#Asia_News
Published 21 January 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က တရုတ်နှစ်သစ်ကူးမတိုင်မီမှာ လက်နက်ကိုင်တပ်များကို ရုပ်သံမှကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကိုကာကွယ်ရန် တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြား လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 21 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား
၂။ ကိုးလကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထား
၃။ ရွှေတိဂုံစေတီတွင် ထမနဲပွဲတော်ပြန်လည်ကျင်းပမည်
၄။ လက်နက်ကိုင်တပ်များ တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 21 January 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဇန်နဝါရီ ၁၉ ရက်တွင် မော်စကိုမြို့ရှိ မော်စကိုအစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ မော်စကိုမြို့အစိုးရအဖွဲ့၀န်ကြီး၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Sergey CHEREMIN နှင့် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ Mr. Vyacheslav MANUYLOV ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mr. Sergey BARATOV ၊ အကြီးတန်း ကျွမ်းကျင်သူ Mrs. Ekaterina GOLOVATSKAYA ၊ ပြဇာတ်ရုံများနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mrs. Polina LAPSHINA တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံးမှ တာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံရာ၌ မြန်မာနိုင်ငံနှင့် မော်စကိုမြို့အစိုးရတို့အကြား မြို့ပြဖွံ့ဖြိုးမှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အလားအလာများဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Military
Published 21 January 2023
ယူကရိန်းအနေနဲ့ ဂျာမနီနိုင်ငံထုတ် အဆင့်မြင့်တင့်ကားများ လက်ခံရရှိမလားဆိုတာကို သိရဖို့အတွက် ထပ်မံစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
ရုရှားကျူးကျော်မှုကို ခုခံနေရတဲ့ ယူကရိန်းအတွက် အနောက်မဟာမိတ်နိုင်ငံများမှ တင့်ကားများပေးပို့ခြင်းအပေါ် အငြင်းပွားနေရတာဟာ လူအများအမြင်မှာရော သီးသန့်အပိုင်းမှာပါ ဖြစ်ပွားနေပါတယ်။
ဂျာမနီမှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဂျာမနီကတွန့်ဆုတ်နေတာကြောင့် ကာကွယ်ရေးခေါင်းဆောင် ၅၀ ကျော်ဟာ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ယူကရိန်းခေါင်းဆောင်တွေကနေ အရေးတကြီးတောင်းဆိုထားချက်အပေါ် သဘောတူညီမှုမရရှိခြင်းက ဒေါ်လာဘီလီယံချီတန်ဖိုးရှိ လက်နက်နဲ့ကိရိယာတွေပေးပို့ဖို့ ကတိပြုထားတဲ့ အမေရိကန်အပါအဝင် အချို့နိုင်ငံတွေကိုပါ ဖုံးလွှမ်းခဲ့ရပါတယ်။
အမေရိကန်နဲ့နေတိုး(NATO)ခေါင်းဆောင်များက ဂျာမနီနဲ့သီးသန့်ဆွေးနွေးခဲ့ပေမယ့် ဂျာမနီထုတ် Leopard တင့်ကားတွေကို ပေးပို့ဖို့ ဘုံသဘောတူညီချက် မရရှိခဲ့တာ ဖြစ်ပါတယ်။
