Published 31 December 2022
ပုပ်ရဟန်းမင်းကြီဟောင်း ဘင်နီဒစ်-၁၆ ဟာ ဗာတီကန်ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သက်တော် ၉၅နှစ်ရှိပါပြီ။ သူဟာ ကက်သလစ်အသင်းတော်ကို ၂၀၁၃ခုနှစ်အထိ (၈)နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ၁၄၁၅ခုနှစ်ပုပ်ရဟန်းမင်းကြီး ဂရက်ဂိုရီလက်ထက်ကတည်းက အခုအထိ ပထမဆုံး အငြိမ်းစားယူတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးလည်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်ဟာ ဂျာမနီနိုင်ငံ ဂျိုးစက် ရက်ဇင်ဂါ မှာဖွားမြင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် ၂၀၀၅ခုနှစ် မှာ သူအရွေးချယ်ခံရစဉ်က သက်တော် ၇၈ နှစ်ရှိပါပြီ။ သူဟာ ပုပ်ရဟန်းမင်းကြီးတွေထဲမှာ အသက်အကြီးဆုံးအရွေးခံရတဲ့ ပုပ်ရဟန်းမင်းကြီးတွေထဲက တစ်ပါး ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရစ်စစ်က သူ့ကိုဆက်ခံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ဆီ မကြာခဏသွားရောက် လည်ပတ်ပြီး ဆုမွန်ကောင်းတောင်းပေးလေ့ရှိပါတယ်။
Source WION
#World_Military
Published 31 December 2022
မြောက်ကိုရီးယားဟာ စနေနေ့မနက်ပိုင်းက အရှေ့ဘက်ရေပြင်သို့ ပဲ့ထိန်းဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားလေပိုင်နက်ထဲသို့ ဒရုန်း ၅ စင်းလွှတ်ခဲ့ပြီး ၅ ရက်အကြာမှာပဲ အခုလိုဒုံးကျည်ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တဝိုက် တင်းမာမှုတွေဆက်လက်မြင့်နေပါတယ်။
ဒုံးကျည်က ဂျပန်ပင်လယ်ထဲသို့ ကျရောက်ခဲ့ကာ ပစ်ခတ်ခဲ့တဲ့ဒုံးကျည်အမျိုးအစားနဲ့ပတ်သက်ပြီး တောင်ကိုရီးယားစစ်တပ်က အသေးစိတ်မပြောထားကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယခုနှစ်အတွင်း နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှု သိသိသာသာမြင့်တက်လာပြီး ၈ ရက်အကြာမှာပဲ အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
"မြောက်ကိုရီးယားဘက်က အရှေ့ပင်လယ်(ဂျပန်ပင်လယ်)ထဲကို အမျိုးအမည်မသိရတဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ပါတယ်" လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ၇၀ ကျော်စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ အင်အားပိုမိုတောင့်တင်းအောင် ပြင်ဆင်ထားဖို့ရာ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဒရုန်းတွေ ဝင်ရောက်လာပြီး တစ်စင်းက ဆိုးလ်မြို့တော်အနီးထိရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားအနေနဲ့ ကျူးကျော်ဝင်ရောက်ခံရနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး သတိပေးထားပြီးဖြစ်ပါတယ်။
ယင်းတို့စစ်တပ်ဟာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ကုန်ဆုံးသွားပြီး ၅ နာရီကြာစစ်ဆင်ရေးအပြီးမှာ ဒရုန်းတွေကို ပြန်မရုတ်သိမ်းနိုင်ခဲ့ပါဘူး။
ဝေဖန်မှုတွေခံရပြီးနောက် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟာ လူသိရှင်ကြားတောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။
တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က ဒီအဖြစ်အပျက်ဟာ သည်းမခံနိုင်သလို ရန်စလာခဲ့ရင် နောက်ဆက်တွဲအကျိုးဆက်တွေ ခံစားရမယ်ဆိုတာကို မြောက်ကိုရီးယားအနေနဲ့ သိရှိထားဖို့ တုန့်ပြန်တိုက်ခိုက်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား ပြုံယမ်းမြို့မှာ 'ကင်မ်ဂျုံအန်'နဲ့ ပါတီအကြီးတန်းအရာရှိများ အစည်းအဝေးပြုလုပ်လျက်ရှိကာ ၂၀၂၃ ခုနှစ်အတွက် သံတမန်ရေး၊ လုံခြုံရေး၊ စီးပွားရေးတို့အပါအဝင် အဓိကအကြောင်းအရာများအတွက် မူဝါဒရည်မှန်းချက်များ ချမှတ်နေချိန်မှာ အခုလိုဒုံးကျည်ပစ်လွှတ်ခဲ့ကာ ရန်စခဲ့တာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#Health_Tips
Published 31 December 2022
တေးဂီတက စိုးရိမ်ပူပန်မှုကို လျော့ကျစေပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် စိတ်အခြေအနေကို တိုးတက်စေတာကြောင့် ကျန်းမာရေးကောင်းကျိုးရရှိဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။
လတ်တလောလေ့လာချက်အရ ဂီတဖြင့်ကုသနည်းဟာ ကင်ဆာလူနာတွေမှာ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။
University Hospitals Connor Whole Health မှ ပြုလုပ်တဲ့လေ့လာချက်အရ ဂီတကုထုံးခံယူတဲ့ ကင်ဆာဝေဒနာသည်တွေနဲ့ သွေးနီဥရောဂါလူနာတို့မှာ နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှုတို့လျော့နည်းတာကို တွေ့ခဲ့ရကြောင်း ANI မှာ ဖော်ပြထားပါတယ်။
ဂီတကုထုံးခံယူခဲ့တဲ့ လူနာတွေထက်စာရင် ကင်ဆာလူနာတွေမှာ စိုးရိမ်ပူပန်စိတ်မြင့်တက်နေခဲ့ပါတယ်။
UH Connor WHole Health မှ ဂီတကုထုံးပညာရှင်များက လူနာပေါင်း ၁,၅၀၀ နီးပါးမှာ ဂီတကုသမှုနည်းပေါင်း ၄ ထောင်ကျော်ဖြင့် စမ်းသပ်ခဲ့ပါတယ်။
ဒါဟာ သွေးကင်ဆာနဲ့ ကင်ဆာရောဂါတို့အတွက် အကြီးမားဆုံးဂီတကုထုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
ပညာရှင်တွေက လူနာတွေကို တေးသီချင်းနာထောင်စေခြင်း၊ တက်ကြွစွာဂီတဖန်တီးစေခြင်း၊ သီချင်းရေးခြင်းတို့ ပြုလုပ်စေခဲ့ကာ နာကျင်မှုသက်သာစေခြင်း၊ စိုးရိမ်စိတ်လျှော့ချခြင်း၊ မိမိကိုယ်ကိုဖော်ထုတ်ပြခြင်းတို့ ဖြစ်ပေါ်လာအောင် အကူအညီဖြစ်စေခဲ့ပါတယ်။
သုတေသီတွေက စင်တာမှာ တေးသီချင်းရဲ့ ဆေးဘက်ဆိုင်ရာထိရောက်မှုကို လေ့လာခဲ့ကာ သွေးနီဥရောဂါလူနာများနဲ့ သွေးနီဥရောဂါလူနာမပါတဲ့ လူနာတွေကြား တေးဂီတက နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့အပေါ် သက်ရောက်ပုံတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
လေ့လာမှုရဲ့ အစနဲ့ အဆုံးသတ်တို့မှာ လူနာတွေကို အမှတ် ၀ မှ ၁၀ အထိ တိုင်းတာအကဲဖြတ်ခဲ့ကာ အီလက်ထရောနစ်ကျန်းမာရေးမှတ်တမ်းဖြင့် မှတ်သားခဲ့ပါတယ်။
သွေးနီဥရောဂါနဲ့ ကင်ဆာရောဂါလူနာတွေမှာ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့ လျှော့ချနိုင်ကာ စိတ်အခြေအနေကို တိုးတက်စေပြီး ပျော်ရွှင်ကျေနပ်မှုရရှိခံစားရစေပါတယ်။
လူနာတစ်ဦးကပြောကြားရာမှာ "နေ့စဉ်ဖိအားတွေလျော့ကျစေပါတယ်၊ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပေမယ့် ခွန်အားရှိစေပါတယ်၊ ခံစားချက်တွေကို ထုတ်ဖော်ဖို့နည်းလမ်းတစ်ခု ရခဲ့ပါတယ်" လို့ ဆိုခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 31 December 2022
