ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက် မှာသောကြာနေ့က ဆန္ဒပြသူများစုဝေးခဲ့ပြီး ဘရာဇီးလ်တင်ပို့ကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို ရှုတ်ချခဲ့ကြကာ တိုင်းပြည်အချုပ်အခြာအာဏာအပေါ် အမေရိကန် ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်ခဲ့ကြပါတယ်။
#World_Politics
Published 05 August 2025
#ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ #ဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 August 2025
▪️ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချီးကျူးပြောဆိုခဲ့ကြကာ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ်
နရန်ဒရာမိုဒီတို့ဟာ မိတ်ဆွေကောင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။
▪️ ထရမ့်အခွန်စည်းကြပ်မှုတွေ၊ အိန္ဒိယက ရုရှားထံမှ ရေနံဝယ်တာတွေ၊ အမေရိကန်ကပါကစ္စတန်ဘက်သို့ ယိမ်းလာတာတွေက သူတို့ကြား မျက်နှာနာစရာ ဖြစ်လာပါတယ်။
▪️ ဒီအချိန်ဟာ ဆက်ဆံရေး စမ်းသပ်ခံရမယ့်အချိန်ကောင်းပဲလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးဟောင်း အာရှော့မာလစ်ကဆိုပါတယ်။
▪️ အိန္ဒိယက ရုရှားဆီက ရေနံဝယ်တာတွေ၊ အိန္ဒိယအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်တာတွေက မကျေနပ်ချက် ဖြစ်လာစေပါတယ်။
▪️ ထရမ့်က ပါကစ္စတန်နဲ့ ဗျူဟာမြောက်သဘောတူညီချက်ရယူဖို့ လုပ်နေတာ မဟုတ်ပေမယ့် ညှိနှိုင်းဖို့လုပ်နေပါတယ်။
▪️ ရုရှားလက်နက်တွေကြောင့် ယူကရိန်းမှာ ဘယ်လောက်သေကြေနေကြလဲဆိုတာ အိန္ဒိယက ဂရုမစိုက်ဘူးလို့ ထရမ့်ကစွပ်စွဲလိုက်ပါတယ်။
▪️ ဒါတွေနဲ့ပတ်သက်ပြီး အိန္ဒိယစီးပွားကူးသန်းဝန်ကြီး ပီယုရှ်ဂိုယယ်က နှစ်နိုင်ငံစလုံးအတွက် ညီညွတ်မျှတပြီး အပြန်အလှန်အကျိုးရှိစေမယ့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်းနေတယ်လို့ ပြောထားပါတယ်။
▪️ မေလကအိန္ဒိယနဲ့ပါကစ္စတန်တို့ အပစ်အခတ်များ ဖြစ်ပွားခဲ့ပါတယ်။
ထရမ့်က ကြားဝင်ဖြေရှင်းပေးခဲ့သလို အိန္ဒိယရဲ့ပြိုင်ဘက်ပါကစ္စတန်အပေါ် ထရမ့်ယိမ်းယိုင်လာတဲ့သဘော မြင်တွေ့ရပါတယ်။
▪️ ဒါဟာ အိန္ဒိယကအမေရိကန်အပေါ် ယုံကြည်မှုကျဆင်းလာတဲ့ပုံစံပေါက်နေပါတယ်။
▪️ ရုရှားရေနံကို အိန္ဒိယဝယ်ယူတဲ့အပေါ် ထရမ့်ကပြစ်ဒဏ်ခတ်ဖို့ကိုလည်း ခြိမ်းခြောက်ထားပါတယ်။
▪️ အမေရိကန်အစိုးရအဖွဲ့က အိန္ဒိယနဲ့ ရုရှားတို့ကြား ဆက်ဆံနေတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောလာပါတယ်။
Source: AP News.
