နေပြည်တော်၊ ဒီဇင်ဘာ ၃၁
ယခုလက်ရှိ ဖြစ်ပေါ်နေသော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) အပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာချိန်မှစ၍ လွတ်လပ်ရေးကို အစောဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံခေါင်းဆောင်များ ၏တွေ့ဆုံမှုများတွင် အတည်ပြုထားပြီးဖြစ်သည့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို အစဉ်တစိုက် ထောက်ခံလျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ရည်မှန်းချက်အပေါ်တွင်လည်း ထောက်ခံရပ်တည်ကြောင်း သတင်းထုတ်ပြန်ချက်တွင် အလေးအနက်ပြုထားသည်။
မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အခြေခံကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို အပြန်အလှန် လေးစား လိုက်နာလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုင်ဝမ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားတွင် အောက်ပါအတိုင်း အဓိကအချက် များ ပါဝင်သည်-
ပြည်တွင်းရေးကိစ္စရပ်ဖြစ်ခြင်း- နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရဟူသော မူဝါဒအရ ထိုင်ဝမ်ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်။
ဒေသတွင်းလုံခြုံရေး- ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေ နိုင်သဖြင့် ယင်းလှုပ်ရှားမှုများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပဋိပက္ခကို ကြီးထွားစေမည့် အားပေးမှုများကို ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားသည့် နိုင်ငံအဖြစ် ဆက်လက် ရပ်တည် သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အတည်ပြု ပြောကြားထားသည်။
#ymg/knl
ရုရှားတို့က ဘဲရန့်စ် နဲ့ နော်ဝေးပင်လယ်တို့မှ ပင်လယ်ပြင်တို့မှာ Tu-95MS ဗျူဟာမြောက်ဗုံးကျဲလေယာဉ်များနဲ့ ဒုံးကျည်သယ်လေယာဉ်တို့ဖြင့် ပျံသန်းမှုခရီးစဉ် ပြီးမြောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ပြောပါတယ်။
#World_Military
Published 31 December 2025
#ရုရှားဗုံးကျဲလေယာဉ် #ဘဲရန့်စ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 December 2025
■ အိန္ဒိယဟာ တိုင်းပြည်ဂျီဒီပီ ဒေါ်လာ ၄.၁၈ ထရီလီယံဖြင့် ဂျပန်ကိုကျော်ကာ ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာပြီး ၂၀၃၀ အရောက်မှာ ဂျာမနီကိုထပ်ကျော်ပြီးနောက် တတိယမြောက် အင်အားအကြီးဆုံးနိုင်ငံဖြစ်လာမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။
■ ပြည်တွင်းထုတ်ကုန် ဝယ်ယူသုံးစွဲမှု မြင့်မားခြင်းနဲ့ ဖွဲ့စည်းပြုပြင်ပုံ ခိုင်မာခြင်းတို့တွေကနေ စီးပွားရေးအလျင်အမြန် ဆက်လက်တိုးတက်နေပါတယ်။
■ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ပထမ ၃ လအတွင်း အိန္ဒိယဂျီဒီပီ ၇.၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လမှာ ၈.၂ ရာခိုင်နှုန်းသို့ တိုးတက်လာပါတယ်။
■ အမေရိကန်က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးအဖြစ် ဆက်ရှိနေပြီး တရုတ်က ဒုတိယနေရာမှာ ရှိနေပါတယ်။
