#World_Health
Published 09 January 2024
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ခံစားနေရသူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ကြောင်း၊ ကြွက်သားများကို ထိခိုက်စေကာ ဇီဝကမ္မဖြစ်စဥ်တွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ပိုမိုနွမ်းနယ်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုဒဏ်များ ဖြစ်လာနိုင်တယ်လို့ သိထားပေမယ့် အကြောင်းအရင်းဇာစ်မြစ်ကိုတော့ မသိသေးဘူးလို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် အားအင်ကုန်ခမ်းခြင်း ခံစားခဲ့ရတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူ ၂၅ ဦးနဲ့ ကိုဗစ်ကူးစက်မှုမှ အပြည့်အဝ သက်သာလာသူ ၂၁ ဦးတို့ကို စမ်းသပ်ခဲ့ကြပါတယ်။
တွေ့ရှိချက်အရ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေဟာ ကျန်းမာသူတွေထက် လေ့ကျင့်မှုခံနိုင်ရည် နည်းပါးပြီး ၇ လောက်ကြာတဲ့အထိ ကြွက်သားနာခြင်း၊ အဆုံးစွန်နွမ်းနယ်ခြင်း၊ ဦးနှောက်အသိဉာဏ်ပြဿနာများ ခံစားခဲ့ကြပါတယ်။
နှလုံးနှင့်အဆုတ် လေ့ကျင့်ခန်း ပြုလုပ်ခိုင်းရာမှာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေက အောက်ဆီဂျင်အများဆုံး အသုံးပြုနိုင်စွမ်းနဲ့ စွမ်အားအမြင့်ဆုံး ထုတ်လုပ်နိုင်စွမ်းတို့မှာ အတော်လေးလျော့နည်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ တစ်ခုခုမှားယွင်းနေပြီဆိုတာ သေချာပေါက်ပြောနိုင်တယ်လို့ အမ်စတာဒမ် ဗီယူတက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာရော့ဘ်ဝက်စ်က ပြောပြသွားပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူများက လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားထိခိုက်ခြင်း၊ ဇီဝကမ္မဖြစ်စဥ် ဆိုးရွားလာခြင်းတို့ကြောင့် ဒီလိုမျိုးဖြစ်ရတာလို့ တွေ့ရှိရတာဖြစ်ပါတယ်။
#World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူ #လေ့ကျင့်ခန်းအပြင်းအထန်မလုပ်သင့် #Source: WION
#World_Health
Published 09 January 2024
အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ကြား ဆက်စပ်မှုကြီးမားပုံကို လေ့လာတွေ့ရှိထားကြပါတယ်။
အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာအများအပြား ပေါ်ပေါက်လာတယ်လို့ သုတေသနတွေ တွေ့ရှိလာကြပါတယ်။
အစာအိမ်အူလမ်းကြောင်းမှာ နေထိုင်တဲ့ ဘက်တီးရီးယားများနဲ့ ပိုးမွှားအစုအဝေးကြီးဟာ ကျန်းမာတဲ့သူတွေနဲ့ယှဥ်ရင် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့သူတွေမှာ ကွဲပြားနေပါတယ်။
ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တာဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ အခြားအကြောင်းအရာများနဲ့ ဆက်စပ်နေပေမယ့် အူလမ်းကြောင်း ပိုးမွှားအစုအဝေးရဲ့ အရေးပါပုံကို အိုင်ယာလန် ကော့ခ်တက္ကသိုလ်ကောလိပ်မှ သုတေသီများ အသစ်တွေ့ရှိဖော်ပြထားပါတယ်။
အဓိကကတော့ လူမှုရေးဆိုင်ရာ ဦးနှောက်ပုံမှန် အလုပ်လုပ်နိုင်ရန် အူလမ်းကြောင်းပိုးမွှားတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တာပဲ ဖြစ်တယ်လို့ သုတေသနပြုစုသူ ပရော်ဖက်ဆာ ဂျွန်ခရိုင်ယန်က ပြောပြခဲ့ပါတယ်။
