Published 09 February 2024

သံလွင်ဆီကို နေ့စဥ်စားစရာတွေထဲ ထည့်သွင်းစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိစေတယ်လို့ ကျွမ်းကျင်သူများ သဘောတူညီထားကြပါတယ်။

သံလွင်ဆီမှာ မပြည့်ဝဆီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားဒြပ်ပေါင်းများလည်း တွေ့ရပါတယ်။

သံလွင်ဆီရဲ့ အသိသာဆုံး ကျန်းမာရေးအကျိုးကျေးဇူး တစ်ခုက သဘာဝအတိုင်း ဝမ်းပျော့စေတာပါပဲ။

ဝမ်းချုပ်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့က အမြဲတမ်းဖြစ်နေကျ ကျန်းမာရေးပြဿနာတွေ ဖြစ်ပါတယ်။

အူမကြီးက အစာဟောင်းတွေဆီကနေ ရေအများအပြား စုပ်ယူလိုက်တဲ့အခါ ဝမ်းခြောက်သွားပြီး ဝမ်းချုပ်စေတာဖြစ်ကြောင်း Cleveland Clinic က ဖော်ပြထားပါတယ်။

သံလွင်ဆီက ဝမ်းထဲကို စိုစွတ်စေကာ အစာဟောင်းတွေကို ပျော့ပျောင်းစေပါတယ်။

အစားအစာတွေထဲ သံလွင်ဆီထည့်စားခြင်းဖြင့် ဒီမန်ရှာရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်။

သူ့ထဲက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအချို့က ဦးနှောက်ကို တိုက်ရိုက်သက်ရောက်စေပြီး နှလုံးသွေးကြော ကျန်းမာရေးကို အကျိုးပြုပါတယ်။

မက်ဒီတာရေးနီးယန်း စားသောက်ပုံစံမှာလည်း သံလွင်ဆီက အဓိကပါဝင်ပြီး နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ အကြိမ်ကြိမ် လေ့လာတွေ့ရှိထားပါတယ်။

ဒါ့အပြင် ကင်ဆာ၊ အာရုံကြောချို့ယွင်းမှု ရောဂါများ၊ အသက်ရှူလမ်းကြောင်း ရောဂါတွေကြောင့် အသက်သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

နံနက်ခင်း အစာမစားခင်မှာ သံလွင်ဆီစားသုံးခြင်းဖြင့် အစာချေခြင်း၊ အညစ်အကြေး ဖယ်ရှားခြင်း၊ အူလမ်းကြောင်း အကျိုးပြုပိုးမွှားများ ထိန်းသိမ်းခြင်းတို့ကို ကူညီပေးပါတယ်။

အချို့သော သံလွင်ဆီတွေက အသီးကနေ အရည်ထုတ်ယူဖို့အတွက် အပူအသုံးပြုကြပါတယ်။

သံလွင်ဆီအကြမ်းတွေကတော့ အေးမြတဲ့အပူချိန်ဖြင့် ထုတ်လုပ်ပြီး အကြမ်းအတိုင်းရှိစေကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဇီဝသတ္တိကြွဒြပ်ပေါင်းများ ဆက်လက်ကျန်ရှိစေပါတယ်။
Source: New York Post
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times