Published 27 December 2023
ဆေးပစ္စည်းနည်းပညာကုမ္ပဏီ Masimo မှ တိုင်ကြားချက်အတိုင်း Apple လက်ပတ်နာရီများ တင်သွင်းခြင်းကို ပိတ်ပင်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် Apple ကုမ္ပဏီက အင်္ဂါနေ့မှာ အယူခံတင်သွင်းခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းဆိုင်ရာ အစိုးရတရားရုံးအနေနဲ့ ပိတ်ပင်ချက်ကို ရပ်ဆိုင်းရန်အတွက်လည်း Apple ကုမ္ပဏီဟာ အမေရိကန် အယူခံတရားရုံးမှာ အရေးပေါ်တောင်းဆိုချက် တင်သွင်းခဲ့ပါတယ်။
Apple မှ ပြန်လည်ဖန်တီးထားတဲ့ နာရီတွေဟာ Masimo ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ရာကျလား ဆိုတာကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနတို့က မဆုံးဖြတ်ရသေးခင်အထိ ပိတ်ပင်ချက်ကို ရပ်ဆိုင်းပေးရန်နဲ့ တရားရုံးကနေ Apple ရဲ့ အယူခံဝင်ခြင်းကို စဥ်းစားသုံးသပ်နေစဥ် ပိတ်ပင်ချက်ကို ဆိုင်းငံ့ထားရန် စီးပွားရေးဆိုင်ရာ အစိုးရတရားရုံးကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
အကောက်ခွန်ရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချသွားရန် စီစဥ်ထားတယ်လို့ Apple က ဆိုပါတယ်။
Apple က Masimo မှ ဝန်ထမ်းများကို အလုပ်ခန့်အပ်ကာ သူတို့ရဲ့ သွေးထဲက အောက်ဆီဂျင်တိုင်းနည်းပညာကို ခိုးယူပြီး နာမည်ကျော် Apple လက်ပတ်နာရီတွေမှာ ထည့်သွင်းခဲ့တယ်လို့ Masimo က စွပ်စွဲထားတာ ဖြစ်ပါတယ်။
ဒီအတွက် အမေရိကန် နိုင်ငံတကာကုန်သွယ်ရေး ကော်မရှင်က သွေးအောက်ဆီဂျင်တိုင်း နည်းပညာထည့်သွင်းထာတဲ့ Apple လက်ပတ်နာရီများ တင်သွင်းရောင်းချခြင်းကို ပိတ်ပင်လိုက်ပါတယ်။
Apple ဟာ ထိုနည်းပညာလုပ်ဆောင်ချက်ကို ၂၀၂၀ ထုတ် Series 6 မှာစတင်ကာ စမတ်နာရီတွေမှာ ထည့်သွင်းခဲ့ပါတယ်။
သေချာဆွေးနွေးတိုင်ပင်ကြပြီးနောက် ပိတ်ပင်ချက်ကို ပြန်လည်ပြုပြင်ခြင်း မပြုရန်ဆုံးဖြတ်လိုက်ကြကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းထိုင်က ဆိုပါတယ်။
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို Apple က အပြင်းအထန် ဆန့်ကျင်ကာ စမတ်နာရီ Series 9 နဲ့ Apple Watch Ultra 2 တို့ကို အမေရိကန်မှ ဝယ်သူများထံ အမြန်ဆုံးပြန်ပို့နိုင်ရန် ဆောင်ရွက်နေကြကြောင်း ကြေညာလိုက်ပါတယ်။
Masimo မှ ပြောရေးဆိုခွင့်ရှိသူက ကော်မရှင်ဆုံးဖြတ်ချက်ဟာ အမေရိကန် မူပိုင်ခွင့်စနစ်ရဲ့ ဖြောင့်မတ်မှုကို သက်သေပြရာရောက်တယ်လို့ ပြောကြားလိုက်ပါတယ်။
