#World_Health
Published 11 October 2025
▪️ တိုင်လီနော(Tylenol)ဆေးမှာ ပါဝင်တဲ့ အက်ဆီတာမီနိုဖန်ဟာ ကိုယ်ဝန်ဆောင်တွေမှာ မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရှောင်ရှားသင့်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အဆိုကို ကမ္ဘာတဝှမ်းမှ ကျန်းမာရေးအရာရှိများ ငြင်းဆန်နေကြပါတယ်။
▪️ ရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပါရာစီတမောအသုံးပြုခြင်းနဲ့ အော်တစ်ဇင်ဖြစ်ခြင်းတို့ကြား ဆက်စပ်မှုမရှိဘူးလို့ တွေ့ရှိရကြောင်း ဥရောပဆေးဝါးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
▪️ အက်စီတာမီနိုဖန်က ပါရာစီတမောလို့လည်း အကျယ်တဝင့် ခေါ်ဝေါ်ကြပါတယ်။
▪️ ကိုယ်ဝန်ဆောင်တွေမှာလည်း ပါရာစီတမောဟာ ကိုက်ခဲခြင်း ဖျားနာခြင်းတို့ကို လိုအပ်သလို အသုံးပြုကုသသင့်တယ်လို့ ဥရောပဆေးဝါးကွပ်ကဲရေးက လမ်းညွှန်ဖော်ပြထားပါတယ်။
▪️ ဒေါ်နယ်ထရမ့်က ကိုယ်ဝန်ဆောင်တွေ အကိုက်အခဲပျောက်ဆေး အသုံးပြုခြင်းက နောက်ပိုင်းမှာ အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သုတေသနယူဆချက်ကို ထောက်ပြထားပါတယ်။
▪️ WHO မှ ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရဲဗစ်က ဒီအဆိုကို လက်မခံဘဲ လေ့လာချက်အများအပြား ပြုလုပ်ပြီးနောက် ထိုကဲ့သို့ဆက်စပ်မှုမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။
▪️ နောက်ထပ်ပြီးတော့ ကာကွယ်ဆေးတွေဟာလည်း အော်တစ်ဇင်ဖြစ်နိုင်တယ်လို့ ထရမ့်အဆိုပြုထားတဲ့အပေါ် ကျန်းမာရေးအာဏာပိုင်များ အပြင်းအထန် ငြင်းဆိုထားကြပါတယ်။
▪️ ယူကေ၊ ဩစတြေးလျ၊ စပိန်နဲ့ အခြားနိုင်ငံများမှ ကျန်းမာရေးအရာရှိများက ထရမ့်ရဲ့ထုတ်ပြန်ချက်တွေကို ဝေဖန်လိုက်ကာ ဆေးသိပ္ပံအပေါ် ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။
Source: NPR.
တရုတ်ရုပ်ရှင်လောက ယခုနှစ်မှာ နှစ်ပေါင်း ၁၂၀ ပြည့်မြောက်ပြီဖြစ်ကာ အခြားကဏ္ဍများမှ သင်ခန်းစာများကိုရယူပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် ရုပ်ရှင်ထုတ်လုပ်ရေးအဆင့်အားလုံး အဆင်ပြေချောမွေ့အောင် စီစဉ်ထားပါတယ်။
#Asia_Industry
Published 10 October 2025
#တရုတ်ရုပ်ရှင် #နိုင်ငံတကာရုပ်ရှင်လောက
#YMG #Yangon_Times #Yangon_Media_Group
#Asia_News
Published 10 October 2025
■ မနီလာ၊ အောက်တိုဘာ ၁၀ (ဆင်ဟွာ) — ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမူရယ်ဒက်ဇ် မားကို့စ်က ဖိလစ်ပိုင် တောင်ပိုင်း၊ ဒါဗာအို အိုရီယင်တယ်Davao Oriental ပြည်နယ်ကမ်းလွန်တွင် သောကြာနေ့နံနက်ပိုင်းက အင်အားပြင်းငလျင်လှုပ်ပြီးနောက် ဆူနာမီအန္တရာယ်ရှိသည့် ကမ်းရိုးတန်းဒေသများမှ ပြည်သူများအား ချက်ချင်းရွှေ့ပြောင်းရန် အစိုးရအေဂျင်စီများကို ညွှန်ကြားခဲ့သည်။
