#World_Health
Published 25 June 2026
■ ဒါရာဆွန်ရာဆစ်လို့ခေါ်တဲ့ဆေးဟာ နောက်ပိုင်းအဆင့် ပန်ကရိယကင်ဆာ ဝေဒနာရှင်တွေ အသက်ပိုရှည်စေနိုင်တယ်လို့ သုတေသီတွေ ဖော်ပြခဲ့ကြပါတယ်။
■ ကင်ဆာကို ကုသတာမဟုတ်ပေမယ့် ဒါဟာ အလွန်ကြီးမားတဲ့ ခြေလှမ်းတစ်ခုလို့ သုတေသနဦးဆောင်သူ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ ဇက်ဗ်ဝိန်ဘာ့ဂ်က ပြောပါတယ်။
■ ဒီဆေးက ပန်ကရိယကင်ဆာဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်မှာ အကျိတ်ကြီးထွားမှုကို အားပေးတဲ့ ဗီဇပြောင်းပရိုတိန်းကို ပိတ်ဆို့ပေးပါတယ်။
■ ဒီဆေးက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိပြီး အကျိုးအာနိသင်တွေက ယုံကြည်စိတ်ချရပြီး ဆန်းစစ်မှုပြုလုပ်နေတဲ့အချိန်ထိ လူနာတွေဟာ ကုသနည်းနဲ့ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။
■ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA)က ဒါရာဆွန်ရာဆစ်ဆေးကို စစ်ဆေးအတည်ပြုနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူနာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခွင့်ပေးနိုင်အောင် ကြိုးပမ်းနေပါတယ်။
■ ပန်ကရိယကင်ဆာဟာ အသက်အန္တရာယ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်နေပြီး အချိန် ၅ နှစ်အထိ အသက်ဆက်ရှင်နှုန်း ၁၃ ရာခိုင်နှုန်းရှိပါတယ်။
■ သုတေသီတွေက ဒီဆေးရဲ့ အလားအလာကို အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်နေကြပြီး ဆေးမတိုးတဲ့ KRAS ဗီဇပြောင်းလဲမှုတွေကို ပစ်မှတ်ထားနေပါတယ်။
■ ဒီထုတ်လုပ်မှုတွေထဲက အခြားကုသနည်းတွေထဲမှာ KRAS သီးသန့်ဆေးများ၊ ခွဲစိတ်မှုအပြီး ပြန်မဖြစ်စေရန် ကာကွယ်ဆေးများ ပါဝင်ပါတယ်။
Source: AP News
#World_Health
Published 26 June 2026
■ ခံတွင်းသန့်ရှင်းရေး လုပ်ငန်းစဉ်တွေထဲမှာ လျှာပွတ်တိုက်ခြင်း ပါဝင်ပြီး ခံတွင်းအနံ့အသက်ကောင်းခြင်းနဲ့ ခံတွင်းသန့်ရှင်းခြင်းတို့အတွက် အရေးကြီးပါတယ်။
■ လျှာပွတ်တိုက်ခြင်းဖြင့် နိုက်ထရစ်အောက်ဆိုင်ဒ် ထုတ်လုပ်မှုမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို လှုံ့ဆော်ပေးကာ ဒီမော်လီကျူးက သွေးကြောကျန်းမာရေး၊ သွေးလည်ပတ်ခြင်း၊ အလုံးစုံကျန်းမာခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ ဒေါက်တာ ဒန်နီယယ်ပွန်ပါက ပြောပါတယ်။
■ နိုက်ထရစ်အောက်ဆိုဒ်က သဘာဝအတိုင်း သွေးကြောကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေကာ နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးတဲ့အပြင် အိုမင်းဆန့်ကျင်မှုလည်း ရှိနေနိုင်ပါတယ်။
