#World_Health
Published 25 March 2025
▪️ သက်ကြီးရွယ်အိုတွေ အိပ်စက်မှုချို့တဲ့ပါက ဦးနှောက်ထဲမှာ အန္တရာယ်ပြု အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းကို ထိခိုက်စေတယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ အိပ်စက်မှု မကောင်းတဲ့အခါ ထိုစနစ်ရဲ့ လုပ်ဆောင်ချက် ယိုယွင်းစေပြီး မှတ်ဉာဏ်ကျဆင်းခြင်းနဲ့ အသိဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။
▪️ သက်ကြီးရွယ်အို ၇၂ ဦးကို ဦးနှောက်ဓာတ်မှန်ရိုက်ရာမှာ ကောင်းစွာမအိပ်စက်ရပါက မှတ်ဉာဏ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်ကွန်ရက်များအတွင်း ချိတ်ဆက်မှုများကို ထိခိုက်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ HKUမှ စိတ်ကျန်းမာရေးသိပ္ပံ ပရော်ဖက်ဆာ တေရှာအမ်စီလီက အိပ်စက်မှုနဲ့ ဦးနှောက်လုပ်ဆောင်ချက်အကြောင်း ရှင်းပြသွားပါတယ်။
▪️ ပရော်ဖက်ဆာလီနဲ့အဖွဲ့က ဦးနှောက်ထဲကနေ အညစ်အကြေးများ ရှင်းထုတ်ပေးရာမှာ အဓိကပါဝင်တဲ့ သငံရည်ကြော လင့်အဖွဲ့အစည်းစနစ်ကို အလေးထားလေ့လာခဲ့ကြပါတယ်။
▪️ ဒီစနစ်ဟာ အထူးသဖြင့် အသက်ကြီးသူတွေမှာ ဦးနှောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးတဲ့စနစ် ဖြစ်ပါတယ်။
▪️ လင့်အဖွဲ့အစည်း ချို့ယွင်းတဲ့အခါမှာ အဆိပ်အတောက်ပရိုတိန်းများ စုပြုံလာပြီး အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဝက်ရူးပြန်တို့လို အာရုံကြောရောဂါတွေ ဖြစ်လာစေပါတယ်။
▪️ ဒီပတ်သက်မှုတွေကို သိရှိခြင်းဖြင့် အသက်အရွယ်အရ မှတ်ဉာဏ်ဆုံးရှုံးလာခြင်းကို ဖြစ်စေတဲ့ အာရုံကြောဇီဝကမ္မဖြစ်စဉ်တွေအကြောင်း ပိုမိုသိရှိလာစေနိုင်တယ်လို့ ပရော်ဖက်ဆာလီက ပြောပါတယ်။
▪️ ဒါကြောင့် ကျန်းမာစွာ အသက်ကြီးရင့်လာနိုင်ဖို့အတွက် လင့်အဖွဲ့အစည်း လုပ်ဆောင်ချက်ထိန်းသိမ်းနိုင်ဖို့ က အရေးပါနေပါတယ်။
▪️ ဒီရလဒ်တွေက အိပ်စက်မှု၊ လင့်အဖွဲ့အစည်းစနစ်နဲ့ ဦးနှောက်ကွန်ရက်များကြား ဆက်သွယ်မှုရှုထောင့်ကနေ လေ့လာထားတာ ဖြစ်ပါတယ်။
#Source: Neuro Science News
#World_Health
Published 25?March 2025
▪️ မြစ်စွန်မြစ်ဖျားတွေအနီး နေထိုင်တဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ များတယ်လို့ အိန္ဒိယဆေးသုတေသနကောင်စီ (ICMR)က လေ့လာဖော်ပြပါတယ်။
▪️ ထိုနေရာတွေမှာ ကျန်းမာရေးအန္တရာယ်က ဘေးကင်းစိတ်ချရတဲ့အမှတ်ကို ကျော်လွန်နေကာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယသိပ္ပံအကယ်ဒမီမှာ ဖော်ပြထားပါတယ်။
▪️ ရေထဲမှာ ခဲဓာတ်၊ သံဓာတ်၊ အလူမီနီယံဓာတ်တို့ မြင့်မားစွာ ပါဝင်နေကာ ညစ်ညမ်းမှုထိန်းချုပ်ရေး ဗဟိုဘုတ်အဖွဲ့မှ သတ်မှတ်ထားတဲ့နှုန်းထက် ကျော်လွန်နေပါတယ်။
