တရုတ်ပြည်ရဲ့ ပထမဆုံး ဇီဝမက်သနောပရောဂျက်ကြီးဟာ အင်္ဂါနေ့က တရားဝင်စတင်လည်ပတ်ပြီဖြစ်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်ကနေ အဆင့်မြင့်အရည်လောင်စာအဖြစ် ပြောင်းလဲရေးဗျူဟာကို မြင်တွေ့လာရပါတယ်။
#Asia_Industry
Published 19 December 2025
#တရုတ်ပြည် #ဇီဝမက်သနောစီမံကိန်းကြီး
#YMG #Yangon_Times #Yangon_Media_Group
မကြာသေးမီက Brown တက္ကသိုလ်နှင့် MIT တို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများမှ သံသယရှိသူသည် Diversity Immigrant Visa Program (လူသိများသော အမည်- Green Card Lottery) အစီအစဉ်ဖြင့် အမေရိကန် နိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ကြောင်း ပေါ်ပေါက်လာပြီးနောက်တွင်၊ သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။
အဓိကအချက်အလက်များ
သံသယရှိသူ - အသက် ၄၈ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသားဖြစ်ပြီး Brown တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ Claudio Manuel Neves Valente သည် ၂၀၁၇ ခုနှစ်တွင် Diversity Lottery အစီအစဉ်မှတစ်ဆင့် ဗီဇာကံထူးကာ အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ Valente သည် ကြာသပတေးနေ့က New Hampshire ရှိ သိုလှောင်ရုံတစ်ခုအတွင်း၌ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
တိုက်ခိုက်မှုများ - Valente သည် ကျောင်းသားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည့် Brown တက္ကသိုလ် ပစ်ခတ်မှုတွင် အဓိကသံသယရှိသူ ဖြစ်သည်။ သူသည် Massachusetts ပြည်နယ်၊ Brookline ရှိ နေအိမ်၌ MIT ပါမောက္ခ Nuno F.G. Loureiro အသတ်ခံရမှုတွင်လည်း စွပ်စွဲခံထားရသူဖြစ်သည်။ Valente နှင့် Loureiro တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပေါ်တူဂီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတည်းတွင် အတူတက်ရောက်ခဲ့ဖူးကြောင်း အာဏာ ပိုင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။
မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှု - ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က သမ္မတ ထရမ့် ၏ ညွှန်ကြားချက်အရ Diversity Visa Program ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ Noem က သံသယရှိသူအား "ကျွန်မ တို့နိုင်ငံထဲသို့ ဝင်ခွင့်မပြုခဲ့သင့်ကြောင်း" ပြောကြားခဲ့ပြီး အဆိုပါ ကံစမ်းမဲအစီအစဉ်ကို "အလွန်ဆိုးရွားသော အစီအစဉ်" ဟု သမုတ်ခဲ့သည်။
နောက်ခံအကြောင်းအရာ - Diversity Visa Lottery အစီအစဉ်သည် အမေရိကန်သို့ ဝင်ရောက်မှုနှုန်း နည်းပါးသော နိုင်ငံများမှ လူပုဂ္ဂိုလ်များအတွက် နှစ်စဉ် Green Card ပေါင်း ၅၀,၀၀၀ အထိ ထုတ်ပေးနေသည့် အစီအစဉ်ဖြစ်သည်။ သမ္မတ ထရမ့်က ဤအစီအစဉ်သည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ဖြစ်စေနိုင်ပြီး အရည်အချင်းအခြေပြု စံနှုန်းများ မရှိဟု အကြောင်းပြကာ ကာလရှည်ကြာ ဝေဖန်ကန့်ကွက်လာခဲ့သူ ဖြစ်သည်။
Source: AP
#World_News
Published 19 December 2025
■ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance က အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ ဦးဆောင်မယ့် TikTok's U.S. app လည်ပတ်ဖို့အတွက် ပူးတွဲလုပ်ငန်းလုပ်ဆောင်သွားရန် အဓိကရင်းနှီးမြှုပ်နှံသူ ၃ ဦးနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