Apple က ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက သူတို့ရဲ့ Series 9 နဲ့ Ultra 2 စမတ်နာရီများကို အမေရိကန်မှာ ရောင်းချမှုရပ်ဆိုင်းခဲ့ပေမယ့် Amazon ၊ Best Buy ၊ Walmart တို့လို နေရာတွေမှာတော့ ဝယ်ယူနိုင်ပါတယ်။
အစိုးရအုပ်ချုပ်ရေးအဖွဲ့က ၂၀၁၃ ခုနှစ်ကတည်းက ကုန်သွယ်ရေးကော်မရှင်ရဲ့ စည်းမျဥ်းများကို ဗီတိုအာဏာသုံးဆန့်ကျင်ခြင်း မပြုလုပ်ခဲ့ပါဘူး။
Source: Reuters
Published 27 December 2023
#World_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 27 December 2023
ဂျာမနီသိပ္ပံပညာရှင်တွေက လူတွေရဲ့ နှာခေါင်းထဲကနေ မော်လီကျူးတစ်မျိုးကို နှိုက်ထုတ်ခဲ့ကြပါတယ်။
နှာခေါင်းထဲရှိ ဘက်တီးရီးယားတစ်မျိုးမှ ထုတ်လုပ်တဲ့ အက်ပီဖာဒင် မော်လီကျူးဟာ ပဋိဇီဝအာနိသင်ရှိတာကို ပထမဆုံး တွေ့ရှိခဲ့ကြပါတယ်။
Staphylococcus epidermidis မျိုးရိုးကွဲကနေ ထုတ်လုပ်တာဖြစ်ပြီး ရောဂါပိုးမွှားတွေကို သေစေနိုင်ကာ ပဋိဇီဝအသစ် ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။
လူသားတွေရဲ့ နှာခေါင်း၊ အရေပြား၊ အူတို့မှာ ကောင်းကျိုးပြု ဘက်တီးရီးယားတွေရော ရောဂါပိုးမွှားတွေပါ ညီတူမျှတူ နေထိုင်ကြပြီး မညီမျှပါက ရောဂါပိုးမွှားများပြားလာကာ နာမကျန်း ဖြစ်လာနိုင်ပါတယ်။
အက်ပီဖာဒင်ဟာ ဆေးရုံတွေကနေ ကူးစက်တတ်တဲ့ ဆေးယဥ်ပါး Staphylococcus aureus ရောဂါပိုးကို ထိရောက်စွာ ကာကွယ်တိုက်ထုတ်ပေးပါတဘ်။
အက်ပီဖာဒင်ရဲ့ ဓာတုဖွဲ့စည်းမှုက တည်ငြိမ်မှုမရှိဘဲ နာရီအနည်းငယ်သာ လှုပ်ရှားသက်ဝင်ပါတယ်။
အက်ပီဖာဒင်နဲ့ မျိုးကွဲပစ္စည်းတွေကို ကုသရေးမှာ အသုံးပြုနိုင်မလားဆိုတာ နောက်ထပ်သုတေသနတွေ ထပ်မံပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
အက်ပီဖာဒင်ကို ထုတ်လုပ်ပေးတဲ့ Staphylococcus epidermidis တွေဟာ နှာခေါင်းအမြှေးပါးတွေမှာ နေထိုင်ပြီး ရောဂါပိုးမွှားတွေ ကြီးထွားမလာအောင် တားဆီးပေးပါတယ်။
အက်ပီဖာဒင်ကို စစ်ထုတ်ယူနိုင်ဖို့အတွက် နှစ်ပေါင်းများစွာတိုင်အောင် အနီးကပ်ပူးပေါင်း လေ့လာခဲ့ကြပါတယ်။
လက်ရှိမှာ ဆေးယဥ်ပါးလာတဲ့ ရောဂါပိုးမွှားတွေ များပြားလာတာကြောင့် ပဋိဇီဝဆေးသစ်တွေကို ထုတ်လုပ်ဖို့ ပိုမိုလိုအပ်လာပါတယ်။
အက်ပီဖာဒင်ရဲ့ အခြေခံတည်ဆောက်မှုနဲ့ လှုပ်ရှားလုပ်ဆောင်တဲ့ ပစ္စည်းရဲ့ သက်ရောက်မှုကို ထပ်မံလေ့လာသွားကြမှာ ဖြစ်ပါတယ်။
