#World_Health
Published 21 January 2025
▪️ အမျှင်ဓာတ်က အာဟာရပြည့်ဝတဲ့ အစားအစာတွေထဲမှာ မရှိမဖြစ်ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်တာကြောင့် အမျှင်ဓာတ်ရဲ့ အရေးကြီးပုံကို စတန်းဖို့ဒ်မက်ဒီဆင်မှ လေ့လာဖော်ပြခဲ့ပါတယ်။
▪️ အမျှင်စားသုံးလိုက်တဲ့အခါ အူထဲက ဘက်တီးရီးယားတွေက short-chain ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ မော်လီကျူးငယ်များအဖြစ် ဖြိုခွဲပေးကာ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ကို စတန်းဖို့ဒ်သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ဒီဒြပ်ပေါင်းတွေက ဒီအင်န်အေတွေ မျိုးဗီဇလှုပ်ရှားမှုဖြစ်စေတဲ့ ပရိုတိန်းတွေကို ပြုပြင်ပြောင်းလဲပေးတာ တွေ့ခဲ့ကြပါတယ်။
▪️ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ဟာ ကင်ဆာဖြစ်စေတဲ့ မျိုးဗီဇတွေကို ဖိနှိပ်ပြီး အကျိတ်ဆန့်ကျင်တဲ့ မျိုးဗီဇများကို လှုံ့ဆော်ပေးပါတယ်။
▪️ အမျှင်ဓာတ်စားသုံးခြင်းနဲ့ ကင်ဆာဆန့်ကျင်အာနိသင်ရှိတဲ့ မျိုးဗီဇလုပ်ဆောင်ချက် ပြုပြင်ခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်မှုရှိတာကို တွေ့ခဲ့ကြတယ်လို့ စတန်းဖို့ဒ် မျိုးဗီဇဆိုင်ရာ ပရော်ဖက်ဆာ မိုက်ကယ်စနိုက်ဒါက ရှင်းပြပါတယ်။
▪️ အမျှင်ဓာတ်အစားအစာများ စားသုံးထားတဲ့ ကြွက်တွေရဲ့ အူတွေထဲက ကျန်းမာတဲ့ဆဲလ်တွေနဲ့ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေမှာ ဒြပ်ပေါင်းနှစ်မျိုးရဲ့ သက်ရောက်မှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ထိုနှစ်မျိုးစလုံးက ဆဲလ်ကြီးထွားမှုကို ဖိနှိပ်ထားပြီး ကင်ဆာဆဲလ်တွေကို အဆုံးသတ်နိုင်အောင် အားပေးတာ တွေ့ရပါတယ်။
▪️ ဒါကြောင့် အမျှင်ဓာတ်တွေကို ထည့်သွင်းစားသုံးကြပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချဖို့ စနိုက်ဒါက အကြံပြုလိုက်ပါတယ်။
▪️ အမျှင်ဓာတ်က ဝမ်းသွားခြင်းကို ပုံမှန်ဖြစ်အောင် ပံ့ပိုးပေးပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်းနဲ့ နှလုံးကျန်းမာရေး ထောက်ပံ့ခြင်းတို့ ပြုလုပ်ပေးပါတယ်။
▪️ အမျှင်ဓာတ်ရအောင် စားသုံးနိုင်တဲ့ အစားအစာတွေက အုတ်ဂျုံ၊ ပြောင်းဂျုံ၊ ဆန်၊ မုယော၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သစ်တော်သီး၊ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ချီယာစေ့၊ လျှော်စေ့၊ ဖရုံစေ့တို့ ပါဝင်တယ်လို့ နော့သ်ဝဲလ်ဟန်တင်တန်ဆေးရုံမှ အာဟာရပညာရှင် စတက်ဖာနီရှစ်ဖ်က ပြောသွားပါတယ်။
