ဘိုင်အိုနစ်ရော်ဘာတုဖြင့်လေယာဥ်တာယာထုတ်လုပ်သည့်နည်းပညာကို တရုတ်ပညာရှင်များ အောင်မြင်စွာဖန်တီးနိုင်ကြောင်းကြေညာ
တရုတ်သုတေသီများဟာ ဘိုင်အိုနစ်ရော်ဘာတုဖြင့် လေယာဥ်တာယာထုတ်လုပ်ခြင်း၊ သက်ဆိုင်ရာ ဒီဂျစ်တယ်တာယာ စက်မှုလုပ်ငန်းဆော့ဝဲ ထုတ်လုပ်ခြင်း နည်းပညာတိုမှာ ဆန်းသစ်တီထွင်မှုများ အောင်မြင်ခဲ့ပါတယ်။
#Asia_Development
Published 28 December 2023
#ဘိုင်အိုနစ်ရော်ဘာတု #အောင်မြင်စွာဖန်တီး
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 28 December 2023
၁။ ယခုလအတွင်း ကိုဗစ်ပိုးတွေ့သူ(၈၅)ဦးအထိရှိလာ၊ မျိုးကွဲကိုဗစ်ပိုးကိုကာကွယ်နိုင်သည့် ဖိုင်ဇာကာကွယ်ဆေးများရောက်ရှိလာတော့မည်
၂။ ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းထားပြင်ပ ပေါက်ဈေးဖြင့် ၉၀%ခန့်အထိရရှိသောကြောင့် တွက်ခြေကိုက်ဟုဆို
၃။ ရောဂါ ဖြစ်ပွားခဲ့ခြင်းနှင့်ဆောင်းတွင်းကာလ ရောက်ရှိလာတာကြောင့် ဆိတ်မွေးမြူရေးဈေးကွက် အရောင်းဝယ်အေးနေ
၄။ ဘိုင်အိုနစ်ရော်ဘာတုဖြင့် လေယာဥ်တာယာထုတ်လုပ်သည့်နည်းပညာကို တရုတ်ပညာရှင်များ အောင်မြင်စွာဖန်တီးနိုင်ကြောင်းကြေညာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Military
Published 28 December 2023
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန်းက အမေရိကန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံဖွယ် လှုပ်ရှားမှုများကို တုန့်ပြန်ရန် တိုင်းပြည်မှ စစ်တပ်၊ လက်နက်ခဲယမ်းလုပ်ငန်းများ၊ နျူကလီးယားလက်နက်ကဏ္ဍတို့ကို စစ်ပွဲအတွက် ပြင်ဆင်မှုများ အရှိန်မြှင့်တင်ရန် အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးနိုင်ငံများနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်သွားမယ်လို့ အစိုးရပါတီအဓိကဆွေးနွေးပွဲတစ်ရပ်မှာ ကင်မ်ဂျုံအန်းက ပြောကြားသွားတယ်လို့ KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။
မြောက်ကိုရီးယားက ရုရှားနဲ့ဆက်ဆံရေး တိုးချဲ့လာပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
ရုရှားကတော့ မြောက်ကိုရီးယား စစ်ရေးဆောင်ရွက်မှုများ အဆင့်မြင့်လာစေရန် နည်းပညာများ ကူညီထောက်ပံ့နေပါတယ်။
တိုင်းပြည်ရဲ့ ၅ နှစ်ဖွံ့ဖြိုးရေး အစီအစဥ်အတိုင်း နှစ်သစ်အတွက် စီးပွားရေးပန်းတိုင်များကို အစည်းအဝေးပွဲမှာ ဖော်ပြသွားပါတယ်။
အဓိကစက်မှုကဏ္ဍတွေမှာ တွန်းအားပေးဖို့ နှစ်သစ်အတွက် အရေးကြီးတာဝန်များကို ရှင်းလင်းပြောကြားခဲ့ကာ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမှာ အဆင့်အတန်းမြင့်မားစွာ တည်ငြိမ်လုပ်ဆောင်နိုင်စေရန် တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ လတ်တလောဆယ်စုနှစ်များအတွင်း စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား ပြတ်လပ်မှုများ ကြုံတွေ့နေရပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်း နယ်စပ်ပိတ်ဆို့ထားခြင်းက စားနပ်ရိက္ခာပြဿနာကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ နိုင်ငံတကာမှ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
ကောင်းမွန်လာတဲ့ ရာသီဥတုကြောင့် နှစ်စဥ်သီးနှံအထွက်နှုန်း တိုးတက်လာမယ်လို့ မျှော်မှန်းခဲ့ပေမယ့် တိုင်းပြည်ရဲ့ ရေရှည်စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက်တော့ နည်းပါးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနှစ်ချုပ်အကြောင်း ဆွေးနွေးတဲ့ ကိုရီးယားအလုပ်သမားပါတီကော်မတီ အစည်းအဝေးမှာ နျူကလီးယားမူဝါဒကို အခြေခံဖွဲ့စည်းပုံမှာ ထည့်သွင်းတဲ့အကြောင်း၊ စပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခြင်းတို့အကြောင်း ဆွေးနွေးသွားပါတယ်။
#World_Military #စစ်ပွဲပြင်ဆင်မှုအရှိန်မြှင့်ထား #ကင်မ်ဂျုံအန်းအမိန့်ပေး #Source: Reuters
Published 28 December 2023
Published 28 December 2023
ပြီးခဲ့တဲ့ စနေနေ့အထိ အမေရိကန်မှာ ယခုနှစ်အတွင်း လူအစုလိုက်သေစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုပေါင်း ၆၄၅ ကြိမ်ရှိခဲ့ကာ ဖြစ်ရပ်တိုင်းမှာ အနည်းဆုံးလူ ၄ ဦးနဲ့ သေနတ်သမားတို့ ဒဏ်ရာရ သေဆုံးမှုဖြစ်ခဲ့ကြောင်း သေနတ်အကြမ်းဖက်မှတ်တမ်းများ(GVA)အရ သိရှိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် လူပေါင်း ၄၂,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ GVA အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Published 27 December 2023
#World_Crime
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 27 December 2023
၁။ ယခုနှစ်အတွင်း ပြည်ပခရီးသွား ၁.၁သန်းကျော် ဝင်ရောက်ထား ပြီးတရုတ်နှင့် ထိုင်းအများဆုံးဝင်ရောက်
၂။ ကုန်အဝင် အလွန်နည်းလာသဖြင့် ထန်းလျက်ဈေး မြင့်တတ်လာ
၃။ တစ်ပတ်တာအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၃၀၀ကျော် အထိ မြင့်တက်လာ
၄။ အမေရိကန်တွင် တစ်နှစ်အတွင်း သေနတ်ပစ်ခတ်မှု ၆၄၅ ကြိမ်ရှိခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 623 of 1211