HAIKOU, အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) -- တရုတ်နိုင်ငံ၏ ရှိရှာ (Xisha) ကျွန်းစု အနီး တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းဒဏ်ကြောင့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပြီး စက်ချို့ ယွင်းမှုဖြစ်ပွားခဲ့သော သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၁၀ ဦးလုံးကို တရုတ်နိုင်ငံက အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ စန်းရှား (Sansha) ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာ ၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့တွင်၊ တရုတ်နိုင်ငံ တောင်ဘက်စွန်းရှိ ဟိုင်နန် (Hainan) ပြည်နယ် စန်းရှားမြို့ရှိ ယုန်ရှင်း (Yongxing) ကျွန်း ၏ အရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာခန့်အကွာတွင် မြန်မာသင်္ဘောသား ၁၀ ဦးကို တင်ဆောင်လာသည့် သင်္ဘောတစ်စီး ပဲ့ကိုင်ဂီယာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ထိန်းချုပ်မရဘဲ မျောပါနေကြောင်း စင်တာသို့ သတင်းကိုရရှိခဲ့သည်။
ယခုနှစ်၏ ၂၀ခုမြောက် မုန်တိုင်း ဖြစ်သော ဘူအာလွိုင် (Bualoi) တိုင်ဖွန်းမုန်တိုင်း သည် ၎င်းတို့ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသဖြင့် သင်္ဘောသားများ ချက်ချင်း အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် စင်တာမှ ချက်ချင်း အရေးပေါ် တုံ့ပြန်မှုစနစ် (emergency response) ကို ဖွင့်လှစ်ကာ ကယ်ဆယ်ရေး သင်္ဘောတစ်စီးကို စေလွှတ်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ကယ်ဆယ်ရေးသင်္ဘောသည် ရှိရှာကျွန်းစုအနီးရှိ အခက်အခဲကြုံတွေ့နေရသော သင်္ဘောအနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် မုန်တိုင်းချဉ်းကပ်လာမှု ကြောင့် ဆွဲယူခြင်း (towing) သည် မဖြစ်နိုင်သေး၍ စင်တာမှ သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ပြီး သင်္ဘောသား ၁၀ ဦးလုံးကို ထိုနေ့တွင်ပင် ကယ်ဆယ်ရေးသင်္ဘောသို့ ပြောင်းရွှေ့ပေးခဲ့သည်။
မုန်တိုင်းကင်းစင်သွားပြီးနောက် စင်တာမှ လျှပ်စစ်ဓာတ်အားနှင့် လျှပ်စစ်စနစ်များ ရပ်သွားသောကြောင့် အဆက်အသွယ်ပြတ်တောက်နေသည့် ချို့ယွင်းသင်္ဘောကို ရဟတ်ယာဉ်များနှင့် ဂြိုလ်တုများဖြင့် ရှာဖွေခဲ့သည်။ ၃၆ နာရီကြာ ရှာဖွေမှုများအပြီး စက်တင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် မျောပါနေသည့် သင်္ဘောကို ယုန်ရှင်းကျွန်းအနီး ရေပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက်နေ့တွင် သင်္ဘောသားများကို ၎င်းတို့၏သင်္ဘောသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး တရုတ်ကယ်ဆယ်ရေးသင်္ဘောမှ ဆွဲယူခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ အခက်အခဲကြုံတွေ့ခဲ့ရသော သင်္ဘောကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဘောပိုင်ရှင်၏ ဆွဲသင်္ဘောသို့ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့ ကြာသပတေးနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်း၏ ခရီးပန်းတိုင်ဖြစ်သော ဗီယက်နမ်နိုင်ငံ ဒါနန်း (Da Nang) ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ကြောင်း စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
