#World_Health
Published 26 July 2026
■ JAMA Internal Medicine ဖော်ပြချက်အရ လေ့လာမှုတစ်ခုမှာ မိခင်နဲ့ကလေး အတွဲပေါင်း ၇ သိန်းကျော်ရဲ့ ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမော သုံးစွဲမှုကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ ညီအစ်ကို မောင်နှမများကြား နှိုင်းယှဉ်ဆန်းစစ်မှုနည်းလမ်းကို အသုံးပြုပြီး ဗီဇဆိုင်ရာနဲ့ မိသားစုတွင်း တူညီတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ လွှမ်းမိုးမှုကို တွက်ချက်ခဲ့ပါတယ်။
■ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သုံးစွဲခြင်းနဲ့ ကလေးတွေမှာ အော်တစ်ဇင်၊ ADHD ဖြစ်ပွားနိုင်ခြေ တိုးများလာခြင်းတို့ကြား ဆက်စပ်မှုတွေ မတွေ့ရပါဘူး။
■ ယခင်တွေ့ရှိချက်များရဲ့ ဆက်စပ်မှုတွေအရ မိခင်ဖျားနာခြင်း၊ ကူးစက်ရောဂါဖြစ်ခြင်း စတဲ့ ကျန်းမာရေးအခြေအနေတွေ ရောထွေးနေတဲ့ အကြောင်းအရင်းတွေကြောင့်သာ ဖြစ်တယ်လို့ ရလဒ်များ ဖော်ပြထားပါတယ်။
■ ပါရာစီတမောကို ဘယ်လောက်ပမာဏ၊ ဘယ်နှကြိမ်၊ ကိုယ်ဝန်လအပိုင်းအခြား သောက်သုံးသည်ဖြစ်စေ အန္တရာယ်မရှိကြောင်းတွေ့ရှိရပါတယ်။
■ ကိုယ်ဝန်ဆောင်ချိန် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းကို မကုသဘဲ နေခြင်းက သင့်လျော်တဲ့ ဆေးဝါးသုံးစွဲခြင်းထက်စာရင် ကလေးအတွက် ပိုပြီးအန္တရာယ်ကြီးမားကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
■ ပါရာစီတမောကို ဆရာဝန်ညွန်ကြားတဲ့အတိုင်း သုံးစွဲပါက ကိုယ်ဝန်ဆောင်ချိန်မှာ ဝေဒနာသက်သာစေရန် စိတ်ချရပြီး သင့်လျော်တဲ့ အကိုက်အခဲပျောက်ဆေးအဖြစ် ဆက်ရှိနေကြောင်း အတည်ပြုလိုက်ပါတယ်။
Source: NDTV