သူငယ်တန်းကျောင်းတွေမှာ အလင်းအားနဲ့ အဝေးမှုန်ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုရှိနေကြောင်း ဇစ်ဆေးဘက်ဆိုင်ရာစင်တာမှ ဒေါက်တာ'ယူဗယ်ကိုဟင်'က တွေ့ရှိခဲ့ပါတယ်။
ဒေါက်တာ'ကိုဟင်'နဲ့အဖွဲ့က သူငယ်တန်းကျောင်းတွေရဲ့ အလင်းအားက မျက်စိအလင်းယိုင်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
အခန်းတွေက ပိုမှောင်တဲ့အခါ မျက်စိအလင်းယိုင်ညွှန်းကိန်း နည်းပါးသွားကာ အဝေးမှုန်ခြင်းဝေဒနာဖြစ်လာနိုင်ချေ ရှိပါတယ်။
ငယ်ရွယ်သေးတဲ့နှစ်တွေမှာ မျက်လုံးပုံမှန်ဖွံ့ဖြိုးဖို့ အရေးကြီးပြီး မျက်လုံးတွင်းအင်္ဂါတွေဖြစ်တဲ့ မှန်ဘီလူး၊ မျက်ကြည်လွှာ၊ မျက်လုံးအရွယ်အစားတို့ ဖွံ့ဖြိုးလာချိန်မှာ တိကျပြတ်သားတဲ့ အမြင်ပုံရိပ်ရရှိစေရန်အတွက် အင်္ဂါအားလုံးပြည့်စုံစွာ ထပ်တူညီနေဖို့လိုပါတယ်။
အသက် ၆ နှစ်ကျော်ရင် အဝေးမှုန်လက္ခဏာ စတင်ဖြစ်ပေါ်လာတတ်ပြီး မျက်လုံးအိမ်ရှည်လျားသွားတာကြောင့် မျက်လုံးထဲကပုံရိပ်က မျက်ကြည်လွှာကို မရောက်ရှိဘဲဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။
ဒီပြဿနာကနေ ရေတိမ်၊ အတွင်းတိမ်အပြင် မြင်လွှာပျက်စီးခြင်းနဲ့ မျက်စိကွယ်ခြင်းတို့ပင် ဖြစ်ပေါ်နိုင်ပါတယ်။
အခုနောက်ပိုင်းနှစ်တွေမှာ အဝေးမှုန်လက္ခဏာခံစားရတဲ့ ကလေးတွေ ရာခိုင်နှုန်းပိုများလာပါပြီ။
အခုဆိုရင် အဝေးမှုန်ခြင်းကိုကာကွယ်နိုင်မယ့် နည်းလမ်းတွေရှိလာပါပြီ။
အဆောက်အအုံအပြင်ဘက်မှာ ရှိနေခြင်းဟာ ကလေးတွေရဲ့မျက်လုံးပုံမှန်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပြီး အဝေးမှုန်လက္ခဏာ ပိုဆိုးမလာအောင် တစ်နေ့ကိုအနည်းဆုံး ၂ နာရီမျှ အပြင်မှာနေပေးဖို့ အကြံပြုထားပါတယ်။
ကလေးတွေက ကျောင်းရောက်တဲ့အခါ စာသင်ခန်းထဲမှာပဲ ရှိနေချိန်ပိုများပြီး အပြင်ထွက်ရတဲ့အချိန်နည်းပါးပါတယ်။
အလင်းအားနည်းတဲ့စာသင်ခန်းတွေမှာ အလင်းပမာဏက အပြင်ကထက် ၃ ပုံ ၁ ပုံသာရှိပြီး ဒီလိုမျိုးမှောင်တဲ့သူငယ်တန်းကျောင်းတွေမှာ နေရတဲ့ကလေးတွေဟာ အဝေးမှုန်ဖြစ်နိုင်ချေရှိနေပါတယ်။
ဒါ့အပြင် အလင်းအားကောင်းတဲ့ သူငယ်တန်းကျောင်းက ကလေးတွေနဲ့ယှဉ်ရင်လည်း အလင်းအား တဝက်မျှသာရှိနေပြီး ဒီကလေးတွေဟာ မျက်မှန်တပ်ရကိန်းများနေပါတယ်။
သူငယ်တန်းကျောင်းတွေကို လေ့လာခဲ့ရာမှာ တစ်နေ့တာအတွင်း အပြင်ဘက်မှာ နာရီဝက်ခန့်သာရှိကြပြီး ကျန်တဲ့အချိန်ကတော့ အခန်းတွေထဲမှာ ရှိနေကြရပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#DailyNews
Published _ 30 December 2022
၁။ တရုတ်နိုင်ငံဘက်တွင် ကိုဗစ်အဖြစ်များသော်လည်း နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်ဟုဆို
၂။ ရွှေအတုံးအခဲအရောင်းအဝယ်မရှိ ဈေးကွက်အေးနေ
၃။ အွန်လိုင်းမှရောင်းသည့် တရားမဝင်အေးခဲအသားငါးများ အစာအဆိပ်သင့်နိုင်ဟုဆို
၄။ နိုင်ငံရပ်ခြားဒေသမှာ အသတ်စားခံရမည့် ဥရုဂွေးမြင်းများကိုကယ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Animal
Published 30 December 2022
သတ်စားခံရတော့မယ့်ဘေးမှ သီသီလေးလွတ်လာတဲ့ မြင်း ၄ ကောင်ဟာ ဥရုဂွေးမြို့တော်မွန် တီဗီဒီယိုအပြင်ဘက်ရှိ ခြံတစ်ခြံမှာ အေးအေးချမ်းချမ်းကျက်စားနေပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published 30 December 2022
