#World_Lifestyle
Published 14 March 2025
▪️ ငါးဖမ်းသမားတစ်ဦး ဖမ်းမိတဲ့ အထူးအဆန်း ပင်လယ်နေသတ္တဝါရဲ့ ဗီဒီယိုကို မျှဝေပြီးနောက်မှာ သတင်းရိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။
▪️ ရိုမန်ဖက်ဒေါ်ဆော့ဗ်ဆိုတဲ့ ရုရှားဆွဲပိုက်ချငါးဖမ်းသမားက ပင်လယ်ထဲလွှင့်နေစဉ် ဖမ်းမိခဲ့တဲ့ ပင်လယ်သတ္တဝါတွေကို ကင်မရာရိုက်ကူးကာ တင်ခဲ့တာဖြစ်ပါတယ်။
▪️ အဆိုပါ ငါးဖမ်းသမားမှာ အင်စတာဂရမ်ဖော်လိုဝါ ၆ သိန်းလောက်ရှိပြီး ပင်လယ်ရေနက်ထဲမှ ငါးသတ္တဝါအထူးအဆန်းတွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
▪️ နောက်ဆုံးတင်ထားတဲ့ ပုံမှာဆိုရင် မီးလုံးပုံသဏ္ဍာန် သတ္တဝါတစ်ကောင်ကို တွေ့နိုင်ပါတယ်။
▪️ ဒါဟာ ကမ္ဘာဂြိုဟ်ပြင်ပမှ သတ္တဝါတည်ရှိမှု အထောက်အထားဖြစ်တယ်လို့ အင်စတာဂရမ် အသုံးပြုသူတွေကြား အငြင်းပွားနေကြပါတယ်။
▪️ "ဒါဟာ ဂြိုဟ်သားဆိုတာ လုံးဝသေချာပါတယ်။ ဂြိုဟ်သားတွေ မွေးထားတဲ့ ရေအောက်ထဲက သတ္တဝါတွေပါ" လို့ ကြည့်ရှုသူတွေ ရေးသားထားပါတယ်။
▪️ နောက်တစ်ယောက်ကတော့ အဲဒါကို သတ်ပစ်ရှို့ပစ်သင့်ပြီး နောက်ထပ်မဖမ်းဖို့ ပြောထားပါတယ်။
▪️ အချို့တွေကတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက အထူးအဆန်း ဂြိုဟ်ပြင်ပသတ္တဝါများနဲ့ နှိုင်းယှဉ်နေကြပါတယ်။
▪️ အဆိုပါ ငါးသတ္တဝါရဲ့ လုံးဖောင်းနေတဲ့ခန္ဓာကိုယ်က ရေမျက်နှာပြင်သို့ တက်လာချိန်မှာ ဖိအားရုတ်တရက်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
▪️ ဒီလိုထူးဆန်းဖြစ်ရပ်က ဒါပထမဆုံးမဟုတ်ဘဲ ယခုလအစောပိုင်းကလည်း ဖမ်းရမိတဲ့ငါးတစ်ကောင် ရေမျက်နှာပြင်သို့ ကူးသွားပြီးခဏအကြာမှာပဲ သေဆုံးခဲ့တဲ့အကြောင်း ဝမ်းနည်းခဲ့သူတွေ ရှိခဲ့ပါတယ်။
#Source: New York Post
#World_Health
Published 14 March 2025
▪️ ယနေ့ခေတ် ရုံးထိုင်အလုပ်တွေမှာ အထိုင်များလာခြင်းကြောင့် ကျန်းမာရေးအပေါ် တိုက်ရိုက်ထိခိုက်လာနိုင်ပါတယ်။
▪️ နာရီများစွာ ထိုင်ခြင်းကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုများကို လျှော့ချဖို့အတွက် ကိုယ်လက်လှုပ်ရှားခြင်း အရေးကြီးပုံကို American Academy of Neurologyမှ သုတေသီများ လေ့လာဖော်ပြခဲ့ကြပါတယ်။
▪️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေဟာ ဒီမန်ရှာရောဂါ၊ လေဖြတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်စက်မှုပြဿနာတွေကနေ ခံစားရနိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။
▪️ ပျမ်းမျှအသက် ၅၆ နှစ်ရှိတဲ့ လူပေါင်း ၇၃,၄၁၁ ဦးကို ၇ ရက်ဆက်တိုက် ကိရိယာများတပ်ဆင်ပြီး လှုပ်ရှားမှုများကို တိုင်းတာကာ လေ့လာခဲ့ကြပါတယ်။
▪️ ကိုယ်လက်လှုပ်ရှားမှု သာမန်ကနေ အပြင်းအထန်ပြုလုပ်ပြီး စွမ်းအားအသုံးချသူတွေမှာ အထက်ပါ ရောဂါပြဿနာ ၅ မျိုးဖြစ်နိုင်ခြေ ၁၄ ကနေ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းတာ တွေ့ရပါတယ်။