▪️ ကင်ဆာကုသရေး တိုးတက်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြင်အဆင်များ မြှင့်တင်နေတယ်လို့ ဗဟိုအစိုးရက ရေးသားဖော်ပြထားပါတယ်။
▪️ ပြည်နယ်အဆင့် ကင်ဆာတက္ကသိုလ်(SCI) ၁၉ ခုနဲ့ ကင်ဆာအဆင့်မြင့်စောင့်ရှောက်ရေးစင်တာ (TCCC) ၂၀ တို့က နည်းပညာမြင့် ရောဂါရှာဖွေရေးနဲ့ ကုသရေးဝန်ဆောင်မှုများ ပြုလုပ်ရန် အသိအမှတ်ပြုထားပါတယ်။
▪️ ဒါ့အပြင် အဆင့်မြင့်ဆေးရုံသစ် ၂၂ ခုမှာ ဆေးဘက်ဆိုင်ရာ၊ ခွဲစိတ်မှုနဲ့ ဓာတ်ရောင်ခြည်ဝန်ဆောင်မှုများ ပါဝင်တဲ့ ကင်ဆာကုသရေးစင်တာများ ထားရှိမှာဖြစ်ပါတယ်။
▪️ ဒီကုသရေးတွေက နွမ်းပါးတဲ့လူနာတွေအတွက် အခမဲ့ ဒါမှမဟုတ် ထောက်ပံ့ကြေးတွေနဲ့ ရရှိမှာဖြစ်ပါတယ်။
▪️ PM-JAYကျန်းမာရေး အာမခံအစီအစဉ်ကလည်း ကင်ဆာကုသရေးအတွက် ငွေကြေးအကူအညီပေးထားကာ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် မိသားစုတစ်ခုအတွက် နှစ်စဉ်ရူပီး ၅ သိန်းထောက်ပံ့ပေးထားပါတယ်။
▪️ ဒီအစီအစဉ်က စီးပွားရေးချို့တဲ့သူပေါင်း သန်း ၅၅၀အတွက် ထောက်ပံ့ပေးထားကာ အသက် ၇၀ နဲ့အထက် လူကြီးအားလုံးလည်း ပါဝင်လာပါတယ်။
▪️ ပြည်နယ် ၂၉ ခုမှ AMRITဆေးဆိုင်ပေါင်း ၂၂၂ ဆိုင်မှာ ဆေးဝါးတွေကို ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရရှိနိုင်ပါတယ်။
▪️ အစိုးရက ကင်ဆာစောစီးစွာတွေ့ရှိပြီး ကာကွယ်နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။
#Source: India Today
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းခြင်းလုပ်ငန်းစဉ် တရားဝင်စတင်ရန် သမ္မတအမိန့်ကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
#World_News
Published 24 March 2025
#ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး #ပညာရေးဝန်ကြီးဌာနပိတ်သိမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 March 2025
၁။ လူငယ်များ အသိပညာရှာမှီးရန် ရန်ကုန်တိုင်း၌ ပထမဆုံး လူငယ်စင်တာ စတင်ဖွင့်လှစ်
၂။ တောင်သူများထံမှ စပါးတင်းသိန်း၁၅၀နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူမည်
၃။ လျှပ်စစ်လိုအပ်ချက်အတွက် ဆိုလာများထုတ်လုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်
၄။ ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည့် အစီအစဉ်အား ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 March 2025
▪️ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေဟာ စွမ်းအင်နဲ့ အရေးကြီး အခြေခံအဆောက်အအုံများ ကာကွယ်ရေး အဆိုပြုချက်များအကြောင်း တနင်္ဂနွေနေ့က ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
▪️ ဒါဟာ ၃ နှစ်ကြာလာတဲ့ စစ်ပွဲကြီးကို ဒေါ်နယ်ထရမ့် အဆုံးသတ်ဖို့ သံတမန်ရေးရာ အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