ကျန်းမာသူ ၆ ဦးရဲ့ မစင်နမူနာများနဲ့ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်သူ ၆ ဦးရဲ့ မစင်နမူနာများကို နှိုင်းယှဥ်ခဲ့ကြရာ သူတို့ရဲ့ အူလမ်းကြောင်းပိုးမွှားများ ကွဲပြားနေတာကို ဆန်းစစ်တွေ့ရှိခဲ့ပါတယ်။
နမူနာတစ်မျိုးဆီကို ဓာတ်ခွဲခန်းသုံးကြွက် ၆ ကောင်ဆီ ထည့်ပေးခဲ့ကာ သူတို့ရဲ့သဘာဝ အူလမ်းကြောင်းပိုးမွှားများကို ပဋိဇီဝဆေးများပေးပြီး သတ်ပစ်ခဲ့ပါတယ်။
ထိုအခါမှာ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ သူတွေထံမှ အူလမ်းကြောင်းပိုးမွှားများ ရရှိတဲ့ကြွက်တွေဟာ မတူညီတဲ့ ဘက်တီးရီးယားမျိုးစိတ် ၃ မျိုးရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
ကျန်းမာတဲ့လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ နောက်ရက်တွေမှာ ပုံမှန်အတိုင်းပြုမူပေမယ့် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ အခြားကြွက်တွေနဲ့ ရင်ဆိုင်ရာမှာ ကြောက်ရွံ့တဲ့ပုံ ပေါ်နေပါတယ်။
ဒါဟာ အူလမ်းကြောင်းပိုးမွှားတွေအကြောင်း နောက်ထပ်သုတေသနများ ပြုလုပ်ရန် အရေးကြီးကြောင်း ဖော်ပြနေပြီး ကျန်းမာတဲ့ အူလမ်းကြောင်းရရှိဖို့ ကုသနည်းတွေ၊ အစားအစာတွေ လေ့လာဖို့လည်း လိုအပ်နေပါတယ်။
#World_Health #အူလမ်းကြောင်းနှင့်ဦးနှောက် #ဆက်စပ်မှုကြီးမားပုံ #သုတေသီများလေ့လာဖော်ထုတ် #Source: India Today
တရုတ်ပြည်မှ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City ဟာ ပထမဆုံးခရီးဦးအနေဖြင့် ရှန်ဟိုင်းဆိပ်ကမ်းတစ်ခုကနေ တနင်္လာနေ့က စတင်ထွက်ခွာခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံဟာ ဇိမ်ခံအပျော်စီးသင်္ဘောစီးပွားရေးသို့ ဝင်ရောက်လာပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
#Asia_Industry
Published_8 January 2024
#အပျော်စီးသင်္ဘော #Adora Magic City
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_8 January 2024
၁။ ကျိုက်ထီးရိုးကို (၇)ရက်တာအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူး( ၄)သောင်းတစ်ထောင်ကျော်ဝင်ရောက်
၂။ အဝယ်ပြန်သွက်လာသဖြင့် ပဲတီစိမ်း ဈေးပြန်တက်လာ
၃။ မတ်ပဲနှင့်ပဲစင်းငုံတန်ချိန်သုံးသိန်းခွဲတင်ပို့ရန် MOUရေးထိုးထားသည့်အပြင် ၂၀၂၄_၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လွတ်လပ်စွာတင်သွင်းခွင့်ကို အိန္ဒိယထပ်မံသက်တမ်းတိုးမြှင့်
၄။ တရုတ်ပြည်၏ပထမဆုံးပြည်တွင်းထုတ်အပျော်စီးသင်္ဘောကြီး ခရီးဦးစတင်ထွက်ခွာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Health
Published 08 January 2024
အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးပါပေမယ့် လူအများက သိပ်ပြီးဦးစားမပေးကြပါဘူး။
တစ်ညကို အိပ်ချိန် ၇ နာရီ ၈ နာရီခန့်ရှိခြင်းက ကျန်းမာပျော်ရွှင်ဖို့အတွက် သိသိသာသာ သက်ရောက်နေပါတယ်။
ညသန်းခေါင်မတိုင်ခင် အိပ်တဲ့သူတွေက ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေတာကို လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
စောစီးစွာ အိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်း ဇီဝလည်ပတ်ဖြစ်စဥ်နဲ့ ကိုက်ညီပြီး ခွန်အားနဲ့ စိတ်အင်အားတို့ကို မြှင့်တင်ပေးပါတယ်။
