#Daily_News
Published_ 16 January 2024
၁။ အစ်မတော်မြနန်းနွယ်၏ (၁၁၇) နှစ်မြောက်မွေးနေ့(၃)ရက်တိုင်တိုင် ကျင်းပမည်
၂။ ဇန်နဝါရီအတွင်းရောင်းချရမည့် ဆန်ဈေးနှုန်းများ ယခင်လထက်အမြင့်ဆုံး တစ်အိတ်လျှင်ကျပ်လေးသောင်းအထိမြင့်တက်လာ
၃။ ဝါးနက်ဆင်စခန်း၏ ပထမဆုံးဆင်လေးငြိမ်းချမ်းဦးမွေးဖွားပြီး ကျန်းမာရေးကောင်းမွန်
၄။ ပြည်တွင်းဈေးကွက်တွင်ဝယ်လိုအားတက်လာသည့် လူလုပ်တရုတ်ကျောက်မျက်ရတနာတုများ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 16 January 2024
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် အသေအချာသတ်မှတ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို တနင်္လာနေ့က တောင်းဆိုလိုက်ပြီး မြောက်ကိုရီးယားက စစ်ပွဲဖြစ်လာအောင် ဖန်တီးနေတာမဟုတ်ပေမယ့် အဲဒီလိုပြောလိုက်လို့ စစ်ပွဲကို ရှောင်ရှားဖို့လည်း မရွယ်ရည်ဘူးလို့ သတိပေးလိုက်ကြောင်း KCNA သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယား ပါလီမန်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာ တောင်ကိုရီးယားနဲ့ ပေါင်းစည်းရေးက မဖြစ်နိုင်တော့ကြောင်း၊ တောင်ကိုရီးယားက အစိုးရအုပ်ချုပ်ရေး ပြိုလဲစေရန်နဲ့ လက်ဝါးကြီးအုပ် ပေါင်းစည်းရန် ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
နှစ်နိုင်ငံ ပေါင်းစည်းရေးနဲ့ ခရီးသွားကဏ္ဍတို့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်း ၃ ခုကို ရုပ်သိမ်းသွားမယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယားမှ ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်နေပြီး တောင်ကိုရီးယားနဲ့ ပတ်သက်လို့ ဆက်ဆံရေးအခြေအနေ ပြောင်းလဲရန်နဲ့ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့တဲ့ မူဝါဒပိုင်းတွေကို မြောက်ကိုရီးယားက ချိုးဖျက်ဖို့ ကြိုးပမ်းနေတာတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများ မြင့်တက်နေချိန်မှာ ကင်မ်ဂျုံအန်းက ယခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်တာဝန်ယူသွားဖွယ်ရှိပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲမှာ တောင်ကိုရီးယားအပေါ် နျူကလီးယားလက်နက်များ အသုံးပြုခြင်းကို အကျိုးသင့်ညှိနှိုင်းပေးသွားနိုင်တယ်လို့ ဆန်းစစ်လေ့လာသူများက ဆိုလိုက်ပါတယ်။
အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားကို နံပါတ် ၁ ရန်သူလို့ သတ်မှတ်ရန် တောင်းဆိုထားကာ စစ်ပွဲဖြစ်ပွားပါက တောင်ကိုရီးယားဘက်က အကျအဆုံးများနိုင်ပြီး အမေရိကန်အတွက် ဆုံးရှုံးမှုအလွန်များစေလိမ့်မယ်လို့ KCNA မှာ ဖော်ပြထားပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တောင်ကိုရီးယားကို ပြန်လည်သိမ်းပိုက်ခြင်း၊ မြောက်ကိုရီးယားဘက်သို့ ပေါင်းစည်းခြင်းလို့သာ သတ်မှတ်သင့်တယ်လို့ ကင်မ်ဂျုံအန်းက ဆိုပါတယ်။