■ ဒါဟာ အမေရိကန်အစိုးရမှ ပိတ်ပင်မှုကို ရှောင်ရှားရန်ဖြစ်ပြီး မသေချာမရေရာမှုတွေ အဆုံးသတ်စေမှာ ဖြစ်ပါတယ်။
■ သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ဩဂုတ်တည်းက TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။
■ ဇန်နဝါရီ ၂၀ တရားဥပဒေအရ တရုတ်ပိုင်ရှင်တွေကသာ TikTok ကို မရောင်းဘူးဆိုရင် ပိတ်ပင်သွားမှာဖြစ်ပြီး ယခုသဘောတူညီချက် အသေးစိတ်တွေက စက်တင်ဘာလက ထုတ်ပြန်ခဲ့တာတွေနဲ့ ကိုက်ညီခဲ့ပါတယ်။
■ အမေရိကန်မှ TikTok သုံးစွဲသူ သန်း ၁၇၀ အနေနဲ့ ကမ္ဘာ့ရပ်ဝန်းမှာ အဆက်အသွယ်မပြတ် ဆက်လက်သုံးစွဲနိုင်မှာဖြစ်တယ်လို့ TikTok စီအီးအို ရှိုကျီချူက ပြောပါတယ်။
■ သဘောတူညီချက်အရ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက အစုရှယ်ယာ ၈၀.၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး ByteDance ကတော့ ၁၉.၉ ရာခိုင်နှုန်း ကျန်ရှိမှာဖြစ်ပါတယ်။
■ ပူးတွဲလုပ်ဆောင်ချက်အနေဖြင့် အမေရိကန် အချက်အလက်ကာကွယ်ရေး၊ အယ်ဂိုရစ်သမ်လုံခြုံရေး၊ အကြောင်းအရာ သင့်လျော်မှုနဲ့ ဆော့ဖ်ဝဲပိုင်းတွေမှာ လွတ်လပ်တဲ့အရာအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
■ TikTok နဲ့ သဘောတူလက်မှတ်ရေးထိုးတဲ့ အဓိကရင်းနှီးမြှုပ်နှံသူတွေက Oracle ၊ Silver Lake နဲ့ MGX တို့ဖြစ်ပြီး အမေရိကန်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချရတဲ့ cloud အတွင်း ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 19 December 2025
■ လိမ္မော်ရည်ကို သာမန်အတိုင်းပဲ သောက်ကြလေ့ရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိပ်ပြီးမသိကြပါဘူး။
■ နေ့စဉ်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ များစွာသက်ရောက်စေပုံကို သိပ္ပံပညာရှင်တွေ လေ့လာကြဆဲဖြစ်ပါတယ်။
■ မကြာသေးမီက လေ့လာချက်တစ်ခုမှာ လိမ္မော်ရည်ကို ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်ခံအားဆဲလ်တွေထဲက မျိုးဗီဇပေါင်းများစွာရဲ့ လှုပ်ရှားမှုကို သက်ရောက်စေသလို သွေးပေါင်ချိန်၊ ရောင်ရမ်းခြင်းနဲ့ သကြားဓာတ်ဖြစ်စဉ်တို့ကိုလည်း သက်ရောက်စေတယ်လို့ တွေ့ရှိထားပါတယ်။
■ ရောဂါပိုးမွှားသန့်စင်ထားတဲ့ လိမ္မော်ရည် ၅၀၀ မီလီမီတာကို နှစ်လကြာတဲ့တိုင်အောင် နေ့စဉ်သောက်သုံးစေတဲ့သူတွေမှာ ရောင်ရမ်းခြင်းနဲ့ ဆက်စပ်တဲ့ မျိုးဗီဇတွေရဲ့လုပ်ဆောင်မှုတွေနဲ့ သွေးတိုးခြင်းကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။
■ Hesperidin လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်း ဖလေဗိုနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်တို့ ပေးစွမ်းတယ်လို့ ယူဆနေကြပါတယ်။
■ နောက်ထပ်သုတေသနမှာလည်း လိမ္မော်ရည်ပုံမှန်သောက်ခြင်းဟာ အင်ဆူလင်ယဉ်ပါးမှုကျစေခြင်း၊ သွေးတွင်းကိုလက်စထရော လျော့ကျစေခြင်း၊ ဇီဝကမ္မရောဂါဖြစ်သူတွေမှာ သွေးကြောနံရံလုပ်ဆောင်ချက် တိုးတက်စေခြင်းတို့ ပေးစွမ်းနိုင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
■ အသီးလိုက်စားသုံးခြင်းက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အကောင်းဆုံးဆိုပေမယ့် လိမ္မော်ရည် နေ့စဉ်သောက်သုံးခြင်းကလည်း ရောင်ရမ်းမှုတွေ လျော့ကျစေပြီး သွေးစီးဆင်းမှုကောင်းမွန်စေကာ ရေရှည်နှလုံးကျန်းမာရေးအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
Source: Independent.