▪️ ဒီဆွေးနွေးမှုက ဆော်ဒီအာရေဗျမှာ ပြုလုပ်တာဖြစ်ပြီး အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဗ်က စစ်ပွဲကြီးအဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ "ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ငြိမ်းချမ်းရေး လိုချင်မယ်လို့ ခံစားမိပါတယ်။ တနင်္လာနေ့ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးရာမှာ တကယ့်တိုးတက်မှုတွေ မြင်လာရနိုင်တယ်လို့ ထင်မိပါတယ်။ ပင်လယ်နက်မှာ အပစ်အခတ်ရပ်စဲလာနိုင်ပြီး ထိုကနေ လုံးဝရပ်စဲခြင်း ဖြစ်လာလိမ့်မယ်" လို့ ဝစ်ကော့ဗ်က Fox Newsကို ပြောသွားပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက သူ့ကိုယ်စားလှယ်အဖွဲ့ဟာ လုံးဝအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
▪️ ဘယ်လိုတွေပဲဆွေးနွေးသည်ဖြစ်စေ ပူတင်ကို တိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ဖို့လိုတယ်လို့ ပြောသွားပါတယ်။
▪️ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ်အူမရော့ဗ်က ဒီလိုမျိုး ဆွေးနွေးရခြင်းဟာ ငြိမ်းချမ်းရေး နီးစပ်လာဖို့နဲ့ လုံခြုံရေးအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရုရှားနဲ့ ယူကရိန်းတို့ ရက် ၃၀ ကြာအောင် စွမ်းအင်အခြေခံ အဆောက်အအုံများကို အပြန်အလှန် မပစ်ခတ်ရေးဆိုတဲ့ ထရမ့်ရဲ့အဆိုပြုချက်ကို ပူတင်သဘောတူခဲ့ပေမယ့် မကြာခင်မှာပဲ နှစ်ဖက်စလုံးက ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။
▪️ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေ ဆက်လက်ချီတက်လာတာ ခံနေရတဲ့ ဇယ်လန်စကီက ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံထားပါတယ်။
#Source: Reuters
#World_Health
Published 24 March 2025
▪️ ဂျပန်နိုင်ငံကလူတွေက သက်ရှည်ကျန်းမာကြပြီး နာတာရှည်ရောဂါ အဖြစ်နည်းတယ်လို့ သိရှိထားကြပါတယ်။
▪️ ဒါဟာလည်း ကျန်းမာရေးအတွက် ဂျပန်တို့ရဲ့ စားသောက်နေထိုင်မှုပုံစံ နည်းလမ်းတွေက ထူးဆန်းနေတာကြောင့် ဖြစ်ပါတယ်။
▪️ ဂျပန်တို့ရဲ့ ကျန်းမာရေးလမ်းစဉ်များကို WHOနဲ့ CDCတို့ကပါ ထောက်ခံထားတာကြောင့် ဒီလမ်းစဉ်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဟာရာဟာချီဘူ
▪️ ကမ္ဘာ့အသက်အရှည်ဆုံး လူများနေထိုင်ရာ အိုကီနာဝါမှလူတွေ ကျင့်သုံးတဲ့လမ်းစဉ်ဖြစ်ပြီး အစားစားတဲ့အခါ ဗိုက်ပြည့်ဝမှု ၈၀ ရာခိုင်နှုန်း မရောက်ခင်အထိပါ စားသုံးတဲ့နည်းလမ်း ဖြစ်ပါတယ်။
▪️ ဒါကြောင့် အလွန်အကျွံစားမိခြင်းမှ ကာကွယ်နိုင်ပြီး ကယ်လိုရီ လျော့နည်းစေကာ နာတာရှည်ရောဂါများမှ ကင်းဝေးစေပါတယ်။
(၂) စားသောက်ပုံစံ
