#World_Health
Published 26 July 2026

■ တက်တူးထိုးခြင်းကြောင့် အရေပြားအတွင်း ပိတ်မိနေတဲ့ တက်တူးမင်အမှုန်များကို သွေးဖြူဥဆဲလ်များက ဖယ်ရှားရန် ကြိုးပမ်းပေမယ့် မအောင်မြင်ဘဲ တသက်တာလုံး ကိုယ်ခံအားတုံ့ပြန်မှုဖြစ်စဉ် ဖြစ်ပေါ်စေပါတယ်။

■ အချိန်ကြာလာတာနဲ့အမျှ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်ရတဲ့ တက်တူးမင်အမှုန်တွေဟာ ကွာကျလာပြီး ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့ကာ လင့်ဂလင်းများအတွင်းသို့ တိုက်ရိုက်စုပြုံလာကြပါတယ်။

■ တက်တူးအလွန်အကျွံ ထိုးခြင်းက ဖျားနာမှုပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပြီး ရက်ပါ MGK ဆိုရင် ကိုယ်လုံးတစ်ခုလုံးမှာ တက်တူးတွေ အပြင်းအထန် ထိုးခဲ့စဉ်က အသားဝါလာခြင်းလိုမျိုး ဖြစ်ရပ် ဖြစ်ပေါ်စေနိုင်ပါတယ်။

■ တက်တူးမင်တွေမှာ စက်မှုလုပ်ငန်းသုံး ရောင်ခြယ်ပစ္စည်းများ၊ သတ္တုထည်များ၊ အိတ်ဇောငွေ့နဲ့ ဆင်တူတဲ့ ဟိုက်ဒရိုကာဗွန်များ အများအပြား ပါဝင်တတ်ကြပါတယ်။

■ အရောင်ပါတဲ့မင်တွေ အထူးသဖြင့် အနီရောင်ဟာ ဓာတ်မတည့်မှု ပြင်းထန်စွာ ဖြစ်နိုင်ပြီး နာတာရှည် အတွင်းပိုင်းရောင်ရမ်းမှုများကို အများဆုံးဖြစ်စေနိုင်ပါတယ်။

■ နေရောင်ခြည်ထိတွေ့ခြင်း၊ လေဆာဖြင့် ဖယ်ရှားခြင်းတို့ကြောင့် မင်ရောင်ခြယ်ပစ္စည်းများဟာ မျိုးဗီဇထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်တဲ့ ဓာတုပစ္စည်းများအဖြစ် ပြိုကွဲသွားနိုင်ကာ ကင်ဆာဖြစ်ပွားနိုင်ခြေ စိုးရိမ်မှုများ မြင့်တက်စေပါတယ်။

■ ကျန်းမာရေးကျွမ်းကျင်သူများက တက်တူးမင်ပါဝင်ပစ္စည်းများကို သုတေသနပြု စစ်ဆေးကြရန် တိုက်တွန်းထားကြပြီး ကိုယ်ခံအားစနစ် အားနည်းသူများအနေဖြင့် တက်တူးမထိုးမီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါတယ်။

Source: NDTV