■ သတင်းထုတ်ပြန်ချက်တစ်ခုတွင် မားကို့စ်က ပြည်သူများအား “အသင့်အနေအထားရှိပြီး စိတ်အေးအေး ထားပါ”၊ “အာဏာပိုင်များက ဘေးကင်းကြောင်း မကြေညာမချင်း ကုန်းမြင့်ပေါ်သို့သွားပြီး ကမ်းခြေနှင့်ဝေးရာတွင် နေထိုင်ပါ” ဟု တိုက်တွန်းခဲ့သည်။
■ "ကျွန်တော်အနေနှင့် အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ၊ အရပ်ဘက်ကာ ကွယ်ရေးရုံး၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နှင့် သက်ဆိုင်ရာအေဂျင်စီအားလုံး ကို ကမ်းရိုးတန်းဒေသများမှ ပြည်သူများကို ချက်ချင်းရွှေ့ပြောင်းရန်၊ အရေးပေါ်ဆက်သွယ်ရေးလိုင်းများ ဖွင့်လှစ်ရန်နှင့် ဒေသဆိုင်ရာအစိုးရများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။
■ ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားပြီး “ဘေးကင်းသည်နှင့် တစ်ပြိုင်နက် ယင်းတို့ကို နေရာယူစေမည်” ဟု သမ္မတကပြောသည်။
■ ဖိလစ်ပိုင်မီးတောင်နှင့်မြေငလျင်ဗေဒသိပ္ပံက ကမ်းလွန်ငလျင်၏ ပြင်းအားကို ၇.၆ မှ ၇.၄ သို့ လျှော့ချခဲ့သည်။
■ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၉နာရီ ၄၃ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး မန်နေManay မြို့နယ်၏ အရှေ့မြောက်ဘက် ၄၃ ကီလိုမီတာခန့်အကွာတွင် မြေအောက် ၂၃ ကီလိုမီတာအနက်၌ ဗဟိုပြုလှုပ်ရှား ခဲ့ကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။
■ ယင်းဌာနကပင် မင်ဒါနာအိုရှိ ကမ်းရိုးတန်းဒေသများနှင့် ဖိလစ်ပိုင်အလယ်ပိုင်းပြည်နယ် သုံးခုတွင် ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့သည်။
■ “လှိုင်းလုံးတွေက နာရီပေါင်းများစွာ ဆက်ရှိနေနိုင်ပါတယ်” ဟု သတိပေးချက်တွင် ဖော်ပြထားပြီး ကမ်းရိုး တန်းဒေသများရှိ ဒေသခံများအား ကုန်းမြင့်သို့ ချက်ချင်းရွှေ့ပြောင်းရန် သို့မဟုတ် ကုန်းတွင်းပိုင်းသို့ ထပ်မံရွှေ့ရန် တိုက်တွန်းထားသည်။
■ လူမှုမီဒီယာများတွင် အင်တာနက်အသုံးပြုသူများစွာသည် ငလျင်နှင့်ပတ်သက်သော ၎င်းတို့၏ ခံစားချက်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။
■ ပုံများတွင် Agusan del Norte, Butuan City ရှိ ဈေးဝယ်စင်တာတစ်ခု၏ အစိတ်အပိုင်းတစ်ခု ပြိုကျကာ ကားအများအပြားပေါ်သို့ အပျက်အစီးများ ပြိုကျနေသည်ကို ပြသခဲ့သည်။
■ ဒေသတွင်းသတင်းများအရ Davao အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ငလျင်ကြောင့် ပျက်စီးခဲ့ကြောင်းသိရသည်။
■ ဒေသတွင်း မီဒီယာများက သေဆုံးသူနှစ်ဦးရှိကြောင်း သတင်းပို့ခဲ့သည်။ Davao Oriental ပြည်နယ်၊ Mati မြို့မှ အမျိုးသားတစ်ဦးသည် သူ၏နေအိမ်ရှိ ပြိုကျသောနံရံတစ်ခုဖြင့် ပိမိ၍ သေဆုံးခဲ့ကြောင်း သိရပြီး Davao de Oro ပြည်နယ်၊ Pantukan မြို့ရှိ မြေပြိုမှုတွင် နောက်တစ်ဦး မြေပိ၍ သေဆုံးခဲ့သည်။
#World_News
Published 10 October 2025
