#World_Science
Published June 2 2025
▪️ Apple iPhone အသုံးပြုသူတွေကတော့ မကြာခင်မှာ ယင်းတို့ရဲ့ဖုန်းတွေကို စိတ်ထဲကနေ ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
▪️ Apple က ဦးနှောက်-ကွန်ပျူတာကြားခံ (BCI)ကုမ္ပဏီ Synchron နဲ့ပူးပေါင်းကာ အသုံးပြုသူရဲ့ ဦးနှောက်ထဲ ထည့်သွင်းနိုင်မယ့် ပစ္စည်းလေးကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
▪️ ဒီပစ္စည်းမှာ ဦးနှောက်အချက်ပြမှုတွေကို သိရှိနိုင်မယ့် လျှပ်တိုင်တွေ ပါဝင်ပါတယ်။
▪️ Synchron ရဲ့ နည်းပညာအသုံးပြုပြီး Apple က ဦးနှောက်အချက်ပြမှုတွေကို လှုပ်ရှားမှုအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။
▪️ အသုံးပြုသူအနေနဲ့ လုပ်ချင်တာရှိရင် စဉ်းစားလိုက်ရုံနဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။
▪️ ဝေါစထရိဂျနာယ်မှ ဖော်ပြချက်အရဆိုရင် Apple နဲ့ Synchron တို့က ဒီနည်းပညာကို စမ်းသပ်ခံများနဲ့ လုပ်ဆောင်နေပါတယ်။
▪️ ဒီထဲမှာပါဝင်တဲ့ ပစ်ဘတ်ဂ်ဥက္ကဌ မာ့ခ်ဂျက်ဆန်ဆိုရင် အကြောသေဝေဒနာ ခံစားနေရသူဖြစ်ပြီး အခုဆိုရင် Synchron ဦးနှောက်ထည့်သွင်းပစ္စည်းဖြစ်တဲ့ Stentrode ကို သူ့ဦးနှောက်ထဲ ထည့်ထားပါတယ်။
▪️ ဦးနှောက်ရဲ့ အပြင်ဘက်အလွှာထိပ်ပိုင်းရှိ သွေးပြန်ကြောတစ်ခုထဲမှာ ထောက်ချဲ့ပစ္စည်းတစ်ခုလို ထည့်ထားပြီး ဦးနှောက်လှိုင်းတွေကို နားလည်သိရှိစေပြီးတော့ ဖုန်းမျက်နှာပြင်နားတဝိုက် ရွေ့လျားနိုင်ကာ အိုင်ကွန်တစ်ခုကို ရွေးချယ်နိုင်စေပါတယ်။
▪️ Apple iPhone တွေနဲ့ အခြားကိရိယာတွေမှာသာ ဒီနည်းပညာရပြီဆိုရင် ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် မျှော်လင့်ချက်ဖြစ်လာမှာပါ။
▪️ အီလွန်မက်စ်ရဲ့ Neuralink ကုမ္ပဏီကလည်း အလားတူနည်းပညာမျိုး လုပ်ဆောင်နေပါတယ်။
#Source: WION
#World_News
Published 02 June 2025
▪️ အမေရိကန် ကိုလိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့မှာ လူအများကို မီးလောင်ဒဏ်ရာရစေခဲ့တဲ့ အမျိုးသားတရားခံကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
▪️ FBI ကတော့ ဒါကို အကြမ်းဖက်ပစ်မှတ်တိုက်ခိုက်ခြင်းလို့ သတ်မှတ်လိုက်ပါတယ်။
▪️ FBI ပြည်သူ့ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဘင်ဝီလီယံဆန်က တရားခံဟာ ဂျူးလူမျိုးလူအုပ်ဆီကို မီးလောင်ဗုံးများ ပစ်ထည့်နေပြီး ပါးစပ်ကလည်း 'ပါလက်စ်တိုင်းလွတ်ငြိမ်းခွင့်ပေး' လို့ အော်နေခဲ့ကြောင်း X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ တရားခံဟာ အသက် ၄၅ နှစ်အရွယ်ရှိ မိုဟာမက်ဆာဘရီဆိုလီမာ ဖြစ်တယ်လို့ FBI က စစ်ဆေးတွေ့ရှိထားပါတယ်။