■ ကိုယ်ခံအားလုပ်ဆောင်ချက်၊ ရောဂါပိုး ဖယ်ရှားခြင်း၊ အာရုံကြောဆဲလ် ချိတ်ဆက်ခြင်းတို့မှာလည်း ပတ်သက်နေကာ ရေရှည်ကျန်းမာရေးနဲ့ အိုမင်းခြင်းတို့အတွက် အရေးပါစေပါတယ်။
■ လျှာပွတ်တိုက်ခြင်းမှာ အကျိုးအာနိသင်တွေ ရှိနေနိုင်ပြီး ခံတွင်းသန့်ရှင်းရေး ကောင်းမွန်ခြင်း၊ ကိုယ်ခံအားကျန်းမာရေးတို့နဲ့ ပတ်သက်နေပါတယ်။
■ လျှာပွတ်တိုက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေကတော့ အန္တရာယ်ပြု ခံတွင်းရောဂါပိုးများ လျှော့ချပေးခြင်း၊ အကျိုးပြုဘက်တီးရီးယားများကို တိုးများစေခြင်း၊ အစာခြေကောင်းမွန်စေခြင်း၊ အရသာသိရှိမှု တိုးတက်စေခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်းတို့ ပေးနိုင်ပါသေးတယ်။
■ လျှာပွတ်တိုက်ရာမှာ ထိခိုက်ခြင်းမဖြစ်စေရန်အတွက် သွားတိုက်ပြီးတိုင်းမှာ သန့်ရှင်းတဲ့ကိရိယာဖြင့် ၂-၃ ကြိမခန့် ညင်သာစွာ ပွတ်တိုက်ပေးဖို့ အကြံပြုထားပါတယ်။
■ မသန့်ရှင်းတဲ့ လျှာပွတ်တံတွေနဲ့ ပွတ်တိုက်ရင်တော့ ရောဂါပိုးကူးစက်ဝင်ရောက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
Source: Indian Express
အမေရိကန်နဲ့ အသစ်လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအပေါ် မိမိအနေဖြင့် သံသယများရှိကြောင်း၊ အီရန်အနေဖြင့် ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် နောက်ထပ်တွေ့ဆုံမှုတစ်ခုအတွက် အဆင်သင့်ရှိနေပြီး လက်နက်ကိရိယာများလည်းရှိကြောင်း အီရန်အဆင့်မြင့်အရာရှိ အီဘရာဟင်ရေဇာအီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
#World_Politics
Published 25 June 2026
#အမေရိကန် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 June 2026
■ အမေရိကန်-အီရန်သဘောတူညီချက်ကြောင့် အထိခိုက်အနစ်နာဆုံးအရာမှာ အီရန်အပေါ် အစ္စရေးလ်ရဲ့ မဟာဗျူဟာမဟုတ်ဘဲ အမေရိကန်ကို စိတ်ကြိုက်လွှမ်းမိုးညွှန်ကြားနိုင်တဲ့ အစ္စရေးလ်ခေါင်းဆောင် ဘင်ဂျမင်နေတန်ယာဟူ နှစ်ပေါင်းများစွာ ဆောက်တည်ခဲ့တဲ့ နိုင်ငံရေးပုံရိပ်သာ ဖြစ်တယ်လို့ ဆန်းစစ်သူတွေ၊ သံတမန်တွေ ပြောပါတယ်။
■ နေတန်ယာဟူဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ အခိုင်အမာတစ်ခု ပြောဆိုထားရာ ယင်းတစ်ဦးတည်းသာ အီရန်အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အစ္စရေးလ်ကြား သဘောတစ်ခုတည်းဖြစ်အောင် ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
■ အမေရိကန်သမ္မတအဆက်ဆက် လွှမ်းမိုးနိုင်တဲ့ အစ္စရေးလ်ခေါင်းဆောင်အဖြစ် ပုံဖော်ခဲ့ကာ အီရန်အပေါ် စဉ်ဆက်မပြတ် စစ်ရေးဖိအားပေးမှသာ ထိန်းချုပ်နိုင်မယ်လို့ ပြောထားပါတယ်။