▪️ ဖလော်ရီဒါပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦးသည် ChatGPT ကို ထိတ်လန့်ဖွယ်ရာမေးခွန်းတစ်ခု မေးမြန်းခဲ့သည့်အတွက် သတိပေးချက်ရရှိပြီးနောက် အာဏာပိုင်များက သူ့ကို ရဲစခန်းတွင် ထိန်းသိမ်းခဲ့သည်။
▪️ WFLA ၏ သတင်းဖော်ပြချက်အရ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက ChatGPT ကို "ကျွန်တော့်သူငယ်ချင်းကို စာသင်ခန်းထဲမှာ ဘယ်လိုသ-တ်ရမလဲ" ဟု မေးမြန်းခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်တွင် ရဲတပ်ဖွဲ့က သူ့ကိုကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါကျောင်းသား၏ မေးခွန်းကြောင့် Deland မြို့ရှိ Southwestern အလယ်တန်းကျောင်း၏ စက်ပစ္စည်းများတွင် ထည့်သွင်းထားသော AI အက်ပ်တစ်ခုဖြစ်သည့် Gaggle က ကျောင်း၏ လုံခြုံရေး အရာရှိထံသို့ အချက်ပြအကြောင်းကြားခဲ့သည်။
▪️ Volusia ကောင်တီ ရဲတပ်ဖွဲ့မှူးရုံးက ကျောင်းသို့ ချက်ချင်းရောက်ရှိလာခဲ့ပြီး အဆိုပါ ကျောင်းသားကမူ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သော သူငယ်ချင်းတစ်ဦးကို "နောက်ပြောင်ခြင်းသာ" ဖြစ် ကြောင်း ခုခံပြောဆိုခဲ့သည်။
▪️ ထို့နောက် အဆိုပါဆယ်ကျော်သက်ကျောင်းသားကို ဖမ်းဆီးပြီး ကောင်တီ(စီရင်စု)အကျဉ်းထောင်သို့ ပို့လိုက်ကြသည်။
▪️ "ကျောင်းဝင်းထဲမှာ အရေးပေါ်အခြေအနေတစ်ခု ဖန်တီးလိုက်တဲ့ နောက်ထပ် 'နောက်ပြောင်မှု' တစ်ခု ပါပဲ" ဟု ရဲတပ်ဖွဲ့မှူးရုံးက ပြောကြားခဲ့သည်။ "မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးတွေ ဒီလို အမှားမျိုးမလုပ်မိစေဖို့ သူတို့ကိုပြောပေးကြပါ"
Source: nj.com
#World_News
Published 10 October 2025
▪️ အိန္ဒိယဟာ ၂၀၂၈ မှာ ကမ္ဘာပေါ်က တတိယမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်ရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့မှာ ပြောလိုက်ပြီး ဗြိတိန်ပြည်ထောင်စုဟာ အိန္ဒိယနဲ့ လိုက်ဖက်တဲ့ လက်တွဲဖော်တွေဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ကမ္ဘာပေါ်က ထရီလီယံဒေါ်လာတန်ကြေးရှိ နည်းပညာကဏ္ဍ ပိုင်ဆိုင်ထားတဲ့ နိုင်ငံသုံးခုထဲမှာ ယူကေပါဝင်ပြီး အိန္ဒိယက စတုတ္ထမြောက်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ စတာမာက ပြောပါတယ်။
▪️ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်က ဗြိတိန်အနေနဲ့ နည်းပညာပိုင်းကစလို့ သိပ္ပံကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အထိ ကဏ္ဍတွေမှာ ဦးဆောင်နိုင်ရေးအတွက် အခြေခံဖြစ်ကြောင်း၊ ယူကေမှာ ယူရိုငွေ ၁.၃ ဘီလီယံတန်ကြေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်များနဲ့ အလုပ်အကိုင်ပေါင်း ၁၀,၆၀၀ ခန့် ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ဗြိတိန်က အိန္ဒိယသို့ အမြင့်မားဆုံး ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကာ အိန္ဒိယမှာ ဗြိတိန်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ တိုးချဲ့လာပါတယ်။