ယူကရိန်းမြို့တော်ကိဗ်မှာ သောကြာနေ့အစောပိုင်းက သတိပေးဥဩဆွဲခဲ့ရကာ အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုရန်ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ရပါတယ်။
ဖေဖော်ဝါရီလ စစ်ပွဲစတင်ပြီးကတည်းက ရုရှားတို့ဟာ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုကြီး ပြုလုပ်ပြီးနောက်တစ်နေ့မှာပဲ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မနက်စောစော ၂ နာရီကျော်လောက်မှာ ကိဗ်မြို့တော်အစိုးရက သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပြည်သူများ အကာအကွယ်နေရာများထံ ပုန်းခိုဖို့ညွှန်ကြားခဲ့ပါတယ်။
ကိဗ်မြို့တော်အုပ်ချုပ်ရေးမှူး 'အိုလက်စကီကူလီဘာ'က တယ်လီဂရမ်မှာပြောကြားခဲ့ရာမှာ ဒရုန်းများဖြင့် တိုက်ခိုက်ရန်လာနေကြပြီလို့ ပြောကြားထားပါတယ်။
ရိုက်တာသတင်းဌာနမှ မျက်မြင်တစ်ဦးရဲ့အဆိုအရ ကိဗ်တောင်ဘက် ၁၂ မိုင်အကွာခန့်မှာ ပေါက်ကွဲသံအများအပြားနဲ့ လေကြောင်းခုခံရေးလက်နက်များ ပစ်ခွင်းသံတွေ ကြားနေရတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့က ယူကရိန်းအလယ်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းတို့ရှိ လေကြောင်းစစ်ဌာနတွေက ရုရှားဒုံးကျည် ၅၄ စင်းနဲ့ ဒရုန်း ၁၁ စင်းတို့ကို ပစ်ချနိုင်ခဲ့ကြောင်း သမ္မတ'ဇယ်လန်စကီ'က ကြာသပတေးနေ့ညဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းဒေသအများစုမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတာကိုလည်း သမ္မတက ပြောကြားခဲ့ပါတယ်။
ဓာတ်အားပြတ်တောက်ပြီး အခက်အခဲဖြစ်နေတဲ့ ဒေသတွေထဲမှာ မြို့တော်ကိဗ်၊ တောင်ပိုင်းနဲ့အနားတဝိုက်ရှိ ခါဆန်၊ အိုဒီဆာ၊ ပိုလန်အနောက်ပိုင်းနယ်စပ်နဲ့ နီးစပ်နေတဲ့ လဗိဗ်နားတဝိုက်ဒေသတို့ ပါဝင်ပါတယ်။
ဒါပေမဲ့ ဒါဟာ လေကြောင်းကာကွယ်ရေးနဲ့ တပ်ဖွဲ့တွေကသာ ရွပ်ရွပ်ချွံ မတိုက်ခိုက်ခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုက်တာကရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ကောင်းကင်မှာ ဒုံးကျည်မီးခိုးငွေ့တွေနဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ကိဗ်မြို့လူနေအိမ်အပျက်အစီးတွေကြားမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ ရှာဖွေနေကြပုံကို တွေ့မြင်ရပါတယ်။
ကြာသပတေးနေ့က တိုက်ခိုက်မှုမှာ ဒုံးကျည် ၁၂၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ အရာရှိတွေက အစောပိုင်းမှာကြေညာခဲ့ပါတယ်။
အခုနောက်ဆုံးတိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံ ၁၈ လုံးနဲ့ အရေးကြီးအခြေခံအဆောက်အအုံ ၁၀ လုံး ပျက်စီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလောလများအတွင်း ရုရှားတို့က ယူကရိန်းစွမ်းအင်အဆောက်အအုံများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ လူသန်းပေါင်းစွာ ဓာတ်အားမရရှိဘဲဖြစ်နေပြီး ချမ်းအေးလှတဲ့ရာသီအတွင်း အပူပေးစနစ်မရရှိကြပါဘူး။
Source: Reuters
#Yangon_Media_Group
Page 623 of 949