Published 30 December 2023
အမျိုးအမည် မသိရသေးတဲ့ ပဋိဇီဝပစ္စည်းတွေဟာ တုပ်ကွေးဗိုင်းရပ်စ် အမျိုးမျိုးကို ချေဖျက်နိုင်စွမ်းရှိတယ်လို့ ပစ်ဘာ့ဂ်ဆေးတက္ကသိုလ်မှ သုတေသီများက တွေ့ရှိထားပါတယ်။
ဒီတွေ့ရှိချက်တွေကြောင့် တုပ်ကွေးဗိုင်းရပ်စ်အားလုံးကို ထိရောက်စေမယ့် ကာကွယ်ဆေး ထုတ်လုပ်လာနိုင်ဖို့ ခြေလှမ်းတိုးတက်လာတာ ဖြစ်ပါတယ်။
သမားရိုးကျ တုပ်ကွေးကာကွယ်ဆေးတွေက ကိုယ်ခံအားကို လှုံ့ဆော်ကာ ပဋိဇီဝပစ္စည်းများ ထွက်ရှိစေပြီး တုပ်ကွေးဗိုင်းရပ်စ် မျက်နှာပြင်ပေါ်မှ ဟီမာဂလူလင်လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပရိုတိန်းကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုပါ ပရိုတိန်းက အချိန်နဲ့အမျှ ဗီဇပြောင်းလဲလာပြီး တုပ်ကွေးမျိုးဗီဇကွဲအသစ်များ ပေါ်ထွက်လာကာ ယခင်ကာကွယ်ဆေးတွေကို ခုခံလာနိုင်ပါတယ်။
ကူးစက်မှုများတဲ့ H1 ၊ H3 တို့လို တုပ်ကွေးမျိုးကွဲတွေကို တပြိုင်တည်းကာကွယ်နိုင်မယ့် ပဋိဇီဝဆေးတွေကို သုတေသီများ စူးစမ်းထုတ်လုပ်လာကြပါတယ်။
လူနာတွေရဲ့ သွေးနမူနာများဖြင့် စမ်းသပ်မှုပြုလုပ်ရာမှာ H3 နဲ့ H1 မျိုးကွဲများကို ချေဖျက်နိုင်စွမ်းရှိတဲ့ ပဋိဇီဝဆေးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
ပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ဖို့ နှစ်စဥ်တုပ်ကွေးကာကွယ်ဆေး လိုအပ်ကြောင်း၊ တုပ်ကွေးဗိုင်းရပ်စ် ထိတွေ့ခြင်းနဲ့ ကာကွယ်ဆေးပေးခြင်းတို့ သင့်တင့်စွာ ပေါင်းစပ်ပါက တုပ်ကွေးမျိုးကွဲတွေကို ခုခံနိုင်မယ့် ပဋိဇီဝတုန့်ပြန်မှု ရရှိမှာဖြစ်ကြောင်း သုတေသီများ ဖော်ပြသွားပါတယ်။
ဒါ့အပြင် အမြဲဗီဇပြောင်းလဲနေတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို တာရှည်ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး အနာဂတ်မှာ ရရှိရန် မျှော်လင့်နေကြပါတယ်။
Source: The Jerusalem Post
Published_30 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
Published 30 December 2023
သကြားစားသုံးမှု မြင့်မားတဲ့အခါ ဆီးချို၊ နှလုံးရောဂါများ၊ ကင်ဆာများ ဖြစ်နိုင်ခြေများသလို အလွန်အမင်း စားသုံးမိပါက အင်ဆူလင် ယဥ်ပါးခြင်း၊ ရောင်ရမ်းခြင်း၊ ဇီဝဖြစ်စဥ်ချို့ယွင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အချိုဓာတ် စွဲလမ်းတဲ့အခါ ခဏခဏ စားချင်စိတ်ပေါ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာများ စားသုံးမိကာ အာဟာရဓာတ် မညီမျှတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါကြောင့် သကြားစားသုံးမှု လျှော့ချနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) စားသောက်ကုန်တွေမှာ ဖော်ပြထားတဲ့ သကြားဓာတ် ပါဝင်ပစ္စည်းများကို ဖတ်ရှုသင့်ပါတယ်။
