#World_Science
Published 23 March 2025
▪️ 3Dပုံစံဖန်တီးထားတဲ့ ကျားအင်္ဂါများဖြင့် လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ ပြဿနာနဲ့ Peyronieရောဂါတို့ကို ကုသနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ သုတေသီတွေက ဟိုက်ဒရိုဂျယ်တစ်မျိုးကို အသုံးပြုပြီး 3Dပုံစံဖြင့် ကျားအင်္ဂါတံပုံစံတစ်ခု ဖန်တီးခဲ့ကြကာ အောင်မြင်စွာ ထောင်မတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
▪️ ထောင်မတ်ပုံက သဘာဝအတိုင်းဖြစ်ပြီး တရုတ်၊ ဂျပန်၊ အမေရိကန်တို့မှ သိပ္ပံပညာရှင်များအဖွဲ့က ထောင်မတ်မှုမှာ ပြဿနာရှိနေတဲ့ ယုန်တွေနဲ့ ဝက်တွေကို 3Dပုံစံ ကျားအင်္ဂါများ ထည့်သွင်းပေးခဲ့ရာ ရက်သတ္တပတ် အနည်းငယ်အကြာမှာ မိတ်လိုက်မျိုးပွားနိုင်ခဲ့ကြပါတယ်။
▪️ ကျားအင်္ဂါထိခိုက်ခြင်းနဲ့ မထောင်မတ်နိုင်ခြင်း ပြဿနာများရှိနေတဲ့ အမျိုးသားတွေမှာ ဒီလိုနည်းပညာ အသုံးပြုနိုင်ဖို့ မျှော်လင့်စရာ ဖြစ်လာပါတယ်။
▪️ အင်္ဂါမထောင်မတ်ခြင်းပြဿနာဟာ လိင်မှုကိစ္စမှာ ကျေနပ်လောက်စရာ မဖြစ်စေတဲ့အထိ ကျားအင်္ဂါ မထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ကမ္ဘာတဝှမ်းက ယောက်ျားပေါင်း သန်း ၃၀၀ ကျော် ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးပေါင်ချိန်များခြင်း၊ ဆီးချိုရောဂါတို့ကြောင့် သွေးကြောများထိခိုက်ကာ ကျားအင်္ဂါသို့ သွေးစီးဆင်းမှုကို ကျုံ့စေနိုင်ပါတယ်။
▪️ ဒါ့အပြင် ကျားဟော်မုန်း နည်းပါးခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဟော်မုန်းပြဿနာတို့ကလည်း ဒီအခြေအနေမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ corpora cavernosaဆိုတဲ့ ထောင်မတ်တစ်ရှူး နှစ်ချောင်းဟာ လိင်တံအလျားလိုက် အပြိုင်ရှိနေပြီး corpus spongiosumကတော့ ဆီးပြွန်တဝိုက်မှာရှိတဲ့ ထောင်မတ်ရှူးတစ်ချောင်း ဖြစ်ပါတယ်။
▪️ လှုံ့ဆော်ထိတွေ့မှု ရှိတဲ့အခါ လိင်တံထဲက သွေးကြောတွေ ကျယ်လာပြီး corpora cavernosaထဲသို့ သွေးများဝင်ရောက်လာကာ တစ်ရှူးကြီးထွားလာပြီး အင်္ဂါထောင်မတ်စေတာ ဖြစ်ပါတယ်။
▪️ 3Dပုံစံကျားအင်္ဂါထဲမှာ ဆီးပြွန်ဖွဲ့စည်းပုံများနဲ့အတူ corpus spongiosum၊ ထောင်မတ်ခြင်းအတွက် အရေးကြီးတဲ့ corpus cavernosumပုံစံတို့ ပါဝင်ပါတယ်။
▪️ ဒါပေမဲ့ ဒီပုံစံတွေဟာ လူတစ်ဦးအတွက် သဘာဝကျားအင်္ဂါစစ်စစ်နေရာမှာတော့ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
#Source: WION
ကယ်လီဖိုးနီးယား ဗာဒံစေ့များအပါအဝင် အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များအပေါ် လက်ရှိမှာ တစ်ကမ္ဘာလုံးမှ အခွန်ချမှတ်လာသဖြင့် တစ်ချိန်ကတည်ငြိမ်ပြီး အကျိုးဖြစ်ထွန်းခဲ့တဲ့ လုပ်ငန်းဟာ မတည်မငြိမ် ဖြစ်လာပါတယ်။
#World_News
Published 22 March 2025
#ကယ်လီဖိုးနီးယား #ဗာဒံစေ့ဈေးကွက်မတည်ငြိမ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 March 2025