စန်းရှား ပင်လယ်ပြင် ဘေးကင်းရေး အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောကြားချက်အရ ဤကယ် ဆယ်ရေးစစ်ဆင်ရေးသည် သင်္ဘောသားများ၏ အသက်များကို ကာကွယ်ပေးနိုင်ခဲ့သလို ဖြစ်ပေါ် လာနိုင်သည့် ပင်လယ်ပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း တားဆီးနိုင်ခဲ့သည်ဟုဆိုသည်။ မကြာသေး မီနှစ်များအတွင်း တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၌ ၎င်း၏ ပင်လယ်ပြင်နှင့် လေကြောင်း အရေးပေါ် တုံ့ပြန်မှုစနစ် ကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိပြီး အမျိုးမျိုးသော နိုင်ငံများမှ သင်္ဘောများ အတွက် စိတ်ချရသော အထောက်အပံ့များကို ပေးစွမ်းလျက်ရှိကြောင်းလည်းသိရသည်။
Source: Xinhua Myanmar
#World_News
Published 03 October 2025
▪️ WASHINGTON, အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) -- ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ (FIFA) က ကြာသပတေးနေ့တွင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်ဘောလုံးဖြစ်သော ထရိုင်ရွန်ဒါ“TRIONDA” ကို မိတ်ဆက်ခဲ့သည်။ ၎င်းသည် ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် လမ်းကြောင်းပေါ်ရှိ နောက်ထပ် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
▪️ ဘောလုံးနာမည်ကို စပိန်ဘာသာစကားမှ ဆင်းသက်လာပြီး ယေဘုယျအားဖြင့် “လှိုင်းသုံးခု” ဟု အဓိပ္ပာယ်ရကာ အိမ်ရှင်နိုင်ငံသုံးနိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ရည်ညွှန်းသည်။ ဒီဇိုင်းတွင် အနီ၊ အစိမ်းနှင့် အပြာအရောင်များ ပါဝင်ပြီး နိုင်ငံတစ်ခုစီ၏ သင်္ကေတများဖြစ်သည့် - ကနေဒါ၏ မေပယ်ရွက်၊ မက္ကဆီကို၏ လင်းယုန်နှင့် နှင့် အမေရိကန်ပြည်ထောင်စု၏ ကြယ် တို့ကို ထည့်သွင်းထားသည်။
▪️ ဘောလုံးသည် နက်သောချုပ်ရိုးများနှင့်မျက်နှာပြင်များပေါ်တွင် အပြောင်အပြိန်းများပါဝင်သည့် အပြား လေးချပ်ဖြင့် တည်ဆောက်ထားသည်။ ဤပြောင်းလဲမှုများသည် ဘောလုံး၏ တည်ငြိမ်မှု၊ ဆုပ်ကိုင် နိုင်မှုနှင့် ထိန်းချုပ်မှု တို့ကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သည်ဟု ဖီဖာကဆိုသည်။
▪️ ဘောလုံးထိလိုက်သည်များကို အချိန်နှင့်တပြေးညီ ခြေရာခံရန်အတွက် အတွင်းဘက်တွင် လှုပ်ရှားမှုအာရုံခံကိရိယာ (motion sensor) တစ်ခုပါဝင်သော ဘောလုံးချိတ်ဆက်နည်းပညာ connected ball technology ကို ထည့်သွင်းထားသည်။ ယင်းဒေတာများကို ဗီဒီယိုအကူဒိုင် (VAR) စနစ် သို့ ပေးပို့မည်ဖြစ်ပြီး လူကျွံဘော (offside) စည်းမျဉ်း ဆုံးဖြတ်ချက်များအပါအဝင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုမည် ဖြစ်သည်။
▪️ ဖီဖာဥက္ကဋ္ဌ Gianni Infantino က မိတ်ဆက်ပွဲတွင် “ဒီဘောလုံးက တကယ်လှပပါတယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားမှာ ဒီဘောလုံးနဲ့ ဂိုးတွေ ဘယ်လို သွင်းယူကြမလဲဆိုတာကို ကြည့်ချင်လှပါပြီ” ဟု ပြောကြားခဲ့သည်။
▪️ ၂၀၂၆ ကမ္ဘာ့ဖလားသည် အသင်း ၄၈ သင်းအထိ တိုးချဲ့ကျင်းပမည့် ပထမဆုံးပွဲ ဖြစ်လာမည်ဖြစ်သည်။ ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက် အထိ မြောက်အမေရိကရှိ မြို့ကြီး ၁၆ မြို့တွင် ကျင်းပရန်စီစဉ်ထားသည်။
