#World_Health
Published 1 May 2025
▪️ အမျိုးသားများ သန္ဓေတားခြင်းနဲ့ ပတ်သက်ပြီး စမ်းသပ်အောင်မြင်မှုတစ်ခု ရရှိထားပါတယ်။
▪️ လက်ရှိမှာရနိုင်တဲ့ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ယောကျ်ားသားကြောဖြတ်ခြင်းတို့ပြင် အခုဆိုရင် တတိယမြောက်နည်းလမ်း ရှိလာတော့မှာ ဖြစ်ပါတယ်။
▪️ ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုရင် ကိုယ်ဝန်တားနိုင်တဲ့အပြင် လိင်ကြောင့်ဖြစ်တဲ့ STDရောဂါတွေလည်းကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။
▪️ ယောကျ်ားသားကြောဖြတ်ခြင်းကတော့ ခွဲစိတ်ကုထုံးတစ်ခုဖြစ်ပြီး ပြန်ဆက်နိုင်ပေမယ့် အာမခံချက်မရှိပါဘူး။
▪️ ယခု YCT-529ဆိုတဲ့ဆေးသစ်က နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်နဲ့ YourChoice Therapeuticsတို့မှ ပူးပေါင်းထုတ်လုပ်စမ်းသပ်ထားတဲ့ ဟော်မုန်းမပါ သောက်ဆေးတစ်မျိုးဖြစ်ပါတယ်။
▪️ ဒီဆေးက သုတ်ပိုးထုတ်လုပ်မှုလမ်းကြောင်းကို တားဆီးပြီးတော့ တချိန်တည်းမှာပဲ တက်စတိုစတီရုန်းပမာဏ ယိုယွင်းခြင်းလည်း မဖြစ်စေပါဘူး။
▪️ မကြာသေးမီက လေ့လာချက်မှာ ကြွက်ထီးတွေမှာ ဆေးအသုံးပြုပြီးနောက် ၆ ပတ်အတွင်း၊ မျောက်ထီးတွေမှာ ၁၀ ပတ်မှ ၁၅ ပတ်အတွင်း သန္ဓေအောင်နိုင်စွမ်း ပြန်လည်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
▪️ ကြွက်တွေမှာ အသုံးပြုပြီး ၄ ပတ်အတွင်း ကိုယ်ဝန်တားဆီးနိုင်ကာ မျောက်တွေမှာ ၂ ပတ်အတွင်း ကိုယ်ဝန်တားဆီးနိုင်ခဲ့ပါတယ်။
▪️ ဒုတိယအဆင့်စမ်းသပ်မှု အစောပိုင်းကို နယူးဇီလန်မှာ ပြုလုပ်သွားဖို့စီစဉ်ထားပြီး သားကြောဖြတ်ဖို့ ရွေးချယ်ထားတဲ့ အမျိုးသားတွေနဲ့ အနာဂတ်မှာ ကလေးမလိုချင်တဲ့သူတွေမှာ စမ်းသပ်ဖို့ရည်ရွယ်ထားကာ ပထမအဆင့်စမ်းသပ်မှုမှာတော့ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေမှာ ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ဘေးကင်းစိတ်ချရပါတယ်။
▪️ ကုလသမဂ္ဂလူသားထောက်ပံ့ရေးအဖွဲ့ အဆိုအရ ၂၀၁၅ မှ ၂၀၁၉ အတွင်း မရည်ရွယ်ဘဲရရှိတဲ့ ကိုယ်ဝန်အရေအတွက်ဟာ နှစ်စဉ် ၁၂၁ သန်းခန့်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
▪️ ဒီစမ်းသပ်မှုသာအောင်မြင်ခဲ့ရင် အမျိုးသားတွေရဲ့ သန္ဓေတားနည်းလမ်းမှာ တိုးတက်လာနိုင်ပြီး စုံတွဲတွေအနေနဲ့ တန်းတူမျှတမှု၊ သန္ဓေတားခြင်းကို ပြန်ပြောင်းနိုင်မှု၊ အမျိုးသားများအတွက် မျိုးပွားနိုင်စွမ်း ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရနိုင်မှုတို့ ရရှိလာနိုင်ပါတယ်။
#Source: India Today