▪️ စတာမာက အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှုတွေကို ချီးကျူးလိုက်ပြီး ကုလလုံခြုံရေးကောင်စီမှာ အမြဲတမ်းတစ်နေရာရဖို့ ထောက်ခံနေပါတယ်။
▪️ ၂၀၄၇ မှာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လိုတဲ့ အိန္ဒိယရဲ့ရည်မှန်းချက်ကိုလည်း အသိအမှတ်ပြုထားပါတယ်။
▪️ ယူကေ-အိန္ဒိယဘက်စုံစီးပွားရေးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်က အပြောင်းအလဲကြီး ဖြစ်လာပြီး ယူကေသို့တင်သွင်းမယ့် အိန္ဒိယပို့ကုန်တွေရဲ့ ၉၉ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ပေးသွားမှာဖြစ်ပါတယ်။
▪️ အိန္ဒိယနဲ့ ယူကေကြား လက်တွဲမှုကြီးက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအတွက် ထောက်တိုင်ကြီးအဖြစ် သတ်မှတ်ထားပြီး အင်ဒိုပစိဖိတ်၊ အနောက်အာရှ၊ ယူကရိန်းအရေးတို့မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက်လည်း ဆွေးနွေးနေကြပါတယ်။
Source: ANI
#World_Health
Published 10 October 2025
▪️ ဆေးလိပ်သောက်တဲ့အခါ အသံကွဲအက်သလို ဖြစ်တာမျိုး ကြုံဖူးပါသလား။
▪️ အဒဲလ်၊ လေဒီဂါဂါ၊ ဆမ်စမစ်၊ မိုင်လေဆိုင်းရပ်စ်တို့လို ကမ္ဘာကျော် အဆိုတော်တွေတောင် ဆေးလိပ်သောက်တတ်တဲ့အကျင့်ကြောင့် သူတို့ရဲ့အသံအနေအထား ကျဆင်းသွားမှာကို စိုးရိမ်ကြပါတယ်။
▪️ စီးကရက်ငွေ့က အသံအိုးရဲ့ နူးညံ့တဲ့ တစ်ရှူးတွေကို ရောင်ရမ်းစေကာ အသံကို ကွဲအက်စေကြောင်း PSRI ဆေးရုံမှ ဒေါက်တာ နီတူဂျိန်းက ရှင်းပြပါတယ်။
▪️ စီးကရက်တစ်လိပ်သောက်လျှင်ပင် လည်ပင်းထဲမှာ ယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ ခဏခဏသောက်တဲ့အခါ ရေရှည်ရောင်ရမ်းစေပြီး အသံကြိုးထူထဲလာကာ အဖုတွေ ဖြစ်လာနိုင်တဲ့အပြင် အမာရွတ်နဲ့ လည်ချောင်းကင်ဆာတို့ပါ ဖြစ်စေနိုင်ပါတယ်။
▪️ အီးစီးကရက်နဲ့ vape တွေဟာလည်း အပူ၊ ဓာတု၊ အနံ့အရသာပစ္စည်းများ ပါဝင်တာကြောင့် ခြောက်သွေ့ရောင်ရမ်းခြင်း၊ အသံကွဲအက်ခြင်းတို့ ဖြစ်စေနိုင်ပါသေးတယ်။
▪️ အသံကွဲအက်တာက အစောပိုင်းအဆင့်မှာ ပြန်သက်သာနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်ရင် ရက်သတ္တပတ် လပိုင်းအတွင်း ရောင်ရမ်းခြင်း ကျဆင်းသွားနိုင်သလို အသံကြိုးတွေကလည်း သဘာဝအတိုင်း ကျုံ့နိုင်ဆန့်နိုင်စွမ်း ပြန်လည်ရရှိနိုင်တယ်လို့ ဆိုပါတယ်။
▪️ မကြာခဏလည်ချောင်း ရှင်းရခြင်း၊ အသံအနည်းငယ်နိမ့်နေခြင်း၊ အသံအနေအထား ကြမ်းတမ်းခြင်း၊ အသံသက်လုံကျဆင်းခြင်းတို့ ခံစားရတယ်ဆိုရင် အသံအိုးထိခိုက်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
▪️ ဒီလိုလက္ခဏာတွေ ခံစားရတယ်ဆိုရင် ဆေးလိပ်ရပ်တန့်ဖို့ အကြံပြုထားပါတယ်။
Source: Indian Express.