#World_Health
Published 05 August 2025
▪️ ဂျပန်တွေရဲ့ လမ်းလျှောက်နည်းဖြစ်တဲ့ အပိုင်းအခြားအလိုက် လမ်းလျှောက်ခြင်းနည်းလမ်းက TikTok မှာ နာမည်ကြီးနေပါတယ်။
▪️ ရိုးရှင်းသလို အားကစားပစ္စည်းတွေ၊ အက်ပလီကေးရှင်းတွေလည်း မလိုအပ်တဲ့အပြင် တစ်နေ့ကို မိနစ် ၃၀ ခန့်လျှောက်ခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေး၊ ကိုယ်အလေးချိန်ချခြင်း၊ ကြံ့ခိုင်နိုင်စွမ်းတို့ကို ထောက်ကူပေးပါတယ်။
▪️ ဂျပန်ကနေ အစပြုခဲ့တာဖြစ်ပြီး TikTok မှာ ပြန်လည်ခေတ်စားလာပါတယ်။
▪️ နာရီဝက်လောက် တသမတ်တည်း လမ်းလျှောက်မယ့်အစား ၃ မိနစ် ခပ်မြန်မြန်လျှောက် ၃ မိနစ်ဖြည်းဖြည်းလျှောက်ခြင်းကို မိနစ် ၃၀ ခန့် လျှောက်နေရမှာ ဖြစ်ပါတယ်။
▪️ ဒီပုံစံက နှလုံးသွေးကြော အားစိုက်မှု အပြောင်းအလဲဖြစ်စေကာ ပုံမှန်လမ်းလျှောက်တာထက် အကျိုးကျေးဇူး ပိုကောင်းစေနိုင်ပါတယ်။
▪️ လေ့လာချက်တွေအရလည်း သွေးဖိအား၊ နှလုံးသွေးကြော ခံနိုင်ရည်၊ ဦးနှောက်အသိဉာဏ်၊ အိပ်စက်ခြင်းတို့ကို တိုးတက်စေပါတယ်။
▪️ ကယ်လိုရီလောင်ကျွမ်းခြင်းကတော့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လမ်းလျှောက်နှုန်း၊ ကျန်းမာရေးအနေအထားတို့အပေါ် မူတည်ပါတယ်။
▪️ ဒီလိုလမ်းလျှောက်ခြင်းအပြင် တစ်ပတ်ကို အလေးမလေ့ကျင့်ခန်း ၂ ရက်လောက်လုပ်ရေးရင် နိုင်ငံတကာသတ်မှတ်ချက်နဲ့ ကိုက်ညီပါပြီ။
▪️ ကျန်းမာသူအများစုအတွက်တော့ ဂျပန်လမ်းလျှောက်နည်းက အဟန့်အတားမရှိဘဲ အလွယ်တကူလုပ်နိုင်ကာ ကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အခြေအနေ တိုးတက်ခြင်းတို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
+++++++++++++++++++++
Published 05 August 2025
▪️ ဗြိတိန်မှာ လူသုံးဦးဆီမှ DNA အသုံးပြုတဲ့ စမ်းသပ်နည်းပညာဖြင့် မိခင်တွေဆီမှ ရှားပါးရောဂါဆိုးတွေ ကလေးတွေဆီ လက်ဆင့်မကမ်းနိုင်အောင် ပြုလုပ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၈ ဦး မွေးဖွားနိုင်ခဲ့ကြောင်း သုတေသီများ ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။
▪️ DNA အများစုက ဆဲလ်တွေရဲ့ နျူကလီးယပ်စ်ထဲမှာ တွေ့ရပြီး မျိုးဗီဇတွေ ဖြစ်လာစေပါတယ်။
▪️ တစ်ခါတရံမှာ နျူကလီးယပ်စ်အပြင်ဘက်မှာ DNA ဖြစ်ပေါ်ရာကနေ ဗီဇပြောင်းလဲပြီး ကလေးတွေမှာ ရှားပါးရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ လှူဒါန်းလာတဲ့ မမျိုးဥကနေ ကျန်းမာတဲ့ နျူကလီးယပ်စ်အသုံးပြုကာ ရောဂါဆိုးတွေကို ရှောင်ရှားနိုင်မယ့်နည်းပညာကို အသုံးပြုတာဖြစ်တယ်လို့ ကိုလံဘီယာတက္ကသိုလ် မျိုးပွားဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇက်ဝီလျံစ်က ပြောပါတယ်။