ညဥ့်နက်မှ အိပ်စက်လေ့ရှိသူတွေဟာ စောစီးစွာ အိပ်စက်တဲ့ အလေ့အကျင့်ပြောင်းလဲလိုက်ပါက စိတ်ဓာတ်ကျခြင်းနဲ့ ဖိစီးမှုတို့ လျော့ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ညဘက်နောက်ကျမှ အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားလဲဆိုတာကို ဒေါက်တာဆူရက်ဘ်ဆယ်ထီက ရှင်းပြသွားပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ်အလေးချိန် တက်လာပြီး စိတ်အခြေအနေကို ထိခိုက်လာစေပါတယ်။
ဒီနောက် စိတ်ဖိစီးမှုမြင့်တက်လာပြီး နေ့ဘက်အချိန်မှာ အာရုံစူးစိုက်တွေးတောဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
မှတ်ဉာဏ်ပိုင်း၊ အာရုံစူးစိုက်မှု၊ နိုးကြားတက်ကြွနေစေဖို့ လုံလောက်စွာ အိပ်စက်ရန် အလွန်အရေးကြီးပါတယ်။
အိပ်စက်ခြင်းက ဇီဝကမ္မဖြစ်စဥ် ထိန်းညှိခြင်းနဲ့ ကိုယ်ခံအားစနစ်တို့မှာလည်း အရေးပါပြီး အိပ်ချိန်မလုံလောက်ပါက အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ အချို့ကင်ဆာရောဂါတို့ပင် ဖြစ်လာစေနိုင်ပါတယ်။
အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကျန်းမာရေးအပြင် လူတစ်ယောက်ရဲ့ အကဲဖြတ်နိုင်စွမ်း၊ တုန့်ပြန်မှုတို့ကို သက်ရောက်နေကာ မတော်တဆမှုများ ဖြစ်နိုင်ခြေများပြီး လုပ်ငန်းခွင်၊ စာသင်ကျောင်း၊ လူမှုဆက်ဆံရေးတို့မှာပါ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။
အိပ်နေစဥ်မှာ လူခန္ဓာကိုယ်က မလှုပ်ပေမယ့် ဦးနှောက်ကတော့ အလုပ်လုပ်နေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။
ကောင်းစွာအိပ်စက်နိုင်ရန်အတွက် အိပ်ချိန်ပုံမှန်သတ်မှတ်ထားရှိခြင်း၊ သက်တောင့်သက်သာ အိပ်ပျော်စေမယ့် အိပ်ခန်းဝန်းကျင်ထားရှိခြင်း၊ ညဘက် ကဖင်းဓာတ် ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
မနက်ပိုင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာစားခြင်းတို့က အိပ်စက်ခြင်းနဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို မြှင့်တင်နိုင်တယ်လို့ ဖော်ပြသွားပါတယ်။
#World_Health #ညဘက်နောက်ကျမှအိပ်ရာဝင် #ကျန်းမာရေးပညာရှင်ရှင်းပြ #Source: India Today
#World_Politics
Published 08 January 2024
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ၅ ကြိမ်မြောက် ဆက်လက်ရရှိသွားကာ သူမရဲ့ အဝါမီပါတီက လွှတ်တော်နေရာ အနည်းဆုံးတဝက်ရရှိထားပြီး ဆက်လက်ရေတွက်နေကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အာဏာရ အဝါမီပါတီက နေရာ ၅၀ ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့ ရွေးကောက်ပွဲအရာရှိတစ်ဦးက ဆိုပါတယ်။
ရှိတ်ခ်ဟာဆီနာဟာ ပြိုင်ဘက်တွေ သပိတ်မှောက်နေတဲ့ကြားက ၄ ကြိမ်ဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ပါတီက လိုအပ်တဲ့အရေအတွက်ကို ကျော်လွန်ထားပြီဖြစ်ပြီး ဆက်လက်ရေတွက်လျက်ရှိကာ ဒါဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်မြောက် အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။
မဲဆန္ဒမကောက်ခင်က ဟာဆီနာရဲ့အစိုးရဟာ ပြိုင်ဘက်နိုင်ငံရေးသမားများ ထောင်နဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ခါလိဒါဇိုင်ယာ ဦးဆောင်တဲ့ အတိုက်အခံ BNP ပါတီက မဲကောက်ခံမှုတွေကို သပိတ်မှောက်ခဲ့ပါတယ်။
အသက် ၇၈ နှစ်ရှိ ဇိုင်ယာဟာ အကျင့်ပျက်ခြစားမှုတစ်ခုမှာ တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ခံခဲ့ရပါတယ်။
