ဂျပန်မြို့ငယ်များတွင်လူဦးရေကျဆင်းလာကာ သက်ကြီးရွယ်အိုတွေသာကျန်ရစ်သဖြင့် အိမ်အလွတ်တွေများပြားလာ
ဂျပန်မှာ သက်ကြီးရွယ်အိုတွေများလာပြီး ကလေးမွေးနှုန်းကျဆင်းလာတာကြောင့် ယခုကာလများအတွင်း အိမ်လွတ်တွေများလာပြီး ဝါကာယာမာစီရင်စုမှာ အခြားနေရာတွေထက် အိမ်လွတ်တွေ ပိုများနေပါတယ်။
#World_News
Published 15 July 2024
#ကလေးမွေးနှုန်းကျဆင်း #သက်ကြီးရွယ်အိုတွေသာကျန်ရစ် #အိမ်အလွတ်တွေများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 July 2024
၁။ ရန်ကုန်အပါအဝင်(၅)ရက်ကြာ မိုးကြီးမည့် ဒေသ (၇)ခုရှိ၊ မိုးသက်လေပြင်းပါတိုက်နိုင်
၂။ နှစ်ပတ်ကျော်ကာလအတွင်း ရွှေဈေးကျပ်တစ်သိန်းခွဲနီးပါးမြင့်တက်
၃။ မကွေးတွင်ဧရာဝတီမြစ်ရေကြီး၍ မြစ်နားနီးသည့်စာသင်ကျောင်း အချို့ယာယီပိတ်ထားရ
၄။ ဂျပန်မြို့ငယ်များတွင်လူဦးရေကျဆင်းလာကာ သက်ကြီးရွယ်အိုတွေသာကျန်ရစ်သဖြင့် အိမ်အလွတ်တွေများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 July 2024
▪️ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့် စည်းရုံးရေးပြုလုပ်နေစဉ် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည်သူတွေကို စိတ်လျှော့ထိန်းသိမ်းကြရန် တနင်္ဂနွေနေ့က အိမ်ဖြူတော်ရုံးဌာနကနေ တောင်းဆိုလိုက်ပါတယ်။
▪️ ပန်ဆယ်ဗေးနီးယားမှာ ထရမ့်စည်းရုံးရေးပွဲ ပြုလုပ်နေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာဟာ အားလုံးအနေနဲ့ နောက်ဆုတ်ထိန်းသိမ်းကြဖို့ သတိပေးလိုက်တဲ့ သဘောဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ ထရမ့်ဟာ ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူးလို့ ဘိုင်ဒင်က ပြောသွားပါတယ်။
▪️ နိုင်ငံရေးကို အကြမ်းဖက်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းခွင့်မပေးနိုင်ကြောင်း၊ အခြေအနေတွေက အလွန်အရှိန်တက်နေကြောင်း၊ အခုက အရှိန်လျှော့သင့်ပြီဖြစ်ကြောင်း၊ ဒီလိုလျှော့ချဖို့ အားလုံးမှာတာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အမေရိကမှာ သဘောထားမတူ ကွဲပြားမှုတွေကို မဲပေးရုံတွေမှာ ဖြေရှင်းကြတာဖြစ်ကြောင်း၊ သေနတ်တွေနဲ့ ဖြေရှင်းရတာ မဟုတ်ကြောင်း ဘိုင်ဒင်က ၇ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ရာ အဓိကသတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပါတယ်။
▪️ အသက် ၈၁ နှစ်ရှိ ဘိုင်ဒင်ဟာ နောက်ထပ်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေရာမှာ လူအများက နောက်ဆုတ်ကြဖို့ ဖိအားပေးနေကြတဲ့အချိန်မှာ အခုလို မိန့်ခွန်းပြောကြားခဲ့တာဟာ တာဝန်ရှိသူတစ်ဦးရဲ့ဩဇာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်သမိုင်းမှာ သမ္မတ ၄ ဦး လုပ်ကြံခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ များစွာဖြစ်ခဲ့သလို သမ္မတလောင်း ကိုယ်စားလှယ်တွေလည်း အချို့ဆိုရင် အသက်အန္တရာယ် ထိခိုက်စေသည်အထိ ပစ်ခတ်ခံရဖူးပါတယ်။
▪️ ယခုလို ထရမ့်ပစ်ခတ်ခံရတဲ့ ကိစ္စကြောင့် ဘိုင်ဒင်အပေါ် ဖိအားတွေလျော့ကျသွားဖို့ အိမ်ဖြူတော်အရာရှိများက မျှော်လင့်နေကြပါတယ်။
▪️ ထရမ့်ကို စကားဖြင့် တိုက်ခိုက်နေကြမယ့်အစား အနာဂတ်ကိုသာ အာရုံစိုက်ကြဖို့လည်း ဘိုင်ဒင်က တိုက်တွန်းလိုက်ပါတယ်။
#Source: Reuters
#World_Health