#Source: New York Post
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ် အဖမ်းခံရပြီးနောက် နိုင်ငံသားတွေဟာ တိုင်းပြည်အနာဂတ်အကြောင်း စိုးရိမ်ရတာရော၊ ဥပဒေရှေ့မှောက် အားလုံးတန်းတူညီမျှဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းကို သိရှိလာတာရော ခံစားမှုရောထွေးလာကြပါတယ်။
#Asia_Politics
Published 20 January 2025
#ယွန်ဆော့ယောလ် #သမ္မတအဖမ်းခံရခြင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 January 2025
၁။ စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ ၁၀၆ ကြိမ်အတွင်းသာသနာ့အာဇာနည်(၁၃၀၀)ကျော်ရှိလာ
၂။ Myanmar National Building Code ကို မတ်လတွင် ထုတ်ပြန်နိုင်ရန်ဆောင်ရွက်နေ
၃။ မသန်စွမ်းသူများအတွက် အခမဲ့အသက်မွေးဝမ်းကြောင်း သင်တန်းများဖွင့်မည်
၄။ သမ္မတအဖမ်းခံရခြင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားပြည်သူများအကြား ထင်မြင်ချက်နှစ်ခွရှိနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 20 January 2025
▪️ လွန်ခဲ့တဲ့နှစ် ၄.၅ ဘီလီယံခန့်က ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာဂြိုဟ်လည်ပတ်ခြင်းဟာ တဖြည်းဖြည်းနဲ့ နှေးလာပြီး နေ့တာတွေ ကြာရှည်လာပါတယ်။
▪️ လူသားတွေရဲ့ အချိန်သက်တမ်းနဲ့ယှဉ်ရင် မသိသာဘဲ သိသာတာတစ်ခုက နေ့ရက်ကြာရှည်လာခြင်းဟာ ကမ္ဘာ့လေထုမှာ အောက်ဆီဂျင်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။
▪️ နေ့ရက်ရှည်လာတာကြောင့် လွန်ခဲ့တဲ့နှစ် ၂.၄ ဘီလီယံလောက်က ထွက်ပေါ်လာတဲ့ စိမ်းပြာရောင်ရေညှိတွေဟာ အောက်ဆီဂျင် ပိုမိုထုတ်လုပ်လာနိုင်ပါတယ်။
▪️ ကမ္ဘာဂြိုဟ်ပေါ်က နေ့ရက်ကြာချိန်က အောက်ဆီဂျင်ဖြစ်ပေါ်မှုပုံစံအပေါ် သက်ရောက်နေနိုင်ကြောင်း သုတေသနမှာ တွေ့ရပါတယ်။
▪️ ကမ္ဘာဂြိုဟ်လည်ပတ်ခြင်းကို ဖြစ်စေတဲ့ လရဲ့ဆွဲအားက ဝေးကွာလာတာကြောင့် လည်ပတ်နှုန်းနှေးလာတာ ဖြစ်နိုင်ပါတယ်။
▪️ ရုပ်ကြွင်းမှတ်တမ်းများအရ လွန်ခဲ့တဲ့နှစ် ၁.၄ ဘီလီယံက နေ့ရက်တွေဟာ ၁၈ နာရီကြာမြင့်ပြီး နှစ်သန်း ၇၀ နဲ့ယှဉ်ရင် နာရီဝက်လောက် တိုတောင်းကာ ရာစုနှစ်တစ်ခုကြာတိုင်း ၁.၈ မီလီစက္ကန့် ပိုကြာလာပါတယ်။