▪️ အထိုင်များတဲ့သူတွေကတော့ အဆိုပါရောဂါများ ဖြစ်နိုင်ခြေ ၅ ကနေ ၅၄ ရာခိုင်နှုန်းအထိ ပိုများနေပါတယ်။
▪️ အထက်ပါ ရောဂါအခြေအနေတစ်ခုမှ မဖြစ်ခဲ့သူတွေက နေ့စဉ်လှုပ်ရှားမှုများ ပြုလုပ်ကြပြီး ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ စွမ်းအင် ၁.၂၂ ကီလိုဂျိုးလ်အသုံးချနိုင်ပြီး ဒီမန်ရှာဖြစ်တဲ့သူတွေကတော့ ၀.၈၅ သာရှိပါတယ်။
▪️ လေ့လာချက်မှာ ပါဝင်စမ်းသပ်သူ အများအပြားပါဝင်ပြီး ကိရိယာများအသုံးပြုပြီးတော့ ရောဂါဖြစ်ပွားမှုကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံများကို ပြောင်းလဲခြင်းဖြင့် အနာဂတ်မှာ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်စေမယ်လို့ လူတွေကို တိုက်တွန်းရာရောက်မယ်လို့ ရှန်ဟိုင်း ဖူဒန်တက္ကသိုလ်မှ ကျားယိဝူက ပြောပါတယ်။
▪️ ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး သတိထားစရာတစ်ခုက စမ်းသပ်ပါဝင်သူတွေဟာ လူဖြူလူမျိုးတွေသာ ဖြစ်ပါတယ်။
#Source: India Today
#World_Health
Published 13 March 2025
▪️ အသက် ၁၀၆ နှစ်ပြည့်မွေးနေ့ ကျင်းပနိုင်ခဲ့တဲ့ အမျိုးသမီးကြီးက အသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ချောကလက်စားခြင်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ အက်ဒစ်ဟေးလ်ဟာ အသက် ၁၀၀ ပြည့်ပြီးချိန်မှာ လူအိုစောင့်ရှောက်ဂေဟာသို့ ရွှေ့ပြောင်းခဲ့တာဖြစ်ကာ နေ့စဉ်ချောကလက်စားခြင်းနဲ့ ပါတီပျော်ပါးခြင်းတို့က နုပျိုကျန်းမာစေတယ်လို့ ပြောပါတယ်။
▪️ သူမရဲ့ အကြိုက်ဆုံးချောကလက်က Cadbury Dairy Milkဖြစ်ပါတယ်။
▪️ ၁၉၁၉ မတ်လ ၃ ရက်နေ့ ဗြိတိန်မှာမွေးဖွားခဲ့တဲ့ အငြိမ်းစားအတွင်းရေးမှူးဖြစ်ပြီး ကမ္ဘာစစ် ၂ ခုနဲ့ ကြုံတွေ့ခဲ့ကာ မင်း ၅ မင်းအပြောင်းအလဲဖြစ်ခဲ့ပြီး ဒေါင်းနင်းလမ်းမှာ ဝန်ကြီးချုပ် ၂၃ ဦး ရောက်ရှိခဲ့ပါတယ်။
▪️ အသက်ရှည်ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်အကြောင်း မေးမြန်းကြည့်ရာမှာ ချောကလက်များများစားပြီး ပါတီပျော်ပါးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
▪️ Aspen Lodge သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ နေထိုင်နေပြီး ဝန်ထမ်းတွေက မွေးနေ့အထူးပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်။
▪️ ဂေဟာထိန်းသိမ်းရေးမှူးချုပ် အန်နီတာတင်ဒယ်က ဒီအဖြစ်အပျက်ဟာ နှလုံးသားကို ထိမိလှပြီး ဒီအသိုင်းအဝိုင်းမှာ လူတွေက ကူညီပေးချင်ကြကြောင်း၊ သူမဟာ နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးကြီးဖြစ်ကြောင်း ပြောပြပါတယ်။
▪️ သူမဟာ လူတစ်သန်းမှာတစ်ယောက် တွေ့ရခဲတဲ့သူမျိုး ဖြစ်ပြီး အင်္ဂလန်အတွက် စံပြဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အက်ဒစ်က ပါတီပွဲမှာ ၁၉၄၀၊ ၁၉၅၀ ဝန်းကျင်လောက်က သူမအကြိုက်ဆုံးဖြစ်ခဲ့တဲ့ အဆိုတော် ၂ ယောက်ဖြင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။