(၂) အဆင့်ဆင့်ထုတ်လုပ် ထုပ်ပိုးထားတဲ့ အစားအစာတွေဟာ သကြားဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် လျှော့ချစားသုံးသင့်ပါတယ်။
(၃) သန့်စင်ထုတ်လုပ်ထားတဲ့ သကြားအစား ပျားရည်၊ မေပယ်သကာရည်တို့လို သဘာဝအချိုဓာတ်ပစ္စည်းတွေ ရွေးချယ်သင့်သလို သင့်တော်ရုံသာ အသုံးပြုသင့်ပါတယ်။
(၄) ပရိုတိန်းနဲ့ ကျန်းမာရေးညီညွတ်တဲ့ အစားအစာများ စားသုံးခြင်းဖြင့် ဗိုက်ပြည့်ဝစေပြီး အချိုစားချင်စိတ်ကို လျှော့ချနိုင်ပါတယ်။
(၅) အချိုရည်သောက်မယ့်အစား ရေကိုသာ သောက်သုံးပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်သင့်ပါတယ်။
(၆) အချိုဓာတ်ပါတဲ့ စားစရာတွေ မစားမိစေရန် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာများကို စနစ်ကျကျ ပြင်ဆင်စားသုံးသင့်ပါတယ်။
(၇) အချိုပါတဲ့ မုန့်တွေအစား လတ်ဆတ်တဲ့ အသီးအနှံတွေကို ရွေးချယ်သင့်ပါတယ်။
(၈) သကြားစားတဲ့အခါမှာလည်း အလွန်အကြူး မစားသင့်ဘဲ သင့်တင့်ရုံသာ စားသုံးသင့်ပါတယ်။
(၉) ဟင်းသီးဟင်းရွက်နဲ့ ပဲတွေလိုမျိုး အမျှင်ဓာတ်တွေ စားသုံးခြင်းဖြင့် အချိုဓာတ်စားချင်စိတ်ကို လျော့ကျစေပါတယ်။
(၁၀) လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးပါက အချိုစားချင်စိတ်ကို လျော့ကျစေပြီး ကျန်းမာရေးကို တိုးတက်စေပါတယ်။
Source: DoctorNDTV.
Published_30 December 2023
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
သက်တမ်းရင့်သံလွင်ပင်ကြီးဟာ ဂျေရုဆလမ်ရှိ ပါလက်စ်တိုင်များအတွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းခြင်းကို ရာစုနှစ်များတိုင်အောင် ပေးစွမ်းထားပါတယ်။
ဂျေရုဆလမ်မြို့ဟောင်း အနောက်တောင်ဘက် ၁၀ ကီလိုမီတာအကွာ အယ်လ်ဝါလာဂျာ ပါလက်စ်တိုင်းရွာမှာ တည်ရှိတာဖြစ်ပြီး ဒေသခံများရဲ့ ယုံကြည်မှုသင်္ကေတလည်း ဖြစ်ပါတယ်။
Published 29 December 2023
#World_Nature
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 29 December 2023
၁။ အွန်လိုင်းဈေးရောင်းသူများ ဇန်နဝါရီလအတွင်း မှတ်ပုံတင်ရင် သက်တမ်း(၂)နှစ်နေမှ သက်တမ်းတိုးရမည်
၂။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းသွားပြီး အပန်းဖြေရန်လာရောက်သူ ပိုများလာ ဟုဆို
၃။ ကျိုက်ထီးရိုးစေတီတော်ပေါ်ရှိ ဘောဂသိဒ္ဓိတောရ တရားရိပ်သာအတွက် ရေကန်နှင့် ထာဝရရေအလှုရှင် လိုအပ်နေ