▪️ နောက်တစ်ချက်က စိမ်းပြာရောင်ရေညှိ ဆိုင်ယာနိုဘက်တီးရီးယားတွေ အလွန်များလာပြီး လေထုထဲ အောက်ဆီဂျင်များလာရပါတယ်။
▪️ ဆိုင်ယာနိုဘက်တီးရီးယားက ထုတ်လွှတ်တဲ့ အောက်ဆီဂျင်က ကန့်သတ်ချက်နဲ့ရှိပြီး မီချီဂန်တက္ကသိုလ်မှ သမုဒ္ဒရာပညာရှင် ဘရိုင်ယန်အာဘစ်က ပြောသွားပါတယ်။
▪️ သုတေသနအဖွဲ့က အဏုဇီဝပိုးမွှားတွေကို သဘာဝပတ်ဝန်းကျင်မှာရော ဓာတ်ခွဲခန်းမှာပါ စမ်းသပ်ခဲ့ကြပါတယ်။
▪️ နေရောင်ထွက်ချိန်နဲ့ ဝင်ချိန်ကို နှစ်ဆမြန်အောင် လုပ်ထာပြီး အောက်ဆီဂျင်ထုတ်လုပ်မှု လုပ်ခဲ့ပေမယ့် မော်လီကျူးစိမ့်ဝင်နှုန်းကတော့ အကန့်အသတ်ရှိနေပါတယ်။
▪️ ကမ္ဘာ့အောက်ဆီဂျင်ပုံစံတွေနဲ့ ပေါင်းစပ်ကြည့်တဲ့အခါ နေ့ရက်ကြာရှည်လာတာက ကမ္ဘာ့အောက်ဆီဂျင် များပြားခြင်းနဲ့ ဆက်စပ်နေခဲ့ပါတယ်။
▪️ အခြေခံအားဖြင့် နေ့ရက်ရှည်ခြင်းနဲ့ အဏုဇီဝသက်ရှိတွေကနေ အောက်ဆီဂျင်ထုတ်လွှတ်မှု ဘယ်လောက်ရှိလဲဆိုတာ ဆက်စပ်နေတယ်လို့ ဂျာမနီမှ အဏ္ဏဝါသိပ္ပံပညာရှင် အာဂျန်ချန်နူက ပြောသွားပါတယ်။
#Source: ScienceAlert
#World_News
Published 20 January 2025
▪️ အမေရိကန်မှာ TikTok ၁၄ နာရီလောက် ပြတ်တောက်သွားပြီးနောက် ပြန်ပွင့်လာခဲ့ပါပြီ။
▪️ တရုတ်အခြေစိုက် မူရင်းကုမ္ပဏီ ByteDance ကနေ မခွဲထွက်ပါက နိုင်ငံတဝှမ်းမှာ TikTokအက်ပ်ကို ပိတ်ပင်သွားမယ်ဆိုတဲ့ ဥပဒေနဲ့အညီ စနေနေ့ညမှာ အော့ဖ်လိုင်းဖြစ်ခဲ့ပါတယ်။
▪️ ဒီဥပဒေကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးချုပ်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ပိတ်ပင်တားမြစ်ချက်အတိုင်း စနေနေ့မှာ Google နဲ့ Apple တို့က ယင်းတို့စတိုးနေရာတွေကနေ TikTokကို ဖယ်ရှားခဲ့သလို web-hostingကုမ္ပဏီများအနေဖြင့်လည်း TikTokကို back-end ဝန်ဆောင်မှုပေးခြင်းမှ တားမြစ်ထားပါတယ်။
ဥပဒေအရ ချိုးဖောက်တဲ့ကုမ္ပဏီတွေဟာ ဒေါ်လာဘီလီယံနဲ့ချီ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
▪️ တနင်္ဂနွေနံနက်က ဒေါ်နယ်ထရမ့်ဟာ TikTok ပြတ်တောက်သွားခြင်းကို Truth Social မှာ ပို့စ်တင်ပြီး ပြန်ပြောင်းပေးခဲ့ပါတယ်။
▪️ အသစ်ပြောင်းလာမယ့် အစိုးရအဖွဲ့က TikTokအနာဂတ်ကို လုပ်ဆောင်နေပြီး TikTokကို ဝန်ဆောင်ပေးနေတဲ့ နည်းပညာကုမ္ပဏီများကို တာဝန်ယူကာကွယ်မှု သက်တမ်းတိုးချဲ့သွားမှာဖြစ်ကာ ဥပဒေကို ရပ်ဆိုင်းသွားဖို့ ကတိပြုကြောင်း ဖော်ပြထားပါတယ်။