အမေရိကန်အခြေစိုက် ၃၈ မြောက်စီမံကိန်းအတွက် အစီရင်ခံစာမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိအခြေအနေက ၁၉၅၀ ဇွန်လက အခြေအနေတွေထက် ပိုပြီးအန္တရာယ်များနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်း ရောဘတ်ကာလင်နဲ့ နျူကလီးယား သိပ္ပံပညာရှင် ဆစ်ဖရိုင်းဟက်ကာတို့က ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက ၁၉၅၀ က သူ့အဘိုးလိုပဲ စစ်ပွဲဖြစ်လာနိုင်တဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ကြောင်း၊ ဘယ်အချိန်မှာ ထဖြစ်မလဲဆိုတာ မသိရကြောင်း၊ အမေရိကန် တောင်ကိုရီးယား ဂျပန်တို့မှာ မြောက်ကိုရီးယားရန်စတာနဲ့ ပတ်သက်ပြီး သာမန်သတိပေးချက်တွေထက် စစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်က ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။
အချို့လေ့လာသူတွေကတော့ အဆိုပါ ပြောင်းလဲမှုတွေဟာ လက်တွေ့အမှန်တရားကိုသာ ဖော်ပြနေပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်သင့်မြတ်ရန် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
#World_News #တောင်ကိုရီးယားကိုနိုင်ငံ၏အဓိကရန်သူ #ဖွဲ့စည်းပုံအခြေခံဥပဒေ #Source: Reuters
Published 16 January 2024
နွားတွေ ကိုယ်ဝန်မွေးဖွားတော့မလားဆိုတာကို မွေးမြူသူများ သိရှိစေနိုင်မယ့် လူလုပ်အသိဉာဏ်တု AI နည်းပညာသုံးထားတဲ့ စနစ်တစ်ခုကို Nikon ကော်ပိုရေးရှင်းက ထုတ်လုပ်လိုက်ပါတယ်။
မွေးမြူရေးခြံတွေမှာ ကင်မရာများ တပ်ဆင်ပြီး နွားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သုံးသပ်နေတဲ့ စနစ်ဖြစ်ပါတယ်။
ဒီနည်းပညာကို ဂျပန်မှာ ယခုလအတွင်း ရောင်းချသွားမှာဖြစ်ပြီး မွေးဖွားခါနီး နွားမတွေကို ပုံမှန်စစ်ဆေးရေး လုပ်ဖို့လိုအပ်တဲ့ မွေးမြူသူများအတွက် အလုပ်တာဝန် လျှော့ချသွားနိုင်မှာဖြစ်ကာ ပိုမိုထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
နွားအကောင်ရေ ၁၀၀ ရှိတဲ့ခြံအတွက် တစ်နှစ်ကို ဒေါ်လာ ၆၂၀၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။
နွားပေါက်လေး မွေးခါနီးပြီဆိုရင် သက်ဆိုင်ရာ စမတ်ဖုန်းအက်ပ်လီကေးရှင်းကနေ မွေးမြူသူကို အချက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့ နွားမတစ်ကောင်ဟာ မမွေးခင် ၅ နာရီလောက်အလိုမှာ သိသိသာသာ လက္ခဏာတွေ ပြလာပါတယ်။
AI အတွက် အချက်အလက်များ စုဆောင်းရေးကို ၂၀၂၁ ကတည်းက လုပ်ဆောင်နေခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီကစပြီး ကူမာမိုတိုစီရင်စုပြည်နယ်ရှိ ခြံ ၄ ခြံမှာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
နွားမတစ်ကောင် အခြားအပြုအမူမျိုး ပြုလုပ်နေတာကိုလည်း သိရှိနိုင်စေမယ့် နည်းပညာကို အနာဂတ်မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ Nikon အရာရှိ ကာဇူဟီရိုဟီရာနိုက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မွေးမြူရေးသမားတစ်ဦးဖြစ်တဲ့ ကီတာဟီဂူချီက ဒီနည်းပညာရဲ့ အသုံးဝင်မှုကို သဘောကျနေပါတယ်။
တစ်နှစ်အတွင်း နွားအကောင်ရေ ၆၀ လောက် မွေးနေရကြောင်း၊ မမွေးခင် တစ်လအလိုလောက်ကတည်းက မကြာမကြာ စစ်ဆေးနေရကြောင်း၊ ဒီနည်းပညာက အလွန်အသုံးဝင်ကြောင်း ပြောပြသွားပါတယ်။
Source: Kyodo News.
