#World_Health
Published 1 May 2025
▪️ ဖလိုရိုက်က သွားပိုးစားခြင်း၊ သွားယိုပေါက်ခြင်းတို့ကို ကာကွယ်တိုက်ဖျက်ပေးနိုင်ကာ ခံတွင်းကျန်းမာရေးအတွက် အသုံးပြုလာကြတာ ကြာပြီဖြစ်ပေမယ့် ဆန်းစစ်ချက်တစ်ခုမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးတို့အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ ယူဆထားပါတယ်။
▪️ အခြားလေ့လာချက်တွေမှာလည်း ဖလိုရိုက်ဟာ သန္ဓေသားတွေနဲ့ ကလေးငယ်တွေမှာ အကျိုးကျေးဇူး အနည်းငယ်သာ ပေးနိုင်တယ်လို့ သုတေသီများ သုံးသပ်ထားပါတယ်။
▪️ သွေးလမ်းကြောင်းထဲ ဖလိုရိုက်ရောက်သွားတဲ့အခါ အရိုးကြံ့ခိုင်မှု၊ သိုင်းရွိုက်လုပ်ဆောင်ချက်၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့ လေ့လာဖော်ပြထားကြပါတယ်။
▪️ ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ် ပတ်ဝန်းကျင်ဆိုင်ရာဆေးပညာ ပရော်ဖက်ဆာ ဖိလစ်ဂရန်းဂျင်းက ဖလိုရိုက်ဟာ ဦးနှောက်အစောပိုင်းဖွံ့ဖြိုးမှုအတွက် အဆိပ်အတောက်ပဲလို့ ပြောခဲ့ပါတယ်။
▪️ ဖလိုရိုက်ကြွက်ဝမြေဆီမှာ စိုက်ပျိုးရရှိတဲ့ လက်ဖက်မည်းအမျိုးအစားများ စားသုံးခြင်းကိုလည်း ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။
▪️ ဖလိုရိုက်ဟာ သွားတွေကိုကြံ့ခိုင်စေပြီး ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို အစားထိုးကာ သွားပိုးစားခြင်းမှ ကာကွယ်ပေးတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDCက ဖော်ပြထားပါတယ်။
▪️ ဖလိုရိုက်ရဲ့ ဘေးအန္တရာယ်က ပမာဏနဲ့သက်ဆိုင်နေတာ ဖြစ်ပါတယ်။
အမေရိကန်လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ ဖလိုရိုက်ပါတဲ့ရေကို သောက်သုံးနေကြပါတယ်။
▪️ ဖလိုရိုက်ရဲ့ အာနိသင်က အပေါ်ယံထိတွေ့မှုကနေ ရရှိတာဖြစ်တာကြောင့် ရေထဲထည့်သောက်စရာမလိုအပ်ဘူးလို့ HHSဝန်ကြီး ရောဘတ်ကင်နက်ဒီက ပြောထားပါတယ်။
▪️ ဒါကြောင့် သောက်သုံးရေထဲမှာ ဖလိုရိုက်ထည့်ခြင်းကို ရပ်တန့်ဖို့ ကင်နက်ဒီက CDCကို အကြံပြုသွားမှာဖြစ်ပါတယ်။
Source: New York Post