတဝှမ်း ဆက်သွယ်ရေးစနစ်များ ဆက်လက်ဖြတ်တောက်ထားကာ မိုဘိုင်းအင်တာနက်နဲ့ ဆိုရှယ်မီဒီယာများကို ပိတ်ဆို့ထားပါတယ်။
AFP သတင်းဌာနမှ လက်ရှိသတင်းပို့ချိန်မှာ သေဆုံးသူ ၁၀၅ ဦးရှိနေပါပြီ။
တိုင်းပြည်ကို အုပ်စိုးလာတာ ၁၅ နှစ်ကြာရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟာဆီနာအစိုးရအဖွဲ့ကို ဖီဆန်ရင်းနဲ့ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဟောင်းတွေနဲ့ ယင်းမျိုးဆက်တွေကို အစိုးရအလုပ်တွေမှာ လုပ်ခိုင်းဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်ကနေ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချလိုက်တဲ့ ဇွန် ၅ ရက်နေ့စည်းမျဉ်းအပေါ် မကျေနပ်ကြကာ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ဇူလိုင် ၁၄ ရက်နေ့မှာ ဆန္ဒပြသူတွေကို သစ္စာဖောက်တွေလို့ သုံးနှုန်းခဲ့တဲ့အတွက် ပြဿနာပိုပြီး ကြီးထွားခဲ့ပါတယ်။
ဒါကြောင့်ပဲ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုခဲ့ရာမှာ မအောင်မြင်ခဲ့ပါဘူး။
ဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တင်းမာမှုများကို ထင်ဟပ်ပြသရာရောက်ကြောင်း၊ နှစ်ပေါင်းများစွာတိုင်အောင် ဘင်္ဂလားဒေ့ရှ်စီးပွားရေးက ရုန်းကန်နေရပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာ တကယ့်ပြဿနာဖြစ်နေကြောင်း၊ အရပ်ဘက်အစိုးရအမှုထမ်း ခွဲတမ်းစနစ်နဲ့ ဆန္ဒပြပွဲတွေကို အစိုးရရဲ့ ထိန်းသိမ်းဖြေရှင်းပုံတို့ကလည်း ပိုမိုဆိုးရွားစေကြောင်း၊ ၁၅ နှစ်ကျော်ကြာအောင် မျှတတဲ့ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူတွေက မဲပေးတဲ့အခါ အခြားရွေးချယ်စရာ များများစားစားမရှိတာကြောင့် ဆန္ဒပြပြီးတော့သာ ထုတ်ဖော်နေရကြောင်း ခရိုက်ဆစ်အဖွဲ့မှ အာရှဆိုင်ရာညွှန်ကြားရေးမှူး ပီယာရဲပရာကက်ရှ်က ပြောသွားပါတယ်။
ဝန်ကြီးချုပ်ဟာဆီနာက မငြိမ်မသက်မှုများကို ထိန်းသိမ်းကြဖို့ မိန့်ခွန်းပြောခဲ့ပေမယ့် ကျောင်းသားတွေကတော့ ဆန္ဒပြမှုတွေ ပြုလုပ်ပြီး ဆက်လက်ဖိအားပေးသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
အင်ဒီပန်းဒန့်တယ်လီဗေးရှင်း ရုပ်သံဌာနမှ ပြောကြားချက်အရ ဇူလိုင် ၁၈ နေ့အထိ ရဲ ၁၀၄ ဦးနဲ့ သတင်းထောက် ၃၀ အပါအဝင် လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။
Source: WION
#World_Science
Published 20 July 2024
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က SpaceX ဒုံးပျံလွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ ကြိုတင်လွှတ်တင်ခဲ့တဲ့ Starlink ရဲ့ ဂြိုဟ်တုအလုံး ၂၀ ဟာ ကမ္ဘာမြေသို့ ပြန်လည်ကျရောက်လာပြီး အထက်ပိုင်းလေထုထဲမှာ ဖျက်ဆီးပစ်ခဲ့ရတယ်လို့ သိပ္ပံပညာရှင်များ အတည်ပြုခဲ့ပါတယ်။
▪️ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပညာရှင်များ စစ်ဆေးနေကြပြီး ဒီမတိုင်ခင်အထိ ဒုံးပျံတွေကို ထိန်းသိမ်းထားဦးမှာ ဖြစ်ပါတယ်။
▪️ ကယ်လီဖိုးနီးယား ဗန်ဒင်ဘာ့ဂ်အာကာသစခန်းကနေ ဇူလိုင် ၁၁ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန်မှာ SpaceX က Falcon 9 ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။
▪️ အစပိုင်းမှာတော့ ဒုံးပျံပထမအဆင့်က မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်ခဲ့ပါတယ်။
▪️ ကမ္ဘာဂြိုဟ်နားတဝိုက် ပတ်လမ်းကြောင်းအနိမ့်တစ်နေရာမှာ သောင်တင်ခဲ့ပြီး အရည်အောက်ဆီဂျင် ယိုစိမ့်ကာ ဒုတိယအဆင့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒုံးပျံကနေ ဝန်ထုပ်တွေကို တဝက်လောက်အထိ လျှော့ချခဲ့ပေမယ့် ပတ်လမ်းကြောင်းမှာ ဆက်လက်သောင်တင်နေခဲ့ပါတယ်။