#World_Technology
#Published_ 16 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 16 January 2024
လုံလောက်စွာ အိပ်စက်ဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ခန္ဓာကိုယ် အနားယူ ပြုပြင် သက်သာလာစေရန် အိပ်စက်ခြင်းလိုအပ်သလို ခန္ဓာကိုယ်တွင်း စနစ်များစွာအတွက် အကျိုးကျေးဇူးများ ရှိနေပါတယ်။
သာမန်အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိရန် လိုအပ်ပြီး အိပ်ရေးပျက်တာများလာပါက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာစေပါတယ်။
အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ …
(၁) မှတ်ဉာဏ်ပိုင်း၊ အသိဉာဏ်ပိုင်းမှာ ထိခိုက်လာကာ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိခြင်းတို့ ဖြစ်လာစေပါတယ်။
(၂) စိတ်နဲ့ကိုယ်မကပ်ခြင်း၊ တုန့်ပြန်မှု အားနည်းခြင်းတို့ဖြစ်ကာ ယာဥ်မောင်းနေစဥ် စက်ပစ္စည်းများမောင်းနှင်နေစဥ် အခြားအန္တရာယ်ရှိ အလုပ်များလုပ်နေစဥ်မှာ မတော်တဆဖြစ်နိုင်ခြေ များပါတယ်။
(၃) အိပ်ရေးပျက်တာများလာပါက ကိုယ်ခံအားစနစ် ကျဆင်းစေပြီး ရောဂါပိုး ကူးစက်ဝင်ရောက်တတ်ပါတယ်။
(၄) စိတ်အပြောင်းအလဲ ဖြစ်တတ်ကာ ဆတ်ဆတ်ထိမခံခြင်း၊ ပူပန်သောကဖြစ်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတို့ ဖြစ်နိုင်ခြေ များပါတယ်။
(၅) အိပ်ရေးပျက်ခြင်းကြောင့် ဆာလောင်စိတ်နဲ့ ဟော်မုန်းမျှခြေကို ထိခိုက်စေကာ မကျန်းမာစေတဲ့ အစားအစာများ ပိုစားမိပြီး ကိုယ်အလေးချိန် တက်လာစေပါတယ်။
(၆) နှလုံးသွေးကြောရောဂါများ၊ ဆီးချို၊ ကင်ဆာတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(၇) သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေကာ အင်ဆူလင်မတိုးခြင်းနဲ့ ဆီးချိုရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
(၈) ဆာလောင်စိတ်ကို ထိန်းချုပ်ခြင်း၊ ဖိစီးမှုတုန့်ပြန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နဲ့ သက်ဆိုင်တဲ့ ဟော်မုန်းများ ပုံမှန်ထိန်းညှိခြင်းကို ထိခိုက်စေပါတယ်။
(၉) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေပါတယ်။
(၁၀) အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း၊ ထောင်မတ်နိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်နိုင်ကာ အမျိုးသမီးတွေမှာ လိင်ကိစ္စပြီးမြောက်ရန် ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
(၁၁) အရေပြားပြုပြင်ထိန်းသိမ်းနိုင်စွမ်း ထိခိုက်တာကြောင့် အရေပြားမွဲခြောက်ခြင်း၊ တွန့်ခြင်း၊ ဝက်ခြံ နှင်းခူတို့လို အရေပြားပြဿနာများ ဖြစ်တတ်ပါတယ်။
(၁၂) အိပ်ရေးပျက်ခြင်းကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နေအိမ် အလုပ်ခွင်တို့လို နေရာတွေမှာ မတော်တဆထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။
တစ်ဦးချင်းစီရဲ့ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေကြောင့် အိပ်ချိန်လိုအပ်ချက် အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။
Source: DoctorNDTV
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ပြည်မှ စွမ်းအင်သစ်သုံးယာဥ် ထုတ်လုပ်သူတွေဟာ ပြည်ပဈေးကွက်မှာ တိုးချဲ့ရန် ပြည်တွင်းစက်ရုံတွေ တည်ဆောက်သွားမယ့် ဗျူဟာချမှတ်နေကြပါတယ်။
#World_Industry
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_ 15 January 2024
၁။ ရွှေတိဂုံစေတီတွင် Digital Directory စနစ် Touch Screen(၁၀)ခု တပ်ဆင်ရန်နှင့် နေပူခံကျောက်ပြားအရောင်တင်ခြင်များ ဆောင်ရွက်နေ