■ ဒေါ်နယ်ထရမ့်က အစ္စရေးလ်ကန့်ကွက်မှုများကို ဘေးဖယ်ပြီး အရှေ့အလယ်ပိုင်းပဋိပက္ခကနေ နှုတ်ထွက်ဖို့ ဦးစားပေးနေပါတယ်။
■ နေတန်ယာဟူက အီရန်၊ ဟစ်ဇ်ဘိုလာနဲ့ ပတ်သက်ပြီး ပေးထားတဲ့ကတိတွေကို အကောင်အထည် မဖော်နိုင်တဲ့အတွက် ပြည်တွင်းမှာ ဝေဖန်ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါတယ်။
■ အမေရိကန်က နေတန်ယာဟူကို အဟန့်အတားတစ်ခုအဖြစ် သတ်မှတ်လာပြီး အစ္စရေးလ်ရဲ့ ဦးစားပေးကိစ္စရပ်များကို လစ်လျူရှုဖို့ အရိပ်အယောင်ပြနေပါတယ်။
■ အရှေ့အလယ်ပိုင်းဒေသအတွင်း ပြန်လည်ချိန်ညှိဆောင်ရွက်နေကြရာ နိုင်ငံအသီးသီးက အစ္စရေးလ်နဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်မှုတွေ နှောင့်နှေးနေပြီး အီရန်နဲ့ကတော့ လမ်းကြောင်းတွေ ပြန်ဖွင့်လာကြပါတယ်။
■ အမေရိကန်-အီရန်သဘောတူညီချက်ကြောင့် ဒေသတွင်း အီရန်ရဲ့ ဩဇာအာဏာ ပိုမိုအားကောင်းလာကာ နေတန်ယာဟူအတွက်တော့ အားနည်းသွားစေပါတယ်။
Source: Reuters
#World_Science
Published 25 June 2026
■ ကမ္ဘာ့မြေလွှာအောက် အနက်ပိုင်းမှာ လှုပ်ရှားရုန်းကန်နေတဲ့ အရည်ပျော်သံရည်ပူတွေက ၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှာ စီးဆင်းရာအရပ်မျက်နှာ ရုတ်တရက်ပြောင်းလဲခဲ့ကြောင်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ ဒါက အပြင်ဘက်အလွှာဟာ အနောက်ဘက်သို့သာ အမြဲစီးဆင်းတယ်လို့ အများလက်ခံချက်နဲ့ ဆန့်ကျင်နေပါတယ်။
■ အဆိုပါ အရည်ပျော်သံရည်ပူများဟာ အစိုင်အခဲဖြစ်တဲ့ အတွင်းဘက်အလွှာကို ဝန်းရံထားပြီး ကမ္ဘာပေါ်မှာ သက်ရှိများ ရှင်သန်နိုင်ခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။
■ ကမ္ဘာဂြိုဟ်ကို နေရောင်ခြည်ဖြာထွက်မှုဘေးမှ ကာကွယ်ပေးတဲ့ သံလိုက်စက်ကွင်း ဖြစ်ပေါ်စေပါတယ်။
■ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က ထိုသံရည်ပူများ စီးဆင်းရာအရပ်မျက်နှာ ပြောင်းလဲခဲ့ကာ သိပ္ပံပညာရှင်များအတွက် သိရှိထားသမျှ ပြန်လည်တွေးတောစရာ ဖြစ်လာစေပါတယ်။
■ ဒီပြောင်းလဲမှု ဖြစ်ခဲ့ပေမယ့် နေရောင်ခြည်ဖြာထွက်မှုဘေးမှ ကာကွယ်ပေးတဲ့ သံလိုက်စက်ကွင်းကတော့ မထိခိုက်ဘဲ ဆက်ရှိနေပါတယ်။
■ အရည်ပျော်သံရည်ပူများ အရှေ့ဘက်သို့ စီးဆင်းမှုဟာ ၂၀၂၀ ပြည့်နှစ်က စတင်ပြီး နှေးလာခဲ့ကာ အလှည့်ကျတုန်ခါမှု တဖန်ပြန်ဖြစ်ပေါ်လာခြင်းကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
■ ဥရောပအာကာသအေဂျင်စီရဲ့ CryoSat ၊ Swarm မစ်ရှင်များ၊ CHAMP နဲ့ Ørsted လိုမျိုး ဂြိုဟ်တုတွေမှ ရရှိတဲ့ အချက်အလက်တွေက ဒီထူးခြားဖြစ်စဉ်ကို ဖော်ထုတ်ရာမှာ များစွာအထောက်အကူ ပြုခဲ့ပါတယ်။
