#World_Science
Published 12 January 2024
ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ဘီလီယံဝက်နီးပါးလောက်က သက်ရှိများစတင်ပေါ်ပေါက်ခဲ့တယ်လို့ ယခုအချိန်အထိ သိရှိထားကြပါတယ်။
ဒါပေမဲ့ ရုပ်ကြွင်းသုတေသန တွေ့ရှိချက်အသစ်အရ နှစ်ပေါင်း ၁.၂ ဘီလီယံပိုမိုတိုးချဲ့ကာ ၁.၇၅ နှစ်ဘီလီယံကတည်းက စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆလာကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၇၅ ဘီလီယံခန့်က အလင်းဖြင့် အစာချက်ထုတ်လုပ်တဲ့ ရှေးအကျဆုံး ရုပ်ကြွင်းတစ်ခုကို အခြေခံပြီး တွေ့ရှိတာဖြစ်ပါတယ်။
ထိုကနေ ဆဲလ်တွေက နေရောင်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စွမ်းအင်၊ အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲကာ သက်ရှိဖြစ်ပေါ်လာတယ်လို့ ညွှန်ပြနေပါတယ်။
ထိုတွေ့ရှိချက်တွေဟာ အတော်လေး အခြေခံကျပြီး ယနေ့ကမ္ဘာမြေပေါ်မှာ ဖြစ်နေတဲ့ အခြေအနေလိုမျိုး သတ်မှတ်နိုင်ပါတယ်။
လိဂ်တက္ကသိုလ်မှ သုတေသနပြုစုသူ အီမန်နျူယဲဂျာဗော့စ်က ရှင်းပြရာမှာ အောက်ဆီဂျင် စုဝေးစေပြီး ကမ္ဘာ့သမုဒ္ဒရာများနဲ့ လေထုတို့ရဲ့ ဓာတုသဘာဝကို သိသိသာသာ ပြောင်းလဲစေကာ သက်ရှိများ ဗီဇပြောင်းလဲမှု ဖြစ်ပေါ်လာကြတယ်လို့ သိရပါတယ်။
ပိုမိုအဆင့်မြင့်ပြီး ကိုယ်တိုင်မျိုးပွားနိုင်တဲ့ အရာတွေကနေ ကမ္ဘာပေါ်မှာ သက်ရှိတွေပေါ်ပေါက်လာတဲ့ ဓာတုဓာတ်ပြုမှုတစ်ခုကို သိပ္ပံပညာရှင်များ ၂၀၂၃ နိုဝင်ဘာလက ဖန်တီးနိုင်ခဲ့ပါတယ်။
သက်ရှိများဖြစ်ပေါ်လာစေတဲ့ RNA အတွက် ဓာတ်ပြုမှုဖြစ်စဥ်များကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
#World_Science #ကမ္ဘာပေါ်တွင်သက်ရှိစတင်ဖြစ်ပေါ် #Source: WION
နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ
ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ အကြီးမားဆုံး နှစ်စဥ်နည်းပညာပွဲဖြစ်တဲ့ ၂၀၂၄ သုံးစွဲသူများအတွက် အီလက်ထရွန်နစ်ပစ္စည်းများပြပွဲ (CES)ကို အင်္ဂါနေ့မှာ အမေရိကန် လက်စ်ဗေးဂတ်စ်မြိုမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လာရောက်တဲ့ဧည့်သည်တွေကို အံ့အားသင့်ဖွယ် နည်းပညာအမျိုးမျိုးဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
#World_Event
Published_11 January 2024
#လက်စ်ဗေးဂတ်စ်တွင်ကျင်းပ #(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 January 2024
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် HV .1 ၊JN.1 နှင့် EG. 5(၃)မျိုးထပ်မံတွေ့ရှိ
၂။ ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်း ရွှေအဝယ်လိုက်နေ၍ဈေးမာနေ
၃။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သားရှားပါးလာပြီး လုပ်အားခနှုန်းထားများလဲ နှစ်ဆခန့်ဈေးမြင့်တက်လာ
၄။ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄) အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Asia_Military
Published 11 January 2024
