#World_News
Published 01 May 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ အလေးထားတင်သွင်းတဲ့ သဘောတူညီချက်တစ်ရပ်ကို ယူကရိန်းနဲ့ အမေရိကန်တို့ ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့သဖြင့် ယူကရိန်းတွင်းထွက်သတ္တု သဘောတူညီချက်အသစ်များနဲ့ ယူကရိန်းပြန်လည်ဆောက်လုပ်ရေးမှ ရန်ပုံငွေရင်းနှီးမြှုပ်နှံတို့ကို အမေရိကန်ပြည်ထောင်စုမှ ဦးစားပေးရနိုင်ခွင့် ပေးသွားမှာဖြစ်ပါတယ်။

▪️ လနဲ့ကြာတဲ့အထိ ညှိနှိုင်းမှုများ အဆင်မပြေခဲ့ပြီးနောက် နှစ်နိုင်ငံဟာ ဝါရှင်တ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး နောက်ဆုံးအချိန်မတိုင်ခင်အထိ မရေရာမသေချာဖြစ်ခဲ့ပါသေးတယ်။

▪️ ၃နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းရေးရရှိရန် ထရမ့်ကြိုးစားနေရာ အဆိုပါ သဘောတူညီချက်က ယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက် ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ရရှိစေမှာဖြစ်ပါတယ်။

▪️ ထရမ့်တို့နဲ့ ဆက်ဆံရေးပြန်လည်သင့်မြတ်ဖို့ ယူကရိန်းအားထုတ်ရာမှာ ဒီသဘောတူညီချက်က အခရာကျနေပြီး ယူကရိန်းကာကွယ်ရေးအတွက် အမေရိကန်မှ ဆက်လက်ကူညီထောက်ပံ့စေနိုင်မယ်လို့ ယူကရိန်းအရာရှိများ မျှော်လင့်ထားကြပါတယ်။

▪️ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ယူကရိန်းဒုဝန်ကြီး ယူလီယာဆဗီရီဒင်ကိုတို့ သဘောတူလက်မှတ်ရေးထိုးနေပုံကို Xဆိုရှယ်မီဒီယာမှာ ဖော်ပြထားပြီး အမေရိကန်အစိုးရက လွတ်လပ်ပြီး ကိုယ်ပိုင်အချုပ်အခြာ အာဏာပိုင် ယူကရိန်းဖြစ်လာဖို့ ကတိပြုတဲ့သဘော မြင်နေရပါတယ်။

▪️ ယူကရိန်းအတွက် တိုက်ရိုက်ဘဏ္ဍာရေး ပေးပို့မှုများအပြင် လေကြောင်းကာကွယ်ရေးစနစ်လိုမျိုး ထောက်ပံ့မှုတွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

▪️ သဘောတူညီချက်အရ ယူကရိန်းပိုင်တဲ့မြေတွေမှာ ဘယ်နေရာမှ ဘာပစ္စည်းတွေကို တူးဖော်ရမလဲဆိုတာကို ယူကရိန်းက ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဆဗီရီဒင်ကိုက ပြောပါတယ်။

▪️ ယူကရိန်းမြေဟာ ရှားပါးသတ္တုများကြွယ်ဝသလို သံ၊ ယူရေနီယံ၊ သဘာဝဓာတ်ငွေ့တို့လည်း အများအပြားရှိနေပါတယ်။

#Source: Reuters