#World_News
Published 3 October 2025
▪️ အိန္ဒိယကို ရုရှားနဲ့ စွမ်းအင်ရောင်းဝယ်ရေး လျှော့ချဖို့ ဖိအားပေးနေတဲ့ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြစ်တင်ဝေဖန်လိုက်ပြီး အမေရိကန်အပေါ်ပဲ ပြန်လည်သက်ရောက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
▪️ ရုရှားကုန်သွယ်ရေးမိတ်ဖက်တွေကို လိုက်ပြီးအခွန်တိုးမြှင့်စည်းကြပ်နေပါက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းမြင့်တက်လာနိုင်ကာ အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းမြှင့်လာရနိုင်တယ်လို့ ဆိုလိုက်ပြီး အမေရိကန်စီးပွားရေး နှောင့်နှေးစေမယ်လို့ သတိပေးလိုက်ပါတယ်။
▪️ ပူတင်က ဒီဇင်ဘာအစောပိုင်းမှာ အိန္ဒိယထံ သွားရောက်လည်ပတ်ဖို့ မျှော်လင့်နေကြောင်းလည်း ပြောပါတယ်။
▪️ အိန္ဒိယမှ ရေနံစိမ်းတင်ပို့မှု များပြားလာတဲ့အပေါ် ကုန်သွယ်ရေးမညီမျှမှု ဖြေလျှော့ရန် အတိုင်းအတာတွေလည်း ညွှန်ကြားထားပါတယ်။
▪️ အိန္ဒိယနဲ့ ဘယ်သောအခါမှ တင်းမာမှုမျိုးတွေ ပြဿနာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
▪️ အိန္ဒိယအနေနဲ့ ပြင်ပဖိအားပေးမှုဒဏ်ကို ခံစားနေစရာမလိုဘူးလို့ ပူတင်ကဆိုပါတယ်။
▪️ အိန္ဒိယအနေနဲ့ ရုရှားရေနံ မဝယ်ယူတော့ဘူးဆိုရင် ဒေါ်လာ ၉ ဘီလီယံမှ ၁၀ ဘီလီယံကြား ဆုံးရှုံးရနိုငါပါတယ်။
▪️ အိန္ဒိယပြည်သူတွေကလည်း စောင့်ကြည့်နေကြပြီး တိုင်းတစ်ပါးရှေ့မှောက် သိက္ခာကျခံစရာ မလိုကြောင်း ပြောပါတယ်။
▪️ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ဒီလိုအဖြစ်ခံမှာ မဟုတ်ဘူးလို့ ပူတင်က ပြောသွားပါတယ်။
Source: India Today.
#World_Health
Published 03 October 2025
▪️ အိန္ဒိယမှ ဒေါက်တာ မာနန်ဗိုရာက နေအိမ်မှာ မထားသင့်တဲ့ နေ့စဉ်သုံးပစ္စည်းတွေအကြောင်း သတိပေးထားပါတယ်။
▪️ KIMSHEALTH မှ ဒေါက်တာ ဂါနက်ရှ်ဗစ်ဝါနာထန်ကလည်း ဒီပစ္စည်းတွေရဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်း ဖော်ပြထားပါတယ်။
▪️ (၁) သကြားဓာတ်များသောဘီစကစ် သကြားနဲ့ သန့်စင်ဂျုံများ မြင့်မားတာကြောင့် ဂလူးကို့စ်မြင့်တက်စေပြီး အဝလွန်ခြင်း၊ ဆီးချို၊ သွားပိုးစားခြင်းများ ဖြစ်စေနိုင်ပါတယ်။
▪️ (၂) သပွတ်ပင် စိုစွတ်ပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ကာ ရောဂါကူးစက်မှုများ ဖြစ်နိုင်ပါတယ်။
▪️ (၃) ဆေးကြောဖော့ ဘက်တီးရီးယားတွေ ရှင်သန်နိုင်ပြီး ပိုးသန့်စင်ဖို့ အလွန်ခက်ခဲနိုင်ပါတယ်။
▪️ (၄) အနံ့ပါသောပိုးသန့်စင်အဖတ်များ အနံ့တွေနဲ့ ဓာတုပစ္စည်းတွေက ယားယံခြင်း၊ အရေပြားရောင်ခြင်းတို့ ဖြစ်စေကာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။
▪️ (၅) ခြင်ဆေးခွေ အန္တရာယ်ရှိတဲ့ အငွေ့ထုတ်လွှတ်ကာ အဆုတ်ထိခိုက်စေပြီး အိမ်တွင်းလေထုညစ်ညမ်းစေပါတယ်။
▪️ (၆) အဖုံးပွင့်နေသောအမှိုက်ပုံး ဒီလိုအမှိုက်ပုံးတွေက ပိုးမွှားအကောင်တွေကို ဆွဲဆောင်စေပြီး အနံ့အသက်ဆိုးစေကာ ခြင်တွေရောက်ရှိစေနိုင်ပါတယ်။
▪️ နေ့စဉ်သုံးပစ္စည်းတွေထဲက အဆိပ်အတောက်တွေ ရေရှည်ထိတွေ့ခြင်းရဲ့ အန္တရာယ်တွေအကြောင်း သိရှိထားကြဖို့ ဟိုက်ဒရာဘတ်မှ ဒေါက်တာ မာနင်ဒရာက ပြောသွားပါတယ်။
Source: Indian Express.