၁။ ပျမ်းမျှပိုလျှံသီးသန့်ငွေကျပ် ၇ ဘီလီယံအထက်ရှိ ဘဏ်များကို အတိုးနှုန်း ၆ ရာခိုင်နှုန်းထိတိုးမြင့်ပေးအပ်မည်
၂။ ချုံချင့်-ရန်ကုန်တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရန် ဆွေနွေးနေ
၃။ မြန်မာ့အထည်ချုပ်လုပ်ငန်းဒေါ်လာ ၅ ဘီလီယံတန် လုပ်ငန်းအဖြစ်ရပ်တည်နေ
၄။ အမေရိကန်တင်သွင်းကုန်များအပေါ် တစ်ကမ္ဘာလုံးမှအခွန်တုံ့ပြန်ချမှတ်လာကြရာ ကယ်လီဖိုးနီးယားဗာဒံစေ့ဈေးကွက်မတည်မငြိမ်ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 22 March 2025
▪️ ကမ္ဘာပေါ်က ခံနိုင်ရည်အရှိဆုံးသတ္တဝါဖြစ်ပြီး မိုက်ခရိုစကုပ်ဖြင့်ကြည့်မှ မြင်ရတဲ့ တာဒီဂရိတ်တွေဟာ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ပရိုတိန်းကို ထုတ်ပေးပြီး ကင်ဆာကုသမှုတွေကို ပြောင်းလဲစေနိုင်မယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။
▪️ ရေဝက်ဝံလို့လည်းခေါ်တဲ့ တာဒီဂရိတ်တွေက Dsupလို့ခေါ်တဲ့ ထိခိုက်မှုလျှော့ချပေးတဲ့ ပရိုတိန်းကို ထုတ်လုပ်ပေးတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူနေရတဲ့ ကင်ဆာလူနာများမှာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
▪️ ဒီပရိုတိန်းက ကြွက်တွေရဲ့ ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်ရောင်ခြည်ထိခိုက်မှု သိသိသာသာ လျှော့ချနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်ကုထုံး သက်ရောက်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဓာတ်ရောင်ခြည်က ကင်ဆာအကျိတ်တွေကို ကုသရာမှာ အထောက်အကူဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် အကန့်အသတ်နဲ့သာ လုပ်ရတယ်လို့ MITမှ တွဲဖက်ပရော်ဖက်ဆာ ဂျီယိုဗန်နီထရာဗာဆိုက ပြောပြပါတယ်။
▪️ ကြွက်တွေရဲ့ဆဲလ်တွေက ဓာတ်ရောင်ခြည် ထိခိုက်မှုကို ခံနိုင်ရည်ရှိစေပြီး တာဒီဂရိတ်မှ ထုတ်လုပ်တဲ့ ပရိုတိန်းက DNAအမျှင်တန်းများကို ပေါင်းစည်းပေးကာ ထိခိုက်မှုကို လျှော့ချတာဖြစ်တယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ Dsupကို အဆင့်မြှင့်တင်တဲ့ပုံစံဖြင့် ဖန်တီးပြီး လူသားတွေမှာ ဆိုးကျိုးမရှိစေဘဲ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ဆဲလ်တွေအဖြစ် အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ဒါ့အပြင် အာကာသယာဉ်မှူးတွေမှာလည်း အာကာသမှ ဓာတ်ရောင်ခြည်တွေကို ကာကွယ်ဖို့ အသုံးပြုနိုင်မယ်လို့ ယူဆနေပါတယ်။
▪️ ခြေ ၈ ချောင်းရှိတဲ့ အဆိုပါသတ္တဝါတွေကို တောင်ထိပ်တွေ၊ ရေညှိတွေ၊ သဲသောင်တွေ၊ ရေအောက်တို့မှာ နေထိုင်ကြပြီး အာကာသလေဟာနယ်မှာပင် အသက်ရှင်နိုင်ပါတယ်။
#Source: New York Post
#World_Health
Published 22 March 2025