Published 15 July 2024
▪️ တောင်အာဖရိကနဲ့ ယူဂန်ဒါတို့မှာ ပြုလုပ်တဲ့ လက်တွေ့စမ်းသပ်ချက်အရ တစ်နှစ် ၂ ကြိမ်ထိုးရတဲ့ PrEP ဆေးဟာ အမျိုးသမီးငယ်တွေကို HIV ကူးစက်မှုကနေ အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုနိုင်ငံတွေမှာ လန်နာကာပါဗီယာ(Len LA)နဲ့ အခြားဆေးနှစ်မျိုးတို့ကို စမ်းသပ်ရန် လူပေါင်း ၅ ထောင်ခန့် စာရင်းပေးသွင်းခဲ့ကြပါတယ်။
▪️ Len LA ဟာ HIV ပွားဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ကာကွယ်ပေးပြီး အရေပြားအောက်ကို ၆ လတစ်ခါ ထိုးသွင်းရကြောင်း သိပ္ပံပညာရှင် လင်ဒါဂေးလ်ဘက်ကာက ဖော်ပြခဲ့ပါတယ်။
▪️ Len LA ထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၂၃၁၄ ဦးစလုံးဟာ HIV ကူးစက်ခြင်းမရှိခဲ့တာကြောင့် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုရမှာပါ။
▪️ ထရူဗာဒါထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၁၀၆၈ ဦးထဲမှာ ၁၆ ဦးက ကူးစက်ခဲ့ပြီး ဒက်စ်ကိုဗီထိုးသွင်းတဲ့ ၂၁၃၆ ဦးထဲက ၃၉ ဦးက ကူးစက်ခဲ့ပါတယ်။
▪️ လက်ရှိမှာ HIV ကူးစက်ထားသူအများစုက တသက်တာလုံး ကုသမှုခံယူနေရပြီး ဆက်လက်မကုသရင် ဗိုင်းရပ်စ်က ပြန်ထလာနိုင်ပါတယ်။
▪️ အမ်စတာဒမ်မှ သိပ္ပံပညာရှင်အဖွဲ့က HIV အောင်မြင်စွာ ဖယ်ထုတ်နိုင်တဲ့ နည်းပညာကိုလည်း စမ်းသပ်နိုင်ခဲ့ပါတယ်။
▪️ အခုဆိုရင် ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ကနေ လုံးဝဖယ်ရှားရန် ရည်ရွယ်ပြီး စမ်းသပ်နေကြပါပြီ။
#Source: WION
#World_Health
Published 15 July 2024
▪️ မျက်ခွံတွေ အိုမင်းရင့်ရော်လာခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မီချီဂန်မှ ပလတ်စတစ်ခွဲစိတ် ဆရာဝန် အန်သိုနီယွန်းက မျှဝေသွားပါတယ်။
▪️ မျက်ခွံတွေ အိုမင်းလာတဲ့ လက္ခဏာတွေထဲမှာ မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ခွံနားလျော့တွဲခြင်း၊ မျက်ခွံအိတ်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။
ဒါတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့..
(၁) နေကာမျက်မှန်တပ်ခြင်း
▪️ နေကာမျက်မှန်က ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးရုံမက မျက်လုံးထောင့်တွေမှာ အရေးကြောင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၂) အဆင့်ဆင့်ထုတ်လုပ်ထားသော စားစရာများလျှော့စားခြင်း
▪️ ထိုစားစရာတွေက နှလုံးရောဂါနဲ့ ကင်ဆာ၊ ဆီးချို၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေများစေပြီး မျက်လုံးဖောရောင်စေနိုင်ပါတယ်။
(၃) ဓာတ်မတည့်မှုများကိုထိန်းချုပ်ခြင်း
▪️ မျက်ခွံအရေပြားဟာ အပါးလွှာဆုံး အရေပြားတွေထဲမှာ ပါဝင်ပြီး ဓာတ်မတည့်လို့ယားယံပြီး ပွတ်တိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ရက်တီနောလ်မျက်လုံးလိမ်းဆေးသုံးခြင်း
▪️ ရက်တီနောလ်က ကော်လာဂျင်တိုးစေပြီး မျက်ခွံအရေပြား ပါးလွှာတွန့်ခေါက်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
၁၄ ဇူလိုင် ၂၀၂၄
တရုတ်နှင့်ရုရှားရေတပ်များရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု Joint Sea-2024 ကို ဇူလိုင် ၁၂ရက်က ကွမ်တုန်းပြည်နယ်တောင်ပိုင်း ကျန့် ကျောင်မြို့ ရေတပ်စခန်းတွင် ကျင်းပခဲ့ပါတယ်။
Source CCTV+
Page 90 of 822