၄။ ပါလက်စ်တိုင်းလူမျိုးများ၏ ငြိမ်းချမ်းရေးပြယုဂ်ဖြစ်သည့် နှစ်ထောင်ချီသက်တမ်းရှိ သံလွင်ပင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Health
Published 29 December 2023
အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ မျက်ရည်အနံ့ကိုရရင် ရန်လိုစိတ်လျော့ကျသွားတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
အစ္စရေးလ်နိုင်ငံ ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်မှ ပြုလုပ်တဲ့ သုတေသနမှာ လူ့မျက်ရည်ဟာ ရန်လိုစိတ်လှုံ့ဆော်ပေးတဲ့ ဦးနှောက် ၂ နေရာကို လျှော့ချပေးနိုင်တဲ့ ဓာတုအချက်ပြပစ္စည်း ပါဝင်တယ်လို့ သိရပါတယ်။
ယခင်က ကြွက်တွေကို လေ့လာရာမှာ ကြွက်မတွေရဲ့ မျက်ရည်က ကြွက်ထီးတွေကြား တိုက်ခိုက်ခြင်းကို လျော့ကျစေပြီး ကြွက်ထီးငယ်တွေက ကြွက်ထီးကြီးတွေရဲ့ တိုက်ခိုက်မှုမခံရအောင် သူတို့ကိုယ်ပိုင်မျက်ရည်ဖြင့် သုတ်လိမ်းကြတယ်လို့ ဝစ်ဇ်မန်းတက္ကသိုလ်က ဆိုပါတယ်။
အခြားသုတေသနမှာတော့ မျက်ရည်အနံ့ရခြင်းဖြင့် တက်စ်တိုစတီရုန်း ကျားဟော်မုန်းကို လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။
အမျိုးသမီး ၆ ဦးကို ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ကားကြည့်ရှုစေခဲ့ပြီး သူတို့ရဲ့မျက်ရည်တွေကို ရယူကာ အမျိုးသားဒါဇင်ခန့်ကို စမ်းသပ်ခဲ့ပါတယ်။
ဒီနောက် အမျိုးသားတွေကို ကွန်ပျူတာဂိမ်း ကစားစေခဲ့ပြီး ပြိုင်ဘက်တွေက လုယူသွားတဲ့ ငွေတွေကို လိုက်လံစုဆောင်းရတဲ့ ဂိမ်းဖြစ်ပါတယ်။
ကစားတဲ့သူတွေက ကလဲ့စားချေပြီး ပြိုင်ဘက်တွေရှုံးအောင် ကြိုးစားနိုင်ပါတယ်။
အမျိုးသမီးမျက်ရည်အနံ့ကို ရတဲ့သူတွေဟာ ကလဲ့စားချေလိုစိတ် ၄၃.၇ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဒီထက်တိကျစွာ လေ့လာခဲ့ရာမှာ လူတွေရဲ့ဦးနှောက်ထဲက အနံ့ခံဆိုင်ရာနေရာ ၆၂ ခုထဲက ၄ ခုကို မျက်ရည်တွေက လှုံ့ဆော်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။
မျက်ရည်ဖွဲ့စည်းတဲ့ ပစ္စည်းတွေဟာ ကလေးတွေကို ကာကွယ်ပေးဖို့ ပြောင်းလဲလာဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေကြပါတယ်။
ကလေးငယ်တွေက သူတို့ကို ရန်မလိုပါနဲ့လို့ မပြောတတ်တာကြောင့် မျက်ရည်ကျပြတယ်လို့ ဝစ်ဇ်မန်းမှ ဇီဝအာရုံကြော ပရော်ဖက်ဆာ နိုအပ်ဆိုဘယ်က ပြောပြသွားပါတယ်။
လီဗာပူးလ်ဂျွန်မိုးတက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာမင်နာလီယွန်စ်ကတော့ ဒီတွေ့ရှိချက်တွေကို တရားသေကောက်ချက် မချကြဖို့ ဆိုလိုက်ပါတယ်။
တကယ့်လက်တွေ့ဘဝမှာ ပြောင်းလဲမှုအများအပြား ရှိနိုင်ပြီး အကြမ်းဖက်ခြင်းခံရတဲ့ လူတွေရဲ့ မျက်ရည်တွေက အကြမ်းဖက်သူတွေရဲ့ ရန်လိုမှုကို ဘာကြောင့်မလျှော့ချနိုင်လဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