▪️ Autogene cevumeranလို့ အမည်ပေးထားတဲ့ လူတစ်ယောက်ရဲ့ မျိုးဗီဇကိုယ်ခံအားအလိုက် ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ပန်ကရိယကင်ဆာ ကုသရာမှာ စိတ်ချသေချာတဲ့ရလဒ် တွေ့ထားတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ mRNAနည်းပညာကို အသုံးပြုတဲ့ ကင်ဆာကာကွယ်ဆေးဖြစ်ပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ကာ ခွဲစိတ်ပြီးနောက်ပိုင်း ရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။
▪️ ကုသရေး ကင်ဆာကာကွယ်ရေးတွေက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ရှိနေတဲ့ကင်ဆာကို တိုက်ဖျက်ပေးကာ သာမန်ကာကွယ်ဆေးတွေနဲ့ မတူတာက ကင်ဆာဖြစ်ပြီးသားလူနာတွေကို ပေးရတာ ဖြစ်ပါတယ်။
▪️ ဒီကာကွယ်ဆေးတွေက အကျိတ်ပရိုတိန်းတွေကို ပစ်မှတ်ထားဖို့ Tဆဲလ်တွေကို လေ့ကျင့်ပေးကာ ကင်ဆာဆဲလ်တွေကို ကိုယ်ခံအားစနစ်ကနေ တုံ့ပြန်တိုက်ဖျက်ဖို့ လှုံ့ဆော်ပေးပါတယ်။
▪️ ပထမအဆင့် စမ်းသပ်ချက်မှာ လူနာ ၁၆ ဦးပါဝင်ခဲ့ပြီး အကျိတ်ကိုပစ်မှတ်ထားတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။
▪️ ဒါ့အပြင် အဆိုပါ ကိုယ်ခံအားစနစ်ဆဲလ်တွေက အချို့လူနာတွေထဲမှာ ၄ နှစ်နီးပါးလောက် ကျန်ရှိနေတာကြောင့် ကင်ဆာပြန်ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း တွေ့ရပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုရလဒ်တွေက ကျေနပ်စရာကောင်းတယ်လို့ ပန်ကရိယကင်ဆာခွဲစိတ်ဆရာဝန် ဒေါက်တာ ဘာလာချန်ဒရန်က ပြောပါတယ်။
▪️ ပန်ကရိယကင်ဆာက အသက်ရှင်မှုနှုန်း အနည်းဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိကုသနည်းတွေဖြစ်တဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်တို့က ထိရောက်မှုအပိုင်းမှာ အကန့်အသတ်ရှိတာကြောင့် ကုထုံးအသစ်တွေ အားချင်းလိုအပ်လာပါတယ်။
▪️ ယခု autogene cevumeranကာကွယ်ဆေးက လူနာတစ်ဦးချင်းရဲ့ အကျိတ်တွေထဲမှာ ဗီဇပြောင်းလဲမှုများကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
▪️ စမ်းသပ်မှု ဒုတိယအဆင့်မှာတော့ လူနာအများအပြားမှာ autogene cevumeranရဲ့ ထိရောက်ဘေးကင်းမှုကို စမ်းသပ်လေ့လာသွားမှာဖြစ်ပါတယ်။
#Source: India Today
ဂျာမနီစက်မှုလုပ်ငန်းကြီးဖြစ်တဲ့ Siemensက ကမ္ဘာတဝှမ်းမှ လုပ်သားအင်အား ၂ ရာခိုင်နှုန်းခန့်ရှိတဲ့ အလုပ်အကိုင်ပေါင်း ၆ ထောင်ကျော် လျှော့ချသွားမယ့် အစီအစဉ်ကို အင်္ဂါနေ့က ကြေညာသွားပါတယ်။
#World_Business
Published 21 March 2025
#ဂျာမနီစက်မှုလုပ်ငန်းကြီး #ကမ္ဘာတဝှမ်းမှ လုပ်သားအင်အားလျှော့ချ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 March 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းအထိ မြင့်တက်
၂။ မသန်စွမ်းသူများအတွက်စီးပွားရေးချေးငွေများကို ထုတ်ချေးပေးသွားမည်
၃။ ခေါ်စာအသစ်တင်ခြင်းကို စာချုပ်လုပ်သား အားလုံးစေလွှတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်
၄။ ဂျာမနီစက်မှုလုပ်ငန်းကြီး Siemens ကမ္ဘာတဝှမ်းမှလုပ်သားအင်အား(၆)ထောင်ခန့် လျှော့ချသွားရန်ကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 61 of 966