▪️ အဲဒီနောက်မှာပဲ Oracle နဲ့ Akamai အပါအဝင် web support ပေးနေတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်က သန်းနဲ့ချီရှိနေတဲ့ TikTok အသုံးပြုသူတွေထံ ပြန်ဖွင့်ပေးခဲ့ပါတယ်။
▪️ မိုဘိုင်းလောကမှာ အင်အားကြီးအက်ပ်စတိုးတွေ ဆောင်ရွက်ပေးနေတဲ့ Apple နဲ့ Google တို့ကတော့ TikTok ကို ပြန်လည်ခွင့်ပြုဖို့ လက်မခံသေးပါဘူး။
▪️ ထိုကုမ္ပဏီနှစ်ခုမှ ဆောင်ရွက်ခွင့်မပေးပါက သုံးစွဲသူအသစ်တွေ TikTokကို ဒေါင်းလုဒ်မဆွဲနိုင်သလို ဆော့ဖ်ဝဲပြဿနာကို ဖြေရှင်းဖို့ အပ်ဒိတ်များ မရနိုင်ဘဲ အက်ပ်အတွင်းဝယ်ယူမှုတွေ ရပ်တန့်သွားနိုင်ပါတယ်။
▪️ ပိတ်ပင်ခြင်းဥပဒေအရ TikTok ရောင်းချခြင်းမပြုမီ ဝန်ဆောင်မှုပေးခြင်းဟာ အသုံးပြုသူတစ်ဦးရှိလျှင် ဒဏ်ကြေးဒေါ်လာ ၅ ထောင်ကျနိုင်တာကြောင့် ဘီလီယံနဲ့ချီ ပေးဆောင်ရနိုင်ပါတယ်။
▪️ စတင်သက်ရောက်နေပြီဖြစ်တဲ့ ဥပဒေတစ်ခုရဲ့ ရက်စွဲကို ထရမ့်အနေနဲ့ ရွှေ့ဆိုင်းခွင့်မရှိဘူးလို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဌ တွမ်ကော့တန်က ပြောလိုက်ပါတယ်။
▪️ ByteDanceထံကနေ TikTok မခွဲထွက်ရသေးခင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာလည်း နောက်ဆက်တွဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။
#Source: NPR
#World_Health
Published 20 January 2025
▪️ အသက် ၅၀ ကျော်လာတဲ့အခါ စားလိုက်တဲ့ အစားအစာတွေက ငယ်စဉ်ကနဲ့ ကွဲပြားစွာ သက်ရောက်လာတာ သတိထားမိမှာပါ။
▪️ အသက်ကြီးလာတဲ့အခါ အာဟာရဓာတ် လိုအပ်ချက် ပြောင်းလဲလာနိုင်ပါတယ်။
အရိုးထုထည် လျော့နည်းလာသလို ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာပြီး နှလုံးအခြေအနေလည်း ထိခိုက်လာပါတယ်။
▪️ အသက် ၅၀ ကျော်သူများ စားသုံးသင့်တဲ့ အစားအစာတွေကို အသိအမှတ်ပြု အာဟာရပညာရှင်က မျှဝေသွားပါတယ်။
(၁) ဟင်းခတ်အမွှေးပင်များ
▪️ အနံ့အရသာအတွက် ဆားအသုံးပြုမယ့်အစား နံနံပင်၊ ကုံကုမံ၊ ရို့စ်မယ်ရီတို့လို ဟင်းခတ်ပင်တွေက ကျန်းမာရေးအတွက် သင့်လျော်စေတယ်လို့ NYU လန်ဂုန်ဆေးရုံမှ ဒေါက်တာ နီနာဘလက်ချ်မန်းက ပြောပါတယ်။
(၂) ပဲအမျိုးမျိုး
▪️ ကုလားပဲ၊ ပဲကြီးတို့က အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး နှလုံးကျန်းမာရေး၊ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းတို့အတွက် အရေးကြီးပါတယ်။
(၃) အဆီနည်းသောဒိန်ခဲပျော့