■ အိန္ဒိယအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၆ မှာ ၆.၅ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားသလို နိုင်ငံတကာရန်ပုံငွေအဖွဲ့ကလည်း ၆.၆ ရာခိုင်နှုန်းအထိ မျှော်မှန်းလာပါတယ်။
■ အိန္ဒိယအစိုးရက ငွေကြေးဖောင်းပွမှုကို သတ်မှတ်နှုန်းအောက်မှာ ထားရှိနိုင်ပြီး အလုပ်အကိုင်မဲ့အခြေအနေ ကျဆင်းလာကာ တင်ပို့ကုန်တွေ ဆက်လက်တိုးတက်မယ်လို့ ဖော်ပြထားပါတယ်။
■ ဘဏ္ဍာရေးအခြေအနေတွေ တည်ငြိမ်နေပြီး ပြည်တွင်းထုတ်လုပ်မှုတွေ ဆက်လက်အားကောင်းနေကာ စီးပွားရေးအရှိန်ကို တည်မြဲစေပါတယ်။
■ အိန္ဒိယက ကမ္ဘာပေါ်က စီးပွားရေးအင်အားကြီး နိုင်ငံတွေထဲမှာ အလျင်မြန်ဆုံး တိုးတက်နေကြောင်း၊ ဒီအရှိန်ကိုဆက်ထိန်းနိုင်မယ့် အနေအထားရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ဖွဲ့စည်းပြုပြင်ပုံ၊ လူမှုဆက်ဆံရေး တိုးတက်မှုတွေမှာ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Source: Reuters
#World_Science
Published 31 December 2025
■ ရှေးခေတ်က လူသားတွေဟာ မီးအသုံးပြုချင်တဲ့အခါ သစ်ပင်ကို မိုးကြိုးပစ်တဲ့ သဘာဝဖြစ်စဉ်မျိုးကနေသာ အသုံးပြုခဲ့တယ်လို့ ရှေးဟောင်းသုတေသီများ ယူဆထားပါတယ်။
■ ဒါပေမဲ့ သူတို့ဘာသာတော့ မီးကိုစတင်မပြုလုပ်နိုင်ခဲ့ပါဘူး။
■ ထိုအချိန်မှာပဲ တုတ်နှစ်ချောင်း ပွတ်တိုက်ခြင်း၊ သင့်လျော်တဲ့ကျောက်တုံးတွေကို မှန်ကန်တဲ့ အနေအထားဖြင့် ပွတ်တိုက်ခြင်းဖြင့် မီးဖန်တီးနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ မီးစတင်ပြုလုပ်ခဲ့တဲ့ အစောဆုံးသက်သေအထောက်အထား နှစ်ပေါင်း ၄ သိန်းသက်တမ်းရှိတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဗြိတိသျှပြတိုက်မှ ရှေးဟောင်းသုတေသီ နစ်အက်ရှ်တန်က ပြောပါတယ်။
■ ထိုနေရာမှာ မီးပြုလုပ်ဖို့အတွက် သံဆာလ်ဖိုက်ဒြပ်ပေါင်း အစအနတွေနဲ့ မီးခတ်ကျောက်ပုဆိန်တွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ရှေးခေတ်လူသားတွေက ရှားပါးတဲ့ သံဆာလ်ဖိုက်တွေကို ထိုနေရာသို့ သယ်ဆောင်ခဲ့ဟန် ရှိပါတယ်။
■ မီးကြွင်းမီးကျန်တွေ ရှိနေသေးတဲ့ သံဆာလ်ဖိုက်တွေကို တူးဖော်တွေ့ရှိခဲ့ပြီး အရင်က ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ဆိုင်မွန်ဖရေဆာတက္ကသိုလ်မှ ရှေးဟောင်းသုတေသီ ဒန်နစ်ဆန်းဂိတ်က ပြောပါတယ်။
■ မီးပြုလုပ်ခြင်းက လူသားသမိုင်းမှာ အရေးအပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုအဖြစ် သဘောတူကြပြီး ရှေးခေတ်လူသားတွေအနေနဲ့ သားရဲရန်မှ ကာကွယ်ခြင်း၊ အစားအစာ ပြုလုပ်ခြင်း၊ ချမ်းအေးလွန်းတဲ့ ရာသီဥတုမှာ နေထိုင်နိုင်ခြင်းတို့ ရရှိစေပါတယ်။
■ ဒီနေရာကို အစောပိုင်း နီယန်ဒါသယ်တွေ အသုံးပြုခဲ့တယ်လို့ ယူဆထားပေမယ့် အခြားသော ရှေးခေတ်လူသားတွေလည်း မီးပြုလုပ်နိုင်စွမ်း ရှိခဲ့တယ်လို့ ထင်နေကြပါတယ်။
■ ဒီတွေ့ရှိချက်အရ မီးပြုလုပ်ခြင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ရှုပ်ထွေးတဲ့ဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
Source: NPR
#World_Health