#World_Health
Published 19 December 2025
■ အမေရိကန်တွေဟာ နေ့စဉ် မရှိမဖြစ် ဟင်းချက်ဆီကို အသုံးပြုနေကြပြီး အဝလွန်ပြဿနာတွေ ဖြစ်လာစေပါတယ်။
■ အမေရိကားရဲ့ အသုံးအများဆုံး ဟင်းချက်ဆီဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေကြောင်းကို UC ရစ်ဗာဆိုက်ကနေ လေ့လာဖော်ပြခဲ့ပါတယ်။
■ အမေရိကန်တွေ အသုံးများတဲ့ ပဲပိစပ်ဆီဟာ စမ်းသပ်ခန်းထဲကြွက်တွေမှာ အဝလွန်ခြင်းနဲ့ အတော်လေးဆက်စပ်နေတယ်လို့ တွေ့ရှိထားပါတယ်။
■ ပဲပိစပ်စားသုံးတဲ့ ကြွက်အများစုဟာ ကိုယ်အလေးချိန် သိသိသာသာ တက်လာတာကို တွေ့ခဲ့ကြပါတယ်။
■ ဒီဆက်စပ်မှုကို သိရှိနားလည်စေနိုင်မယ့် ပထမဆုံးခြေလှမ်းလေ့လာချက် ဖြစ်တယ်လို့ UCR သိပ္ပံပညာရှင် ဆိုနီယာဒိုးက ပြောပါတယ်။
■ HNF4α အသည်းပရိုတိန်း နှစ်မျိုးစလုံးက လူသားတွေထဲမှာ တည်ရှိပေမယ့် နာတာရှည်ရောဂါ၊ အသည်းခြောက်ခြင်းတို့လို အခြေအနေတွေမှာမှ တခြားပုံစံဖြစ်ပေါ်စေပါတယ်။
■ အသက်အရွယ်၊ ကျား/မ၊ မျိုးဗီဇတို့အပြင် ဒီပြောင်းလဲမှုကနေ ပဲပိစပ်ဆီစားသုံးခြင်းဖြင့် အချို့လူတွေ ဝိတ်တက်ပြီး အချို့က ဝိတ်မတက်တဲ့အကြောင်း သိလာစေနိုင်ပါတယ်။
■ ပဲပိစပ်ထဲက လီနိုလစ်အက်ဆစ်က အောက်ဆီလစ်ပင်များအဖြစ် ပြောင်းလဲသွားပြီး များပြားလာတဲ့အခါ အဆီစုပြုံလာစေနိုင်ပါတယ်။
■ ပဲပိစပ်ဆီက ကိုလက်စထရော မပါပေမယ့် များများစားတဲ့အခါ ကြွက်တွေမှာ ကိုလက်စထရော မြင့်တက်စေပြီး ဇီဝကမ္မဆိုင်ရာ နာတာရှည်ရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
■ လေ့လာချက်အရ ပဲပိစပ်ဆီက တိုက်ရိုက်အန္တရာယ်မရှိပေမယ့် အဆင့်ဆင့်ထုတ်လုပ်အစာတွေ အလွန်အကျူးစားရင်တော့ ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။
Source: Times of India
တရုတ်ပြည်ရဲ့ CH-7 အမြင့်ပျံ မြန်နှုန်းမြင့် ခံနိုင်ရည်ကြာမြင့်တဲ့ မောင်းသူမဲ့လေယာဉ်ဟာ တရုတ်အနောက်မြောက်ပိုင်းရှိ လေဆိပ်တစ်ခုမှာ ပထမဆုံးခရီးစဉ်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။
#Asia_Technology