▪️ "သာယာလှပတဲ့ တနင်္ဂနွေနံနက်ခင်းမှာ ဘိုလ်ဒါမြို့ ပုလဲလမ်းကို တိုက်ခိုက်သွားတာက လက်သင့်ခံနိုင်စရာ မရှိပါဘူး။ ထိခိုက်ခံရသူတွေနဲ့ မိသားစုဝင်တွေ၊ ဒီဖြစ်ရပ်ဆိုးမှာ ထိခိုက်ခဲ့သူအားလုံးအကြောင်း ကူညီတွေးတောပေးကြဖို့ တောင်းဆိုပါတယ်" လို့ ဘိုလ်ဒါရဲမှူးချုပ် စတီဖင်ရက်ဖန်းက ပြောသွားပါတယ်။
▪️ အမေရိကန်မှာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ တင်းမာမှုမြင့်တက်နေပြီး သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစ္စရေးလ်ထောက်ခံသူတွေက ပါလက်စ်တိုင်းထောက်ခံသူတွေကို ဂျူးမုန်းတီးသူများအဖြစ် သတ်မှတ်ထားပါတယ်။
▪️ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိတဲ့ ကိုလိုရာဒိုမှ အသက် ၁၉ နှစ်အရွယ် ဘရွတ်ခ်ကော့ဖ်မန်းက အမျိုးသမီး ၄ ဦး ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာရသဖြင့် လဲကျနေခဲ့ကြကြောင်း၊ တစ်ယောက်ဆိုရင် ခန္ဓာကိုယ်အနှံ့အပြား ဆိုးရွားစွာ လောင်ကျွမ်းပုံရကြောင်း ပြောပြပါတယ်။
▪️ တိုက်ခိုက်သူလို့ ယူဆရသူက အင်္ကျီဗလာဖြင့်ရပ်နေကာ ရေအကြည်ပုလင်းကို ကိုင်ထားပြီး 'ရေလာယူ ရေလာယူ' လို့ အော်နေခဲ့တယ်လို့ ဆိုပါတယ်။
▪️ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဂျူးဒီမိုကရက် ချက်ရှူမာက ဒီအခြေအနေဟာ ထိတ်လန့်စရာကောင်းပြီး ဂျူးမုန်းတီးရေးကို ဆန့်ကျင်သွားရမယ်လို့ ပြောပါတယ်။
#Source: NDTV
#World_Health
Published June 1 2025
▪️ ၂၀၁၉ မှ ၂၀၂၁ အတွင်း တစ်ကမ္ဘာလုံးမှ လူတွေမှာ ပျမ်းမျှနေထိုင်သက်တမ်း ၁.၈ နှစ်ကျဆင်းသွားတယ်လို့ WHO မှ ဖော်ပြထားပြီး ဒါဟာ လတ်တလောသမိုင်းကြောင်းမှာ အကြီးမားဆုံး ကျဆင်းတာပဲ ဖြစ်ပါတယ်။
▪️ ကိုဗစ်ကပ်ရောဂါက အသက်ပေါင်းများစွာ ဆုံးရှုံးစေရုံမက လူနေမှုအခြေအနေတွေကိုလည်း ဆိုးရွားစွာ သက်ရောက်စေပါတယ်။
▪️ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်မှုတွေ စိတ်ဓာတ်ကျခြင်းတွေ အဖြစ်များလာကာ တစ်ကမ္ဘာလုံးမှာ ပျမ်းမျှသက်တမ်း ၆ ပတ်ခန့် ကျဆင်းစေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခက်အခဲမရှိ ရရှိနေသူအရေအတွက်ဟာလည်း ကျဆင်းနေတယ်လို့ WHO ဖော်ပြထားပါတယ်။
▪️ ထောက်ပံ့ကြေးမလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေ၊ ဝန်ထမ်းများ လေ့ကျင့်သင်ကြားထားခြင်းမရှိတာတွေ၊ ကာကွယ်ဆေးမရရှိတာတွေက ပြဿနာဖြစ်လာနိုင်ပြီး ယခုကနေစကာ ၂၀၃၀ ကြား ကလေးမွေးဖွားရင်း သေဆုံးတဲ့မိခင် ၇ သိန်းခန့်နဲ့ အသက် ၅ နှစ်အောက် ကလေး ၈ သန်းခန့် ဆုံးရှုံးရနိုင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။