▪️ ဂြိုဟ်တုတွေဟာ ထိုအမြင့်နေရာမှာ ဆိုင်းငံ့နေခဲ့ကာ ကမ္ဘာမြေသို့ ၃ မိုင်နီးပါးလောက် ပြန်လည်ကျရောက်လာခဲ့တယ်လို့ SpaceX တာဝန်ရှိသူများက ဖော်ပြခဲ့ပါတယ်။
▪️ ဂြိုဟ်တုတွေကို ဆက်လက်မတွန်းကန်နိုင်တော့ဘဲ ကမ္ဘာ့လေထုထဲသို့ ပြန်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
▪️ ကုမ္ပဏီတွေက ဂြိုဟ်တုအများစုကို ထိန်းသိမ်းထားလိုက်ပြီး လေထုထဲမှာ ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်လို့ Space News က ဖော်ပြထားပါတယ်။
#Source: WION
#World_Health
Published 20 July 2024
▪️ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ခြင်းဖြင့် ကင်ဆာဖြစ်ပွားမှုနဲ့ ကင်ဆာကြောင့် သေဆုံးမှုများကို သိသိသာသာ လျှော့ချနိုင်တယ်လို့ အမေရိကန်ကင်ဆာ အဖွဲ့အစည်းက အကြံပြုလိုက်ပါတယ်။
▪️ စီးကရက်သောက်ခြင်းဟာ ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး ကင်ဆာကြောင့် သေဆုံးမှုတွေရဲ့ ၃၀ ရာခိုင်နှုန်း ပတ်သက်နေပါတယ်။
▪️ ၂၀၁၉ ခုနှစ်လေ့လာချကမှာ နေထိုင်စားသောက်မှုပုံစံကြောင့် ကင်ဆာဖြစ်ပွားသူ ၇ သိန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၆၂၀၀၀ ကျော် ရှိနေပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ ၁၀ ချက်ကို ဖော်ပြထားပါတယ်။
(၁) ဆေးလိပ်သောက်ခြင်း
▪️ စီးကရက်က ကင်ဆာဖြစ်ပွားမှုနဲ့ သေဆုံးမှုတို့ရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေဆဲဖြစ်ပြီး ဆေးလိပ်သောက်တဲ့အကျင့်ကို ပြုပြင်ပြောင်းလဲပြီး ကျန်းမာရေးထိန်းသိမ်းနိုင်ပါတယ်။
(၂) ကိုယ်အလေးချိန်
▪️ ကင်ဆာဖြစ်ပွားခြင်းနဲ့ သေဆုံးခြင်းတို့ရဲ့ ၇ - ၈ ရာခိုင်နှုန်းလောက်က ကိုယ်အလေးချိန် များလွန်းတာနဲ့ ဆက်စပ်နေတယ်လို့ ခန့်မှန်းထားကြပါတယ်။
(၃) အရက်သေစာ
▪️ အရက်သောက်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း အမျိုးသားတွေမှာ ၅.၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာ ၄.၁ ရာခိုင်နှုန်း ပတ်သက်နေပါတယ်။
(၄) စားသောက်မှုပုံစံလွဲမှားခြင်း
▪️ အသီးအနှံနဲ့ ဟင်းရွက်များ စားသုံးမှုနည်းပါးခြင်းက ကင်ဆာဖြစ်ပွားမှု များစေပါတယ်။
(၅) လေ့ကျင့်ခန်းမလုပ်ခြင်း
▪️ ကိုယ်အလေးချိန်များခြင်း၊ အရက်သေစာ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့က ကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်နေပါတယ်။
(၆) ကင်ဆာစစ်ဆေးမှုမလုပ်ခြင်း
▪️ ကင်ဆာကို ပုံမှန်စစ်ဆေးမှု မပြုလုပ်တဲ့အခါ ကင်ဆာစတင်ဖြစ်ပွားနေမှန်း မသိဘဲ ကင်ဆာဖြစ်မှုနှုန်း မြင့်မားစေပါတယ်။
(၇) နေရောင်ထိတွေ့မှုများခြင်း
▪️ အရေပြားကင်ဆာဖြစ်ပွားမှု ၉၃ ရာခိုင်နှုန်းနီးပါးက ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ပြီး နေရောင်ကာလိမ်းခြင်း၊ လုံခြုံစွာ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
(၈) ရောဂါကူးစက်မှု
▪️ HPV ကူးစက်မှုက ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၁.၈ ရာခိုင်နှုန်းနဲ့ သေဆုံးမှုရဲ့ ၁.၂ ရာခိုင်နှုန်းရှိနေပါတယ်။
#Source: India Today
တရုတ်တွင်နေထိုင်သည့် အမေရိကန်ပရော်ဖက်ဆာ တရုတ်ပြည်တွင်နိုင်ငံခြားသားများ နေထိုင်ခွင့်ပိုမိုရရှိရန်ကြိုးပမ်း
အမေရိကန်ကနေ ပြောင်းရွှေ့လာကာ တရုတ်မှာ နေထိုင်တာ ၁၉ နှစ်ရှိပြီဖြစ်တဲ့ ပရော်ဖက်ဆာ မာ့ခ်လဗင်းဟာ တရုတ်ပြည်မှာနေထိုင်ရတဲ့ ဘဝအကြောင်းကို လက်ဦးဖော်ပြထားပြီး နိုင်ငံခြားသားများ အခြေချနေထိုင်ခွင့် ပိုမိုရရှိဖို့ ကြိုးပမ်းနေပါတယ်။
#World_News
Published 19 July 2024
#အမေရိကန်ပရော်ဖက်ဆာ #နေထိုင်ခွင့်ပိုမိုရရှိရန်ကြိုးပမ်း
#YMG #Yangon_Times #Yangon_Media_Group
Page 86 of 822