Published 18 December 2025
#တရုတ်ပြည် #CH_7
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 18 December 2025
■ ဩစတြေးလျမှာ အဆိုးရွားဆုံး ပစ်ခတ်မှုကြီး ဖြစ်ပွားပြီးနောက် အမုန်းစကားများ ပြောဆိုခြင်းကို နှိမ်နင်းသွားဖို့ ပြုပြင်ပြောင်းလဲရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်သိုနီအယ်ဘေးနိစ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
■ တနင်္ဂနွေနေ့က ဆစ်ဒနီရဲ့ နာမည်ကျော် ဘွန်ဒီကမ်းခြေမှာ လူအများပျော်ရွှင်နေကြချိန် သားအဖနှစ်ဦးက သေနတ်ပစ်ခတ်ခဲ့ကြသဖြင့် ၁၅ ဦးသေဆုံးခဲ့ပါတယ်။
■ အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်လုပ်သူတွေ တရားစွဲဆိုနိုင်စေပြီး မုန်းတီးရေးပြောကြားတဲ့ အဖွဲ့အစည်းများကို ပစ်မှတ်ထားနိုင်မယ့် ဥပဒေတွေ ပြဌာန်းသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
■ ဒီလို ဆိုးရွားတဲ့ လုပ်ရပ်တွေကို တိုက်ဖျက်ဖို့ ကြိုးစားသွားရမယ်လို့ ပြောသွားပါတယ်။
■ တိုက်ခိုက်မှုတရားခံ အသက် ၅၀ အရွယ် ဆာဂျစ်အာခရမ်က ရဲတွေနဲ့ ပစ်ခတ်ရာမှာ သေဆုံးခဲ့ပြီး သားဖြစ်သူ အသက် ၂၄ နှစ်ရှိ နာဗိကတော့ ပြစ်မှု ၅၉ ခုဖြင့် တရားစွဲဆိုခံထားရပါတယ်။
■ အခင်းဖြစ်ပွားရာ နယူးဆောက်ဝေးလ်စ်ခေါင်းဆောင်က သေနတ်ဥပဒေပြုပြင်ပြောင်းလဲရေး ချက်ချင်းထုတ်ပြန်ပေးဖို့ ပြည်နယ်ပါလီမန်ကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
■ ဂျူးမုန်းတီးရေး လှုပ်ရှားမှုများကို အစိုးရက ရှုတ်ချကြောင်း ပြောထားပါတယ်။
■ အစိုးရက အမုန်းစကားဆိုခြင်းကို ရာဇဝတ်မှုသတ်မှတ်တဲ့ ဥပဒေကို ထုတ်ပြန်ထားပါတယ်။
■ ဂျူးမုန်းတီးရေး ခြိမ်းခြောက်သူတွေနဲ့ အကြမ်းဖက်ဟန်ပြသူများကို ရဲတွေက စွပ်စွဲသွားမယ်လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောထားပါတယ်။
■ ရဲတွေက ဩစတြေးအခြေစိုက် အစ္စလာမ်နိုင်ငံကွန်ရက်တွေနဲ့ သေနတ်တွေဆက်စပ်နေတဲ့ ဖိလစ်ပိုင်မှ စစ်သွေးကြွတွေကို ရှာဖွေနေပါတယ်။
Source: Reuters
Page 88 of 1172