▪️ ပရိုတိန်းကြွယ်ဝသလို လတ်ဆတ်တဲ့ အသီးအနှံနဲ့ တွဲစားနိုင်ပြီး သွေးပေါင်ချိန်တက်မှာ စိုးရိမ်ရင် ဆားနည်းပါးတဲ့ ဒိန်ခဲပျော့ ရွေးချယ်သင့်ပါတယ်။
(၄) အစိမ်းရင့်ရောင်ဟင်းရွက်
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းတို့က အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံတို့ ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
(၅) ဆော်လ်မွန်
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ဆော်လ်မွန်က နှလုံးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေးတို့အတွက် အကျိုးရှိစေပြီး ပြည့်ဝဆီနည်းပါးပါတယ်။
(၆) အစေ့အဆန်များနှင့် အခွံမာသီးများ
▪️ ဗာဒံသီး၊ သစ်ကြားသီး၊ လျှော်စေ့၊ ချီယာစေ့တို့က အကျိုးပြုဆီ၊ အမျှင်ဓာတ်၊ မရှိမဖြစ် အာဟာရဓာတ်များ ကြွယ်ဝပြီး ကိုလက်စ်ထရောလ်ပမာဏ ထိန်းသိမ်းပေးပါတယ်။
(၇) အဆီနည်းသောပရိုတိန်း
▪️ သားကြီးငါးကြီးမှ ပရိုတိန်းတွေထက် ကြက်ဘဲ၊ ကြက်ဥ၊ အပင်အခြေပြု ပရိုတိန်းတို့က ကြွက်သား ထိန်းသိမ်းခြင်း၊ ကိုယ်ခံအားစနစ်၊ ဒဏ်ရာသက်သာခြင်းတို့အတွက် အရေးပါပါတယ်။
(၈) ဘယ်ရီသီးများ
▪️ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီတို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသဖြင့် ကင်ဆာဆန့်ကျင်ပေးပြီး အသက် ၅၀ ကျော်သူတွေမှာ ကျန်းမာရေးအကျိုးကျေးဇူး ပေးစွမ်းနိုင်ပါတယ်။
(၉) ဂျုံ၊ပြောင်း၊ဆန်
▪️ ဆန်ညို၊ ဂျုံ၊ အုတ်ဂျုံတို့က အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်အုပ်စု ကြွယ်ဝပြီး စွမ်းအင်ထောက်ပံ့ပေးပါတယ်။
#Source: BuzzFeed
၁၉ ဇန်နဝါရီ ၂၀၂၅
▪️စနေနေ့ညနှောင်းပိုင်းက စပြီး TikTok တစ်တော့ခ်ဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်အသုံးပြုလို့မရတော့ပါဘူး။
▪️အက်ပ်ပဲလ်နှင့် ဂူဂယ်လ် အက်ပလီကေးရှင်းစတိုးတွေကနေလည်း တစ်တော့ကိုဖယ်ရှားလိုက်ပါပြီ။ ▪️အမေရိကန်မှာ အသုံးပြုသူ သန်း၁၇၀ကျော်ရှိနေတဲ့ တစ်တော့ခ်ဟာ ဥပဒေအရ ပိတ်ပစ်ခံလိုက်ရပြီဖြစ်ပါတယ်။
▪️အဲဒီအတွက် အမေရိကန်မှာ တစ်တော့ခ်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။
▪️ထရမ့်ကတော့ သူသမ္မတဖြစ်ဖြစ်ချင်း တစ်တော့ကို နောက်ထပ်သုံးလအသုံးပြုခွင့်တိုးသွားဖို့ရှိနေတယ်လို့ ပြောထားပါတယ်။
Source : Reuters/ CCTV+
Page 64 of 928