ထိုအချိန်မှာ ဝန်ကြီးချုပ် ဟာဆီနာက Gopalganj-3 အခြေခံဖွဲ့စည်းပုံအားဖြင့် ထပ်မံရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဟာဆီနာက မဲဆန္ဒပေါင်း ၂၄၉,၉၆၅ ရရှိချိန်မှာ ဘင်္ဂလားဒေ့ရှ်စူပရင်းပါတီမှ အနီးကပ်ဆုံးပြိုင်ဘက် အမ်နစ်ဇမ်အူဒင်လက်ရှ်ကာက ၄၆၉ မဲသာ ရရှိခဲ့ပါတယ်။
ဟာဆီနာဟာ ၁၉၈၆ ခုနှစ်ကတည်းက Gopalganj-3 ဖွဲ့စည်းပုံအားဖြင့် ရွေးကောက် ပွဲမှာ ၈ ကြိမ်မြောက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
စုစုပေါင်းနေရာ ၃၀၀ ရဲ့ ၂၆၄ နေရာထဲမှာ အဝါမီပါတီက ၂၀၄ နေရာရရှိထားပြီး မဟာမိတ် ဂျာတီယာပါတီက ၉ နေရာရရှိထားပါတယ်။
မဲပေးစာရင်းများအရ ဟာဆီနာက လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံကျော်ကို ရရှိထားပါတယ်။
အဓိကအတိုက်အခံပါတီ BNP က ထိုအထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်ထားကာ ဟာဆီနာက အကြမ်းဖက် အဖွဲ့အစည်းလို့ ခေါ်ဆိုလိုက်ပြီး ဒီတိုင်းပြည်မှာ ဒီမိုကရေစီဆက်လက် တည်မြဲစေရန် အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ပြောကြားသွားပါတယ်။
ရွေးကောက်ပွဲရလဒ် ကြေညာပြီးတဲ့အခါ အောင်ပွဲခံခြင်းများ မပြုလုပ်ဖို့ ပါတီခေါင်းဆောင်များ၊ လှုပ်ရှားသူများ၊ ထောက်ခံသူများကို ဟာဆီနာက အစောပိုင်းမှာ မှာကြားထားခဲ့ပါတယ်။
#World_Politics #(၂၀၂၄)ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ #ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာ #Source: WION
#World_Health
Published 08 January 2024
ဗြိတိန်ပြည်ထောင်စုမှ ဆရာဝန်တစ်ဦးက နားရွက်အထဲကို ဘယ်လိုသန့်ရှင်းရမလဲဆိုတာကို အကြံပြုပြောကြားသွားပါတယ်။
နားတွေဟာ သူ့အလိုလို သန့်ရှင်းရေးလုပ်ကြပြီး တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာမဆို နားထဲသို့ မထည့်သင့်ဘူးလို့ အသက် ၃၁ နှစအရွယ် ဒေါက်တာဆူဂျာက တစ်တော့မှာ ရှင်းပြသွားပါတယ်။
၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြားထိုးဂွမ်းတံကြောင့် ဒဏ်ရာရပြီး အမေရိကန် အရေးပါ်ဌာနများသို့ ကလေးပေါင်း နှစ်သိန်းခွဲကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုထဲမှာ နားသန့်ရှင်းရေးလုပ်ရင်း ဒဏ်ရာရသူက ၇၃ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းက ဂွမ်းတံနဲ့ ဆော့ကစားရင်း ဖြစ်ကြတာပါ။
လူတွေကြား မှားယွင်းတဲ့ အယူအဆတွေက နားအတွင်းကို အိမ်မှာပဲ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ဂွမ်းတံဖြင့် သန့်ရှင်းရေးလုပ်ကြတာ ဖြစ်တယ်လို့ စာတမ်းပြုစုသူ ဒေါက်တာ ခရစ္စယာတာနာက ပြောပြသွားပါတယ်။
ဒါ့အပြင် ဂွမ်းတံတွေ အသုံးပြုတာဟာ နားဖာချေးတွေကို နားစည်ထံသို့ ပိုမိုနီးကပ်စွာ ရောက်သွားစေပြီး ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်လို့ ဆိုလိုက်ပါတယ်။
ထိုကနေ အသံကြားရန်ခက်ခဲခြင်း၊ နားရောင်ခြင်း၊ မူးဝေခြင်းတို့ပင် ခံစားရနိုင်တယ်လို့ ဒေါက်တာဆူဂျာက ဆိုပါတယ်။
နားဖာချေးတွေကို ဖယ်ထုတ်ဖို့အတွက် အတံရှည်ဇွန်း၊ ညှပ်၊ စုပ်ထုတ်တဲ့ကိရိယာတို့ဖြင့် အသုံးပြုသင့်တယ်လို့ ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
ဖယောင်းတိုင်ဖြင့် နားဖာချေးဖယ်ထုတ်တဲ့ နည်းလမ်းကိုတော့ ဆူဂျာက လုံးဝမသုံးသင့်ဘူးလို့ ဆိုလိုက်ပါတယ်။
#World_Health #နားရွက်အတွင်းထိခိုက်ဒဏ်ရာမရစေဘဲ # ဗြိတိန်ဆရာဝန်အကြံပြု #Source: New York Post
Page 615 of 1211