#World_Science
Published 10 October 2025
▪️ တောရိုင်းချင်ပန်ဇီတွေဟာ ရင့်မှည့်အသီးတွေကို စားသုံးရာကနေ တစ်နေ့ကို လာဂါဘီယာတစ်ပုလင်းနဲ့ ညီမျှတဲ့ပမာဏ စားသုံးမိနေတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒါဟာ ကစော်ဖောက်တဲ့အသီးတွေကို စားသုံးနေရတဲ့ ရှေးခေတ်လူဝံမျိုးဆက်တွေကနေ လူသားတွေထံ အယ်ကိုဟောအရသာခံတတ်တဲ့ အထောက်အထား မြင်နေရပါတယ်။
▪️ လူသားတွေ အယ်ကိုဟောကို စွဲလမ်းတတ်တဲ့သဘာဝက ချင်ပန်ဇီတွေထံကနေ မျိုးရိုးဆက်ခံတာ ဖြစ်နိုင်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီ အဲလက်စီမာရိုက ပြောပါတယ်။
▪️ ကိုတေးဒီအိုင်ဗရီနဲ့ ယူဂန်ဒါတို့မှ ချင်ပန်ဇီများ အများအပြားစားသုံးတဲ့ သဖန်းသီးတွေနဲ့ ဆီးသီးတို့လို့ အသီးတွေထဲက အီသနော သို့မဟုတ် အယ်ကိုဟောပမာဏကို တိုင်းတာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ယင်းတို့ပုံမှန်စားသုံးတဲ့ အသီးပမာဏအရ အီသနော ၁၄ ဂရမ် ဒါမှမဟုတ် လာဂါဘီယာ ၃၃၀ မီလီလီတာတစ်ပုလင်းနဲ့ ညီမျှနေပါတယ်။
▪️ အများဆုံးစားသုံးကြတဲ့ အသီးတွေက အယ်ကိုဟောပါဝင်မှု အမြင့်မားဆုံးဖြစ်နေပါတယ်။
▪️ ဒီအကြောင်းကို လေ့လာမှု တွဲဖက်သုတေသီ ပရော်ဖက်ဆာ ရောဘတ်ဒက်လီက ပထမဆုံး တင်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ ချင်ပန်ဇီတွေဟာ သစ်တောထဲမှာ အတူတူ သစ်သီးတွေသောက်သုံးကြပြီး ရင်းနှီးမှုရယူတဲ့ နည်းလမ်းကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒါပေမဲ့ လေ့လာချက်ထဲက ချင်ပန်ဇီတွေဟာ မူးလောက်တဲ့အထိတော့ အယ်ကိုဟောကို မသောက်မိကြဘူးလို့ အိတ်စ်တာတက္ကသိုလ်မှ လူဝံသုတေသီ ဒေါက်တာ ကင်ဘာလီဟော့ကင်းစ်က ပြောပါတယ်။
▪️ နိုင်ငံတကာ သဘာဝထိန်းသိမ်းသမဂ္ဂ ပြောကြားချက်အရ ချင်ပန်ဇီတွေဟာ မျိုးသုဉ်းလျက်ရှိပြီး အဓိကအားဖြင့် သူတို့နေထိုင်ရာ သစ်တောတွေ ပြုန်းတီးလာတာ ဖြစ်ပါတယ်။
Source: BBC
Page 74 of 1121