#World_Health #အမျိုးသမီးများ၏မျက်ရည်အနံ့ #အမျိုးသားများ၏ရန်လိုစိတ်ကိုလျှော့ချနိုင် #Source: New York Post
Published 29 December 2023
အမေရိကန်မှ မိန်းပြည်နယ်ဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ပြည်နယ်မဲပေးမှုကနေ ထုတ်ပယ်လိုက်ပါတယ်။
ဒါဟာ ထိုသမ္မတဟောင်းကို မဲပေးမှုကနေ ပိတ်ပင်လိုက်တဲ့ ဒုတိယမြောက်ပြည်နယ် ဖြစ်လာပါတယ်။
ဒီမိုကရက်တစ်ဦးဖြစ်တဲ့ မိန်းပြည်နယ်ဝန်ကြီးချုပ် ရှန်နာဘယ်လိုးစ်က ၂၀၂၀ ရွေးကောက်ပွဲတုန်းက ထရမ့်ဟာ မဲပေးလိမ်လည်မှု သတင်းမှားတွေကို ဖြန့်ခဲ့ကာ ဥပဒေပြုအမတ်တွေ မဲပေးမှုကို အတည်မပြုနိုင်စေရန် လွှတ်တော်အဆောက်အအုံ ကပ်ပီတိုလ်ကို တိုက်ခိုက်ဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့တဲ့ ဖြစ်စဥ်ကို ထောက်ပြလိုက်ပါတယ်။
အစိုးရအခြေခံအုတ်မြစ်ကို ထိပါးလာမယ့် အခြေအနေတစ်ခုကို အမေရိကန် ဖွဲ့စည်းအခြေခံက သည်းခံသွားမှာ မဟုတ်ဘူးလို့ စာရွက် ၃၄ မျက်နှာပါ အုပ်ချုပ်ပုံမှာ ဘယ်လိုးစ်က ရေးသားခဲ့ပါတယ်။
ထိုဆုံးဖြတ်ချက်ကို ပြည်နယ်အထက်တရားရုံးမှာ အယူခံဝင်နိုင်ပြီး တရားရုံးကနေ မဖြေရှင်းသေးသရွေ့ ဘယ်လိုးစ်က သူမပြဌာန်းချက်ကို ဆိုင်းငံ့ထားပါတယ်။
ဒီလိုဆုံးဖြတ်ချက်အတွက် ကန့်ကွက်ကြောင်း အလျင်အမြန် တင်သွင်းသွားမယ်လို့ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ပုန်ကန်မှုမှာ ထရမ့်ပါဝင်နေတယ်ဆိုတာကို ထရမ့်ရဲ့ရှေ့နေတွေက ငြင်းချက်ပြနေကြပြီး ထိုနေ့က ထောက်ခံသူတွေကို ပြောကြားခဲ့တာတွေဟာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ညီတယ်လို့ ပြန်လည်ချေပထားပါတယ်။
သမ္မတတွေဟာ အမေရိကန်အတွက် သစ္စာဆိုပြီးနောက် ပုန်ကန်မှုမှာ ပါဝင်ပါက အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူး ထမ်းဆောင်ခွင့်မရှိဆိုတဲ့ အချက်အပေါ် အခြေခံကာ ထရမ့်ဟာ ပါဝင်ယှဥ်ပြိုင်ခွင့် မရှိဘူးလို့ မိန်းပြည်နယ် လွှတ်တော်အမတ်တွေက ဆိုခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုးစ်အနေနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မိန်းမဲပေးမှုကနေ ပိတ်ပင်ဖို့ဆုံးဖြတ်တာဟာ ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကနေ ရပ်တည်လိုက်တာဖြစ်ကြောင်း ဥပဒေပြု လွှတ်တော်အမတ်ဟောင်းတွေကလည်း ပြောကြားလိုက်ပါတယ်။
မိန်းပြဌာန်းချက်ဟာ ရွေးကောက်ပွဲမှာ ထရမ့်ပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အထက်တရားရုံးအတွက် ဖိအားတွေ ဖြစ်လာစေဦးမှာပါ။