▪️ အသက် ၈၆ နှစ်ရှိ တူမဖြစ်သူ အန်နီတာနာက အက်ဒစ်ဟာ မိသားစုတွေအကြောင်း မပြတ်သိလိုပြီး အလွန်အမှီအခိုကင်းသူဖြစ်တယ်လို့ ပြောသွားပါတယ်။
#Source: New York Post
အမေရိကန်နိုင်ငံက လက်နက်တင်ပို့ရောင်းချမှုစာရင်းမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေဆဲဖြစ်ပြီး ဥရောပရှိ နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတွေကတော့ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းမှာ အောင်မြင်မှုမရှိဘူးလို့ ဆွီဒင်အကြံပေးအဖွဲ့တစ်ခုက တနင်္လာနေ့မှာ တင်ပြခဲ့ပါတယ်။
#World_News
Published 12 March 2025
#လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံ #အမေရိကန်ရပ်တည်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 March 2025
၁။ နေပြည်တော်မဟာသင်္ကြန်ကို ယခင်နှစ်များထက်ပိုခမ်းနားစွာကျင်းပမည်
၂။ သီလဝါအိမ်ရာရှိ အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးမည်
၃။ PJ ပတ်စပို့ဖြင့် ပြည်ပထွက်ခွာမည့်သူများ OWIC ကတ်အပြင် ခွင့်ပြုချက်ပါ ရယူရမည်
၄။ လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ် အမေရိကန်ရပ်တည်နေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 12 March 2025
▪️ စစ်ပွဲပဋိပက္ခနဲ့ ပတ်သက်ပြီး ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို ယူကရိန်းလက်ခံသွားမယ်လို့ ပြောလိုက်ပြီးနောက်မှာတော့ အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့ကူညီမှုများနဲ့ ထောက်လှမ်းရေး အချက်အလက်များ မျှဝေခြင်းတို့ ပြန်လည်ပြုလုပ်သွားရန် အင်္ဂါနေ့က သဘောတူလိုက်ကြောင်း နှစ်ဖက်နိုင်ငံတွေက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
▪️ အခုဆိုရင် ဒီကမ်းလှမ်းချက်ကို ရုရှားထံ တင်ပြသွားမှာဖြစ်ပြီး ယင်းတို့ဆုံးဖြတ်ရမယ့်အချိန် ရောက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုပါတယ်။
▪️ "ရုရှားတို့ အမြန်ဆုံးသဘောတူလက်ခံဖို့ မျှော်လင့်ပါတယ်။ ဒါမှ တကယ့်ညှိနှိုင်းရေးဖြစ်တဲ့ ဒုတိယအဆင့်ကို သွားနိုင်မှာဖြစ်တယ်" လို့ ရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။
▪️ လက်ရှိမှာ ရုရှားတို့က ၂၀၁၄ခုနှစ်က တိုက်ခိုက်သိမ်းယူထားတဲ့ ခရိုင်းမီးယားအပါအဝင် ယူကရိန်းနယ်မြေအားလုံးရဲ့ ၅ ပုံ ၁ ပုံခန့်ကို ထိန်းချုပ်ထားပါတယ်။
▪️ အမေရိကန်အနေနဲ့ ရုရှားရော ယူကရိန်းနဲ့ပါ အမြန်ဆုံး အပြည့်အဝသဘောတူညီချက် ရလိုတယ်လို့ ရူဘီယိုက ပြောပါတယ်။
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက် ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပေမယ့် အပစ်အခတ်ရပ်စဲရေးကိုတော့ ဆန့်ကျင်ပြီး ရုရှားရေရှည်လုံခြုံရေး ခိုင်မာစေမယ့် သဘောတူညီချက်မျိုး ကြိုးပမ်းသွားမယ်လို့ အကြိမ်ကြိမ်ဆိုထားပါတယ်။