အက်ပီဖာဒင်က ခဏတာအတွင်း ပျက်စီးတတ်တာကြောင့် မော်လီကျူးအတုများ ထုတ်လုပ်ကာ စမးသပ်သွားကြမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
#World_Science
#Published 27 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 December 2023
ဒေါင်းဆင်ဒရုန်းရောဂါရှိတဲ့ ကလေးတွေမှာ သွေးကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
ဒါဟာ ဒေါင်းဆင်ဒရုန်းနဲ့ သွေးကင်ဆာတို့ကြား ဆက်စပ်မှုတွေက ထင်ထားတာထက် ပိုမိုထင်ရှားနေတာကို ညွှန်ပြနေပါတယ်။
ဒေါင်းဆင်ဒရုန်းက အမေရိကန်နဲ့ ကနေဒါတို့မှာ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါအခြေအနေ တစ်မျိုးဖြစ်ပါတယ်။
အမေရိကန်မှာ တစ်နှစ်ကို ဒေါင်းဆင်ဒရုန်းရောဂါရှိတဲ့ ကလေး ၆,၀၀၀ ခန့် မွေးဖွားနေပြီး ဒါဟာ မွေးတဲ့ကလေး ၇၀၀ မှာ တစ်ယောက်နှုန်း ဖြစ်နေပါတယ်။
ဒေါင်းဆင်ဒရုန်းရှိတဲ့ ကလေးတွေဟာ သာမန်လူတွေထက် ရောဂါများဖြစ်နိုင်ခြေ သိသိသာသာ ပိုများပါတယ်။
သုတေသီများဟာ ၁၉၉၆ မှ ၂၀၁၆ အတွင်း အမေရိကန်နဲ့ ကနေဒါ ကျန်းမာရေးစောင့်ရှောက်မှု ၇ ခုမှာ မွေးဖွားခဲ့တဲ့ ကလေးပေါင်း ၃.၉ သန်းကျော်ရဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့ပါတယ်။
ဒေါင်းဆင်ဒရုန်းရှိတဲ့ ကလေးတွေနဲ့ သာမန်ကလေးတွေကို သွေးကင်ဆာဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နှိုင်းယှဥ်လေ့လာရာမှာ ဒေါင်းဆင်ဒရုန်းကလေး ၂.၈ ရာခိုင်နှုန်းမှာ သွေးကင်ဆာတွေ့ရှိခဲ့ပြီး သာမန်ကလေးတွေမှာတော့ ၀.၀၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
အသက် ၅ နှစ်မတိုင်ခင် ဒေါင်းဆင်ဒရုန်းကလေးတွေမှာ AML အမျိုးအစား သွေးကင်ဆာ ဖြစ်နိုင်ခြေများပြီး ALL အမျိုးအစား သွေးကင်ဆာကတော့ အသက်အရွယ်မရွေး ဖြစ်နိုင်ခြေများပါတယ်။
လူဖြူလူမျိုးကလေးတွေဟာ လူမည်းကလေးတွေထက် ALL အမျိုးအစားနဲ့ ဒေါင်းဆင်ဒရုန်းဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒေါင်းဆင်ဒရုန်းရှိတဲ့ ကလေးတွေမှာ သွေးကင်ဆာလက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။
နွမ်းနယ်ခြင်း၊ အသားအရည်ဖျော့ခြင်း၊ ရောဂါကူးစက်ခြင်း၊ ဖျားနာခြင်း၊ ဒဏ်ရာရသွေးထွက်လွယ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။
ကလေးဘဝမှာ သွေးကင်ဆာကို စောစောစီးစီးသိရှိပါက ကုသလို့ရနိုင်ခြေများပါတယ်။
ဆေးကုသနည်းတွေမှာ ဓာတ်မှန်ရိုက်ခြင်းများ တိုးတက်ကျယ်ပြန့်လာပေမယ့် သွေးကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။
Source: DoctorNDTV.