▪️ ဂျပန်တွေ စားသောက်တဲ့ပုံစံက သဘာဝအတိုင်း အာဟာရဓာတ် ကြွယ်ဝကာ မျှမျှတတနဲ့ အသင့်အတင့် စားသုံးကြပါတယ်။
▪️ အစားအစာအမျိုးမျိုး အနည်းငယ်စီပါဝင်တာကြောင့် နှလုံးကျန်းမာရေး၊ အစာခြေမှု၊ သက်ရှည်ခြင်းတို့ကို အကျိုးရှိစေပါတယ်။
(၃) ရှင်ရင်-ယိုကူ
▪️ သစ်တောပတ်ဝန်းကျင်မှာ နေထိုင်တဲ့လမ်းစဉ်ဖြစ်ပြီး သဘာဝတရားထဲမှာ စိတ်နှစ်နေထိုင်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို တိုးတက်စေတဲ့အပြင် ကိုယ်ခံအားစနစ်နဲ့ စိတ်အခြေအနေတို့ကို မြှင့်တင်ပေးပါတယ်။
(၄) လိုအပ်ချက်အနည်းဆုံး နေထိုင်ခြင်း
▪️ ပစ္စည်းပိုင်ဆိုင်မှု အနည်းဆုံးနဲ့ အလိုအပ်ဆုံးအရာဖြင့် နေထိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
▪️ လိုအပ်ချက်အနည်းဆုံးဖြင့် နေထိုင်ပါက အာရုံစူးစိုက်မှု၊ အိပ်စက်မှု၊ ပျော်ရွှင်မှုတို့ တိုးတက်လာစေနိုင်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 24 March 2025
▪️ ည ၂ နာရီ ၃ နာရီလောက် နိုးလာတတ်ပြီး ပြန်အိပ်ဖို့ ခက်ခဲရတာဟာ ကျန်းမာရေးအခြေအနေ တစ်ခုကြောင့်လို့ ကျန်းမာရေးဂုရုတစ်ဦးက ဖော်ပြထားပါတယ်။
▪️ ဒေါက်တာ အဲရစ်ဘာ့ဂ်ဒီစီက ညသန်းခေါင်အချိန်တွေမှာ နိုးလာတတ်တာဟာ ဖိစီးမှုကြောင့်ဖြစ်တဲ့ ကော်တီဆောလ်ဟော်မုန်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ကော်တီဆောလ်ဟော်မုန်း မြင့်တက်နေတဲ့သူတွေမှာ အိပ်စက်မှုကို နှောင့်ယှက်စေပြီး ပြန်အိပ်ပျော်ဖို့ပါ ခက်ခဲကြတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုလူတွေအနေနဲ့ မဂ္ဂနီဆီယံပမာဏကို စစ်ဆေးကြည့်သင့်ပြီး မဂ္ဂနီဆီယံနည်းပါးရင် အိပ်စက်မှုပြဿနာတွေ ဖြစ်တတ်ပါတယ်။
▪️ ဒေါက်တာဘာ့ဂ်ကိုယ်တိုင်လည်း ဒီလိုပြဿနာကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ခံစားခဲ့ရသူဖြစ်ပါတယ်။
▪️ ပုံမှန်အားဖြင့် ည ၂ နာရီဟာ ကော်တီဆောလ်ပမာဏ အနည်းဆုံးရှိသင့်တဲ့ အချိန်ဖြစ်ပြီး မနက် ၈ နာရီကတော့ ကော်တီဆောလ် အများဆုံးဖြစ်သင့်ပါတယ်။
▪️ မဂ္ဂနီဆီယံက ကော်တီဆောလ်ကို လျှော့ချနိုင်စွမ်းရှိပြီး မဂ္ဂနီဆီယံချို့တဲ့ရင် ကော်တီဆောလ် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ သုတေသနအရလည်း မဂ္ဂနီဆီယံက ကော်တီဆောလ်ပမာဏလျှော့ချရာမှာ ပါဝင်ပတ်သက်နေပါတဘ်။
▪️ ကော်တီဆောလ် မြင့်မားနေရင် ကြွက်သားပြေလျော့ခြင်း၊ အာရုံကြောစနစ် ထိန်းညှိခြင်းတို့မှာ ထိခိုက်စေပြီး တော်သင့်ရုံဆိုရင်တော့ ဖိစီးတဲ့အခြေအနေကို တည်ငြိမ်စွာ တုံ့ပြန်နိုင်စေပါတယ်။
▪️ ဒါကြောင့် မဂ္ဂနီဆီယံကို ပမာဏသင့်တင့်အောင် ဖြည့်တင်းခြင်းဖြင့် ဖိစီးမှုကို ဖြေလျှော့နိုင်ပြီး ကော်တီဆောလ်ကို လျော့ကျစေကာ ကောင်းစွာအိပ်စက်စေနိုင်မှာ ဖြစ်ပါတယ်။
#Source: WION
Page 60 of 966