#World_Science
Published 03 October 2025
▪️ လူတွေ အစားစားသုံးခြင်းအပေါ် သက်ရောက်ပုံရှိနေတဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခုဟာ အနာဂတ်မှာ ကိုယ်အလေးချိန်ချခြင်း၊ တင်ခြင်းတို့ကို ထောက်ပံ့ပေးနိုင်ဖွယ် ရှိပါတယ်။
▪️ Bed nucleus of the stria terminalis (BNST) လို့ခေါ်တဲ့ အစိတ်အပိုင်းထဲက နျူရွန်တွေဟာ ဦးနှောက်အလယ်ပိုင်းမှာရှိပြီး လူတွေမှာ နေကြာစေ့အရွယ်လောက်သာရှိကာ သူ့ကိုလှုံ့ဆော်ပေးခြင်းဖြင့် ကြွက်တွေမှာ အစားပိုစားစေပါတယ်။
▪️ နယူးယော့ခ် ကိုလံဘီယာတက္ကသိုလ်မှ ချားလ်စ်ဇူကာနဲ့ အဖွဲ့က အရသာငါးမျိုးထဲက တစ်မျိုးပါဝင်တဲ့ရေကို ကြွက်တွေသောက်ခိုင်းပြီး ဦးနှောက်တွေကို ဓာတ်မှန်ရိုက်ခဲ့ပါတယ်။
▪️ ထိုအခါမှာ အချိုအရသာရှိတဲ့ရေကြောင့် နျူရွန်တွေကို လှုံ့ဆော်စေတာကို တွေ့ခဲ့ကြပါတယ်။
▪️ ထိုနျူရွန်တွေက BNST ထဲက အခြားအရာတွေကို လှုံ့ဆော်စေပါတယ်။
ဒီအစိတ်အပိုင်းက အရသာတွေကို လက်ခံတုံ့ပြန်စေတာ ပထမဆုံးတွေ့ရှိတာ ဖြစ်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ ဟိုင်ကျန်ကိုင်က ပြောပါတယ်။
▪️ BNST နျူရွန်တွေကို လှုံ့ဆော်ပေးခြင်းက အရသာဘယ်လိုပဲဖြစ်ဖြစ် ရေပိုမိုသောက်စေပြီး ဆာလောင်မှု၊ အာဟာရချို့တဲ့ခြင်း၊ အရသာတို့ကို ညွှန်ပြနေပါတယ်။
▪️ လူသားတွေနဲ့ ကြွက်တွေမှာ BNST ဆင်တူတာကြောင့် ကင်ဆာလူနာတွေလို စားချင်စိတ်ကျဆင်းသူတွေမှာ အစားပိုစားစေဖို့ ဆေးဝါးတွေ တီထွင်ဖို့ အလားအလာရှိနေတာကို မြင်တွေ့ရပါတယ်။
▪️ BNST နျူရွန်တွေနဲ့အတူ အစားစားချင်စိတ်နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အခြားလမ်းကြောင်းတွေ ပစ်မှတ်ထားခြင်းက semaglutide လို GLP-1 ဆေးဝါးလိုမျိုး ကိုယ်အလေးချိန်ကျစေမယ့် နည်းလမ်းတွေ တိုးတက်စေနိုင်ပါတယ်။
▪️ BNST လုပ်ဆောင်ပုံကို ပိုမိုနားလည်စေခြင်းဖြင့် ကိုယ်အလေးချိန်ကျဆေးဝါးတွေရဲ့ ထိရောက်မှုတိုးတက်စေပြီး လုပ်ငန်းစဉ်တွေကို ပိုမိုသိရှိစေနိုင်မှာ ဖြစ်ပါတယ်။
Source: News Scientist