#World_Health
#Published 27 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံရဲ့ ခရီးသည်ပိုဆောင်ရေး ကဏ္ဍမှာ လုပ်သားအင်အား သိသိသာသာ နည်းပါးနေပြီး အချိုဂျပန်တက္ကစီကုမ္ပဏီတွေဟာ နိုင်ငံခြားသားယာဥ်မောင်းတွေကို အလုပ်ခန့်လာကြပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ဂျပန်မှာ တက္ကစီယာဥ်မောင်းအရေအတွက် ၂၀ ရာခိုင်နှုန်း ကျဆင်းလာပြီး တက္ကစီကုမ္ပဏီ ၁၄ ရာခိုင်နှုန်းလောက်မှာ ဝန်ထမ်းအင်အား တဝက်ကျော်ခန့် ကျဆင်းလာပါတယ်။
Published 26 December 2023
#Asia_Industry
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 26 December 2023
၁။ ရုံးသုံး၊ အိမ်သုံးကွန်ပျူတာများကိုဟတ်ပြီး သတင်းအချက်အလက်များ ခိုးယူ၊ ဖျက်ဆီး၊ ဖွင့်ချနိုင်၍ ကြိုတင်ကာကွယ်ရန်လိုဟုဆို
၂။ သယ်ယူပို့ဆောင်ရေးစရိတ် ယခင်ထက် ပိုမိုကုန်ကျလာသည့်အတွက် အုန်းသီးအရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၃။ City Taxi ယာဉ်မောင်းများ အရေးပေါ်ဘေးအန္တရာယ်ကြုံပါက အကူအညီတောင်းခံနိုင်ရန် အချက်ပြမီးတပ်ဆင်သည့် စနစ် ဆောင်ရွက်နေပြီး ယနေ့အထိ Taxi အစီးရေ ၆၀ခန့်အထိ တပ်ဆင်ပြီးစီး
၄။ ဂျပန်တက္ကစီကုမ္ပဏီများတွင် ယာဥ်မောင်းများရှားပါးလာခြင်းကြောင့် နိုင်ငံခြားသားယာဥ်မောင်းများအား အလုပ်ခန့်အပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 26 December 2023
ဆီးရီးယားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် အကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဦးကို သတ်ခဲ့တဲ့ အစ္စရေးလ်အနေနဲ့ သေချာပေါက် ပြန်လည်ပေးဆပ်ရမယ်လို့ အီရန်သမ္မတ အီဘရာဟင်ရေစီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ ထိုဒေသမှာ နိုင်ထက်စီးနင်း လုပ်နေတဲ့ အစ္စရေးလ်အစိုးရရဲ့ နောက်ထပ်စိတ်ပျက်စရာ သဘောထားတစ်ခု ဖြစ်ကြောင်း၊ ဒီရာဇဝတ်မှုအတွက် အစ္စရေးလ်တို့ သေချာပေါက် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ကြောင်း ရေစီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရာဇီမူဆာဗီ သေဆုံးကြောင်းကို အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး အစ္စလာမ်တော်လှန်ရေးတပ်ဖွဲ့ (IRGC)မှ ပြည်ပလက်ခွဲတပ်ဖြစ်တဲ့ Quds တပ်ဖွဲ့ရဲ့ အတွေ့အကြုံအရှိဆုံး အကြံပေးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အီရန်မှ IRNA သတင်းဌာနရဲ့ ဖော်ပြချက်ထဲမှာ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ဒါမတ်စ်ကပ်စ် ဆင်ခြေဖုံးဒေသကို အစ္စရေးလ်တို့ တိုက်ခိုက်ရာမှာ မူဆာဗီသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟာ ဆီးရီးယားရှိ ခုခံကာကွယ်ရေး ပင်မလုပ်ငန်းစဥ်များအတွက် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာ လှုပ်ရှားနေသူဖြစ်တယ်လို့ IRNA က ဖော်ပြခဲ့ပါတယ်။
IRGC တပ်က မူဆာဗီသေဆုံးကြောင်းကို အတည်ပြုလိုက်ကာ အစ္စရေးလ်ဘက်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်စဥ် ဆုံးပါးသွားတာဖြစ်ပြီး အစ္စရေးလ်အနေနဲ့ ပြန်ပေးဆပ်ရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဘဂ္ဂဒက်မှာ အမေရိကန်ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန် Quds တပ်မှူး ဗိုလ်ချုပ်ကြီးကာဆမ်ဆိုလေမာနီနဲ့ မူဆာဗီတို့က ရဲဘော်ရဲဖက်တွေ ဖြစ်ခဲ့ပြီး လာမယ့်ရက်သတ္တပတ်ဟာ ဆိုလေမာနီ သတ်ဖြတ်ခံရခြင်း ၄ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။