▪️ မျိုးပွားအင်္ဂါတွေအတွက် ရွေးချယ်စရာတွေ ပိုမိုရှိလာတဲ့အခါ ကျန်းမာသန်စွမ်းပြီး ဘေးကင်းစိတ်ချရတဲ့ ကိုယ်ဝန်မျိုး ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒီနည်းလမ်းကို ၂၀၁၆ ခုနှစ်က ယူကေနဲ့ ဩစတြေးလျတို့မှာ တရားဝင်ခွင့်ပြုခဲ့ပေမယ့် နိုင်ငံအများအပြားမှာတော့ ကျင့်ဝတ်ပြဿနာ စိုးရိမ်စရာတွေကြောင့် ပိတ်ပင်ထားပါတယ်။
▪️ ထိုနည်းလမ်းဖြင့် ကလေး ၈ ယောက် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ရောဂါဘယကင်းစင်စွာ ကျန်းမာနေကြပါတယ်။
▪️ နောက်ပိုင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး ကလေးတွေကို ဆက်လက်စောင့်ကြည့်သွားဖို့လည်း အရေးပါနေပါတယ်။
▪️ ဒီနည်းလမ်းကို မျိုးဗီဇရောဂါ လက်ဆင့်ကမ်းနိုင်ခြေရှိတဲ့ မိသားစုတွေမှာသာ ရွေးချယ်ခွင့်ပေးထားပါတယ်။
Source: NBC News
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်ရှိ နေအိမ်တွေ၊ ကွင်းပြင်တွေမှာ မပေါက်ကွဲသေးတဲ့ ဒုံးကျည်တွေကို ဗုံးဖယ်ရှားရေးအဖွဲ့တွေ အသည်းအသန် ရှင်းလင်းနေကြပါတယ်။
#Asia_Crisis
Published 04 August 2025
#ထိုင်းနိုင်ငံဆူရင်ပြည်နယ်
#ဗုံးဖယ်ရှားရေးအဖွဲ့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 August 2025
▪️ နယူးဇီလန်မှ အမျိုးသမီးတစ်ဦး ဘတ်စ်ကားဖြင့် ခရီးသွားနေစဉ် သူ့ရဲ့ခရီးဆောင်အိတ်ထဲကနေ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခံလိုက်ရပါတယ်။
▪️ တနင်္ဂနွေနေ့ နယူးဇီလန်မြောက်ပိုင်း ကိုင်ဝါကာမြို့လေးမှာ ခရီးသည်တစ်ဦးက လက်ဆွဲအိတ်ထားရာနေရာကို ဖွင့်ကြည့်လိုကြောင်း တောင်းဆိုခဲ့ပြီးနောက်မှာ ရဲအရာရှိတွေကို ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ လာရောက်ရန် လှမ်းခေါ်ခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။
▪️ ယာဉ်မောင်းဆရာက လက်ဆွဲအိတ်လှုပ်နေတာကို သတိထားမိပြီး စိုးရိမ်သွားကြောင်း၊ အိတ်ကို ဖွင့်လိုက်တဲ့အခါ အသက် ၂ နှစ်အရွယ်မိန်းကလေးကို တွေ့ရှိခဲ့ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီး ကလေးညှင်းပန်းဆက်ဆံမှုဖြင့် တရားစွဲဆိုထားပါတယ်။
▪️ မိန်းကလေးက အလွန်ပူနေတယ်ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ဘေးအန္တရာယ် မဖြစ်တဲ့ပုံပေါ်တယ်လို့ ရဲတွေကပြောပါတယ်။
ကလေးကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
▪️ ထိုအမျိုးသမီးနဲ့ ကလေးကြား ဆက်စပ်မှုကို မဖော်ပြထားပါဘူး။
အမျိုးသမီးကတော့ တနင်္လာနေ့မှာ မြောက်ပိုင်းကမ်းခြေခရိုင်တရားရုံးကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