Leopard တင့်ကားရှိတဲ့ ၁၅ နိုင်ငံက ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေမယ့် နောင်အချိန်မှာ ထပ်မံဆွေးနွေးသွားဦးမယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးချုပ်'မာရီယပ်ဇ်ဘလက်ဇက်'က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိုက်အော်စတင်'ကလည်း ဂျာမနီဟာ ယုံကြည်အားထားရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ကာလကြာရှည်စွာတည်ရှိလာခဲ့ကြောင်း၊ ရှေ့ဆက်ပြီးလည်း ယုံကြည်ရတဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေဦးမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ Stryker တိုက်ခိုက်ရေးယာဉ်တွေနဲ့ Bradley သံချပ်ကာယာဉ်များကို ယူကရိန်းထံပေးပို့ခြင်းဖြင့် စစ်ပွဲမှာတိုက်ခိုက်နိုင်စွမ်းတွေ တိုးချဲ့ရရှိလာမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
အမေရိကန်ရဲ့ ခက်ခဲရှုပ်ထွေးလှတဲ့ နည်းပညာမြင့် M1 Abrams တင့်ကားတွေ ပို့တာထက်စာရင် မဟာမိတ်အများစုမှာရှိပြီးသားဖြစ်ပြီး ယူကရိန်းတပ်သားတွေအတွက် သင်ကြားရလွယ်ကူတဲ့ ဂျာမနီရဲ့ Leopard တွေက ပိုပြီးအကျိုးရှိမယ်လို့ အမေရိကန်က ဆိုပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 21 January 2023
ချမ်းအေးတဲ့ရာသီမှာ နားကိုက်ခြင်းဝေဒနာ ခံစားရတာမျိုးဖြစ်တတ်ပြီး ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုက နှာခေါင်းတွင်းအပေါက်တွေကနေတဆင့် နားအတွင်းထဲမှာ ပိတ်မိနေတာကြောင့် ဖြစ်ပါတယ်။
ဆေးခန်းပြခြင်း၊ ဆေးစားဆေးသောက်ပြုလုပ်ခြင်းဖြင့် နားနဲ့ပတ်သက်တဲ့ပြဿနာတွေ သက်သာစေသလို အိန္ဒိယတိုင်းရင်းဆေးနည်းပညာ'အာယုဗေဒါ'ဖြင့်လည်း အိမ်တွင်းကုသနိုင်ပါတယ်။
နားထဲကို ဆေးဘက်ဝင်အဆီ အစက်ချထည့်ပေးခြင်းဖြင့် နားထဲရှိအမျှင်များ ချောမွေ့စေကာ ပိုမိုရှင်းလင်းပြတ်သားစွာ ကြားနိုင်ပါတယ်။
ပိုလျှံတဲ့ဆီတွေကိုတော့ ဂွမ်းတံ၊ တစ်ရှူးတို့ဖြင့် ဖယ်ရှားရပါတယ်။
အိန္ဒိယမှ အာယုဗေဒါပညာရှင်'အာ့က်ရှန်ချူဟန်'ကတော့ လက်ဖက်စိမ်းအဆီအသုံးပြုဖို့ အကြံပြုထားပါတယ်။
အဆိုပါအဆီမှာ မှို၊ ဘက်တီးရီးယား၊ ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး နားကိုက်ခြင်းအတွက် အထိရောက်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဂျင်းအရည် ၂ စက်ခန့်ဖြင့် နာကျင်ခြင်းကိုသက်သာစေသလို ကြက်သွန်ဖြူအစိမ်းစားပေးခြင်းဖြင့်လည်း သက်သာစေပါတယ်။
လေယာဉ်စီးတဲ့အချိန် လေဖိအားများပြီး နားပိတ်သလိုခံစားရခြင်းကိုလည်း နားထဲဆီထည့်ခြင်းဖြင့် သက်သာစေပါတယ်။
ကလေးများမှာ အတော်အသင့်နားကိုက်ခြင်းအတွက် သံလွင်ဆီတစ်ဇွန်းကိုအပူပေးကာ အအေးခံပြီးနောက် ဝေဒနာခံစားရတဲ့နားထဲသို့ တစ်စက်နှစ်စက်ထည့်ပေးနိုင်ပါတယ်။
အဆီဓာတ်လုံလောက်စွာ မစားသောက်တဲ့အခါ နားကိုက်ခြင်းခံစားရနိုင်ချေများပြီး ဆီကြော်အစားအစာတွေ အစားများရင်လည်း ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။
နှမ်းဆီ၊ မုန်လာဥနီ၊ သကြားညို၊ နှမ်းစေ့၊ ခြောက်သွေ့သောအသီးတို့ စားသုံးခြင်းဖြင့် နားကိုကျန်းမာစေပါတယ်။
ပင်စိမ်းရွက်ကိုခြေကာ ညှစ်လို့ရတဲ့အရည်ကို နားထဲသို့ တစ်စက်နှစ်စက်ထည့်ပေးခြင်းဖြင့်လည်း နာကျင်မှုကို သက်သာစေပါတယ်။