မူဆာဗီကို ဒုံးကျည် ၃ စင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန်ရုပ်သံမှ ဖော်ပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စဖြစ်ကတည်းက အစ္စရေးလ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် အီရန်ထောက်ပံ့တပ်များ၊ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ၊ ဆီးရီးယားစစ်တပ်နေရာများကို ပစ်မှတ်ထားခဲ့ပါတယ်။
အစ္စရေးလ်တို့ဟာ ဟားမတ်စ်တို့နဲ့ စစ်ပွဲဖြစ်ကတည်းက ဆီးရီးယားဘက်ကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပါတယ်။
Source: WION
#World_News
#YMG_News #Yangon_Times #Yangon_Media_Group
#World_Nature
Published 26 December 2023
ပန်းပွင့်တွေနဲ့ ဝတ်မှုန်ကူးအင်းဆက်များကြား အပြန်အလှန် အကျိုးပြုခြင်းက ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် အနည်းငယ် ပြောင်းလဲလာပါတယ်။
အခုအခါ ပန်းပွင့်တွေက ဝတ်မှုန်ကူးအင်းဆက်တွေအပေါ် သိပ်ပြီးမမှီခိုတော့ဘဲ ဆွဲဆောင်မှုလျော့နည်းလာကာ အင်းဆက်အရေအတွက် ကျဆင်းလာတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ပဲရစ်အနီးရှိ ပေါင်ဒါပန်းခင်းရှိ ပန်းပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ ခန့်ကထက် ၁၀ ရာခိုင်နှုန်းသေးလာပြီး ဝတ်ရည်ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း လျော့နည်းလာကြောင်း သုတေသီများ တွေ့ရှိထားပါတယ်။
ပန်းတွေဟာ ကိုယ်ပိုင်ဝတ်မှုန်ကူးခြင်းဆီသို့ ပြောင်းလဲလာကာ ရေတိုမှာ အလုပ်ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ရာသီဥတု ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိလာနိုင်စွမ်း လျော့နည်းလာနိုင်ပါတယ်။
အပင်တွေက အင်းဆက်တွေအတွက် ဝတ်ရည်ထုတ်ပေးပြီး အင်းဆက်တွေက အပင်တွေကြား ဝတ်မှုန်ကူးပေးပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာတိုင်အောင် နှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးပြုလာခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အပင်တွေဟာ ဝတ်ရည်ထုတ်လုပ်မှု နည်းပါးလာပြီး အင်းဆက်တွေက အပင်တွေအပေါ် ဆွဲဆောင်မှု နည်းပါးလာပါတယ်။
ဝတ်မှုန်ကူးအင်းဆက်တွေ နည်းပါးလာခြင်းက ပြန်များလာဖို့ အလွယ်တကူ မဖြစ်နိုင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အပင်တွေက စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဒီအတွက် ထိန်းသိမ်းရေးလုပ်ငန်းစဥ်တွေ လိုအပ်နေကြောင်း ဦးဆောင်သုတေသီ ဆမ်ဆန်အေကိုကာပီဒေါလ်က ဖော်ပြသွားပါတယ်။
ဒါတွေဟာ တကယ့်လက်တွေ့မှာ မျိုးဗီဇပြောင်းလဲနေတာဖြစ်တယ်လို့ လန်ကက်စတာတက္ကသိုလ်မှ ဖိလစ်ဒွန်ကာစလေက ပြောပြသွားပါတယ်။
ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်း အင်းဆက်မျိုးစိတ်ပေါင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းလောက်အထိ ပျောက်ကွယ်သွားခဲ့ပါတယ်။
အင်းဆက်အရေအတွက်က တစ်နှစ်ကို ၂ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။
တစ်ကမ္ဘာလုံးရှိ အပင် ၇၅ ရာခိုင်နှုန်းကျော်ကို အင်းဆက်တွေက ဝတ်မှုန်ကူးနေတာဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၅၇၇ ဘီလီယံတန်ကြေးလောက် ရှိနေပါတယ်။
#World_Nature #ပန်းပွင့်များမျိုးဗီဇပြောင်းလဲလာ #ဝတ်မှုန်ကူးအင်းဆက်များလျော့နည်း #Source: WION
Page 624 of 1211