■ သုတေသီတွေက ကမ္ဘာ့အပြင်ဘက်အလွှာ၊ အတွင်းဘက်အလွှာ၊ အောက်ဘက်အလွှာတို့ကြား အပြန်အလှန် သက်ရောက်မှုများကို ဆက်လက်လေ့လာနေကြပြီး ပြုမူလှုပ်ရှားပုံများကို ပိုမိုသိရှိနားလည်စေရန် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
Source: WION
#World_Health
Published 25 June 2026
■ ကျန်းမာရွှင်လန်းစွာ အသက်ကြီးရင့်လာခြင်းက ကျန်းမာရေး လှုပ်ရှားမှုတွေ၊ ဖြည့်စွက်စာတွေ လူနေမှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ ဆက်စပ်တွေးတောလေ့ရှိပေမယ့် ရေရှည်အသက်ရှည်ဖို့အတွက်ကတော့ နေ့စဉ် အလေ့အကျင့်ကောင်းများ မှန်ကန်အောင် လုပ်ဆောင်တဲ့အပေါ် မူတည်နေနိုင်ပါတယ်။
■ အာရုံကြောအထူးကု ဒေါက်တာ ဆူဒီယာကူမာက "၉ နှစ်တာသက်ရှည်ကျန်းမာညီမျှခြင်း- အကောင်းဆုံး နှစ်သက်တမ်းအတွက် နေ့စဉ်ဦးတည်ချက် ၃ ခု"ဆိုပြီး X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
■ ပထမဦးတည်ချက်က တစ်ညကို ၇.၂ မှ ၈ နာရီ အိပ်ချိန်ရှိနေဖို့ဖြစ်ပြီး ဦးနှောက်ကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
■ ဒုတိယဦးတည်ချက်က နေ့စဉ် ၄၃ မိနစ်ခန့် ခပ်ဆတ်ဆတ်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းစတဲ့ သာမန်ကိုယ်လက်လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။
■ တတိယဦးတည်ချက်က ကျန်းမာရေးညီညွတ်တဲ့ စားစရာတွေ ဦးစားပေးပြီး အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချသင့်ပါတယ်။
■ ဒါပေမဲ့ ကျန်းမာရေးကို အစွန်းရောက်အောင် ပြုလုပ်ခြင်းမျိုးကတော့ ဖိစီးမှု၊ အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်စေနိုင်ပြီး အရာရာကို မျှခြေဖြစ်အောင်နဲ့ ပုံမှန်ဖြစ်ခြင်းတို့က အဓိကကျပါတယ်။
■ အိုမင်းရင့်ရော်ခြင်းနဲ့ ပတ်သက်လာရင် အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရဓာတ်တို့က ဇီဝဖြစ်စဉ်တိုင်းကို သက်ရောက်နေပါတယ်။
■ နေ့စဉ်ပုံမှန်လေး ပြုလုပ်ပေးတဲ့ အလေ့အကျင့်တွေက ဇီဝဖြစ်စဉ်များ၊ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက်၊ သက်ရှည်ကျန်းမာခြင်းတို့အပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။
Source: Indian Express
တရုတ်-မြန်မာဆက်ဆံရေးကြား စိုက်ပျိုးရေးကဏ္ဍက အခိုင်မာဆုံးမဏ္ဍိုင်တွေထဲက တစ်ခုဖြစ်လာပြီး ပူးပေါင်းသုတေသနပြုမှုများ၊ ပညာရှင်ဖလှယ်မှုများနဲ့ ကုန်သွယ်ရေးတိုးချဲ့မှုတိုဖြင့် ရှေ့သို့တွန်းအားပေးလျက် ရှိပါတယ်။
#Asia_Business
Published 24 June 2026
#တရုတ်_မြန်မာ
#YMG #Yangon_Times #Yangon_Media_Group
Page 57 of 1237