▪️ ပူတင်က သိမ်းထားတဲ့မြေတွေကနေ ဆုတ်ခွာမှာမဟုတ်ဘဲ ရုရှားမှ ထိန်းချုပ်နေတဲ့မြေတွေကနေ ယူကရိန်း ဆုတ်ခွာရမယ်လို့ ပြောထားပါတယ်။
▪️ ဆွေးနွေးမှုမှာ မပါဝင်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီက အပစ်အခတ်ရပ်စဲရေးဟာ အပြုသဘောဆောင်တဲ့ အဆိုပြုချက်ဖြစ်ပြီး ရေကြောင်းလေကြောင်းတွေသာမက ပဋိပက္ခရှေ့တန်းအထိပါ ပါဝင်နေတယ်လို့ ပြောပါတယ်။
▪️ ရုရှားဘက်မှ သဘောတူတာနဲ့ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်။
▪️ သဘောတူညီချက်ရသွားမယ်ဆိုရင် ရက် ၃၀ အတွင်းမှာ ရေရှည်ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်အားလုံးကို မဟာမိတ်များနဲ့အတူ ပြင်ဆင်ဖို့အချိန်ရမှာဖြစ်တယ်လို့ ဇယ်လန်စကီဆိုပါတယ်။
#Source: Reuters
#World_Science
Published 12 March 2025
▪️ ဩစတြေးလျ တိရိစ္ဆာန်ရုံတစ်ခုဟာ ပင့်ကူတွေဖမ်းမိရင် ယင်းတို့ထံ ပေးလှူဖို့ တောင်းဆိုထားပါတယ်။
▪️ တိရိစ္ဆာန်ရုံမှာ ပင့်ကူတွေကို ပြသတာမဟုတ်ပေမယ့် အဆိပ်ဖြေဆေးဖန်တီးဖို့ အသုံးပြုကြမှာ ဖြစ်ပါတယ်။
▪️ ကတော့ပုံကွန်ရက်အိမ် ပင့်ကူအထီးတွေရဲ့ အဆိပ်ကို ဆစ်ဒနီရှိ Australian Reptile Parkရဲ့ အသက်ကယ် အဆိပ်ဖြေဆေးအစီအစဉ်မှာ အသုံးပြုတာ ဖြစ်ပါတယ်။
▪️ ယခုရာသီက ပင့်ကူတွေကို သိပ်ပြီးမတွေ့ရတာကြောင့် လူတွေအနေနဲ့ ပင့်ကူတွေတွေ့တဲ့အခါ ဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။
▪️ ဆောင်းဦးရာသီ နီးစပ်လာချိန်မှာ စိုထိုင်းဆမြင့်မားလာပြီး အဆိုပါပင့်ကူမျိုးတွေ ထွက်လာတတ်တယ်လို့ ပင့်ကူထိန်းသိမ်းသူ အမ်မာတန်နီက ပြောပါတယ်။
▪️ ကတော့ပုံကွန်ရက်အိမ်ပင့်ကူတွေနဲ့ လူတွေဝေးကွာရတာဟာ ယင်းတို့က ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးပင့်ကူတွေ ဖြစ်နေလို့ပါ။
▪️ အဆိုပါဥယျာဉ်က ပင့်ကူတွေနဲ့ ဆက်စပ်တဲ့သေဆုံးမှုတွေကို ကာကွယ်ဖို့ ၁၉၈၁ မှာ အဆိပ်ဖြေဆေးပရိုဂရမ် စတင်ခဲ့ပါတယ်။
▪️ အသက်ကယ်ဖြေဆေးရဖို့ ပင့်ကူ ၂ ထောင်ကျော်လောက်ကို အဆိပ်ညှစ်ထုတ်ယူရပါတယ်။
▪️ အဆိပ်ဖြေဆေးတစ်ပုလင်းရဖို့ အရွယ်ရောက်တဲ့ပင့်ကူတွေကို အကြိမ် ၅၀ မှ ၂၀၀ လောက်အထိ ညှစ်ထုတ်ယူရပါတယ်။
▪️ အရေးတကြီး လုပ်ရတဲ့အကြောင်းအရင်းက ကတော့ပုံကွန်ရက်အိမ်ပင့်ကူတွေဟာ သက်တမ်း ၁ နှစ်လောက်သာ ရှိတာကြောင့်ဖြစ်ပါတယ်။
▪️ သူတို့ရဲ့အဆိပ်က အလွန်အဆိပ်ရှိသလို အသက်ကယ်ပရိုဂရမ်အတွက်လည်း အရေးပါတယ်လို့ တန်နီက ပြောပါတယ်။
▪️ ပင့်ကူတွေဆီမှ ထုတ်ယူတဲ့အဆိပ်တွေကို ယုန်တွေထံမှာ ၆ လအတွင်း ဖြည်းဖြည်းချင်းထိုးသွင်းပေးပါတယ်။
▪️ ဒီနောက် သွေးထဲက ပဋိဇီဝပစ္စည်းတွေကို ထုတ်ယူကာ အဆိပ်ဖြေဆေးထုတ်လုပ်ဖို့ အသုံးပြုပါတယ်။
▪️ ဒီပင့်ကူအမျိုးအစားကို အချို့ဒေသတွေမှာ တွေ့နိုင်ပေမယ့် အသက်အန္တရာယ် ဖြစ်စေတဲ့မျိုးစိတ်တွေကိုတော့ ဆစ်ဒနီမှာသာ တွေ့ရပါတယ်။
#Source: WION
Page 66 of 966