ဟီကာရီမာရူယာမာ၊ ရူနာကူရိုဆာဝါနဲ့ ဆာဝါကာနာကာနိုတို့ဟာ ဂျပန်ကုန်းရေနှစ်သွယ် အသင့်ပြင်တပ်(ARDB)လို့ခေါ်တဲ့ လက်ရွေးစင်တပ်ဖွဲ့မှာ ပါဝင်ကြသူများဖြစ်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စစ်ပွဲမှာ ရေကြောင်းကနေ တိုက်ခိုက်မှုများ လုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့တပ် ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီး ၃ ဦးဟာ တပ်သား ၂၄၀၀ ရှိတဲ့တပ်ထဲက အမျိုးသမီးတပ်သား အယောက် ၄၀ ထဲ အပါအဝင် ဖြစ်ပါတယ်။
အရှေ့တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေတဲ့ ဂျပန်ရေကြောင်းကာကွယ်ရေးတပ်မှ ဦးဆောင်အမာခံသင်္ဘောကြီး JS Osumi ပေါ်မှာ စစ်မှုထမ်းနေကြတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ ဖြစ်ကြပါတယ်။
ဂျပန်တို့ရဲ့ အနောက်တောင် ကျွန်းစုများမှာ ကမ်းခြေတိုက်ခိုက်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့စဥ် နိုဝင်ဘာလက ပါဝင်ကူညီခဲ့ကြပါတယ်။
သူတို့ဟာ ရှေ့တန်းကနေ ဦးဆောင်ရမှာ ဖြစ်ပေမယ့် ဂျပန်စစ်တပ်ဟာ ကျားမခွဲခြားရေးကိစ္စမှာ များစွာ နောက်ကောက်ကျနေပါသေးတယ်။
ဂျပန်မှာ သက်ကြီးရွယ်အိုများလာပြီး တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတို့ဘက်က အင်အားကြီးထွားလာချိန်မှာတော့ ဒီပြဿနာဟာ ပိုမိုဆိုးရွားလာပါတယ်။
သင့်လျော်တဲ့ တပ်သားစုဆောင်းရေး အဆက်မပြတ်ရှိနေရန် အမျိုးသမီးတွေက အရေးပါလာတယ်လို့ ARDB တပ်မှူးဟောင်း ရှင်ဂိုနာရှီနိုကီက ပြောပြသွားပါတယ်။
ဂျပန်ရဲ့ အမျိုးသမီးတပ်သားအင်အားက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နှစ်ဆတိုးလာပေမယ့် အမေရိကန်ထက်စာရင် များစွာနည်းပါးနေပါသေးတယ်။
ဂျပန်ကာကွယ်ရေးတပ် (JSDF)ရှိ တပ်အင်အား ၂၃၀,၀၀၀ ထဲမှာ အမျိုးသမီးဦးရေက ၈.၇ ရာခိုင်နှုန်းသာရှိပြီး ARDB မှာ ၁.၆ ရာခိုင်နှုန်းရှိပါတယ်။
အမေရိကန် ရေတပ်အင်အားကတော့ ၁၀ ယောက်မှာ အမျိုးသမီး ၁ ဦးနှုန်း ပါဝင်နေပါတယ်။
ARDB တပ်က ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်ပိုင်းဆိုင်ရာ များစွာလိုအပ်တယ်လို့ သိထားကြပြီး အမျိုးသမီးအများစုက ခံနိုင်ရည်ရှိပါ့မလားလို့ စိုးရိမ်တတ်ကြကြောင်း သင်္ဘောပေါ်မှ အသက် ၃၈ နှစ်အရွယ် စစ်ဆေးတပ်ကြပ်ကြီး မာရူယာမာက ဆိုပါတယ်။
အမျိုးသားစစ်မှုထမ်းတွေက ရာထူးတာဝန်အလိုက် အိပ်စင်တွေမှာ အိပ်ကြရပေမယ့် အမျိုးသမီးတပ်သားတွေကတော့ ရာထူးမခွဲခြားဘဲ အခန်းတွေထဲမှာ အတူတူအိပ်ကြရပါတယ်။
အမျိုးသမီးများ အိပ်တဲ့အခန်းတွေနားကနေ ဝေးဝေးနေဖို့ အမျိုးသားစစ်မှုထမ်းတွေကို သတိပေးထားပါတယ်။


#Asia_Military#အမျိုးသမီးရေတပ်စစ်မှုထမ်းများ #စစ်ပွဲအတွက်လေ့ကျင့်ပြင်ဆင် #Source: Reuters
ငှက်သတ္တဝါလေ့လာသူများအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်တဲ့ ပီရူးနိုင်ငံဟာ စာရင်းရှိငှက်မျိုးစိတ်ပေါင်း ၁၈၇၉ မျိုးဖြင့် ကိုလံဘီယာနဲ့ ဘရာဇီးလ်တို့ကို ကျော်လွန်ကာ ငှက်အမျိုးအစား အများဆုံးစာရင်းမှာ ဦးဆောင်ထားပြီဖြစ်ကြောင်း ပီရူးအာဏာပိုင်များက ပြောကြားလိုက်ပါတယ်။
#World_Nature
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 613 of 1211