ရေနွေးငွေ့ရှူခြင်းကလည်း ပိတ်နေတဲ့နားပေါက်တွေကို ပွင့်စေကာ မသက်မသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ကိုက်ခဲတဲ့နားကို ရေနွေးအိတ်၊ ရေခဲအိတ်တို့ဖြင့် ၁၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့်လည်း သက်သာစေပေမယ့် အရေပြားပူလောက်တဲ့အထိတော့ ပူအောင်မထားသင့်ပါဘူး။
Source: South China Morning Post
#Yangon_Media_Group
#Health_Tips
Published 21 January 2023
ခံတွင်းအနံ့ဆိုးခြင်းက ရှက်စရာကောင်းတယ်ဆိုပေမယ့် ဖြေရှင်းစရာနည်းလမ်းများစွာရှိပြီး အဓိကကတော့ စားသောက်စရာတွေပါပဲ။
ဒိန်ချဉ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားခြင်းဖြင့် ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေကြောင်း တွေ့ရှိထားပါတယ်။
ဒိန်ချဉ်၊ ပေါင်မုန့်၊ မီဆိုစွပ်ပြုတ်တို့မှာ ပါဝင်တဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေဟာ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ တရုတ်သုတေသီများက ဆိုပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းက လူ ၂၅ ရာခိုင်နှုန်းမှာ ဖြစ်ကြပြီး သွားဆေးခန်းလာရတဲ့ တတိယအများဆုံးအကြောင်းအရင်း ဖြစ်ပါတယ်။
ခံတွင်းအနံ့ဆိုးကြောင့် ရှက်စရာဖြစ်ရတဲ့အပြင် စိုးရိမ်ပူပန်စိတ်တွေပါ ဖြစ်ကြရပါတယ်။
ဘက်တီးရီးယားတွေနဲ့ အစာအကြွင်းအကျန်တွေ ရောနှောသွားရာကနေ ဒြပ်ပေါင်းတွေထွက်လာကာ ဒါဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့လည်း ဆက်စပ်နေပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းအတွက် ပါးစပ်ဆေးခြင်း၊ ပီကေဝါးခြင်း၊ လျှာသန့်ရှင်းရေးလုပ်ခြင်းတို့ ပြုလုပ်နိုင်သလို ကောင်းကျိုးပြုဘက်တီးရီးယားစားသောက်ခြင်းကလည်း အသုံးဝင်နိုင်ပါတယ်။
ကောင်းကျိုးပြုဘက်တီးရီးယားတွေက ပါးစပ်ထဲမှာ အနံ့ထွက်စေတဲ့ ဘက်တီးရီးယားဆိုးတွေကနေ ထုတ်လုပ်လိုက်တဲ့ အမိုင်နိုအက်ဆစ်နဲ့ ပရိုတိန်းတွေ ပြိုကွဲခြင်းကို တားဆီးပေးပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်က လူအနည်းစုမှာသာ စမ်းသပ်တာဖြစ်ပြီး အချို့အချက်အလက်တွေဆိုရင် မပြည့်စုံသေးပါဘူး။
Lactobacillus salivarius, Lactobacillus reuteri, Streptococcus salivarius နဲ့ Weissella cibaria တို့လို ကောင်းကျိုးပြုဘက်တီးရီးယားတွေဟာ ဆာလ်ဖာဒြပ်ပေါင်းပမာဏကို လျှော့ချပေးပြီး ခံတွင်းနံ့ထွက်ခြင်းကို သက်သာစေတာဖြစ်ပါတယ်။
စမ်းသပ်ချက်ရလဒ်တွေနဲ့ ကောင်းကျိုးပြုဘက်တီးရီးယားစားခြင်းဖြင့် ခံတွင်းနံ့ထွက်ခြင်းကို သက်သာစေကြောင်း အတည်ပြုနိုင်ရန်အတွက် ပိုမိုစိတ်ချယုံကြည်ရတဲ့ စမ်းသပ်မှုတွေပြုလုပ်ရဦးမယ်လို့ ပြောကြားသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_News
Published 20 January 2023
မက္ကဆီကိုနိုင်ငံမှာ ဆေးလိပ်သောက်ခြင်းကိုတားမြစ်တဲ့ အများပြည်သူဆိုင်ရာနေရာတွေကို ထပ်မံတိုးချဲ့သတ်မှတ်လိုက်တဲ့အပြင် ဘယ်မီဒီယာမှာမှ ကြော်ငြာခြင်းမပြုလုပ်ရန်ကိုလည်း အစိုးရက အတည်ပြုလိုက်တဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
Page 607 of 949