Published 31 December 2025
■ လူတွေက အားအင်လိုအပ်တဲ့အခါ ခွန်အားဖြည့်အချိုရည်တွေ သောက်သုံးကြပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ ၆၄ ရာခိုင်နှုန်းလောက် သောက်သုံးကြပါတယ်။
■ ဒီလိုအချိုရည်တွေက နှလုံးပြဿနာများ၊ စိုးရိမ်စိတ်၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားနဲ့ခံတွင်းပြဿနာများ ဖြစ်လာစေကြောင်း ဆရာဝန်တွေ သတိပေးထားတာ ကြာပါပြီ။
■ လူက ဘယ်လောက်ပဲငယ်ငယ် ဘယ်လိုပဲကျန်းမာရေးကောင်းကောင်း ခွန်အားဖြည့်အချိုရည်တွေက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့ သက်သေတွေ အများအပြား ရှိထားပါတယ်။
■ ယူကေမှ ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၅၀ ဝန်းကျင် လူတစ်ဦးဟာ အလွန်သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းခံစားရတာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။
■ သူဟာ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူးသောက်တဲ့အကျင့် ရှိပါတယ်။
■ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ ထုံကြဉ်အားနည်းခြင်း ခံစားရပြီးနောက် သူဟာ ဦးနှောက်သွေးခဲလေဖြတ်ခြင်းမျိုး ခံစားရတာဖြစ်ပါတယ်။
■ အာရုံခံစားခြင်းနဲ့ လှုပ်ရှားမှုတို့ ပါဝင်ပတ်သက်နေတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ သွေးကြောပိတ်ဆို့တာ ဖြစ်ပါတယ်။
■ လမ်းလျှောက်ရ မျိုချရ စကားပြောရ ခက်ခဲတဲ့ လက္ခဏာတွေလည်း ဖြစ်လာပြီး သွေးပေါင်ချိန်က ၂၅၄/ ၁၅၀ ရှိပါတယ်။
■ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူး သောက်နေခြင်းက ကဖင်းဓာတ် ၁,၃၀၀ မီလီဂရမ်နီးပါး သောက်မိနေတာ ဖြစ်ပါတယ်။
■ အချိုရည်တွေ ဖြတ်ပြီးနောက် နှစ်တွေကြာတာတောင် ဒီအကျိုးဆက်တွေ ခံစားနေရတာ ဖြစ်ပါတယ်။
■ ကဖင်းဓာတ်ကြောင့်ပင် မဟုတ်ဘဲ သကြားဓာတ်၊ ဂွာရာနာတို့လို လှုံ့ဆော်ပစ္စည်းတွေက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတို့ကို မြင့်တက်စေတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
■ ဒီလိုအချိုရည်တွေကို ပိုမိုတင်းကြပ်စွာ ကွပ်ကဲစစ်ဆေးပြီး ရောင်းချကြဖို့ တိုက်တွန်းနေကြပါတယ်။
Source: New York Post
#World_News
Published 30 December 2025
■ အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ နျူကလီးယားလက်နက် အစီအစဉ်တွေ ပြန်လည်ဆောက်လုပ်ဖို့ စတင်လာပါက နောက်ထပ်တိုက်ခိုက်မှုကြီး ပြုလုပ်သွားဖို့ အမေရိကန် ထောက်ပံ့သွားမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။
■ ဒါ့အပြင် ဟားမတ်စ်အနေနဲ့ လက်နက်မချပါက နောက်ဆက်တွဲအကျိုးဆက်တွေ ပြင်းထန်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
■ ဇွန်လက အမေရိကန်တိုက်ခိုက်မှုကြီး ပြုလုပ်ပြီးနောက် အီရန်ဟာ လက်နက်အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ ဖလော်ရီဒါအိမ်မှာ တွေ့ဆုံစဉ် ထရမ့်ကပြောခဲ့ပါတယ်။
■ တိုက်ခိုက်တဲ့နေရာမှာမဟုတ်ဘဲ အခြားနေရာတွေမှာ ဆောက်လုပ်တာဖြစ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