▪️ ဘတ်စ်ကားယာဉ်မောင်းက တစ်ခုခုမူမမှန်တာကို သတိထားမိပြီး နောက်ထပ်ပိုဆိုးမလာအောင် လုပ်ဆောင်နိုင်ခဲ့တာကို အသိအမှတ်ပြုချင်ပါတယ်လို့လည်း ပြောသွားပါတယ်။
#Source: BBC
#World_Health
Published 04 August 2025
▪️ လူသားတွေက အိမ်မွေးတိရိစ္ဆာန်တွေကနေ အချို့သောရောဂါတွေ ရနိုင်ကာ တိရိစ္ဆာန်မှကူးစက်ရောဂါလို့ ခေါ်ပါတယ်။
▪️ အိမ်မွေးတွေက အဖော်ရပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ရနိုင်တယ်ဆိုပေမယ့် ရောဂါပိုးမွှားတွေလည်း ကူးစက်စေနိုင်ပါတယ်။
▪️ ဒါကြောင့် အိမ်မွေးတွေဆီကနေ ကူးစက်နိုင်တဲ့ ရောဂါ ၈ မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ပွေး
▪️ ခွေးတွေကြောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်တတ်ပြီး အကွက်တွေဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို မထိတွေ့သင့်ဘူး။
(၂) Toxoplasmosis
▪️ ကြောင်စွန့်ပစ်အညစ်အကြေးတွေမှာ တွေ့ရတတ်တဲ့ ကပ်ပါးပိုးကောင်ကြောင့် ဒီရောဂါဖြစ်ပွားနိုင်ပြီး သဲဗန်းတွေကို လက်အိတ်ဖြင့် သန့်ရှင်းရေးလုပ်ပြီးနောက် လက်ကိုသေချာ ဆေးကြောသင့်ပါတယ်။
(၃) ကြောင်ကုတ်ရောဂါ
▪️ ရောဂါပိုးရှိတဲ့ ကြောင်တွေကုတ်ခြစ် ကိုက်ခဲခြင်းကနေ Bartonella henselae ဘက်တီးရီးယား ကူးစက်နိုင်ပြီး ကုတ်ခြစ်မိတဲ့အခါ ချက်ချင်းဆေးကြောသန့်စင်သင့်ပါတယ်။
(၄) Salmonellosis
▪️ ဆယ်မွန်နဲလားဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး တွားသွားသတ္တဝါတွေ၊ ငှက်တွေ၊ ရောဂါပိုးရှိနေတဲ့ အစာတွေကို ကိုင်တွယ်ခြင်းကနေ ကူးစက်နိုင်ပါတယ်။
(၅) Leptospirosis
▪️ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်တွေရဲ့ စွန့်ပစ်ရည်ကနေ ကူးစက်နိုင်ကာ မိမိရဲ့ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကင်းဝေးစေနိုင်ပါတယ်။
(၆) Campylobacteriosis
▪️ လူတွေမှာ ဝမ်းလျှောစေတဲ့ ဘက်တီးရီးယား ကူးစက်မှုဖြစ်ပြီး အိမ်မွေးတွေနဲ့ ထိတွေ့ပြီးတဲ့အခါ အစားအစာမကိုင်တွယ်ခင် လက်ဆေးကြောသင့်ပါတယ်။
(၇) ရေယုန်
▪️ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်ကနေ ကူးစက်နိုင်ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ကူးစက်နိုင်ကာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
(၈) တုပ်ကောင်၊ သန်ကောင်
▪️ အိမ်မွေးတွေရဲ့ အူတွေထဲမှာနေထိုင်တဲ့ ကပ်ပါးကောင်တွေက အညစ်အကြေးတွေကနေတဆင့် လူတွေဆီ ကူးစက်လာနိုင်တာကြောင့် ပုံမှန်သန်ချပေးသင့်ပါတယ်။
#Source: DoctorNDTV
Page 80 of 1085