▪️ နှလုံးရောဂါ၊ လေဖြတ်၊ ကင်ဆာ၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေကလည်း အသက် ၇၀ အောက်လူတွေသေဆုံးကြရတဲ့ အဓိကအကြောင်းအရင်းတွေထဲ ပါဝင်နေပါတယ်။
▪️ HIV ၊ တီဘီနဲ့ ရာသီအလိုက်ရောဂါများ အဖြစ်နည်းလာပေမယ့် ပိုးသတ်ဆေးယဉ်ပါးတဲ့ ပြဿနာက ကျန်းမာရေးခြိမ်းခြောက်မှု ဖြစ်လာပါတယ်။
▪️ နိုင်ငံတကာအကူအညီများ ဖြတ်တောက်တာက ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း တိုးတက်မှုတွေကို ပြန်ကျဆင်းသွားစေနိုင်တယ်လို့ WHO သတိပေးထားပါတယ်။
#Source: India Today
#World_Science
Published June 1 2025
▪️ မားစ်ဂြိုဟ်ပေါ်သို့ ဂြိုဟ်ပေါ်သွားယာဉ်များ စတင်ရောက်ရှိပြီး အခေါက်ခေါက်အခါခါ ရှာဖွေတွေ့ရှိမှုများ ပြုလုပ်ထားနိုင်ခဲ့ကာ မကြာသေးမီကလည်း Mars Curiosity Rover ယာဉ်ဟာ ဆဌဂံပုံစံရှိတဲ့ ပျားလဘို့ပုံသဏ္ဍာန်တွေ ဝေဖာကွက်တွေ တွေ့ရှိခဲ့ပါတယ်။
▪️ ဒါတွေက မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းလိုမျိုး ပေါ်နေပြီး မားစ်ပေါ်မှာ သက်ရှိတွေ ဘယ်လိုအစပြုခဲ့လဲဆိုတာကို သိရှိစေနိုင်မယ်လို့ သိပ္ပံပညာရှင်များ ထင်နေကြပါတယ်။
▪️ Curiosity ယာဉ်က ဒါတွေရဲ့ဖွဲ့စည်းပုံတွေကို သုံးသပ်နေပြီး ဘယ်လိုဖြစ်ပေါ်လဲဆိုတာကို အချက်အလက်တွေနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
▪️ ပျားလဘို့နဲ့ ဝေဖာပုံစံတွေက လွန်ခဲ့တဲ့ နှစ် ၃.၆ သန်းကနေ ၃.၈ သန်းကြား ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပြီး ကမ္ဘာမြေမှာဆိုရင် ရေကန်ကြမ်းပြင် ခန်းခြောက်သွားသလိုမျိုး ဖြစ်ပါတယ်။
▪️ အခုဆိုရင် Curiosity ယာဉ်က Laser-Induced Breakdown Spectroscopy နည်းပညာဖြင့် ဒီအရာတွေထဲကို လေဆာပစ်ကာ ဖုံးကွယ်နေတဲ့ ဓာတုပစ္စည်းတွေကို တူးဖော်သွားမှာဖြစ်ပါတယ်။
▪️ ဒါ့အပြင် အနီးနားမှ နေရာတွေနဲ့လည်း နှိုင်းယှဉ်လေ့လာသွားမှာ ဖြစ်ပါတယ်။
▪️ ၂၀၂၁ ခုနှစ်ကလည်း မားစ်ဂြိုဟ် ဂေးလ်ခရိတ်တာရှိ ရှာ့ပ်တောင်စောင်းမှာ အလားတူဗဟုဂံပုံစံတွေ တွေ့ခဲ့ကြပါသေးတယ်။
▪️ ထိုအရာတွေကလည်း ရေကန်ကြမ်းပြင်ခြောက်သွေ့တာကနေ ဖြစ်ပေါ်တယ်လို့ ယူဆရပါတယ်။
▪️ ၂၀၂၃ ခုနှစ်က တရုတ်မှ Zhurong ယာဉ်ကနေ မားစ်ဂြိုဟ်မျက်နှာပြင်အောက် မီတာဒါဇင်ခန့်မှာ ဧရာမပျားလဘို့ပုံစံ ၁၅ ခုကို တွေ့ရှိခဲ့ပါတယ်။
#Source: WION
တက်စ်လာစီအီးအို အီလွန်မက်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးအတိုင်ပင်ခံ အဖြစ်ကနေ နုတ်ထွက်ပြီလို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
#World_News
Published 31 May 2025