တရုတ်တောင်ပိုင်း ကွမ်ရှီရွှမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖျင်ရှန်မြို့ရှိ တရုတ်-ဗီယက်နမ် ယူယီကွမ်ဆိပ်ကမ်း(ခေါ်) ချစ်ကြည်ရင်းနှီးရေးဖြတ်သန်းခွင့် စမတ်ဆိပ်ကမ်းစီမံကိန်းမှ တရုတ်ဘက်ကအပိုင်းဟာ ဆောက်လုပ်မှုပြီးစီးခဲ့ပြီး စမ်းသပ်မှုအဆင့်ရောက်နေပြီဖြစ်ကာ ၂၀၂၅ နှစ်ကုန်လောက်မှာ စမ်းသပ်လည်ပတ်မှုစတင်ရန် ရည်ရွယ်ထားပါတယ်။
#Asia_Business
#တရုတ်_ဗီယက်နမ် #ကွမ်ရှီရွှမ်
Published 02 October 2025
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 02 October 2025
▪️ တက်စလာအမှုဆောင်ချုပ် သူဌေးကြီးအီလွန်မက်စ်ဟာ သမိုင်းမှာ ဒေါ်လာ ၅၀၀ ဘီလီယံနီးပါး ချမ်းသာကြွယ်ဝတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း Forbes က ဖော်ပြထားပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်မှာ မက်စ်ရဲ့ချမ်းသာမှုက ၄၉၉.၅ ဘီလီယံ ရှိနေပါတယ်။
▪️ တက်စလာစတော့တန်ဖိုး ပြန်လည်မြင့်တက်လာတာတွေ၊ ဒုံးပျံထုတ်လုပ်ရေး SpaceX ၊ xAI ဉာဏ်ရည်တုကုမ္ပဏီလိုမျိုး အခြားကုမ္ပဏီတွေရဲ့ တန်ဖိုးမြင့်တက်လာတာတွေကြောင့် အခုလို စာရင်းဝင်သွားတာ ဖြစ်ပါတယ်။
▪️ တက်စလာကတော့ သူ့ကြွယ်ဝမှုရဲ့ အဓိကလုပ်ငန်းဖြစ်နေပြီး ယခုနှစ်အတွင်း ရှယ်ယာ ၁၄ ရာခိုင်နှုန်းကျော် ခုန်တက်ခဲ့ပါတယ်။
▪️ တစ်နေ့တည်းမှာပင် မက်စ်ရဲ့ကြွယ်ဝမှု ၇ ဘီလီယံကျော် ပိုများလာခဲ့ပါတယ်။
▪️ မက်စ်က ကုမ္ပဏီအနာဂတ်အတွက် ဘယ်လောက်အခရာကျကြောင်း ဘုတ်အဖွဲ့က ရှင်းလင်းပြထားကာ ကားထုတ်လုပ်ရေးက AI နဲ့ စက်ရုပ်နည်းပညာပိုင်းမှာ အထင်ကရဖြစ်လာအောင် အားထုတ်နေပြီး စီအီးအိုအတွက် ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ လျော်ကြေးငွေ ထုတ်ပြန်လိုက်ပါတယ်။
▪️ ဒါ့အပြင် SpaceX ကလည်း ပုဂ္ဂလိကအာကာသကဏ္ဍမှာ လွှမ်းမိုးနေကာ တန်ဖိုးပိုမြင့်လာပါတယ်။
▪️ xAI နဲ့ အခြားဉာဏ်ရည်တုလုပ်ငန်းသစ်တွေကလည်း တန်ဖိုးကြီးမားလာနေပါတယ်။
▪️ Forbes ဖော်ပြချက်အရ မက်စ်ရဲ့နောက်မှာတော့ Oracle တည်ထောင်သူ လယ်ရီအယ်လီဆန်က ၃၅၁.၅ ဘီလီယံဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
▪️ မက်စ်က ကား၊ ဒုံးပျံ၊ AI စတဲ့ ကဏ္ဍအမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိနေတာကြောင့် ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံးအဖြစ် အခိုင်အမာရပ်တည်နေတာ ဖြစ်ပါတယ်။
Source: India Today
Page 79 of 1121