■ ဇွန်လက အစ္စရေးလ်နဲ့ ၁၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ အီရန်က ယခုလအတွင်း ဒုတိယအကြိမ် ဒုံးကျည်လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။
■ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ရယူထားတဲ့ ထရမ့်က ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ခိုင်ခံ့မှုမရှိဘဲ အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ အစ္စရေးလ်အပေါ် ကျူးလွန်လာနိုင်တာကို ထရမ့်က စိုးရိမ်နေပါတယ်။
■ ထရမ့်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟူတို့က ဂါဇာငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ တူရကီရဲ့ အရေးပါပုံကို ဆွေးနွေးခဲ့ကြပါတယ်။
■ အစ္စရေးလ်ထိန်းချုပ်ထားတဲ့ အနောက်ပိုင်းဘဏ်အပေါ်မှာ ယင်းတို့နှစ်ဦး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အတိအကျတော့ မဖော်ပြထားပါဘူး။
Source: Reuters
#World_Health
Published 30 December 2025
■ ပဲပိစပ်ဆီမှာ အဆီပါဝင်မှု၊ ရောင်ရမ်းစေနိုင်ခြင်းနဲ့ အပူပေးတဲ့အခါ သက်ရောက်နိုင်စွမ်းတို့ကြောင့် လက်ရှိမှာ စောင့်ကြည့်စစ်ဆေးနေကြပါတယ်။
■ ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲပိစပ်ဆီက အသုံးများလာပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီး၊ ပြည့်ဝဆီအနည်းဆုံး ပါဝင်တယ်လို့ သိထားကြပေမယ့် တကယ်တမ်းမှာ အဆီပါဝင်မှုအချိုးအစား၊ ဓာတ်တိုးတည်မြဲနိုင်စွမ်း၊ ဇီဝဖြစ်စဉ်များအပေါ် ဓာတုဓာတ်ပြုမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဆီစစ်ထုတ်တဲ့နေရာမှာ အပူချိန်မြင့်မားစွာ အသုံးပြုရတဲ့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တိုးမှုတွေ ဖြစ်စေပြီး ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါ-၃ အချိုး ၄:၁ ခန့်က ကျန်းမာရေးအတွက် သင့်လျော်ပေမယ့် ပဲပိစပ်ဆီမှာတော့ ၂၀:၁ လောက်ဖြစ်နေကာ ရောင်ရမ်းစေတဲ့ဒြပ်ပေါင်းတွေ များလာစေပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အဆစ်ရောင်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ထရိုင်ဂလစ်ဆရိုက်များခြင်းတို့ ဖြစ်လာစေပါတယ်။
■ အိန္ဒိယမှာဆိုရင် မုန့်တွေ၊ ကိတ်မုန့်ပေါင်မုန့်တွေ၊ ဆီကြော်မုန့်တွေ စသဖြင့် ပဲပိစပ်ဆီအသုံးပြုတဲ့အတွက် အိုမီဂါ-၆ တွေ စားမိနေပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်း ဘက်တီးရီးယားတွေ မညီမမျှဖြစ်စေကာ အူနံရံဖြတ်သန်းနိုင်စွမ်းနဲ့ ဟော်မုန်းတို့ နှောင့်ယှက်စေပြီး သိုင်းရွိုက်ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။
■ ပဲပိစပ်ဆီမှာ ဗိုက်တာမင်-အီး ပါဝင်ပေမယ့် သန့်စင်ထုတ်လုပ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့ ပြုလုပ်စဉ် ဓာတ်တိုးဆန့်ကျင်အာနိသင်များ အတော်လေး လျော့ကျသွားပါတယ်။
■ ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ဆီပြောင်းလဲအသုံးပြုသင့်ပြီး အာဟာရဓာတ် ပိုကြွယ်ဝတာမျိုးကို အကြံပြုပါတယ်။
Source: Indian Express.
Page 82 of 1172