#World_Health
Published 27 July 2026

■ ယူကေရဲ့ လေ့လာသုံးသပ်မှုကြီးတစ်ခုမှာ အသက် ၂ နှစ်အောက် မွေးကင်းစနဲ့လမ်းလျှောက်စ ကလေးငယ်တွေကို ဖုန်း၊ တီဗီ၊ တက်ဘလက်တို့ ကြည့်ရှုစေခြင်းမျိုး လုံးဝမပြုလုပ်ရန် အကြံပြုထားပါတယ်။

■ ယူကေတက္ကသိုလ် ၄ ခုမှ သုတေသီများဟာ ကလေးငယ်တစ်ဦးရဲ့ဘဝ အရေးအကြီးဆုံးအချိန်ဖြစ်တဲ့ ပထမဆုံးရက်ပေါင်း ၁,၀၀၁ ရက်အတွင်း ဒီဂျစ်တယ်ဖန်သားပြင်နဲ့ ထိတွေ့ခြင်းအန္တရာယ်များကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

■ အသက်ငယ်စဉ်မှာ ဖန်သားပြင်နဲ့ ထိတွေ့ခြင်းဟာ စကားပြောဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းသွားခြင်း၊ ကလေးနဲ့မိဘကြား ရင်းနှီးမှုလျော့နည်းသွားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

■ ကလေးတွေ ငိုယိုနေတဲ့အခါ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုပြီး ချော့လိုက်ခြင်းက မိဘစောင့်ရှောက်သူများအပေါ် မှီခိုမှုကို အစားထိုးလိုက်သလိုဖြစ်သွားပြီး ကလေးရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ထိခိုက်စေနိုင်ပါတယ်။

■ မရည်ရွယ်ဘဲ အသုံးပြုမိတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ဖွံ့ဖြိုးဆဲအရွယ်မှာ ရည်ရွယ်ချက်ရှိရှိ စက်ပစ္စည်းများ အသုံးပြုစေခြင်းက အကျိုးကျေးဇူး ထူးထူးခြားခြားပေးနိုင်မှာမဟုတ်ပါဘူး။

■ မိဘများကို ကူညီပံ့ပိုးနိုင်ရန် လက်ရှိလမ်းညွှန်ချက်များကို ပြန်လည်ပြင်ဆင်ရန်နဲ့ ကလေးများရဲ့ ဖန်သားပြင်အသုံးပြုမှု အန္တရာယ်ဆန်းစစ်ချက်များကို သတ်မှတ်ပေးရန် ကျွမ်းကျင်သူများက မူဝါဒချမှတ်သူများကို တိုက်တွန်းထားပါတယ်။

■ ပိုမိုရှင်းလင်းတဲ့ လမ်းညွှန်ချက်များ ပေးခြင်းဖြင့် မိဘများအနေဖြင့် ကလေးငယ်များကို ငယ်စဉ်တည်းက ဖန်သားပြင်ကြည့်စေတဲ့ အလေ့အကျင့်ဆိုးများ ပြုလုပ်စေခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Source: Indian Express