#ထရမ့်၏အကြံပေးပုဂ္ဂိုလ် #အီလွန်မက်စ်နုတ်ထွက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 31 May 2025
၁။ တရုတ်သို့ ဆန်/ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများကိုနှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းဆောင်ရွက်သွားမည်
၂။ အေးခဲအသားများ တရုတ်သို့တင်ပို့ခွင့် ရရှိရေးဆွေးနွေးနေ
၃။ စက်သုံးဆီအားလုံး ဈေးပြန်ကျ
၄။ ထရမ့်၏အကြံပေးပုဂ္ဂိုလ်ရာထူးမှ အီလွန်မက်စ်နုတ်ထွက်မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 31 May 2025
▪️ တစ်ကိုယ်ရည်သုံး ထုတ်ကုန်ပစ္စည်းအများအပြားမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ် ပါဝင်နေတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဖော်မယ်ဒီဟိုက်က ကင်ဆာနဲ့ဆက်စပ်နေပေမယ့် ဒီဓာတ်ပစ္စည်းနဲ့ ဒါကိုထွက်ရှိစေတဲ့ တာရှည်ခံပစ္စည်းတွေကို တစ်ကိုယ်ရည်သုံးပစ္စည်းများ ထုတ်လုပ်တဲ့နေရာမှာ ထည့်သွင်းနေကြပါတယ်။
▪️ ခေါင်းလျှော်ရည်၊ လိုးရှင်း၊ ကိုယ်တိုက်ဆပ်ပြာ၊ မျက်တောင်ကပ်ကော်တို့မှာ ပါဝင်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဆံပင်ပျော့ဆေးအသုံးပြုလေ့ရှိတဲ့ ဓမ္မတာဆုံးပြီးသား လူမည်းအမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများကြောင်း ဘော့စ်တွန်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဆံပင်ဖြောင့်ဆေးတွေသာမကဘဲ ခန္ဓာကိုယ်အနှံ့မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေမှာလည်း ဒီလိုဓာတုပစ္စည်းများ ပါဝင်ပြီး မကြာခဏထိတွေ့နေတာဟာ ဘေးအန္တရာယ် ဖြစ်စေနိုင်မယ်လို့ ဒေါက်တာ ရော်ဘင်ဒေါ့ဆန်က ပြောပါတယ်။
▪️ လက်တင်နဲ့ လူမည်းအမျိုးသမီးတွေမှာ တစ်ကိုယ်ရည်သုံးပစ္စည်းများ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ဆန်းစစ်ခဲ့ကြရာ ၅၃ ရာခိုင်နှုန်းက ဒီပစ္စည်းကို နေ့စဉ် ဒါမှမဟုတ် တစ်ပတ်ကို ကြိမ်ဖန်များစွာ အသုံးပြုကြပါတယ်။
▪️ အရေပြားထိန်းသိမ်းပစ္စည်း ၄၇ ရာခိုင်နှုန်းခန့်နဲ့ ဆံပင်ထိန်းသိမ်းပစ္စည်း ၅၈ ရာခိုင်နှုန်းခန့်မှာ ဖော်မယ်ဒီဟိုက်ထုတ်လုပ်ပေးတဲ့ DMDM ဟိုင်ဒန်တွိုင် ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဖော်မယ်ဒီဟိုက်ပါဝင်တဲ့ အလှကုန်ပစ္စည်းများကို ရှောင်ရှားဖို့ အမျိုးသမီးများ သိကြပေမယ့် ဖော်မယ်ဒီဟိုက်ထုတ်လွှတ်တဲ့ ပစ္စည်းတွေအကြောင်းတော့ မသိကြပါဘူး။
▪️ ကုမ္ပဏီတွေအနေနဲ့ ဖော်မယ်ဒီဟိုက် ထုတ်လွှတ်တဲ့ပစ္စည်းများ ပါဝင်တဲ့ထုတ်ကုန်တွေမှာ သတိပေးစာထည့်သွင်းသင့်တယ်လို့ ဒေါ့ဆန်က ယူဆထားပါတယ်။
#Source: New York Post
Page 56 of 1016