ထရမ့်ဟာ ရီပတ်ဘလစ်ကန် အမည်စာရင်းမှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်နေသူ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုလိုရာဒိုပြည်နယ်ဟာ ထရမ့်ကို ပြည်နယ်မဲပေးမှုကနေ ထုတ်ပယ်လိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်ခဲ့ပါတယ်။
အခွင့်အရေး လှုပ်ရှားသူများနဲ့ ထရမ့်ဆန့်ကျင်သူများက ပုန်ကန်မှုကိစ္စဖြင့် ထရမ့်ကို ပြည်နယ်အများအပြားကနေ ယှဥ်ပြိုင်ခွင့်ပိတ်ပင်ဖို့ ကြိုးပမ်းနေကြပါတယ်။
Source: Reuters
Published 29 December 2023
#World_Politics
#Yangon_Times #YMG_News #Yangon_Media_Group
#World_Science
Published 29 December 2023
အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ မားစ်ဂြိုဟ်ဟာ လူသားတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးဂြိုဟ်ဖြစ်နေပါတယ်။
သိပ္ပံပညာရှင်များ ဆယ်စုနှစ်တွေတိုင်အောင် လေ့လာခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မားစ်ဂြိုဟ်မျက်နှာပြင်ပေါ်မှာ ရေတွေနဲ့ သက်ရှိများပင် တည်ရှိခဲ့ပုံရတယ်လို့ ကောက်ချက်ချလိုက်ကြပါတယ်။
Perseverance လို့အမည်ပေးထားတဲ့ နာဆာမှ အာကာသယာဥ်ဟာ မားစ်ဂြိုဟ်ပေါ်မှာ လှည့်လည်သွားလာနေပြီး အရေးကြီးတွေ့ရှိချက်များ ထမ်းဆောင်နေကာ ရေရှိခဲ့တဲ့ အထောက်အထားကို မကြာသေးမီက တွေ့ရှိခဲ့ပါတယ်။
မားစ်ဂြိုဟ်ပေါ်မှာ ကျောက်ခဲ ကျောက်စရစ်များ ပြန့်ကျဲနေပုံကို ထိုယာဥ်မှ ကင်မရာဖြင့် ရိုက်ကူးရရှိခဲ့ပါတယ်။
ဓာတ်ပုံထဲက ကျောက်စရစ်ခဲနဲ့ ကျောက်တုံးတွေဟာ လွန်ခဲ့တဲ့နှစ်ဘီလီယံလောက်က အင်အားပြင်းရေလျှံမှုကြောင့် ပါလာတာဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။
နောက်ထပ်အကြောင်းအရာက အခြားဂြိုဟ်ပေါ်မှာ သက်ရှိတည်ရှိတယ်ဆိုတဲ့ အထောက်အထား ရှာဖွေဖို့ပါပဲ။
ပုံပြင်တွေ ဇာတ်ကားတွေထဲကလို ဂြိုဟ်သားအကောင်လိုက်လားဆိုတာ မသေချာပေမယ့် မားစ်ဂြိုဟ်ပေါ်မှာ အဏုဇီဝပိုးမွှားတွေ၊ ရုပ်ကြွင်းတွေရဲ့ သက်သေတွေကို တွေ့နိုင်ရင်တောင် အရေးပါနေပါပြီ။
ကမ္ဘာဂြိုဟ် စတင်ဖွဲ့စည်းစဥ်ကလည်း သက်ရှိများကင်းမဲ့နေခဲ့ကာ ရေထဲမှာ အဏုဇီဝသက်ရှိများ စတင်ဖြစ်ပေါ်လာပြီး အမျိုးမျိုးသော ရေနေသတ္တဝါများ ဖြစ်ပေါ်လာကာ ကုန်းပေါ်က သတ္တဝါတွေ အပင်တွေက နောက်မှပေါ်ပေါက်လာတယ်လို့ ယူဆနေကြပါတယ်။
ဖြစ်နိုင်တာကတော့ ဂြိုဟ်တစ်ခုမှာ ရေရှိတယ်ဆိုရင် သက်ရှိဖြစ်ပေါ်နိုင်ခြေ ပိုများတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
#World_Science #မားစ်ဂြိုဟ် #နာဆာအာကာသယာဥ်မှတွေ့ရှိ #Source: WION
Page 622 of 1211