၂။ နှစ်ပေါင်း၁၆၀ခန့် က ကျွန်းပင်များကို လေ့လာနိုင်မည့် ပြည်ကျွှန်းတောဆင်စခန်း ဇန်န၀ါရီ ၁၆ ရက်မှစပြီး ပြန်လည် ဖွင့်လှစ်မည်
၃။ နယ်ဒေသများအပြင် ရန်ကုန်တိုင်းအတွင်း၌ပါ မြင်းမွေးသူများရှိနေပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းလာ
၄။ ပြည်ပနိုင်ငံများတွင် စက်ရုံများဆောက်လုပ်ကာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများအား တရုတ်နိုင်ငံက
ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 January 2024
မြောက်ကိုရီးယားနိုင်ငံဟာ အစိုင်အခဲလောင်စာသုံး အသံထက်မြန် တာလတ်ပစ်ဒုံးကျည်အသစ်တစ်မျိုးကို တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း KCNA သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ထိုစမ်းသပ်ပစ်ခတ်မှုကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့က ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုရဲ့ ရည်ရွယ်ချက်က အဆင့်များစွာပါဝင်သော တွန်းအားမြင့် အစိုင်အခဲလောင်စာသုံးအင်ဂျင်များနဲ့ ပဲ့ထိန်းနိုင်တဲ့ တာလတ်ပစ် အသံထက်မြန် ဒုံးကျည်ထိပ်ဖူးတို့ရဲ့ ယုံကြည်စိတ်ချရမှုကို စမ်းသပ်ရန် ဖြစ်ပြီး စမ်းသပ်ချက်ကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ခြင်း မရှိဘူးလို့ KCNA က ဆိုပါတယ်။
ဒုံးကျည်ပစ်လွှတ်ခြင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိဉာဥ်စည်းမျဥ်းတွေကို ဖောက်ဖျက်ရာကျပြီး မြောက်ကိုရီးယားရဲ့ တိုက်ရိုက်ရန်စမှုကို အပြင်းအထန် တုန့်ပြန်သွားမယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ထိုပစ်ခတ်မှုဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး စမ်းသပ်မှုဖြစ်ခဲ့ပြီး နောက်နေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်းကနေ ရုရှားသို့ ထွက်ခွာသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
မြောက်နဲ့ တောင်ကိုရီးယားတို့ နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေချိန်မှ မြောက်ကိုရီးယားဘက်မှ ယခုလို ဒုံးကျည်စမ်းသပ်ခြင်းနဲ့ ရုရှားသို့ သွားရောက်လည်ပတ်ခြင်းတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ဒေသတွင်း တင်းမာမှုမြင့်တက်ရခြင်းဟာ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းနဲ့ လက်နက်တပ်ဆင်ရေးများ တောင်းဆိုခြင်းတို့ကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ ပြောကြားချက်အရ ဒုံးကျည်ပစ်လွှတ်ခြင်းဟာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်မှာ ပြုံယမ်းတဝိုက်ကနေ ၁ ထောင်ကီလိုမီတာအထိ ပျံသန်းခဲ့ပြီး တောင်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းနား ကျရောက်ခဲ့ကာ အများဆုံးအမြင့်ပေ ၅၀ ကီလိုမီတာခန့်အထိ ရောက်ရှိခဲ့ပါတယ်။
အသံထက်မြန်ဒုံးကျည်တွေကနေ ပစ်လွှတ်လိုက်တဲ့ ထိပ်ဖူးတွေဟာ အသံထက် ၅ ဆမြန်ကြပြီး အမြင့်ပေအနိမ့်ပိုင်းမှာ ပဲ့ထိန်းလေ့ရှိပါတယ်။
ဆန်းစစ်သူတွေရဲ့ ပြောကြားချက်အရ အသံထက်မြန်ဒုံးကျည်တွေရဲ့ အဓိကအင်္ဂါရပ်က အမြန်နှုန်းမဟုတ်ဘဲ ဒုံးကျည်ဖျက်စနစ်တွေကို ရှောင်ရှားနိုင်အောင် ထိပ်ဖူးကို ပဲ့ကိုင်ထိန်းချုပ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။
တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေအတွက် အစိုင်အခဲလောင်စာသုံး အင်ဂျင်သစ်တွေကို နိုဝင်ဘာ၁ ၁ ရက်နေ့မှ ၁၄ ရက်အတွင်းက စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပြခဲ့ဖူးပါတယ်။
Source: Reuters
#World_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 610 of 1211